" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 25, 2011

တယ်လီဖုန်း


"ချစ်တယ်"လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး။ ။

ငါတို့ ဘာလို့ အငြင်းပွားနေကြရတာလဲ
(တစ်ယောက်ကို တစ်ယောက်)နားမလည်တာလည်း မဟုတ်ဘဲနဲ့။ ။

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် သံသယတွေ
ဖြစ်နေကြတာလဲ..
"ယုံကြည်ပါ"လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့နဲ့။ ။

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေ ဖြစ်နေကြတာလဲ..
တို့နှစ်ယောက်ရဲ့အချစ်ဟာ ကျိုးလွယ်ပဲ့လွယ်တာလည်း
မဟုတ်ဘဲနဲ့ကွယ် ။ ။

ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့် အကဲခတ်နေကြပုံမျိုး။
ဒါ... စစ်တုရင်ထိုးနေကြတာလည်း မဟုတ်ဘဲနဲ့ကွယ်။ ။

မင်းငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပါ။
ငါ.. လွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောမယ်။ ။

"ချစ်တယ်"ဆိုတဲ့ စကားတစ်လုံးကို မကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ...
မင်းက စကားမပြောဘဲ ပိတ်ထားရင်
ဘာမှ အသုံးမဝင်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလည်း။ ။

မင်းခိုက်စိုးစန် To Continue Reading

April 12, 2011

Sembawang Thingyan 2011မှ ကွန်ပျုတာတက္ကသိုလ်၏အလှု


၂၀၁၁ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကြီးကို Sembawang Monastery၊ ကွန်ပျူတာတက္ကသိုလ် မိသားစု ( UCS Family, Singapore)၊ LOTUS Foundation ၊ ဓမ္မအလင်းရောင် ၊ Save the Age ၊ အစရှိသော လူမှုရေးအဖွဲ့အစည်းများ အားလုံးပူးပေါင်းပါဝင်၍ Sembawang Park တွင် ၂၀၁၁ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) မှာ နံနက်(၉)နာရီမှစတင်၍ ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးနဲ့ အောင်အောင်မြင်မြင် ကျင်းပခဲ့ပါတယ်။
ကွန်ပျူတာတက္ကသိုလ် မိသားစု ( UCS Family, Singapore)အနေနဲ့ ပါဝင်ခဲ့တဲ့ ဆောင်ရွက်မှုတွေကတော့
  • စတုဒိသာလှူဒါန်းခြင်း (လက်ဖက်ရည် နဲ့ စမူဆာကြော်)
  • သက်ကြီးပူဇော်ပွဲ
  • ဝေယျာဝေစ္စလုပ်အားဒါန
  • မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပေးခြင်း
  • ဖျော်ဖြေရေးအစီအစဉ်များပဲ ......ဖြစ်ပါတယ်။


စတုဒိသာလှူဒါန်းခြင်း အစီအစဉ်အနေနဲ့ UCS (University of Computer Studies) ကမောင်နှမတွေ စမူဆာကြော်တဲ့အဖွဲ့(Beach နားမှာ)၊ လက်ဖက်ရည်ဖျော်တဲ့အဖွဲ့၊ မုန့်နဲ့ လက်ဖက်ရည်လှုတဲ့အဖွဲ့ (မဏ္ဋပ်ဘေးကွန်ကရစ်လမ်းပေါ်) ဆိုပြီး အဖွဲ့သုံးဖွဲ့ခွဲကာ တက်ညီလက်ညီ လှုဒါန်းခဲ့ပါတယ်။
စမူဆာ အခု ၆၀၀၀ နဲ့ ကာရီပါ့ ၁၀၀၀လို့ သိရပါတယ်။ လက်ဖက်ရည်တွေဆို ညနေဘက်ရောက်တော့ senior တွေ မဏ္ဋပ်ထဲထိဝင်ပြီး ဝေကြပါတယ်။ မိုးအေးအေးနဲ့ လက်ဖက်ရည် နွေးနွေးလေးပေါ့။း) စမူဆာဗန်းကြီးတွေကို ဟိုးအောက်ဘက် ကြော်တဲ့နေရာဆီ သွား... သွားယူကြပြီး ချကုန်၊ ချကုန်နဲ့ ... အားရစရာ ကောင်းပါတယ်။
လှူသူနဲ့ ပွဲလာသူတို့ အပြန်အလှန် ချိုချိုသာသာနဲ့ ကျေးဇူးတင်စကား ပြောနေကြတာကိုမြင်နေရတာလည်း လှပတဲ့မြင်ကွင်းလေးပါပဲ။

ဘုန်းဘုန်းက သန့်ရှင်းရေးကို ဘုန်းဘုန်းတို့ပဲ ပြန်လုပ်ရမှာလို့ microphone ကြီးနဲ့ ကြေငြာထားလို့လားတော့ မသိဘူး။ စားပြီးရင်လည်း အမှိုက်ကို စည်းကမ်းတကြ ပစ်ကြတာကို တွေ့ရပါတယ်။

ဒီ Sembawang Thingyan အတွက် Singapore လုံခြုံရေး ပိုချထားတယ်လို့ဆိုကြပါတယ်။ အစိုးရက Bus အရေအတွက်တော်တော် တိုးပေးရတယ် လို့လည်း သိရပါတယ်။ ဒါနဲ့များတောင် Bus စီးလို့မရလို့ Taxi နဲ့လာသူတွေကလာ၊ ( Sembawang MRT ကနေ 10 bus stops ခရီးကို) လမ်းလျှောက်လာသူတွေလာ ရှိပါသေးတယ်။


ဖျော်ဖြေရေးအစီအစဉ်များ အနေနဲ့ကတော့ ...မြန်မာ့ရိုးရာ သင်္ကြန်ယိမ်း ၃ယိမ်း( ပိတောက်လက်ဆောင်အဖွဲ့ ၊ ပိတောက်တစ်မျက်နှာအဖွဲ့ ၊ နွေဦးကဗျာအဖွဲ့)၊ အန်တီမွှေး (နန်းခင်မွှေးက တောင်းဆိုလို့ကပေးရတဲ့) သင်္ကြန်တစ်ပင်တိုင်အက၊ ယောင်္ကျား ယောင်္ကျား ခေတ်ပေါ်သင်္ကြန်သီချင်းတို့ပဲ ဖြစ်ပါတယ်။
နံနက်ပိုင်း (၉)နာရီ မှာ 13th batchက ဝတ်ရည်ရဲ့ တစ်ပင်တိုင်အက၊ (၉)နာရီ (၂၀)မှာ ပိတောက်တစ်မျက်နှာယိမ်း၊ (၁၁)နာရီမှာ ပိတောက်လက်ဆောင်ယိမ်းတို့နဲ့ ကပြခဲ့ကြပါတယ်။ ဒီနေရာမှာ ကြွားလိုတာက သီချင်းဆိုတဲ့သူနှစ်ဦးစလုံး အဆိုကောင်း၊ အဆိုပိုင်တဲ့သူတွေ ဖြစ်ကြပါတယ်ဆိုတာပါပဲ။

ညနေပိုင်းမှာတော့ (၄)နာရီ (၃၀)မှာ နွေသီးကဗျာယိမ်းနဲ့ တင်ဆက်ခဲ့ပါတယ်။ သီဆိုသူမပါတဲ့ သီချင်းနဲ့ကတဲ့ ဒီအဖွဲ့ ကတဲ့အခါမှာ technical fault ကြောင့် အစပိုင်းနှစ်ပိုင်းလောက်မှာ တီးလုံးပဲထွက်လာလို့ UCS မှ မောင်နှမတွေဝိုင်းပြီး သီချင်းဆိုပေးကြတာလည်း ပျော်စရာကြီးပါ။ အမှတ်ရစရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ (၆)နာရီမှာတော့ ယောင်္ကျား.. ယောင်္ကျားစုံတွဲသီချင်းလေးကို တင်ဆက်ခဲ့ပါတယ်။


ပွဲပြီးသွားတော့လာည်း မိုးရေထဲမှာ tent တွေသိမ်း၊ မဏ္ဋပ်တွေဖျက်၊ အမှိုက်တွေရှင်းပေးခဲ့ကြပါတယ်။

ကောင်းတာတွေကြီးပဲပြောနေပေမဲ့ ရုပ်နည်းနည်းပျက်တာလေးတွေလည်း ရှိခဲ့ပါတယ်။ ညနေ နည်းနည်းစောင်းလာတော့ အရက်မူးတဲ့အုပ်စုလေးတစ်စု မူးပြီးရဲတွေကို ပြသနာတွေသွားလုပ်နေလို့ ဘုန်းဘုန်းက microphone ကြီးနဲ့ အော်ပြီး ကြီးကြပ်သူတစ်ဦးလောက်ကို ဖြေရှင်းပေးဖို့ ပြောရပါသေးတယ်။

ဒါပေမဲ့ .... ခဲတစ်ချို့ကိုဖယ်ပြီး ခြုံငုံပြောရမယ်ဆိုရင်တော့ တကယ်ကို မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ကို စည်းစည်းလုးလုးံ၊ ညီညီညွတ်ညွတ်၊ ချစ်ချစ်ခင်ခင်နဲ့ ပြသခဲ့တဲ့ပွဲပဲ ဖြစ်ပါတယ်။ ဒီလို မြန်မာ့ရိုးရာ ယဉ်ကျေးမှု နဲ့ ဓလေ့တွေကို နှစ်စဉ်နှစ်တိုင်း ဆက်လက်ပြသနိုင်ပါစေ၊ UCS Family (SG) အနေနဲ့လည်း ဆက်လက်ပါဝင်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီ post လေးကို နိဂုံးချုပ်ပါရစေ။ ။

~~~အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်~~


မှတ်တမ်းတင်ဓါတ်ပုံအချို့ 



WITCH83
12-April-2011 (11:37PM +8 GMT)

စာကြွင်း ။ ။ Senior များရေးသားတဲ့ FB status များ၊ post များကိုဖတ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသမျှကို အခြေခံကာ ဒီပို့ (စ်)ကို ရေးပါတယ်။

To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer