" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 30, 2009

မြန်မာ့ရိုးရာစားစရာများ (၁) ....နံနက်ခင်းစာများ


မနက်ဆို ဘုရင်လိုစား
နေ့ လည်ဆို မင်းသားလိုစား
ညဆို သူတောင်းစားလိုစားတဲ့ ......

အဲဒီဆိုရိုးစကားလေးကို အားလုံးပဲ ကြားဖူးကြမှာပါ။ ဆေးပညာအရလည်း အရမ်းကို မှန်ကန်တဲ့ ဆိုရိုးစကားလေးပါ။ မြန်မာလူမျိုးတွေဟာ မနက်စာကို ဘယ်တော့မှ ပြည့်ပြည့်ဝဝ မစားတတ်ကြပါဘူး။ အဲဒါဟာ အင်မတန်မှ မှားယွင်းတဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ မနက်ခင်းမှာ ပြည့်ပြည့်ဝဝစားထားမှ တစ်နေ့ လုံးအတွက် အားအင်တွေပြည့်ဝနေမှာပါ။ အဲဒါကြောင့် မြန်မာ့ရိုးရာ မနက်စာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


မုန့် ဟင်းခါးကတော့ မြန်မာလူမျိုး တော်တော်များများ ကြိုက်ကြတဲ့ အစားအစာပါပဲ။ ငါးပြုတ်ရည်၊ ပဲမှုန့် ၊ ဆန်မှုန့် ၊ ချင်း၊ စပါးလင်၊ ကြက်သွန်ဥ၊ ငှက်ပျောအူဖတ်တွေနဲ့  ချက်ထားတဲ့ မုန့် ဟင်းခါးဟင်းရည်မွှေးမွှေးနဲ့ အတူ မုန့် ဖတ်၊ မိမိနှစ်သက်ရာအကြော်(အကြော်အမျိုးမျိုး၊ ဘဲဥ၊ အီကြာကွေး)၊ ကြက်သွန်ဖြူ / နီဆီချက်တို့ နဲ့  တွဲဖက်ပြီး အရသာရှိစွာ စားသုံးနိုင်ပါတယ်။

မုန့် ဟင်းခါးမစားချင်ဘူးဆိုရင်တော့ ပဲပြုတ်နံပြား စားပေါ့။ ဂျုံနဲ့ လုပ်ပြီး ဖုတ်ထားတဲ့ ပူပူနွေးနွေးလေးမဲ့ မွှေးနေတဲ့ နံပြားကို ပဲပြုတ်ဆီဆမ်းလေးနဲ့  စားရတာ အင်မတန်မှ အရသာရှိပါတယ်။ coffee (သို့ မဟုတ်)ရေနွေးကြမ်း နဲ့ အရမ်းလိုက်ပါတယ်။ ကျွန်မရဲ့ one of the favourite dessert food ဖြစ်ပါတယ်။း)

နောက်ထပ် coffee (သို့ မဟုတ်)ရေနွေးကြမ်း နဲ့ အရမ်းလိုက်တဲ့ အစားအစာကိုတော့ ပဲပလာတာ၊ ဒါမှမဟုတ် အီကြာကွေးကိုစားပေါ့ ။

မုန့် ဟင်းခါးလည်းမစားချင်ဘူး၊ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေလည်း စားရတာရိုးနေပြီဆိုရင် မန္တလေးစာ နန်းကြီးသုပ်စားနိုင်ပါတယ်။ ကျွန်မကတော့ နန်းကြီးသုပ်ဆိုရင် မန္တလေးstyle ပဲမှုန့် များများနဲ့  စိမ့်စိမ့်လေးမှ ကြိုက်ပါတယ်။ ရန်ကုန် style ချဉ်ငံစပ်ကို သိပ်မကြိုက်ပါဘူး။

ကောက်ညှင်းနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားချင်တယ်ဆိုရင်တော့ ဆီထမင်းကို ငါးခြောက်ဖုတ်နဲ့ တွဲပြီး သုံးဆောင်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် ကောက်ညှင်းပေါင်း ပူပူလေးကို စားပေါ့။ ကောက်ညှင်းနဲ့ လုပ်ထားတဲ့ အစားအစာတွေဟာ များသောအားဖြင့် အစာမကြေတတ်ပါဘူး။ ကောက်ညှင်းစာကြိုက်တဲ့သူတွေ အစာကြေဆေးလေးတော့ ဆောင်ထားကြဦးနော်။

နံနက်ခင်းမှာ စားသုံးနိုင်တဲ့ တခြား မြန်မာ့ရိုးရာစားစရာတွေကတော့ အကြော်စုံ၊ ဆနွင်းမကင်း၊ သာကူပေါင်း၊ မုန့် စိမ်းပါင်း၊ မုန့် လင်မယားတို့ ပဲ ဖြစ်ပါတယ်။
 တရားစခန်းမှာတုန်းကတော့ ဗိုက်ပြည့်တဲ့ နံနက်စာတွေကျွေးပြီးရင် ကျောက်ကျောလိုဟာမျိုး ထပ်ကျွေးပါတယ်။ အုန်းနို့ နဲ့ ထိုးထားတဲ့ ကျောက်ကျောအမာ၊ အုန်းစိမ်းနဲ့ ထိုးထားတဲ့ ကျောက်ကျောအပျော့၊ ဖျော်ရည်နဲ့ ရောထိုးထားတဲ့ကျောက်ကျော စသည်ဖြင့်ပေါ့......

ကဲ....နံနက်ခင်းစာ တော်တော်များများကိုတော့ ပြောပြပြီးပြီနော်။ စားချင်ရင်လည်း monitor ကနေ ယူစားကြပေါ့။ ;) ရေးရင်းရေးရင်းနဲ့  လက်လည်းညောင်းလာပြီ....ဗိုက်လည်းဆာလာပြီ။ lunch သွားစားလိုက်ဦးမယ်။ see u all :D

Images Source; Forward Email To Continue Reading

April 29, 2009

Jokes ( ရီကြရအောင် )


  • သိပ်ကောင်းတဲ့အဖြေ
ဆရာ - မောင်ပု၊ ရေ ရဲ. ဓါတုဗေဒ ဖော်မြူလာ ကိုပြောစမ်း။
မောင်ပု - H I J K L M N O
ဆရာ - ဘာတွေ လာပြောနေတာလဲ။
မောင်ပု - ဆရာပဲ မနေ.က သင်တယ်လေ. H to O ဆို။

  • မမြင်သင့်တာ
အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲအဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေက ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ....

  • Sardar Jee's Jokes
Boss: Where were you born?
Sardar: India ..
Boss: which part?
Sardar: What 'which part'? Whole body was born in India .

  • WHILE IN A DRUG STORE (Mr Bean's Jokes)
Mr. Bean: I'd like some vitamins for my grandson.
Clerk: Sir, vitamin A, B or C?
Mr. Bean: Any will do, my grandson doesn't know the alphabet yet!!

  • AT ATM MACHINE (Mr Bean's Jokes)
Friend: What are you looking at?
Mr. Bean: I know your PIN no., hee, hee.
Friend: Alright, what is my PIN no. if you saw it?
Mr. Bean: four asterisks (****)!

  • Marriage (Mr Bean's Jokes)
Friend: How many women do you believe must a man marry?
Mr. Bean: 16Friend: Why?
Mr. Bean: Because the priest says 4 richer, 4 poorer, 4 better and 4worse.

  • တုံးလို့ ကြိုက်
ဧဒင်ဥယျာဉ်တွင် ဖြစ်သည်။
အာဒမ်က ဘုရားသခင်ကို မေးဧ။်
"ဘာကြောင့်များ ဧဝကို သိပ်လှအောင် ဖန်တီးခဲ့ရတာလဲ ဘုရား"
"မင်းအာရုံစိုက်မိအောင်လို့ "
"ဘာကြောင့်များ ဧဝကို သိပ်ချိုသာအောင် လုပ်ပေးခဲ့ရတာလဲ ဘုရား"
"ဒါမှ မင်း, သူ့ ကိုချစ်မိမှာပေါ့"
ဤအချက်ကို အာဒံသည် ခဏမျှစဉ်းစားလိုက်သည်။
"ဒါဖြင့် ဘာလို့  ဧဝကို သိပ်တုံး သိပ်အအောင် ဖန်တီးခဲ့ရတာလဲ ဘုရား"
ထိုအခါ ဘုရားသခင်က "ဒါမှ သူ မင်းကိုချစ်မိမှာပေါ့" ဟုပြန်ဖြေလေသတည်း ။ ။

( တုံးလို့ ကြိုက်ကိုတော့ someone special ကိုရည်ရွယ်ပြီး တင်ထားတာပါ.....ကာယကံရှင်ဖတ်မိရင် စိတ်မဆိုးစေလိုပါ။ :D )
To Continue Reading

April 28, 2009

Songs Jokes

အနိုင် အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး.......
ပိုးအိစံ မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ .......

စိုးစန္ဒာထွန်း မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....
လေးဖြူ ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

Lဆိုင်းဇီ လာချင်ရင် အနီးလေး....ကြိုမယ်ရှင့်.....
မျိုးကြီး မလာပါနဲ့

နန်းစုရတီစိုး ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်.....
မိုးမင်း မင်းသဘော မင်းသဘော မင်းသဘောပဲ.....

Rဇာနည် ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ ရပြီပေါ့............
NO နောက်တစ်ယောက်နဲ့ ချစ်မှာပဲ.......

အငဲ ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား.....
စိုးစန္ဒာထွန်း မနှောင်းသေးပါဘူး...မဟောင်းသေး ပါဘူး အချစ်ရေ.....




Lဆိုင်းဇီ ဖုန်းဆက်လည်း မပြောချင်ဘူးလား.....
ဝိုင်ဝိုင်း တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

ထွန်းအိနြာဗို ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်......
ဗဒင် မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်...

ဗဒင် လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့.....
တင့်တင့်ထွန်း နမ်းပါ နမ်းပါ နမ်းပါ.....

ဖြိုးကြီး ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်......
တင့်တင့်ထွန်း ကြိုက်တယ်....မင်းလုပ်သမျှ ကြိုက်တယ်.....

ထူးအိမ်သင် မေ့လိုက်တော့ အချစ်လေးရေ.......
ဖြူဖြူကျော်သိန်း ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

လွှမ်းမိုး စိတ်ညစ်လို့ အရက်ကိုသောက်တယ်........
မေဆွိ စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

ခင်ဖုန်း မင်းကြောင့် မင်းကြောင့် ပါနော်.......
စည်သူလွင် အချစ်ရေ ......ကိုယ့်ကြောင့်........

သီရိဆွေ နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......
ရွှေပြည်တန်သိန်းဇော် အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

စန္ဒရားလှထွတ် အိပ်မပျော်သော ညတစ်ည သံသရာဝယ်....
မေဆွိ ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ.........

သုမောင် စစ်ကိုင်းတောင်ကို အရောက်သွားလို့ ...တရားရှာမလေ .......
မေဆွိ ကိုကိုရေ ..ကွယ်ရာမှာ အခြေမများနဲ့နော်......ကိုကိုနော် နော် နော့်.....

ဖိုးသောကြာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ်...
သျှားအိဘိုဘိုဟန် အဖေအမေတွေက ပြောတာလား...အကိုမောင်တွေက ပြောတာလား.......

ဇော်ဝင်းထွဋ် ခေါင်းတွေကိုက်လို့ ကိုယ်တွေပူတယ် ဆေးခန်းသွားလည်း မသက်သာဘူးဟေ့.......
မေခလာ ဇွတ်ချစ်မယ်ဟေ့...... ဇွတ်ချစ်တတ်တာ ငါပဲ........

ပန်းအိဖြူ နေညိုချိန် တိမ်တောက်တဲ့ခါ ရွာလမ်းနဘေးမှာ....စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ......
စိုင်းစိုင်း ရေအိုးလေးလှုပ်ပါဟေ့ ...အိုးလေး လှုပ်ပါဟေ့....

ကဗျာဘွဲ့မှူး ကိုကိုယောင်္ကျားမဟုတ်ဘူး.......
တွံတေးသိန်းတန် မိန်းမတွေ မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ်.....

I hope that you all will love it. I got this from a forward mail.
To Continue Reading

April 24, 2009

ဆေးဘက်ဝင်သော မှိုအကြောင်း

ဒီတစ်ခါတော့ ဆေးဘက်ဝင်မှိုများအကြောင်းကို ရေးချင်ပါတယ်။


ဆေးဘက်ဝင်မှိုများတွင် အန်တီအောက်စီဒန့် ဓါတ်၊ အာဟာရဓါတ်နှင့် သက်စောင့်သြဇာဗီတာမင်ဓါတ်များ ကြွယ်ဝစွာပါဝင်ပြီး နေ့စဉ်မှိုစားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်စေနိုင်သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသန လေ့လာမှုစစ်တမ်းများအရ သိရသည်။ ၄င်းအကျိုးအာနိသင်များသည် လတ်ဆတ်သောမှိုများ တွင် ပိုမိုပါဝင်ကြောင်း သုတေသီများက ပြောကြားခဲ့ကြသည်။ မှိုအခြောက်များတွင် ရင်သားကင်ဆာ ကာကွယ်နိုင်မှုစွမ်းရည် အနည်းငယ်ကျဆင်းနေတတ်ပြီး ရင်သားကင်ဆာ ခြိမ်းခြောက်မှုကို (၅၀)ရာခိုင်နှုန်းမျှသာ ဟန့်တားနိုင်ချိန်တွင် လတ်ဆတ်သောမှိုများက (၆၄)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များကတွေ့ရှိခဲ့သည်။

ထိုရလဒ်ကို ဆက်လက်စီစစ်ပြီးနောက် အချို့သော မှိုစားများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဟန့်တားနိုင်ခြေသည် (၉၀)ရာခိုင်နှုန်းထိ ထိုးတက်သွားကြောင်း ဆရာဝန်များက ပြောကြားခဲ့ကြသည်။ ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ မှိုအတွင်းရှိ ဓာတ်ပစ္စည်းများသည် ကင်ဆာဖြစ်စေသည့် အကြိတ်များကို ဖျက်ဆီးတတ်သည့် ဂုဏ်သတ္တိ အထင်အရှားရှိနေပြီး လူ၏ကိုယ်ခံစွမ်းအား စနစ်တစ်ခုလုံးကို လှုံ့ဆော်ပေးကြောင်း သိရှိလာရသည်။ Tennessee University ရှိ အစားအသောက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ဌာနမှ ဒေါက်တာLana Zivanovic က မှိုတွေမှာ beta-glucan compound ဓါတ် အများအပြား ပါဝင်ပြီး အဲဒီဓါတ်က လူ့ ကိုယ်ခံအားစနစ်ကို နိုးကြားစေပြီး ဝင်လာတဲ့ရောဂါအမျိုးမျိုးကို ကာကွယတိုက်ဖျက်ပေးတယ်လို့  ဆိုပါတယ်။ အခြားအထောက်အထားများအရလည်း မှိုဟာ ရင်သားကင်ဆာ တိုက်ဖျက်မှု ဆေးဝါးများနှင့် အာနိသင်အတူတူရှိပြီး ကင်ဆာဖြစ်စေနိုင်သည့် Oestrogen ဟိုမုန်းများ ထွက်လာခြင်းကို ပိတ်ပင်ပေးကြောင်းလည်း သိရှိရပါသည်။

ကယ်လီဖိုးနီးယားမှ ပညာရှင်များသည် ပြီးခဲ့သောလအတွင်းက တစ်နေ့မှိုနှစ်ကြိမ်စားပါက တစ်လအတွင်း ကင်ဆာတားဆီးနိုင်မှု သဘာဝစွမ်းရည် သိသိသာသာ တိုးမြင့်လာကြောင်း ထောက်ခံထားကြသည်။ ဩစတြေးလျနိုင်ငံရှိ အနောက်ဩစတြေးလျ တက္ကသိုလ်က စမ်းသပ်တွေ့ရှိမှုအရ ဗြိတိန်တွင် နှစ်စဉ်အမျိုးသမီး (၄၀၀၀၀)မျှ ရင်သားကင်ဆာ ဖြစ်ပွားချိန်တွင် တရုတ်နှင့် အရှေ့ဖျားဒေသနိုင်ငံများမှ ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီးဦးရေ ကျဆင်းလာမှုကြား အဓိကကွာခြားမှုမှာ မှိုစားသည့် အလေ့အထပင်ဖြစ်ကြောင်း သိရသည်။ အကြမ်းဖျင်းအားဖြင့် မှိုများများစားသည့် အမျိုးသမီးများတွင် ကင်ဆာကြိတ်မဖြစ်နိုင်ဟုပင် သတ်မှတ်နိုင်ကြောင်း သုတေသီများကဆိုသည်။ ဆေးပညာဆိုင်ရာ သုတေသန စာတမ်းတစ်ခုကလည်း မှိုပမာဏများပြားစွာ စားသုံးလေလေ၊ ကင်ဆာဖြစ်ပြီးနှင့် မဖြစ်ခင် အခြေအနေနှစ်ခုလုံးအတွက် အကျိုးရှိလေလေဟု ဖော်ပြထားကြောင်း သတင်းရရှိသည်။

ဆေးဘက်ဝင်မှိုအမျိုးမျိုးရှိရာ၌ လူသိများသောမှို(၃)မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) Mitake mushrooms


အစာအိမ်နှင့် အူလမ်းကြောင်းအတွက် အကျိုးရှိတယ်လို့ သိရပါတယ်။ သွေးချို၊ ဆီးချိုသမားတွေအတွက်လည်း သင့်တော်ပါတယ်။ မှိုတွေထဲမှာ ကင်ဆာရောဂါကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တယ်လို့  ဆိုပါတယ်။


(၂) Sitake mushrooms

ရှိတာကဲမှိုတွေကတော့ အာဟာရဓာတ်တွေ ဖြည့်ပေးပြီး အသည်းရောဂါတွေအတွက် ကောင်းတယ်လို့  သိရပါတယ်။ AIDS ဝေဒနာသည်တွေ စားသုံးသင့်တယ်လို့  ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။


(၃) Reishi mushrooms

Reishiမှိုတွေကတော့ အသက်ရှုလမ်းကြောင်း systemကို အထောက်အကူပြုပြီး ပန်းနာရောဂါသည်တွေအတွက် အထူးသင့်တော်ပါတယ်။


source ;
http://www.planet.com.mm/
http://www.topnews.in/health/
http://www.healthcastle.com/herb_mushroom.shtml



When I read planet news, I read about mushrooms and I got interested. So, I search for other extra data and write this post. I hope that this post will be useful.


To Continue Reading

April 23, 2009

ငါးရှဥ့်ပုံပြင်

ဒီတစ်ခါတော့ မနိုင်းနိုင်းစနေ ဘာသာပြန်ထားတဲ့ post ကိုတင်ပါမယ်။
ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ သိရပါတယ်။
ပုံပြင်လေးကတော့ .....
"ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင်သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြားတံငါသည်တွေရဲ့ လှေနဲ့တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေကကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကို တွေ့ရတယ်။ ဒါကြောင့်သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုဆောင်းမိပြီး အရွယ်ထောက်လာတာကြောင့်ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့ လျှို့ဝှက်ချက်သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ Catfish လို့ခေါ်တဲ့ ငါးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို Catfish နဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတယ်။ Catfish ရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေ ပြန်ခုခံခဲ့ရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်က ဆက်ပြီး သားကို ပြောပြခဲ့တယ်။ ကမ်းမကပ်ခင် သေရတဲ့ ငါးရှဥ့်တွေက သူတို့ကို ဖမ်းမိသွားပြီ။ ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်က အလွယ်တကူ ပျက်စီးခဲ့ရတယ်။ ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။ "

ဂျပန်မိဘတွေက ကိုယ့်သားသမီး ကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံး နိုင်ငံဖြစ်ခဲ့တယ်။

Catfish ကို မြန်မာလို ငါးခူလို့ခေါ်တယ် ထင်ပါတယ်။ ပုံရှာကြည့်တာ ငါးခူနဲ့တူနေလို့။

source;နိုင်းနိုင်းစနေ ဘာသာပြန်သည်။


To Continue Reading

April 03, 2009

"ချက်စားကြမယ်"

" ရီသောသူသည် အသက်ရှည်၏ "

တစ်ခါက လူသားစားတဲ့တောကလူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့တာနဲ့မြို့အစွန်နားအထိ တက်လာကြတယ်။ တွေ့တဲ့သူကိုဖမ်းခေါ်လာပြီးချက်စားဖို့ပေါ့။ ဒီလိုနဲ့လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမပိန်ပိန်တစ်ယောက်ဖြတ်လာတယ်။သားကမေးတယ် " အဖေ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွား မလား.." ဆိုတော့

အဖေက " နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။ "
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့.....
သားကမေးတယ် " အဖေ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။
ဖမ်းသွားရအောင်..."
အဖေကလည်း " ဒီတစ်ယောက်က ၀လွန်းတယ်။
ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့ "
ဒီလိုနဲ့စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည်လှလှပပမိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း " အဖေ ဒီတစ်ယောက်ဆိုအနေတော်ပဲ။ ပိန်လည်းမပိန်၊ ၀လည်းမ၀ဘူး။ ဖမ်းသွားရအောင်..." လို့မေးတော့
အဖေပြန်ပြောလိုက်ပုံက " ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်မင်းအမေကို ချက်စားကြတာပေါ့သားရယ် …" ဟူသတည်း။
To Continue Reading

April 01, 2009

မှတ်သားမိတဲ့ Quotes တစ်ချို့ (၁)

ကျွန်မကြိုက်တဲ့ Quotes တစ်ချို့ (၁)ဆိုပြီး ရေးထားတာပါ။ နောက်မှ ရေးထားတဲ့ ပို့(စ်)အားလုံး sync ဖြစ်အောင် မှတ်သားမိတဲ့ Quotes တစ်ချို့ (၁)ဆိုပြီး ပြောင်းလိုက်တာပါ။ (၁) ပျော်ရွှင်မှု တံခါးပေါက်တစ်ပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက်တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမဲ့ အချိန် တော်တော်များများမှာ ပိတ်သွားတဲ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာန့ဲပဲ ကျွန်မတို့ အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူမိနိုင်တော့ဘူး။
Anonymous

(၂) ကျွန်မတို့ ဟာ မဆုံးရှုံးရမချင်း ဘာတွေပိုင်ဆိုင်ထားသလဲဆိုတာ သတိမထားမိကြဘူး။ အဲဒီအတိုင်းပဲ။ ကျွန်မတို့ ဆီ ပစ္စည်းတစ်ချို့ ရောက်လာတဲ့ အချိန်ကြမှ အရင်က ဒါတွေ ဘ၀မှာ လစ်ဟာနေခဲ့ပါလားဆိုတာ သိလာရတတ်ပါတယ်။
Anonymous

(၃) သင့်ကိုမွေးဖွားလာတုန်းက သင်ဟာ ငိုနေခဲ့ပါတယ်။ ဒါပေမဲ့ သင့်ဘေးပတ်လည်က လူတွေ အားလုံး ပြုံးနေခဲ့ကြပါတယ်။ သင် သေသွားပြီ ဆိုရင်တော့ ဒီလိုဖြစ်အောင် အခုကတည်းက နေနိုင်အောင် ကြိုးစားပါ။ သေခါနီးအချိန်မှာ သင်ပတ်လည်က လူတွေ အားလုံး ငိုနေကြပေမဲ့ သင်ဟာ ပြုံးနေနိုင်သူပေါ့။
Anonymous

(၄) ဘဝမှာ ဝေဝေဝါးဝါးနဲ့ ဝေးသွားတဲ့ကိစ္စတွေကလည်း အများကြီးပါ....
ကိုညီလင်းဆက်ရဲ့ "တိုတိုလေးနဲ့ တိုးတိုးလေး" ကဗျာမှ

(၅) အချစ်စစ်ဆိုတာ ချစ်နိုင်တဲ့အချိန်၊ ချစ်ခွင့်ရတဲ့အချိန်မှာ တန်ဖိုးထား ချစ်နေဖို့နဲ့ လက်လွတ်သင့်တဲ့ အချိန် ကြုံလာရင် လက်လွတ်တတ်ဖို့ပါပဲ။ တစ်ခုကို လက်လွတ်တတ်မှ ကျန်အရာအားလုံးကို ပိုင်ဆိုင်ခွင့်ရှိမယ်။ လှည့်စားတတ်တဲ့ ကံကြမ္မာစက်ကွင်းထဲကနေ ကျွန်မတို့ လွတ်မြောက်ပါစေ....
မနိုင်းနိုင်းစနေရဲ့ “ခင်ပွန်းရဲ့ချစ်သူ” ဝထ္တုကောက်နုတ်ချက်မှ

(၆) Our greatest glories in lives are not in the times we fail, but in the times we try again.
witch83
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer