" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

May 28, 2009

ဂျပန်နိုင်ငံကို တိုးတတ်စေခဲ့တဲ့ စကားတစ်ခွန်း.....


ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့...စစ်ရှုံးသူနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ အဓိက ပါဝင်ခဲ့တယ်..။သူတိုက်ထားတဲ့ စစ်ကုန်ကျစရိတ် ၊ သူသိမ်းပိုက်ထားလို့ စစ်ရှုံးတော့ ပြန်လည်ပေးချေရမဲ့ စစ်လျော်ကြေး နှစ်ပေါင်းများစွာတောင်မှ ကျေနိုင်ပါ့မလား..။ ဂျပန်ကို စစ်တိုက်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက လူဦးရေနှင့် နိုင်ငံအကျယ်အ၀န်းကြောင့်...။ကမ္ဘာမှာ စတုတ္တလူဦးရေ အများဆုံးနိုင်ငံ...။ဒါပေမဲ့ စစ်ရှုံးတော့ နိုင်ငံရှိ စစ်သား ၊ အမျိုးသားတော်တော် များများက ဂျပန်ထုံးစံအတိုင်း အရှုံးကို အသက်နဲ့လဲပြီး ကိုယ့်ကိုယ်ကိုသတ်သေခဲ့ကြတယ်..။ ဂျပန်မှာ ပေးရမဲ့ စစ်လျော်ကြေးတွေ ၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အမေရိကန်က စစ်ရေးအရ ကာကွယ်ချုပ်ကိုင် ထားခဲ့လို ဂျပန်မှာ စစ်ရေးမရှိ ၊ စီးပွားရေး...နိတ္ထိနဲ့..ဘယ်က စရမှန်းမသိဖြစ်နေချိန်နေ့စဉ် ကိုယ့်ကိုယ်သတ်သေသူတွေ အဆက်မပြတ် ..၊ ဒီအချိန်မှာ စကားတစ်ခွန်း ထွက်ပေါ်လာတယ်..။



“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။”


ဘယ်လောက်ခက်ခဲနေပါစေ...ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။ရှစ်ခါလဲရင် ကိုးခါထမယ်။ အကြိမ်တစ်ရာလဲရင် တစ်ရာ့တစ်ကြိမ်ထမယ်..။

ဒီစကားကြားရတော့ စိတ်ပျက်အားငယ်နေတဲ့ ဂျပန်တွေ ကိုယ့်နိုင်ငံကို အမေရိကန်က စစ်ရေးအရ သိမ်းပိုက်ချုပ်ကိုင်ထားလို့ စိတ်ပျက်နေတဲ့ စစ်သားတွေ အာလုံးတတ်ကြွလာပြီး သူတို့ရဲ့ အင်အားခွန်အားတွေ အားလုံးကို စက်ရုံတွေမှာ အသုံးချရင်း ဂျပန်နိုင်ငံဟာ ကမ္ဘာကို စီးပွားရေးနဲ့ ချုပ်ကိုင်လာ ဦးမော့ လာနိုင်ခဲ့တယ်..။ ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးထုတ်ကုန်အဖြစ် ကမ္ဘာကို တိုးဝင်တဲ့ စီးပွားရေးက အမွှေးပွရုပ်တွေပါ....



သူငယ်ချင်းတို့ရေ....ဘ၀မှာ အကြိမ်ကြိမ် ဘယ်လိုပဲ လဲကျကျ ၊ အကြိမ်ကြိမ်ပြန်ထလိုက်စမ်းပါဗျာ..။ဘ၀ဆိုတာ ဒီလိုပါပဲ... လဲကျရင် .လူးလဲထရင်း ရင်ဆိုင်ဖြတ်သန်းရတာပါ..။ တစ်ခါတစ်လေစိတ်ပျက်အားငယ်စိတ် ဝင်လာရင် ကျွန်တော်ပြောတဲ့ စကားလေး မှတ်ထားပေးပါ...။ပြီးတော့ ကြွေးကြော်လိုက်စမ်းပါ....။

“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။”




zaw357@gmail.com ဘာသာပြန်သည်..။

ကျွန်မရဲ့အမြင်

ဒီ post လေးကတော့ ကိုzaw357 ပလာတာ ၀ယ်စားရင်း ထုတ်ပေးလိုက်တဲ့ စာရွက်လေးထဲကပါ..။ အကြောင်းအရာ အပြည့်အစုံမပါပေမဲ့ ဘယ်သူရေးမှန်းလဲ မသိပေမဲ့ တန်ဖိုးရှိလို့ share ပေးထားတဲ့ post လေးပါ။ ကျွန်မ သဘောကျလို့ ပြန်ဖော်ပြလိုက်ပါတယ်။ ကျွန်မတို့ လူသားတွေ ဖြတ်သန်းရတဲ့ ဘဝတစ်လျှောက်မှာ အောင်မြင်မှုတွေ၊ ကံကောင်းမှုတွေနဲ့ကြီး ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ရှုံးနိမ့်မှုတွေ၊ ကံဆိုးမှုတွေလည်း ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အဲလို ဆိုးရွားမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဓါတ်ကျနေစရာ မလိုပါဘူး။ ကြိုးစားတိုင်း အောင်မြင်တတ်ကြတာ၊ ကံကောင်းတတ်ကြတာ မဟုတ်ပါဘူး။ အမြဲတမ်း မအောင်မြင်နိုင်သလို အမြဲတမ်းလည်း မရှုံးနိမ့်နိုင်ပါဘူး။ အောင်မြင်မှု၊ အဆင်ပြေမှုတွေ တွေ့တဲ့အခါ စံစားပြီး ရှုံးနိမ့်မှုတွေ၊ ကံဆိုးမှုတွေ တွေ့ကြုံရတဲ့အခါ လက်ခံလိုက်ပါ။ လူတစ်ယောက်ရဲ့တန်ဖိုးဟာ ကံဆိုးမှုတွေ၊ အဆင်ပြေမှုတွေအပေါ် ဘယ်လိုသည်းခံပြီး ရင်ဆိုင်နိုင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူပြီး ပြန်ပြီးကြိုးစားနိုင်ပါတယ်။ ပထမအကြိမ် ရှုံးနိမ့်ရင် ဒုတိယအကြိမ် ကြိုးစားလိုက်ပါ။ ဒုတိယအကြိမ် ရှုံးနိမ့်ရင် တတိယအကြိမ် ကြိုးစားလို့ရပါတယ်။ တစ်ချိန်မှာတော့ အောင်မြင်ရမှာပါ။ လဲကျသွားတဲ့ အကြိမ်အရေအတွက်ထက် ပြန်ထလာတဲ့အကြိမအရေအတွက် တစ်ကြိမ်ပိုဖို့ပဲ လိုပါတယ်။ ခုနှစ်ခါလဲရင် ရှစ်ခါ ထကြမယ်လေ.....

source; http://zaw357.multiply.com/journal/item/206
To Continue Reading

May 26, 2009

UCSYမှမောင်ငယ်၊ ညီမငယ်များသို့  ......

ဒီ post ကို ရေးချင်နေတာ ကြာပါပြီ။ ဒီလိုအလားတူ post မျိုးကို MZ မှာ ကိုမိုးမြင့်ရှိန် thread ဖွင့်တုန်းက ဝင်ရေးဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်ကကျောင်းသွားတော့ ဒီpost ကိုထပ်ရေးဖို့ အကြောင်းဖန်လာပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရင်တစ်ပတ်က ထောက်ခံစာယူဖို့ ကျောင်းကိုသွားတော့ "ကျောင်းခေါ်ချိန် ၇၅%မပြည့်ပါက စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်မပြု" ဆိုတဲ့ ကျောင်းထိပ်က ဆိုင်းဘုတ်ကြီးအပြင် " ကျောင်းသားများ မသွားရန် နေရာများ" ဆိုပြီး ဆိုင်းဘုတ်အသစ်တစ်ခုကို တွေ့ ခဲ့ပါတယ်။ မီးရထားလမ်းထိပ်မှာ တင်ထားတာပါ။ သာဓုကန်ကို မသွားဖို့ နဲ့  မီးရထားတွဲတွေမှာ မနေကြဖို့  ရေးထားတာပါ။ သာဓုကန်ကတော့ ကျောင်းသားတွေ ရေခဏခဏနစ်တတ်လို့ပါတဲ့။ မီးရထားတွဲတွေပေါ်မှာကျတော့ ထမင်းစားတာမျိုး၊ သွားနေနေတာမျိုးတွေ မလုပ်ရဘူးလို့ ပြောထားတာပါ။ အဓိပ္ပါယ်တော့ သိပ်မရှိပါဘူး။ တက္ကသိုလ်ကျောင်းသားတွေတောင် ဖြစ်နေပြီပဲ။ ဖြစ်လာမဲ့ အကျိုးဆက်တွေကို ကျောင်းသားတွေ သိမှာပါ။ သူတို့ဘာသာသူတို့ ထိန်းသိမ်းရမှာပါ။ အဲလို ဆိုင်းဘုတ်ကြီးထောင်ထားတာတော့ မကောင်းပါဘူး။


Junior လေးတွေကို အရမ်းသနားမိပါတယ်။ ကျွန်မတို့တုန်းက အဲလောက်မဆိုးခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသား/သူတွေပဲ။ ပျော်ချင်မှာပေါ့။ (ကျိုးကြောင်းချင့်ချိန်ပြီး ပျော်ဖို့ တော့လိုတာပေါ့လေ။) အခုဟာက အရမ်းလွန်ပါတယ်။ အတန်းမတက်ဘဲ canteen ထိုင်လည်းအပြစ်၊ အတန်းမတက်ချင်လို့  အိမ်ပြန်ရင်လည်း အပြစ်၊ ဆံပင်အရောင်ဆိုးတာလည်းအပြစ်၊ ရည်းစားနဲ့  မဖွယ်မရာ ဘာတစ်ခုမှ မလုပ်ဘဲ အေးအေးဆေးဆေး ထိုင်နေလည်းအပြစ် ....တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ ( ပါချုပ်နဲ့  ဆရာမအချို့ ကိုပဲ ဆိုလိုပါတယ်။) ကျွန်မ defense ပေးခါနီး ကျောင်းသွားတဲ့နေ့ ကဆို မော်ကွန်းထိန်းရုံးခန်းကိုသွားတော့ အတွဲတစ်တွဲကို ဖမ်းထားပါတယ်။ ကျောင်းရှေ့ က ညောင်ပင်အောက်မှာ ထိုင်နေတုန်း ပါချုပ်ကားဝင်လာတာနဲ့ တိုးပြီး အဖမ်းခံရတာပါ။ မော်ကွန်းထိန်းက အဲဒီအတွဲရဲ့ အမေဆီကို ဖုန်းဆက်နေပါတယ်။
မော်ကွန်းထိန်းလည်း ပါချုပ်ကိုယ်တိုင်က ဖမ်းလာတာဆိုတော့ မလျှော့ပေးရဲဘူး ထင်ပါတယ်။ အိမ်ကမိဘကို ကိုယ်တိုင်လာခေါ်ခိုင်းနေပါတယ်။ ကောင်လေးကတော့ အေးအေးဆေးဆေးပါပဲ။ ကောင်မလေးကတော့ အရမ်းမျက်နှာ ပျက်နေပါတယ်။ သူ့ အမေကို လှမ်းတိုင်နေတာကိုး။ ကောင်မလေးတော့ အိမ်ပြန်ရောက်ရင် ဘယ်လိုဖြစ်မလဲ မသိပါဘူး။ အမေလုပ်တဲ့သူကလည်း မလာနိုင်ဘူးလို့  ပြောပုံပါပဲ။ သူနေမကောင်းလို့  အဒေါ်ကို လွှတ်လိုက်မယ်တဲ့။ မော်ကွန်းထိန်းက အဒေါ်လာခေါ်မယ်ဆိုတာကို လက်ခံချင်ပုံပါပဲ။ ဒါပေမဲ့ ဘေးကဆရာမက လက်မခံဖို့  ပြောနေပါတယ်။ (အဲဒီဆရာမက အမြဲအဲလိုပါပဲ။ CT ကဆရာမပါ။)
အဲဒါနဲ့ ကျွန်မက ဘေးနားကကျောင်းသူတစ်ယောက်ကို မဟုတ်တာလုပ်နေလို့  ဖမ်းလာတာလားလို့  တိုးတိုးတိတ်တိတ်မေးတော့ "no" တဲ့။ ထိုင်ရုံထိုင်နေတာလို့ ပြောပါတယ်။ တော်တော်စိတ်ကုန်ဖို့ ကောင်းပါတယ်။ ရည်းစားထားတာ၊ ရည်းစားနဲ့ အတူထိုင်တာ အပြစ်မဟုတ်ပါဘူး။ အဲ....လူမြင်ကွင်းမှာ ပလူးပလဲဆိုရင်တော့ မကောင်းဘူးပေါ့။ အလွန်အကြူးအတွဲတွေ ရှိပါတယ်။ ပြန်ပြောလို့ မကောင်းအောင် ဆိုးတာပါ။ အဲလိုမျိုးဆိုရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပါတယ်။ တော်ရုံတန်ရုံကတော့ အဲလိုမလုပ်သင့်ပါဘူး။ အိမ်ကမိဘက အဲလိုမျိုး "ရှင်တို့ သားသမီး .... ကျောင်းမှာ ရည်းစားနဲ့  ပေါက်ကရလုပ်နေတယ်။ အခု လာခေါ်ပြီး လက်မှတ်ထိုးပါ" ဖုန်းဆက်ပြီး ပြောခံရတဲ့အခါ ဘယ်လိုနေမလဲ။ ဘယ်လောက် လန့် သွားမလဲ။ ကျောင်းခေါ်ချိန်မပြည့်ဘူးဆိုပြီး စာလာရင်တောင် လက်မခံတတ်ကြတာ။
အဲလိုနဲ့ နောက်ဆုံးတော့ ကောင်မလေးဘက်က အမေက သူ့အဒေါ်နဲ့အတူ လာခေါ်မယ် ပြောပါတယ်။ အဲံဒီနောက် ကောင်လေးအိမ်ကို ဖုန်းဆက်နေပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်မစာရွက်လည်းရလို့ ထွက်လာခဲ့ပါတယ်။
အင်း....ပြောရင်းပြောရင်းနဲ့  directionတွေ လွဲကုန်ပြီ ထင်ပါတယ်။ :P ကျွန်မပြောချင်တာ အဲဒါတွေ မဟုတ်ပါဘူး။ ပြောချင်တာက ကွန်ပြူတာတက္ကသိုလ်က စည်းမျဉ်းတွေဟာ အရမ်းကို ဆိုးရွားပါတယ်။ စိတ်ပျက်ဖို့ လည်းကောင်းပါတယ်။ ကျောင်းသားတွေဟာ မူကြိုတက်နေရသလိုပါပဲ။ အဲဒါတွေကို သိပါတယ်။ စိတ်လည်းကုန်ပါတယ်။ ဒါပေမဲ့ .... junior လေးတွေကို ပြောချင်တာက ပါးစပ်လဲညောင်း.. လက်လဲညောင်းတဲ့ ကျောင်းရဲ့မကောင်းကြောင်းတွေကို ပြောမနေကြပါနဲ့တော့။ ပြုပြင်ပြောင်းလဲ ဆန့် ကျင်ဖို့  senior တွေလည်း ကြိုးစားခဲ့ပြီးပါပြီ။ အဲဒီအတွက်နဲ့ နစ်နာခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။ ထူးလည်းမထူးလာပါဘူး။ အဲဒီအစား ကျောင်းသားတော်တော်များများ မျက်ကွယ်ပြုထားတဲ့ UCSYရဲ့ ကောင်းကြောင်းလေးတွေကိုပဲ ပြောကြရအောင်နော်။
ပထမဦးဆုံးအနေနဲ့ကတော့ ကျောင်းသားတွေအနေနဲ့ ကုန်ကျတဲ့ကျောင်းစားရိတ်တွေဟာ အပြင် သင်တန်းတွေ ထက်စာရင် အများကြီးသက်သာတယ်လို့ ပြောချင်ပါတယ်။ Academicဆန်တဲ့ basic theory တွေကို ယူတတ်ရင်ယူတတ်သလို ကျောင်းကနေရနိုင်ပါတယ်။ ပြီးတော့ ကျောင်းမှာ ကွန်ပျုတာဘာသာရပ်ဆိုင်ရာ texbookတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ အဲဒီစာအုပ်တွေ၊ သင်ရိုးတွေဟာလည်း international standardနဲ့ ကိုက်ညီတဲ့စာအုပ်တွေပါ။ သင်ပုံသင်နည်းတွေမှာတော့ လိုအပ်ချက်တွေ ရှိတာပေါ့လေ။ ဥပမာ....ကျောင်းက ဆရာ၊ဆရာမတွေဆီမှာ များသောအားဖြင့် အပြင်ဗဟုသုတနဲ့ လက်တွေ့ experienceတွေ မရှိတတ်ကြတာမျိုးပေါ့။ ဒါပေမဲ့ UCSYမှာ တကယ်တော်တဲ့၊ တကယ်အရည်အချင်းရှိတဲ့ ဆရာ၊ဆရာမတွေရှိတယ်ဆိုတာလည်း ကျွန်မတို့တွေ လက်ခံရပါမယ်။ တစ်ချို့ဆရာ၊ ဆရာမတွေဆို အရမ်းရှင်းသွားအောင် သင်ပေးနိုင်တဲ့သူတွေပါ…တစ်ချို့ကြတော့ self-study လမ်းကြောင်းပေါ်ကို တင်ပေးကြတဲ့ဆရာတွေပါ။
ဆက်ပါဦးမည်။ ။
chocothazin ရဲ့ ဆက်ဖတ်ပါဦးမည်ဆိုတဲ့ commentကြောင့် ပြီးအောင် ကြိုးစားပြီးရေးနေပါတယ်။ အလုပ်မအားလို့  နောက်နေ့ ကျ ဆက်ရေးပါဦးမယ်။
cheers....

To Continue Reading

May 25, 2009

If I were a Boy


If I were a boy
even just for a day
I'd roll out of bed in the morning
and throw on what I wanted and go

Drink beer with the guys
and chase after girls
I'd kick it with who I wanted
and I'd never get confronted for it
cause they stick up for me

If I were a boy
I think I could understand
How it feels to love a girl
I swear I'd be a better man





I'd listen to her
Cause I know how it hurts
When you lose the one you wanted
Cause he's taking you for granted
And everything you had got destroyed

If I were a boy
I would turn off my phone
Tell everyone it's broken
so they'd think that I was sleeping alone

I’d put myself first
and make the rules as I go
Cause I know that she’ll be faithful,
waiting for me to come home, to come home.

If I were a boy
I think I could understand
How it feels to love a girl
I swear I'd be a better man

I'd listen to her
Cause I know how it hurts
When you lose the one you wanted
Cause he's taking you for granted
And everything you had got destroyed

It's a little too late for you to come back
Say it's just a mistake,
think i'd forgive you like that
If you thought I would wait for you
you thought wrong

But you're just a boy
You don't understand
and you don't understand, ohhhh
How it feels to love a girl
Someday you wish you were a better man
You don't listen to her
You don't care how it hurts
Until you lose the one you wanted
Cause you're taking her for granted
And everything you had got destroyed

But you're just a boy
***********************************


More Beyoncé
To Continue Reading

May 21, 2009

"Graduation"


6 years
Have come and gone;
We never thought
It'd take so long.

But as I walk
Across the stage;
The flashbacks start
Of long lost days.

Of times that made
Us laugh and cry;
And how we made
Our lecturers sigh.

Times of pain
And sorrows woe;
We all were pushed
Yet would not go.

We learned to grow
To love, to live;
We learned to care
Laugh and forgive.

So many times we
Were struck with fear;
But now you see
We're standing here.

Tears of joy
Fall to the ground;
Laughter and love
Is all around.

So now we leave
The world our own;
We start out now
To seek our throne.

Different paths
All lead which way;
But where we'll end
None can say.

You hold your future
In your hand;
Mold it and make it
Into all that you can.

Graduation'
We've all had our kicks;
We're finally done
2009!

To Continue Reading

May 15, 2009

တတိယအနား


အဲသည် အပြိုင်မျဉ်းနှစ်ကြောင်းကို သူ ငေးစိုက် ကြည့်နေသည်မှာ အတော်ကြာပြီ။ လွန်ခဲ့သော တနာရီခန့်က ထိုမျဉ်းနှစ်ကြောင်းကြားတွင် တစုံတရာသည် ရုတ်တရက် လွင့်စင်ကြေမွ သွားခဲ့သည်။ ထိုတစ်နာရီမတိုင်ကတော့ ထိုတစုံတရာသည် သက်ရှိအနေဖြင့် သူလိုငါလို အများအကြားတွင် လှုပ်ရှားသွားလာ နေထိုင်ခဲ့မည်။ အခုတော့..။

“လုပ်ချင်ရင်လည်း သည်လိုနေရာမှာမှ ဒါမျိုး လုပ်ရသတဲ့လား။ အိပ်ဆေးသောက် ပိုးသတ်ဆေးသောက်။ ငြိမ်ငြိမ်သက်သက်နဲ့ နည်းလမ်းတွေမှ အများကြီး။ အခုတော့ လူအများ အထိတ်တလန့်ဖြစ်ရတယ်။”

“အေးလေ.။ ရုံးသွား နောက်ကျပြီ။”

“ဒီက လေဆိပ်သွားမလို့။ ခရီးစဉ် နောက်ကျတော့မှာပဲ။”

“အို… ဖြစ်မှဖြစ်ရလေ..။ သူ့ခမျာ ဘာတွေများ ဒီလောက်စိတ်ညစ်နေပါလိမ့်။”

“သတ္တ၀ါအများ ကျန်းမာချမ်းသာကြပါစေ။ ဘုရားသခင် စောင့်ရှောက်ပါစေ။”

“သွားပြီ။ ကြည့်မိသွားတယ်။ ကြောက်စရာကြီး။ ဒီနေ့တော့ အစားအသောက် ပျက်ပါပြီ။”

“ဒီနိုင်ငံလေးမှာ ဒါမျိုးတွေ သိပ်ခေတ်စားတယ်နော်။ ဟိုတလောကလည်း အရှေ့ဘက်က ဘူတာမှာ တယောက်။”

“အဲဒါ လူစားတာဖြစ်နိုင်တယ်။ တနှစ်တယောက်တော့ အနည်းလေးပဲ။”

ရဲတွေ သတင်းသမားတွေ တစတစ ရှင်းပြီ။ အာမေဋိတ်သံများ ကြောက်လန့်တကြား အော်ဟစ်သံများ တီးတိုးဝေဖန်သံများ တဖြည်းဖြည်း ပါးလျပြီ။ ကျွတ်… ငါနဲ့မဆိုင်တဲ့ အရာတခုကို ဘာလို့ အချိန်ကုန်ခံပြီး ဒီလောက်တောင် ငေးနေမိသလဲ။ ဘူတာရုံကို သူ ကျောခိုင်းထွက်လာတော့ အသံများက ဝေးကာကျန်ခဲ့သည်။


……….

“ဒီအဖြစ်မျိုးတွေ ကြားရတာ များလှပြီ။ ဘ၀ကို ဘာလို့ သည်လို အဆုံးသတ်ချင်ရတာလဲကွာ။”

အိမ်ရောက်တော့ အခန်းဖော် သူငယ်ချင်းကို ပြောပြဖြစ်သည်။

“နာကျင်မှုတွေကို နာကျင်မှုတခုနဲ့ အဆုံးသတ်လိုက်တာ။”

သူငယ်ချင်းက မီးပူတိုက်နေရာမှ လှည့်မကြည့်ပဲ ပြောသည်။

“ဟုတ်ပြီလေ။ အဆုံးသတ်ရင်လည်း တခြားနည်းလမ်းတွေ အများကြီးရှိတာပဲ။ ဒီလောက်တောင်မှ နာနာကျင်ကျင် လုပ်ရသလား။”

“နာကျင်မှုဟာ ခံစားမှုတမျိုးပဲ။ အဲဒါကိုလည်း လူတွေက သာယာနိုင်ကြတယ်။ တခါတလေကျတော့ ကျေနပ်မှုကို အဲသည်မှာ ရှာနိုင်တယ် လို့ငါထင်တယ်။ ”

သူ နားမလည်ပါ။

“အဲဒါတော့ ငါမသိဘူး။ တခုတော့ရှိတယ်။ ငါကတော့ အဲသည်လိုနည်းလမ်းနဲ့ အဆုံးသတ်ဖြစ်မှာ မဟုတ်တော့ဘူး။ အခု ဒါမျိုးတွေကို တွေ့မိတယ်။ မကောင်းဘူးလို့ မြင်တယ်။ ပြောပြမိတယ်။ ငါတော့မလုပ်ဘူး။”

“ဒါက တပ်အပ်မပြောနိုင်ဘူး။”

သူငယ်ချင်းက ပြုံးပြီး သူ့ဘက် လှည့်ကာ ပြောလာသည်။

“ဘယ်လို”

“မင်း Basic Instinct ကြည့်ဖူးတယ် မဟုတ်လား။”

သူ မျက်ခုံးပင့်သွားသည်။ ဘာဆိုင်လို့လဲ။

“ ဟေ့ လျှောက်မတွေးနဲ့။ ဒီလိုပါ။ ငါပြောချင်တာ အဲဒီ ဇာတ်လမ်းမှာ မင်းသမီး စာရေးဆရာမက သူ့ဝတ္တုထဲမှာ ဘယ်လိုပုံစံနဲ့ လူသတ်မယ်ဆိုတဲ့ ဇာတ်ကွက်တွေကို ထည့်ရေးထားတယ်။ သူကိုယ်တိုင် လူသိရှင်ကြား ရေးခဲ့တဲ့အတွက် အပြင်မှာ ဒီလိုပုံစံနဲ့ပဲ သူက လူသတ်နိုင်မလားဆိုတာ မဖြစ်နိုင်တော့ဘူးလို့ အငြင်းပွားစရာ ဖြစ်တယ်။ သူက အဲဒါကို အလီဘိုင်ပြပြီး လှည့်စားလိုက်တာ။ တကယ်ကျတော့ အဲဒီအတိုင်း တကယ် လိုက်လုပ်ခဲ့တာပဲ။”

“ဒီတော့”

“ဆိုလိုတာက လူ့စိတ်က တမျိုးကွ။ တမင်ဖြစ်စေ အမှတ်တမြဲ့ဖစ်စေ မင်းကိုယ်တိုင် ဖြစ်ရပ်တခုခုကို တဖွဖွ ပြောခဲ့ဖူးလို့ တကယ့်တကယ်ကျတော့ တချိန်မှာ အဲဒါကို မလုပ်တော့ဘူးလို့ တပ်အပ် မဆိုနိုင်ဘူး။”

သူ ငိုင်တွေသွားသည်။ ဘာပြန်ပြောရမှန်း မသိ။

“လုပ်မယ် လို့လည်း တပ်အပ် မဆိုနိုင်ပါဘူးကွာ။”

သူငယ်ချင်းက သူ့ပခုံးကို နှစ်သိမ့်သလို တချက်ပုတ်ကာ ဆက်ပြောပြီး အ၀တ်တထပ်ကြီးကို မကာ အခန်းထဲဝင်သွားသည်။

ရင်ထဲမှာ ဟာတာတာနှင့် ကျန်ခဲ့သည်။ ဟာ.. ဆိုးလိုက်တာ..။ ဒီကောင် တော်တော်ကြောင်တာပဲ။ သူ စိတ်ထဲက တိတ်တိတ် ကျိန်ဆဲလိုက်သည်။ “စိတ်ထဲက…” ဟုတ်သည်။ စိတ်ထဲက။ ဒါက သူ့ရဲ့ထုံးစံ။ သူက စိတ်ထဲမှာပဲ အရာများစွာကို မျိုချထားတတ်သူ။

……….


သည်နိုင်ငံလေးကို သူ ရောက်နေတာ ဆယ်စုနှစ် တခုနီးပါး ကြာလှပြီ။ သည်အတောအတွင်း သူ မျိုချထားခဲ့ရတာတွေ အတော်များလှပြီ။ သူ့ရဲ့ ဘ၀ကြီးတခုလုံးထဲမှာ ထည့်သွင်း မျိုချထားရသည့် ဘ၀သေးသေးလေးတွေ များစွာရှိသည်။ ဒါတွေကို မျိုချဖို့အတွက် ၀ါသနာများ၊ အပန်းဖြေခရီးများ၊ ပျော်ပွဲရွှင်ပွဲများ၊ မိသားစုဘ၀၊ နွေးထွေးသော ညစာ၊ အိပ်ရေးဝခြင်း၊ ဟိုငေးသည်ငေးအချိန်များ စတာတွေကို သူထွေးထုတ်ခဲ့ရသည်။

သူ့စိတ်ကိုယ်တိုင်ကိုလည်း သူမျိုချ လို့ တခုခုဆုံးဖြတ်သည့် နေရာတိုင်းမှာ ကိုယ်ကလွဲ၍ ကျန်အရာများကို ထည့်တွက်ရန် ကျင့်သားရခဲ့တာ ကြာပြီ။ သည်အဆင်ကို ၀တ်လျှင် သူများအမြင်မှာ ကြည့်ကောင်းမယ် ထင်ရဲ့။ သည်ဘွဲ့ကိုယူလျှင်ဖြင့် အလုပ်အကိုင် အဆင်ပြေနိုင်ရဲ့ ။ သည်မိန်းမ ကိုယူရင်ဖြင့် မိဘများ စိတ်တိုင်းကျနိုင်ရဲ့။ ဒီနိုင်ငံကို လာအလုပ်လုပ်လျှင် သူတို့တွေအတွက် အဆင်ပြေနိုင်ရဲ့ စသည်...။

သူရခဲ့တဲ့ ဆုတံဆိပ်တွေ ဂုဏ်ထူးဆောင် လက်မှတ်တွေ အောင်မြင်မှုဟု ခေါ်ကြသော အရာတွေတိုင်းရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မသိတဲ့ ချွေးစက်အေးအေးတွေ ပုန်းအောင်းနေခဲ့သည်။

သူ့ရဲ့ ပထမဆုံး အတွေ့အကြုံတခုကို မှတ်မိနေသေးသည်။ အဲသည် အချိန်က ငါးနှစ်သားလောက်သာ ရှိသေးသည်။ ကလေးကဗျာတွေ အတော်များများကို အလွတ်ရသော သူ့ကို ရည်မှန်းချက်ကြီးသော အမေက စင်ပေါ်တွင် တက်ကာ ကဗျာရွတ်ဆို သရုပ်ဖော်ပြိုင်ပွဲ ၀င်စေချင်သည်။ သူ ကြောက်လန့်ရင်ခုန်စွာ ငြင်းဆန်ခဲ့။ သား.. ကြောက်တယ် မေမေ..။ ဟဲ့.. ဘာငိုမဲ့မဲ့  ဖြစ်နေတာလဲ။ အဖြစ်မရှိဘူးလား။ အိမ်မှာ ဒီလောက်ကျင့်ထားတာပဲ။ တက်လိုက်တက်လိုက်။ သွား.. သွားတော့။ လူတွေရဲ့ လက်ခုပ်သံက သူ့ရင်ကို ပိုခုန်စေသည်။ စင်အောက်က လူတွေ အများကြီးကို စင်မြင့်ပေါ်ကနေ တယောက်တည်း ကြည့်ရင်း မီးရောင်အောက်မှာ မျက်လုံးတွေေ၀၀ါးလာခဲ့သည်။ မလုပ်ချင်သော သို့သော် လုပ်ရမည်ဖြစ်သော အလုပ်တခုကို သူဘာတွေ လုပ်ခဲ့သလဲ။ ဆုတံဆိပ်တခုက သူ့ရင်ဘတ်ထဲ ပစ်ကျသည်။ အမေက ပျော်ရွှင်လို့။ ဂုဏ်ယူလို့။ သူ့လက်ဖ၀ါးတွေက အေးစက် ဖျော့တော့လို့။

သည်လိုနှင့် သူ့ကို တွန်းတွန်းပို့တင်လိုက်တဲ့ စင်မြင့်တွေ များများလာခဲ့သည်။ စင်အောက်မှာ လူများကတော့ သူ့ကို ငေးမောလျက်။ ပြာနှမ်းနေသော သူ့လက်တွေကို ဘယ်သူမှ မမြင်။ စေးထန်းထန်း ချွေးစက် တွေကို ဘယ်သူမှ မမြင်။

အတွေးတွေကို ခါယမ်းထုတ်ရင်း ဘေးနားက တယ်လီဖုန်းကို အလိုအလျောက် ကောက်ကိုင်လိုက်သည်။ တယ်လီဖုန်း ခေါ်ခတွေက သူ့နိုင်ငံအတွက်မှ ဘာလို့ ဈေးကြီးနေရတာလဲ။ ပြီးတော့ အိမ်နဲ့စကားပြောတိုင်း ဘာလို့ သူ့ဘက်ကပဲ စစ ခေါ်ပေးနေရတာလဲ။ တခါတလေ အိပ်ရာထဲမှာ မအီမသာ ဖျားနာတဲ့ ညမျိုးဆိုလျှင် မိုင်ပေါင်းများစွာက ဖြတ်သန်းလာမည့် တယ်လီဖုန်းသံတခုကို မဖြစ်နိုင်မှန်း သိပေမယ့်လည်း သူမျှော်မိသေးသည်။

သတိရလို့ ဆိုသော စကား နေကောင်းကြလားဟင် ဆိုသောစကား သူ့လည်ချောင်းဝက ထွက်မလာခင် တဖက်မှ စကားလုံးများ ဆက်တိုက် သူ့နားထဲ ဖြတ်စီးဆင်းသည်။ အတော်ပဲ ဖုန်းစောင့်နေတာ။ ဟိုနေ့က ပို့မယ် ပြောထားတဲ့ဟာ ဘယ်တော့ရောက်မှာလဲ။ ကုန်ဈေးနှုန်းတွေက အခုတလောတော်တော် ကြီးလာပြီ။ နောက်လကျရင် ပိုက်ဆံ နည်းနည်း ပိုပို့လိုက် သိလား။ အမေနဲ့ပြောဦး။ ရော့ရော့.. ဒီမှာ။ ပြောရဦးမယ်။ မင်းညီအငယ်ဆုံးက လာမယ့်လမှာ စာမေးပွဲပြီးမယ်။ အခုကတည်းက သူ့အတွက် အလုပ်ရှာထားလိုက်တော့။ သူလာရင်နေဖို့ အိမ်ရှာထားဦး။ ကလေးတွေကို ဒီနှစ် ကျောင်းပြောင်းမယ်။ ဒါမှ ဟိုရောက်ရင် စာလိုက်နိုင်မှာ။ အဲဒီကျောင်းမှာထားရင် ဒေါ်လာနဲ့…... တီ.. တီ။ ဖုန်းပြတ်သွားပြီ။

သူ ဖုန်းပြန်မခေါ်ဖြစ်တော့။ သူ့ကို သူတို့တွေက လိုအပ်ကြသတဲ့လား။ သူ့ကို လူတွေအများကြီးက တကယ် လိုအပ်လို့လား ဟု မကြာခဏ တွေးဖူးသည်။ သူကတော့ အမြဲ တခုခု လိုနေတဲ့ လူတစ်ယောက် ဖြစ်သတဲ့။ သူ့မန်နေဂျာက သူ့ဆရာတွေက သူ့မိသားစုက အားမလိုအားမရ မကြာခဏ ပြောဖူးသည်။

“နိုင်ငံခြားသားဖြစ်ရုံနဲ့ နှိမ်ထားတာ မဟုတ်ပါဘူး။ မင်းရထားတဲ့ဘွဲ့နဲ့ အသက်အရွယ်နဲ့ တကယ်တော့ ဒီ့ထက်မြင့်တဲ့ ရာထူးကို ရသင့်တာ ငါတို့သိတယ်။ ဒါပေမယ့် မင်းက ဆက်သွယ်ရေးမှာ တခုခုလိုတယ်နော်။ မင်းကဘာလို့ စကားပြောနည်းရတာလဲ။ အမှားအယွင်းတွေနဲ့ ပြောရတာလဲ။ အင်္ဂလိပ်ဘာသာစကားမှာ အခက်အခဲရှိနေတာလား။ မင်းသိတဲ့အတိုင်း တို့အလုပ်သဘာဝက အများကြီး သွက်လက်ပြီး ပြောနိုင်ဆိုနိုင်ဖြစ်ဖို့ လိုတယ်။ သည်အလုပ်ကို ရတာကိုက မင်းအများကြီး ကံကောင်းနေပြီ။ ဒါကြောင့်မင်းရဲ့ ခံစားခွင့်တွေကတော့ သူများတွေထက်စာရင်…”

မဟုတ်သေးဘူး။ သူတခုခု ပြန်ပြောချင်ခဲ့သည်။ နှုတ်က ချက်ချင်း ထွက်မလာ။ ထွက်မလာတာလည်း ကောင်းသေးသည်။ ထွက်လာလျှင် ထုံးစံအတိုင်း အထစ်ထစ်အငေါ့ငေါ့ အမှားမှား အယွင်းယွင်း ဖြစ်ဦးမည်။ တခြားသူတွေ သွက်သွက်လက်လက် ငြင်းခုန် ဆွေးနွေးနေလျှင် ကြားဖြတ် ပြောချင်စိတ် ကုန်ခန်းတတ်တာ။ ပြောချင်တာတွေနဲ့ ပြောမိတာတွေနဲ့ ကွဲပြားသွားတတ်တာ…။ သူ့ကိုယ်သူလည်း နားမလည်တော့။ တကယ်တော့ သူပြောချင်သော စကားတွေကို သူက ဘယ်တုန်းက ပြောထွက်ခဲ့လို့လဲ။ နားထောင်ပေးမည့် လူတယောက်ရော သူ့မှာရှိပါရဲ့လား။

ခဲတံနှင့်စာရွက်ကို သူက ကောက်ကိုင်လိုက်ပြန်သည်။ စိတ်ရှုပ်ထွေးလာလျှင် မျဉ်းကြောင်းကလေးတွေကို သူရေးခြစ်လေ့ရှိသည်။ မျဉ်းဖြောင့်နှစ်ကြောင်းတည်းကို ဘောင်ခတ်ကြည့်ရန် အမျိုးမျိုး ကြိုးစားနေတတ်သေးသည်။

တကယ်က ပြင်ညီ ပုံသဏ္ဍာန်တခု ဖြစ်လာရန် ဘောင်ခတ်ဖို့ အနည်းဆုံး အနားဖြောင့် သုံးနားတော့ လိုမည်ပေါ့။ အဲဒါကို တြိဂံဟုခေါ်သည်။ တြိဂံဟာ အခိုင်မာဆုံး ဖွဲ့စည်းပုံ တခုလည်း ဖြစ်သတဲ့။ အဆောက်အဦ အမြင့်တွေကို တြိဂံအခြေခံတဲ့ ပုံသဏ္ဍာန်နဲ့ တည်ဆောက်ရင် အခိုင်ခန့်ဆုံး ဖြစ်သတဲ့။ သူက တြိဂံတွေကို အားကျတတ်သူ။ သူ တြိဂံတခု ဖြစ်နိုင်ဦးမှာလား။


တကယ်လို့ လူတယောက်ရဲ့ ဘ၀မှာ ပေးထားချက်ဟာ အနားဖြောင့်နှစ်ခုသာ ဆိုပါစို့။ ဘ၀ကို လှပစွာ ဘောင်ခတ် တည်ဆောက်ဖို့ ပထမဦးဆုံးတော့ ထိုမျဉ်းနှစ်ကြောင်း ဒီဂရီအနည်းငယ် ဖြစ်ဖြစ် စုဆုံလာဖို့လိုမည်။ ပြီးတော့ တတိယအနားတခုဖြင့် အပြီးသတ်ရမည်။ သူလိုလူ တစ်ယောက်ကို ပေးထားတဲ့ အနားနှစ်ခုက ဘယ်လိုပါလိမ့်။ ခပ်တင်းတင်း မျဉ်းနှစ်ကြောင်းကြားမှာ ဘယ်နေရာကတိုင်းတိုင်း အကွာအဝေးတွေက တူညီနေသည်လေ။ သည်တော့ လျှောက်မိသော လမ်းကို ဆက်ကြည့်လိုက်လျှင် တမျှော်တခေါ်။ ဘယ်တော့မှဆုံးမှာလဲဟင်။ အနန္တအထိ မရပ်မနားလား ..။ အနားမသတ်နိုင်သော ပုံသဏ္ဍာန်တခုရဲ့ ဟိုးဝေးဝေးမှာ ဘာမှမမြင်ရဘူး။ ဟို.. ရထားလမ်းတွေလို..။ မောလိုက်တာ။

သူ ခုတင်ပေါ်ကို ပစ်လှဲလိုက်သည်။ သွားစမ်းပါ။ အားလုံး လဲသေလိုက်။ သူငယ်ချင်းကို ကျိန်ဆဲ။ သူ့အလုပ်က မန်နေဂျာကို ကျိန်ဆဲ။ သူ့ဘေးက တယ်လီဖုန်းကို ကျိန်ဆဲ။ ငါ့ကိုယ်ငါ ပိုင်တယ်။ ငါလုပ်နေတာတွေဟာ ငါလုပ်ချင်လို့လုပ်နေတာပဲ။ ဟော..။ သူ့ပါးစပ်က ထွက်ကျလာသော စကားလုံးတွေကို သူ့ဘာသာ မယုံကြည်နိုင်စွာ အလန့်တကြား ပြန်ထထိုင်မိသည်။

----

အခုတော့ သူအိပ်မက် မက် နေလေသည်။ အိပ်မက်မက်သည်ဟု ထင်သည်။ မီးလင်းနေသည့် စင်မြင့်တခုက အဆင်သင့်။ သွား.. စင်ပေါ်ကို တက်တော့။ တယောက်ယောက်က တွန်းပို့ပြန်ပြီ။ လူတွေအများကြီးက မျက်လုံးပေါင်းများစွာဖြင့် သူ့ကို ၀ိုင်းကြည့်နေပြန်ပြီ။ မေမေ.. မသွားချင်ဘူး..။ မင်း သတ္တိမရှိဘူးလား။ တသက်နှင့်တကိုယ် ကိုယ်တိုင်အတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက် ဘယ်မလဲ…။ မင်းကိုယ်မင်း ပိုင်တယ်..။ မင်းကံကြမ္မာကို မင်းပိုင်တယ်။ မင်းရဲ့ အစကို မပိုင်ခဲ့တောင်မှ.. မင်းရဲ့အဆုံးကို မင်းပိုင်တယ်..။

သိပ်ကို လိုအပ်ခံချင်တဲ့ကောင်…။ ကမ္ဘာလောကကြီး တခုလုံးမှာ သူ့ကို အမှန်တကယ် လိုအပ်နေတာ တနေရာတော့ ရှိရမည်ပေါ့။ ဟောဟိုမှာ.. ပြိုင်နေသော မျဉ်းနှစ်ကြောင်း။ အနားနှစ်ခုက ယိမ်းယိုင် ပေါင်းဆုံစပြုပြီလား။ အဆုံးသတ် ဘောင်ခတ်ဖို့ တတိယအနား ကိုသာ စောင့်နေပြီ။

မီးရောင်ဝင်းဝင်း နှင့် အရှိန်ပြင်းပြင်း ပြေးလာနေသော သဏ္ဍာန်တခု။ သွားလိုက်တော့.. သွားလိုက်တော့..။ ကြိတ်ဖြတ်တော့မည့် အရာနှင့် လုံလောက်သော အကွာအဝေး။ ခန္ဓာကိုယ်ကြီး တခုလုံး ၀ုန်းခနဲ။ ပြင်းထန်သော တခဲနက်အရှိန်။ ပြိုင်နေသော သံချောင်းနှစ်ချောင်းကြားမှာ ဘီးလုံးများ။ အသားကို ကြိတ်ပွတ်သော အတွေ့။ တကိုယ်လုံး နေရာအနှံ့မှ ဖျိုးဖျဉ်း စူးရှ ဝေဒနာ…။ မျက်လုံးထဲမှာ အနီ.. အပြာ… အနက်..။ အော်ကြည့်သည်။ ရုန်းထွက်ကြည့်သည်။ လေးလံလှချည့်..။ တစက္ကန့် တစက္ကန့်တိုင်းဟာ အခုတော့လည်း ..။ ဒါဟာ တကယ်ပဲလား။

အိပ်မက်လား တကယ်လား သိချင်လျှင် အသားကို ဆွဲဆိတ်ကြည့်ရသတဲ့။ အဆုံးစွန် ဝေဒနာ ခံစားထုံကျင်နေသူရဲ့ အသားလေးတမျှင်ကို ဆွဲဆိတ်ကြည့်ရုံနှင့် ဘာများထပ်မံ ခံစားသိနိုင်မှာလဲ။ ထားတော့။ မနိုးမချင်းတော့ ဒါဟာ အိပ်မက်ပဲဖြစ်သည်။


ပန်ဒိုရာ

To Continue Reading

May 13, 2009

ဦးနှောက်ကိုထိခိုက်ပျက်စီးစေသောအမူအကျင့်များ


  • နံနက်စာ မစားသုံးခြင်း။

    နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏ နည်းပါးတတ်ပါတယ်။ သကြားဓာတ်ပမာဏနည်းရင် ဦးနှောက်ကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်ဘဲ ဦးနှောက်ကို ယိုယွင်းစေပါတယ်။


  • အစားအလွန်အကျွံစားသုံးခြင်း။

    အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီးစိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။

  • ဆေးလိပ်သောက်ခြင်း။

    ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။


  • လေထုညစ်ညမ်းခြင်း။

    ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။ညစ်ညမ်းတဲ့လေကို ရှူလိုက်တဲ့အခါမှာ ဦးနှောက်ကိုအော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားပြီး ဦးနှောက်စွမ်းရည် လျော့ကျမကို ဖြစ်ပွားတတ်ပါတယ်။
  • အိပ်ရေးပျက်ခြင်း။

    အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို တိုးပွားစေပါတယ်။


  • ခေါင်းစွပ်နှင့်အိပ်ခြင်း။

    ခေါင်းစွပ်(ဦးထုတ်)နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး အောက်စီဂျင်စုစည်းမှုကို လျော့ကျစေတဲ့အတွက်ကြောင့် ဦးနှောက်ပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်။

  • နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။

    နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင်ဦးနှောက်စွမ်းရည်လျော့ကျပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။

  • နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။

    ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။


source; heroboy

To Continue Reading

May 09, 2009

မှတ်သားမိတဲ့ Quotes တစ်ချို့ (၂)


ကျွန်မကြိုက်တဲ့ quotes တစ်ချို့ (၂)လို့ ရေးထားတာပါ။ Sync ဖြစ်အောင် မှတ်သားမိတဲ့ Quotes တစ်ချို့ (၂)လို့ ပြောင်းလိုက်တာပါ။

Life Philosophy လေးတွေပါ။ သဘောကျလို့  ပြန် share လိုက်ပါတယ်။



  • Do not let what you cannot do interfere with what you can do..... John Wooden

  • You can't make someone else's choices.You shouldn't let someone else make yours..... Colin Powell


  • When an affliction happens to you, you either let it defeat you,or you defeat it.....Rosalind Russell

  • You will never achieve what you never begin...
    The measure of a man is the way he bears up under misfortune.
    Don't wait for your ship to come in, swim out to it.
    Man cannot discover new oceans unless he has the courage to lose sight of the shore.....Andre Gide

  • Find something you love to doand you'll never have to work a day in your life.....Harvey Mackay

  • You can do what you think you can do and you cannot do what you think you cannot.....Ben Stein

  • Find something you love to doand you'll never have to work a day in your life.....Harvey Mackay
source; http://www.isopersonals.com/


အချိန်မရလို့  မူရင်းအတိုင်းပဲ ဖော်ပြလိုက်ပါတယ်။း) To Continue Reading

May 07, 2009

ဘဝကိုဖြတ်သန်းရာဝယ်

တခါတုန်းက ရှင်ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့မြင်းစီးသူရဲကောင်းတစ်ယောက်ကို မြင်း နဲ့ပတ်ပြီးစီးနိုင်သမျှ မြေနေရာအားလုံး အပိုင်စားပေးမယ် လို့ပြောလိုက်ပါတယ်။ မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာများနိုင်သမျှ များများကာမိအောင် မြင်းကို မြန်နိုင်သမျှမြန်မြန်စီးပါတော့တယ်။ သူဟာ မြင်းကို အမြန်ဆုံးပြေးအောင် ရိုက်ရင်းမရပ်မနားစီးပါတယ်။ သူဟာ ဗိုက်ဆာချိန်တွေ ပင်ပန်းနွမ်းနယ်နေချိန် တွေမှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာအများဆုံးကာမိအောင်ပါ။မြေနေရာကောင်း အတော်များများကို ကာမိချိန်မှာတော့ သူဟာ အရမ်းကိုအားအင်ကုန်ခမ်း နွမ်းနယ်ပြီး သေလုမျောပါး ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန်ကျမှသူ့ကိုယ်သူ ပြန်မေးမိပါတယ်။

"မြေနေရာတွေ အများကြီးရဖို့ ငါ့ကိုယ်ငါ ဘာကြောင့်များ
ဒီလောက်ညှင်းပန်းခဲ့ပါလိမ့်။ အခုငါ သေရတော့မယ့် အချိန်မှာ ငါ့ကို
မြှုပ်ဖို့ မြေနေရာ သေးသေးလေးပဲ လိုတာပါလား..."


အထက်က ဇာတ်လမ်းလေးဟာ ဘဝခရီးနဲ့ အလားသဏ္ဍာန် တူပါတယ်။

လူတွေဟာ နေ့စဉ်နေ့တိုင်း ပိုက်ဆံတွေပိုရဖို့၊ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ တွေအတွက် ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းစေနေကြပါတယ်။ ကိုယ့်ကို ကျန်းမာပျော်ရွှင်စေမဲ့ အချိန်တွေပေးနိုင်တဲ့ မိသားစုတို့၊ သဘာဝပတ်ဝန်းကျင် အလှအပတို့၊ ကိုယ်နှစ်သက်မြတ်နိုးတဲ့ ဝါသနာတို့ကိုတော့ လျစ်လျူရှုထားမိကြပါတယ်။ တစ်နေ့ ပြန်ဆန်းစစ်ကြည့်တဲ့အချိန်မှာတော့ ကိုယ်တကောက်ကောက်လိုက်နေခဲ့တဲ့ အရာတွေဟာ ဒီလောက်ကြီး မလိုအပ်ဘူးဆိုတာ သိနားလည်လာတဲ့ အခါမှာတော့
ကိုယ်မရခဲ့လိုက်တဲ့ အရာတွေအတွက် နောက်ကြောင်းပြန်လှည့်လို့ မရတော့ပါဘူး။


ဘဝဆိုတာ ပိုက်ဆံရှာဖို့၊ ရာထူးအာဏာတွေ ပိုင်ဆိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ချည်းသက်သက် မဟုတ်ပါဘူး။ ဘဝဆိုတာ အလုပ်လုပ်ဖို့ချည်း သက်သက်လည်း မဟုတ်တာ သေချာပါတယ်။ အလုပ်ဟာ နေထိုင်ရပ်တည်ဖို့အတွက် လိုအပ်သလို သဘာဝအလှအပတွေကို ခံစားရင်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းဖို့လည်း လိုအပ်တာပါပဲ။ ဘဝဟာ အလုပ်၊ အနားယူပျော်ရွှင်ချိန်၊ မိသားစုနဲ့ ကိုယ်ပိုင်အချိန်တွေ သမမျှတနေရမယ့်
အရာပါ။ ကိုယ့်ရဲ့ဘဝကို ဘယ်လို သမမျှတအောင် နေမလဲဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။ ကိုယ့်ဘဝထဲက အရာတွေအတွက် ဦးစားပေးအဆင့်တွေ သတ်မှတ်ပြီး အဲဒါတွေကို မျှတအောင် ဘယ်လိုညှိုနှိုင်းယူရမလဲဆိုတာ သိပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာတော့ ရင်ထဲကလာတဲ့ သဘာဝအသိပေါ်မှာ မူတည်ပြီး ချမှတ်ပါ။

“ပျော်ရွှင်ငြိမ်းချမ်းမှု”ဆိုတာ ဘဝရဲ့အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ဖြစ်သလို လူသားတွေ ရှင်သန်တည်ရှိနေရခြင်းရဲ့ ဦးတည်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သက်တောင့်သက်သာနဲ့ ကိုယ်လုပ်ချင်တဲ့ (သူတပါးကို မထိခိုက်တဲ့) အရာတွေကို လုပ်ပါ။ သဘာဝကို တန်ဖိုးထား ချစ်မြတ်နိုးပါ။

ဘဝဆိုတာ အထိအရှမခံ နုနယ်ပါတယ်။ တိုတောင်းပါတယ်။ ဒါကြောင့် ကိုယ့်ဘဝရဲ့ဖြစ်တည်ရှင်သန်မှုကို တန်ဖိုးမထားဘဲ မနေပါနဲ့။ မျှတငြိမ်းချမ်းတဲ့ ဘဝနေမှုပုံစံနဲ့ နေထိုင်ရှင်သန်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။

  • သင့်အတွေးတွေကို ဂရုစိုက်ပါ။ သူတို့က သင့်စကားတွေ ဖြစ်လာပါတယ်။

  • သင့်စကားတွေကို ဂရုစိုက်ပါ။ သူတို့က သင့်အပြုအမူတွေ ဖြစ်လာပါတယ်။

  • သင့်အပြုအမူတွေကို ဂရုစိုက်ပါ။ သူတို့က သင့်အကျင့်တွေ ဖြစ်လာပါတယ်။

  • သင့်အကျင့်တွေကို ဂရုစိုက်ပါ။ သူတို့က သင့်စရိုက်ဖြစ်လာပါတယ်။

  • သင့်စရိုက်ကို ဂရုစိုက်ပါ။ သင့်စရိုက်က သင့်ရဲ့ပန်းတိုင်ဖြစ်လာပါတယ်။

source; ရွှေပြည်သူ (ဘာသာပြန်ပါသည်)။
To Continue Reading

May 05, 2009

Realization of Time


  • To realize the value of a sister, ask someone who doesn't have one.

  • To realize the value of ten years, ask a newly-divorced couple.

  • To realize the value of three years, ask a graduate.

  • To realize the value of one year, ask a student who has failed a final exam

  • To realize the value of nine months, ask a mother who gave birth to a still born.

  • To realize the value of one month, ask a motherwho has given birth to a premature baby.

  • To realize the value of one week, ask an editor of a weekly newspaper.

  • To realize the value of one hour, ask the lovers who are waiting to meet.

  • To realize the value of one minute, ask a person who has missed the train, bus or plane.
  • To realize the value of one-second, ask a person who has survived an accident.
  • To realize the value of one millisecond, ask the person who has won a silver medal in the Olympics.
  • To realize the value of a relationship (parents, sisters, relatives, freinds, lovers or spouse), ask the person who has lost one.

  • Time waits for no one. Treasure every moment you have.You will treasure it even more when you can share it with someone special.

  • To Continue Reading

    အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

    Followers

    အားဆေးလေးတွေ...

    Cool Blue Outer Glow Pointer