" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

September 26, 2012

ရေးမိရေးရာ (About this Blog, or me?)

  • ကလောင်အမည် = witch83 
Harry Potter ကားကို ပထမဆုံး ကြည့်ဖူးပြီးတဲ့ အချိန်.. ကျမတို့ မောင်နှမတွေကြားမှာ wizard ဆို တဲ့ စကားလုံးဟာ တော်တော်ကို အသုံးတွင်လာခဲ့ပါတယ်။ ဒါပေမဲ့ wizard ဆိုတာက male တွေအတွက်မို့ ကျမက ကျမကိုယ်ကျမ witch ဆိုပြီး တိတ်တိတ်လေး သုံးပါတယ်။ Internet ဆိုတာကြီးက ရန်ကုန်မှာ ခေတ်စားလာတော့ သူငယ်ချင်းက YGN chat ထဲမှာ ကျမကို register လုပ်ပေးပါတယ်။ အဲ့ဒီမှာ witch ဆိုတဲ့ nick က သုံးပြီးသားလူရှိနေလို့ ကိုယ့်မွေးနေ့ ၈ ၃ ကို နောက်ကနေထည့်လိုက်ရာက ဘာသုံးသုံး... ဘာလုပ်လုပ် witch83ဆိုတဲ့နာမည်ကို အသုံးပြုဖြစ်သွားပါတယ်။ ( အဲ့ YGN chat ကတော့ အဲ့တစ်ရက်ပဲ ဝင်ခဲ့ဖူးပါတယ်။) ဘလော့စလုပ်တော့လည်း ဒီနာမည်ကိုပဲ ရွေးလိုက်ပါတယ်။ :)
  • Joined blogger.com on 9th March 2009. 
သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်တွန်းမှုနဲ့ blogger.com မှာ register လုပ်ခဲ့ပါတယ်။
ဘလော့လုပ်ပြီးခါစမှာ MysteryZillion Forum က ကိုစေတန်ဂေါ့ ရေးသားထားတဲ့ blog guide ကို ဖတ်ပြီး၊ တစ်ချို့ feature တွေကိုတော့ google လုပ်ပြီး ဒီဘလော့လေးရဲ့ layoutကို ဖန်တီးခဲ့ပါတယ်။
  • ဘလော့ထားရှိရခြင်း ရည်ရွယ်ချက်
ရည်ရွယ်ချက်ကတော့ အထွေအထူး မရှိပါဘူး။ ကိုယ်တိုင်က စာဖတ်ရတာကို နှစ်သက်တဲ့အပြင် စာတိုပေစလေးတွေရေးရတာကို သဘောကျတဲ့အတွက်ကြောင့် ဒီဘလော့လေးလုပ်ဖြစ်သွားတာပါ။ ပြီးတော့ ကိုယ်ကြိုက်တဲ့ စာတစ်ချို့ ကို ပြန်လည် ဝေမျှချင်တာလည်း ပါပါတယ်။
  • ကျေးဇူးတင်စကား
ကျမဟာ ဝထ္ထုတွေ၊ ဆောင်းပါးတွေ၊ သတင်းတွေကို အားတဲ့အချိန်တွေမှာ online ကနေ လိုက်ဖတ်တတ်ပေမဲ့ ကိုယ့်ဘလော့ရဲ့ ခြေရာမချန်ဖြစ်ပါဘူး။ ဘလော့ရဲ့ email က personal email နဲ့ မတူတော့ ခြေရာချန်ဖြစ်ရင်လည်း FB နဲ့ ချန်သလိုဖြစ်ပြီး FB like button ကိုတောင် အလုပ်ချိန်ပြင်ပမှာ ဖတ်မိတဲ့အချိန်ကျမှ နှိပ်တတ်ပါတယ်။ အဲ့ဒါကြောင့် ဒီဘလော့ကို လူသိပ်မသိပါဘူး။ ကျမကိုယ်တိုင်ကလည်း ဒီဘလော့ကို promote မလုပ်ပါဘူး။ ဒါပေမဲ့ ဟိုကဒီက link ရပြီး စာ..လာဖတ်ကြတဲ့ ကျမနဲ့ သိသူ၊ မသိသူအားလုံးကို ကျေးဇူးတင်ပါတယ်။

for reading my blog posts.....
ဘလော့ရေးခါစမှာ များသောအားဖြင့်  ဘာသာပြန်တွေရယ်၊ ပြန်လည် ဝေမျှတဲ့ ပို့ (စ်)တွေကိုသာ အတင်များပါတယ်။
၂၀၀၉ မတ်လကနေ ဇွန်လကုန်၊ ဇူလိုက်လဆန်းလောက်အထိ ဘလော့နဲ့  ထိတွေ့နေပေမဲ့ ၂၀၀၉ ဇူလိုင်မှာ စင်္ကာပူမှာ ကျောင်းလာတက်ရတဲ့အပြင် ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် ဘလော့နဲ့ ထိတွေ့ မှု နည်းခဲ့ပါတယ်။ ကျောင်း၊ အိမ်၊ အချိန်ပိုင်းအလုပ်နေရာ ... ဒီနေရာ (၃) ခုမှာ (၂) နှစ်နီးပါး .. ကျောင်းစာ၊ project၊ assignment၊ အချိန်ပိုင်းအလုပ်၊ FB games ( facebooking လည်း ပါပါသည်) တွေနဲ့ လည်ပတ်နေခဲ့ပါတယ်။
 ကျောင်းပြီးသွားတော့လည်း  အချိန်ပိုင်းအလုပ်လုပ်ရင်း full-time အလုပ်ရှာရင်း... စိတ်ဓါတ်ကျနေရတာနဲ့ပဲ ဘလော့နဲ့ ဝေးနေခဲ့ပါတယ်။
စင်္ကာပူကို စရောက်ချိန်ကနေစပြီး အလုပ်စဝင်ခဲ့တဲ့အချိန်အထိ ဘလော့ရေးဖို့ကို တောက်လျှောက်တိုက်တွန်းလာတဲ့၊ ရှားရှားပါးပါး ပို့(စ်)ထ..တင်လိုက်တိုင်း comment နဲ့ ဖြစ်စေ၊ chat မှတဆင့်ဖြစ်စေ အားပေးခဲ့တဲ့ သူငယ်ချင်း choco thazin ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ မရေးဖြစ်ခဲ့တဲ့ ပို့(စ်)တွေအတွက်လည်း ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်။
စကားချပ်။       ။ ခုတော့ သူလည်း ဘလော့ မရေးတာ တစ်နှစ်ကျော်ပါပကောလားး)
chocothazin အပြင် ကျမ စာရေးတာကို သိကြတဲ့သူငယ်ချင်းတွေ... ကျမကို ဘလော့ ပြန်ရေးဖို့ အားပေးတိုက်တွန်းခဲ့ကြတာကိုလည်း ကျေးဇူးတင်ပါတယ်။


*************** 
ဒီလိုနဲ့ အလုပ်ရပြန်တော့လည်း စဝင်ဝင်ချင်းကနေ (၆)လကျော် (၇)လလောက်က ရုန်းကန်နေခဲ့ရပါတယ်။ ကိုယ်က နည်းပညာပိုင်းမှာ အားနည်းတဲ့အပြင် company ရဲ့ product range ကလည်း တအားကြီးတာမို့.. တော်တော်ကြီးကို လေ့လာခဲ့ပါတယ်။ ပိုဆိုးတာက ကိုယ် အလုပ်ဝင်တဲ့အချိန်မှာ အရင်က အင်ဂျင်နီယာအဟောင်းတွေ အကုန် ထွက်သွားပြီး hand over လုပ်မဲ့သူ တစ်ယောက်မှ မရှိတော့လို့ ကိစ္စတစ်ခုဖြစ်ရင် trace လိုက်နေရတာနဲ့ အချိန်က တော်တော်ကုန်တတ်ပြီး .... အလုပ်နဲ့ ပတ်သတ်ရင် နည်းနည်းမှ အမှားမခံတဲ့ မန်နေဂျာ၊ စိတ်မရှည်တဲ့ demanding customer တွေ၊ project deadline တွေ၊ product issue တွေနဲ့  တော်တော်ကို ရုန်းကန်ခဲ့ရပါတယ်။
ဒီကြားထဲ အချိန်ပြည့်လိုက်ကြည့်ပြီး အပြစ်ရှာတတ်တဲ့ အော်ပရေးရှင်းက စင်္ကာပူရီးယန်း မန်နေဂျာမကြောင့်လည်း တော်တော် စိတ်ညစ်ခဲ့ပါတယ်။
အဲ့ဒီအပြင် အစမ်းခန့်ကာလကြီးထဲမှာပဲ annual ZyCAMP training ကို အတင်းသွားတက်ခိုင်းတာကြောင့် ZCNP exam တွေကို နားလည်လည်... မလည်လည်... မနည်း အောင်..အောင်ဖြေပြီး training သွားတက်ခဲ့ရပါတယ်။ ပြောရရင်တော့ တော်တော်လေးကို စိတ်ဖိစီးမှုများခဲ့ရတဲ့အချိန်တွေပါပဲ။ 


အလုပ်ဝင်ပြီးရလာတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ FB game တွေကို လုံးဝ ဖြတ်နိုင်သွားတာပါပဲ။ FB ပေါ်မှာ အချိန် ဖြုန်းတဲ့အကျင့်လည်း တော်တော်လေးကို လျော့သွားပါတယ်။ ^^  
အဲ့ဒီအစား ဘလော့တွေ၊ online magazine တွေမှာ စာပြန်ဖတ်ဖြစ်ပါတယ်။ အဲ့ဒီမှာ စာ ပြန်ရေးချင်တဲ့စိတ်က ပေါ်လာတာပါပဲ။ ဒါပေမဲ့ ဟိုတို့ ဒီတို့ အဆင့်က မကျော်ပါဘူး။
ဒီတစ်ပတ် နှစ်ပတ်အတွင်းမှာတော့ အလုပ်က တော်တော်ပါးပြီး ဘာမှ လုပ်စရာမရှိတာကြောင့် ဘလော့ကို ပြန်ပြင်ပြီး ရေးထားတဲ့ ပို့(စ်)တစ်ချို့ ကို လက်စသတ်ပြီး၊ တစ်ချို့ draft post တွေကို အပြီးဖျက် ( delete) ပြီး ဒီ ပို့(စ်)လေးကို ရေးလိုက်ပါတယ်။ 


အချိန်ပေးပြီး လာရောက် ဖတ်ရှုကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ :)




WITCH83
26/09/2012 ( 4:24 PM; GMT+8)
To Continue Reading

September 20, 2012

Hidden Camera တွေအကြောင်း တစေ့တစောင်း (၂)


 Hidden Camera တွေအကြောင်း တစေ့တစောင်း (၁)ရဲ့အဆက်ပါ။
************************************************


လူသိပ်များတဲ့ စင်္ကာပူက IT show တွေကို ကျောင်းတက်နေတဲ့နှစ်တွေမှာ ရှောင်ခဲ့ပေမဲ့ (ရှောင်လို့ရခဲ့ပေမဲ့ ) ကျမတို့ ကုမ္ပဏီက IT show မှာ သုံးလတစ်ကြိမ် ဝင် paritcipate လုပ်တော့ ရှောင်လို့ မရတော့ပါဘူး။ ပွဲနေ့ (၄)ရက်လုံးရှိနေရပါတယ်။ အဲ့ဒီမှာ Hidden camera တွေရဲ့ အန္တရာယ်ကို ပြန်သတိထားမိတော့တာပါပဲ။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ အရှေ့ က booth က 007 device တွေ ရောင်းလို့ပါပဲ။ ဆိုင်ခန်းကို နှစ်ခန်းတွဲငှားပြီး promoter တွေ အများကြီးနဲ့ အပီအပြင်ကို ရောင်းတာပါ။ ဈေးကလည်း ဝယ်ပျော်ပါတယ်။ ၂ခုဝယ်မှ စင်္ကာပူဒေါ်လာ (၉၉)ကျပ်ပါတဲ့ရှင်။ ဘောပန်၊ mp3၊ မျက်မှန်၊ နားကျပ်၊ နာရီ၊ in-car ပုံစံ အမျိုးမျိုးပါပဲ။ customer တွေ အားလုံးနီးပါးကလည်း ယောကျာင်္းတွေချည်းပါပဲ။ အဖိုးကြီးတွေ တော်တော်များပါတယ်။ လူ အရမ်းစည်ပြီး promotion အရမ်းပေးတဲ့ အဲ့boothကို ကြည့်မိတိုင်း စိတ်ပျက်မိပါတယ်။ စိတ်ပူမိပါတယ်။

ရှိုးပွဲပြီးသွားတော့ အဲ့ဒီ ကုမ္ပဏီရဲ့ websiteကို ရှာပြီး သူ့ product တွေရှာကြည့်မိပါသေးတယ်။ အောက်ကပုံတစ်ချို့က အဲ့ဆိုဒ်က ကူးလာတာပါ။ ကျန်တဲ့ ပုံတွေကတော့ google ကရလာတာပါ။





လက်ဖဝါး ဆိုဒ်(ဇ်) သာရှိတဲ့ ဓါတ်မီးပုံစံ surviliance camera
 wall-plug ပုံစံ hidden camera

 
$140.99 သာပေးရတဲ့ retail shop တွေမှာ ထားတဲ့ wall clock ပုံစံ hidden camera

ဒီ ကင်မရာလေးတွေဟာ နည်းမှန်လမ်းမှန်နဲ့ သုံးမယ်ဆိုရင်တော့ တော်တော်ကို အကျိုးရှိပြီး အသုံးဝင်မှာပါ။ ကျမတို့ရဲ့ အိုင်တီရှိုးက ဆိုင်နီးနားချင်း ကုမ္ပဏီကတော့ နည်းမှန် လမ်းမှန် ရောင်းတဲ့ကုမ္ပဏီလို့ ပြောလို့ရပါတယ်။ promoter တွေကိုလည်း ကုမ္ပဏီကတီရှပ် ဝတ်ခိုင်းပြီး၊ ဂျင်းဘောင်းဘီနဲ့ ရှုးအပိတ်စီးခိုင်းထားပါတယ်။ promoter လေးတွေကလည်း ကျောင်းသူ၊ ကျောင်းသားလေးတွေ ပါပဲ။ ဝယ်သူ ၉၀%လောက်က ယောကျာင်္းတွေ ဖြစ်နေတာကတော့ သူနဲ့ မဆိုင်ဘူးလို့ ဖြေတွေးရင်ရပါသေးတယ်။

ဒါပေမဲ့ အိုင်တီရှိုးမှာပါတဲ့ နောက် ကုမ္ပဏီတစ်ခုကတော့ တော်တော် ဆိုးပါတယ်။ သူ့ဆိုင်ခန်း ဘယ်နား ရှိမှန်းတော့ မသိပါဘူး။ စာရွက်လိုက်ဝေနေတဲ့ ကောင်မလေးနှစ်ယောက်ကိုတော့ တစ်နာရီခြားတစ်ခါဆိုသလို ကျမတို့နားမှာ တွေ့ရတတ်ပါတယ်။ နှစ်ယောက်လုံး အရမ်း ချောကြပါတယ်။ အရပ်အမြင့်ကြီးတွေနဲ့ ဆံပင်အရှည်တွေနဲ့ ပါ။ ပေါင်တံလေးတွေဆို ဖြောင့်ဆင်းပြီး ဖြူဖြူသွယ်သွယ်လေးတွေပါ။ ဒေါက်ဖိနပ် အမြင့်ကြီးစီးပြီး သူတို့ ကုမ္ပဏီရဲ့ ကြော်ငြာစာရွက်တွေ လိုက်ဝေနေတာပါ။ ဝတ်ထားတာကတော့ အမဲရောင်ဂါဝန်လေးတွေပါ။ ငယ်ငယ်တုန်းက အကျီင်္အဖြူပေါ်က ထပ်ဝတ်ရတဲ့ ကျောင်းဂါဝန်လေးလိုမျိုးပုံစံပါ။
အရှည်ကတော့ ပေါင်လယ်လောက်ပဲ ရှိပါတယ်။ အဲ့ဒီ အရှေ့  ဘက်က အဖုံးလေးရဲ့ အလယ်တည့်တည့်မှာ (၆)လက်မလောက်ရှိတဲ့ အကြောင်းလေးတစ်ကြောင်း ခွဲထားပါတယ်။ အနောက်ဘက်မှာ ခရော့(စ်) ပုံပဲရှိတာမို့ အောက်က ဘာမှဝတ်ထားပုံ မရပါဘူး။ စလုံးတရုတ်မတွေ ဘာမှ မရှိလို့သာ တော်ပါတော့တယ်။ မဟုတ်ရင် မတွေးရဲစရာပါ။ လှုပ်တာနဲ့ ပေါ်မှာပဲ။ သူတို့ ကြည့်ရတာလည်း စိတ်မသက်သာတဲ့ပုံတွေပါပဲ။ အဲ့ဒီ အခွဲကြောင်းလေးရှေ့ မှာ စာရွက်တွေနဲ့  မသိမသာ ကွယ်ထားကြပါတယ်။ သိတယ်မလား။ အိုင်တီးရှိုးဆိုတာာ လူတွေ ကျပ်သိပ်နေပြီး လူတစ်ချို့ကလည်း သူတို့နှစ်ယောက်ကို မြင်တာနဲ့ ပြူးပြဲပြီး ကြည့်ကြတာကိုး။
ပြောချင်တာက အဲ့ဒါ မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို ပြောချင်တာပါ။ အဲ့လိုပုံနဲ့ marketing လုပ်မှတော့ သူဆွယ်နေတာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ သူ့ web site ကို ဝင်ကြည့်ကြည့်တော့ ကြော်ငြာပုံတစ်ချို့က တော်တော် ဆိုးပါတယ်။ အောက်ကပုံက သူတင်ထားတဲ့ပုံတွေထဲက တစ်ပုံပါ။


အဲ့ဒါ သူ့ကုမ္ပဏီရဲ့ တရားဝင် website မှာ တင်ထားတာပါ။

နိဂုံး

Hidden camera တွေရဲ့ရန်က လျှော့ချနိုင်တဲ့ နည်းတစ်ချို့ကတော့ ... Hidden camera တွေမှာ portable နဲ့ fixed ဆိုပြီး နှစ်မျိုးရှိပါတယ်။
  • portable တွေက လူအုပ်စု များတဲ့နေရာတွေ ( လမ်း၊ ပန်းခြံ၊ ကမ်းခြေ၊ shopping mallနဲ့ gym လို နေရာမျိုးတွေ) မှာ ရှိတတ်ပါတယ်။
  • fixed camera တွေကတော့ ဟိုတယ်၊ အကျီ င်္လဲခန်း၊ ရေချိုးခန်း၊ အိမ်သာလိုနေရာမျိုးတွေမှာ ဖွက်ထားတတ် ကြပါတယ်။
  • တကယ်လို့ စိတ်ထဲမှာ မလုံခြုံဖူးထင်ရင် normal မဟုတ်တဲ့ အပေါက်လိုမျိုးဟာတွေ ရှာကြည့်ပါ။ မှန်လိုဟာမျိုးနဲ့ cover လုပ်ထားရင်တော့ hidden camera ဖြစ်နိုင်ပါတယ်။
  • တခြား စစ်ဆေးနိုင်တဲ့ test မျိုးကတော့ ပစ္စည်းတစ်ခုဟာ သူစွမ်းဆောင်ရမဲ့ လုပ်ဆောင်ချက်ကို လုပ်နိုင် မလုပ်နိုင် စစ်ဆေးကြည့်တာပါပဲ။ ဥပမာ... ရေဒီယို ကင်မရာတစ်ခုဟာ ရေဒီယို ဖမ်းနားထောင်လို့ မရတာမျိုး။  နှီုးစက် နာရီတစ်ခုဟာ alarmပေးလို့ မရတာမျိုး။ 
နိဂုံးအနေနဲ့ ပြောချင်တာကတော့ တိုးတက်လာတဲ့ခေတ်ကြီးမှာ အရာရာတိုင်းဟာ အကောင်းနဲ့ အဆိုး တွဲနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ကလည်း သူကောင်းဖို့ အတွက်သာ ကြည့်မှာ ဖြစ်ပြီး ဒီလို လူမိုက်အားပေးတွေ လုပ်ကြမှာပါပဲ။ အဓိကကတော့ ဒီလိုမျိုးတွေ ရှိတတ်တယ်ဆိုတာသိပြီး သတိထားကြဖို့ပါ။ ဒီလို device တွေ သုံးပြီး ကိုယ့်ကို ဗွီဒီယို၊ ဓါတ်ပုံ ရိုက်ဖို့ဆိုတာကလည်း နည်းနည်းတော့ သိသာမယ် ထင်ပါတယ်။
ဒီပို့(စ်)ကို ဖတ်ပြီးတော့ ကျီးလန့်စာတော့စားနေစရာတော့ မလိုပါဘူး။ ဗဟုသုတရစေဖို့ ရေးလိုက်တာပါ။ ဒါကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဥပဒေတည်ဖို့ပဲ လိုပါတယ်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်တော့ မရှိပါဘူး။ ရေးထားတာ မုန့်လုံးစက္ကူကပ်သလိုဖြစ်နေရင် ခွင့်လွှတ်ပါ။ စာ.. သိပ် မရေးတတ်လို့ပါ။း)

စာကြွင်း။     ။ hidden camera လို့ပြောနေပြီး mobile phone က ကင်မရာတွေကိုလည်း ပေါ့သေးသေးတော့ မထင်လိုက်ကြပါနဲ့။ တကယ်တမ်းတော့ အင်တာနက်မှာ ပြန့်နေတဲ့ ပုံတွေ၊ movie clip တွေတော်တော်များများဟာ ဖုန်းကင်မရာနဲ့ ရိုက်တာပါ။း)

Reference
1. http://en.wikipedia.org/wiki/Closed-circuit_television
2. http://www.oprah.com/home/Hidden-Camera-Dangers
3. ပုံတစ်ချို့ကို IT show မှာ ဝင်ပါတဲ့ brand နှစ်ခုရဲ့ official websiteတွေက ယူထားပါတယ်။ ဒါပေမဲ့ ဒီမှာ မဖော်ပြထားပါဘူး။ တစ်ချို့ပုံတွေကတော့ ဂူးဂယ်(လ်)ကပါ။


WITCH83
20/09/2012 (9:09PM, GMT+8)
To Continue Reading

Hidden Camera တွေအကြောင်း တစေ့တစောင်း (၁)

Hidden Camera တွေအကြောင်းက ရေးချင်နေတာ ကြာပါပြီ။ အတိအကျ ပြောရရင် မနှစ်ကတည်းကပါ။ ဒါပေမဲ့လည်း ထုံးစံအတိုင်း အချိန်ဆွဲရင်း မရေးဖြစ်ပါဘူး။ အခုတော့ ရုံးမှာလည်း အလုပ်တွေပါးပြီး စာလုပ်ချင်စိတ်လည်း သိပ်မရှိတာမို့ data ရှာပြီး တစ်နေ့ နည်းနည်းချင်းစီ ရေးလိုက်ပါတယ်။ :)

အရင်တုန်းကတော့ Closed-Circuit TeleVision (CCTV) နဲ့ ပတ်သတ်ပြီး သတိထားဖို့၊ လက်ကိုင်ဖုန်းက camera တွေကို သတိထားဖို့၊ Botique တွေမှာ အဝတ်အစားတွေ try ရင် သတိထားဖို့ Internet ပေါ်မှတဆင့် (FB, email စသည်ဖြင့်) ဖတ်မိပါတယ်။ ဒါပေမဲ့ CCTV အကြောင်းတော့ မရေးချင်သေးပါဘူး။ မနှစ်ကမှ အကြောင်းတိုက်ဆိုင်မှုတွေများလာလို့ ဒီစာ ရေးချင်စိတ်တွေ ဖြစ်မိတာပါ။

Why?
CCTVတွေထားရချင်းရဲ့ အဓိက ရည်ရွယ်ချက်က ကောင်းပါတယ်။ Crime Prevention အတွက်ပါ။ နောက်ပြီး အန္တရာယ်များတဲ့ hazard zoneတွေမှာ control လုပ်ဖို့အတွက်ပါ။ အဓိက..ကတော့ monitoring လုပ်ဖို့ပါပဲ။ ဒါပေမဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ CCTV (ခေါ်) hidden camera (ခေါ်) survilliance camera တွေဟာ ဈေးပေါလာတဲ့အပြင် ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲ အပြိုင်အဆိုင် ဝင်လာပြီး လူတွေကလည်း တလွဲတွေ အသုံးချနေကြပါတယ်။

ကျမနဲ့  CCTV
ဟိုး ငယ်ငယ်တုန်းကတော့ CCTV ဆို မြင်သာထင်သာရှိတဲ့ လေးထောင့် camera ကြီးတွေလို့ပဲ သိထားပါတယ်။ အဲ့ဒီ ပုံစံတွေပဲ မြင်ဖူးပါတယ်။ ရုပ်ရှင်တွေထဲမှာ နာရီ ကင်မရာ၊ ဘောပန်ကင်မရာ၊ mp3 ကင်မရာ စသည်ဖြင့်တွေ့ဖူးနေပေမဲ့ အပြင်မှာ လွယ်လွယ်နဲ့ရနိုင်မှန်း မသိခဲ့ပါဘူး။ ကိုယ့်ရှေ့ မှာ သုံးနေရင်တောင် ကင်မရာလို့ ထင်ခဲ့မိမှာ မဟုတ်ပါဘူး။

(၁) ကျမ ပထမဦးဆုံး ပတ်သတ်ခဲ့ရတဲ့ CCTV ကတော့ အထက်တန်းကျောင်းမှာတုန်းကပါ။ (၉)တန်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက အတန်းတိုင်းမှာ CCTV တပ်ပါတယ်။ ထောင့်မှန်စတုဂံပုံစံ၊ digital camera အသေးစား အရွယ်လောက်ရှိတဲ့ CCTV လေးပါ။ အရောင်ကတော့ အဖြူရောင်ပါ။ အဲ့ဒီပုံစံကို ဂူးဂယ်(လ်)မှာ ရှာပေမဲ့ မတွေ့လို့ ခပ်ဆင်ဆင်ပုံကို တင်ထားပါတယ်။


(၂) အဲ့ပုံစံတွေ မဟုတ်ဘဲ တခြားပုံစံ စမြင်ဖူးတာကတော့ မီးလုံးကင်မရာပါ။ ဒီမှာ ကျောင်းတက်နေတုန်းက Robinsonကုန်တိုက်မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ပါတယ်။ အဲ့ဒီမှာ ကိုယ့်ထက်အရင်ရောက်နေတဲ့ part-timer စလုံးကောင်မလေးက အရမ်း စပ်စုပါတယ်။ တအားလည်း စကားများပါတယ်။ စူပါဗိုက်ဇာလစ်တာနဲ့ ကျမကို စကား လာ..လာပြောပါတယ်။ တစ်နေ့တော့ အဲ့ကောင်မလေးကပဲ ကျမကို အဲ့ဒီ ကင်မရာလေးကို ပြပြီး ဘာလဲ သိလားလို့ မေးပါတယ်။ ပြီးတော့ သူက အဲ့ဒါ CCTV ဆိုပြီး ရှင်းပြပါတယ်။ အထဲမှာ ကင်မလေးက 180ံလည်နေတယ် ပြောပါတယ်။ အဲ့ဒီ ကင်မရာလေးကို  အပေါ်ကနေ မီးလုံးပုံစံဖြစ်အောင် cover အုပ်ထားပါတယ်။ တော်တော် အထူးအဆန်းဖြစ်ခဲ့ပါတယ်။ ( နာ... တော်တော်တုံးတာပါလားနော်...)


(၃) နောက်ထပ်ကြုံတွေ့ ခဲ့ရတဲ့ hidden camera ကတော့ ကျမနေခဲ့တဲ့ ဒုတိယအိမ်မှာပါ။ ဒါပေမဲ့ အဲ့ဒီမှာနေခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ အဲ့လို တပ်ထားမှန်း တကယ်.. မသိခဲ့ပါဘူး။ အိမ်ပြောင်းပြီးမှ သိရတာပါ။ အဲ့ဒီအိမ်လေးက တော်တော်ကောင်းပါတယ် ( အိမ်ကောင်းတာကို ပြောတာပါ။) ၂၄ထပ်အမြင့်ရှိပြီး (၁၉)လွှာမှာ တည်ရှိပါတယ်။ တစ်ထပ်မှာ အခန်း(၄)ခန်းပဲ ပါပါတယ်။ ဓါတ်လှေခါးလည်း နှစ်ခု ရှိပါတယ်။ အိမ်မှာလည်း ဝရန်တာလို အခန်းတစ်ခန်းရှိပြီး အဝတ်လှမ်းရတာလည်း အဆင်ပြေပါတယ်။ အခန်းတစ်ခန်းသပ်သပ်လို ဖြစ်နေတော့ မျက်စိမရှုပ်တဲ့ အပြင် ဝါးလုံးနဲ့ထုတ်ပြီး လှမ်းစရာ မလိုပါဘူး။ ဝရံတာကနေ အိမ်ထဲဝင်လာရင် ဘယ်ဘက်မှာ အိမ်ရှင်လင်မယားနေတဲ့ master room နဲ့ kitchen ရှိပါတယ်။ အလယ်မှာ ထမင်းစားခန်းလို ဟောအရှည်ကြီးရှိပြီးတော့ ညာဘက်မှာ common room နှစ်ခန်းရှိပါတယ်။ အဲ့ဒါကို ကျော်သွားရင် ဧည့်ခန်း၊ ဧည့်ခန်းပြီးရင် အပြင်ထွက်တဲ့ တံခါးမကြီး ရှိပါတယ်။ အဲ့တော့ တစ်အိမ်လုံးကို ခြုံမြင်ချင်ရင် ဝရံတာကအထွက်၊ master room နားက ထမင်းစားခန်းမှာ တစ်ခု၊ ဧည့်ခန်းညာဘက်ထောင့်မှာတစ်ခုထားမှ အဆင်ပြေပါတယ်။

အိမ်ပိုင်ရှင်က စလုံးတွေပါ။ ပိုက်ဆံလည်း ရှိကြပါတယ်။ တစ်အိမ်လုံးကို ပါကေးခင်းပြီး သထားပါတယ်။ မှန်ဗီဒို၊တီဗွီ၊ ပရိဘောဂ၊ kitchen utensils အားလုံး အကောင်းတွေချည်းပါပဲ။ အရုပ်တွေလည်း အများကြီး ရှိပါတယ်။ အမေရိကားကို ရုတ်တရက် မိသားစုအလိုက် သွားလိုက်ရလို့ အမြန် ပြောင်းသွားတာပါ။ ဘာ ပစ္စည်းမှ သိမ်းမသွားပါဘူး။ ကြိုက်တာ ယူသုံးဆိုပြီး အိမ်သူကြီး လင်မယားကို ပေးသွားပါတယ်။

အဲ့ဒီအိမ်ကိုသွားကြည့်တဲ့နေ့က အိမ်သူကြီးလင်မယားက အိမ်ကိုဧည့်သည် ခေါ်လို့ မရဘူးပြောပါတယ်။ အိမ်ပိုင်ရှင်က ပစ္စည်းတွေ အများကြီး ထားသွားတဲ့အတွက် တစ်ခုခု ဖြစ်မှာစိုးလို့လို့ ပြောပါတယ်။ အဲ့ကတည်းက စိတ်ထဲ တစ်မျိုး ဖြစ်မိပါတယ်။ ဒါပေမဲ့ အိမ်ကို ကြိုက်တာတစ်ကြောင်း၊ သူတို့ လင်မယားကလည်း အေးအေးဆေးဆေးပုံစံရှိပြီး ဖော်ရွေသလိုရှိတာကတစ်ကြောင်း၊ ဈေးလည်း သင့်တာကတစ်ကြောင်းကြောင့် mrt နဲ့ နည်းနည်းဝေးပေမဲ့ အဲ့ဒီအိမ်ကိုပဲ ရွေးလိုက်ပါတယ်။ တစ်နှစ်ခွဲလောက်နေပြီးတဲ့အခါမှာတော့ ညီအစ်မနှစ်ယောက်လုံး ကျောင်းလည်းပြီး၊ အလုပ်လည်း ကိုယ်စီရပြီမို့  အလုပ်နေရာနှစ်ခုနဲ့ center ကျတဲ့နေရာကို ရွှေ့  လိုက်ကြပါတယ်။

နောက် ပြောင်းရတဲ့ တခြားအချက်တစ်ချက်ကတော့ အိမ်ပြောင်းခါနီးတစ်လလောက်အလိုမှာ မီးက braker ခဏ ခဏ ကျပါတယ်။ နောက်ပြီး အိမ်ရှင်လင်မယားက ရန်ကုန်ကို နိုဝင်ဘာလဆန်းမှာ တစ်လလောက် ပြန်ဖို့ရှိပါတယ်။ ဘေးခန်းက မိသားစုကလည်း ကလေး ကျောင်းပိတ်လို့ နိုဝင်ဘာလလယ်ကျရင် ရန်ကုန်ပြန်ပြီး နှစ်လလောက်နေမယ်ဆိုတော့ ... ညီအစ်မနှစ်ယောက်တည်း အိမ်ကြီးထဲမှာ ကျန်ခဲ့ပြီး မီးပြဿနာတက်မှာ စိုးတာကြောင့်လည်း ပါပါတယ်။ အဲ့ဒါကြောင့် အောက်တိုဘာလအကုန်မှာ ကျမတို့ အိမ်ပြောင်းခဲ့ပါတယ်။ဖြစ်ချင်တော့ အစိုးရိမ်ကြီးတဲ့ လင်မယားက ကျမတို့ မပြောင်းခင် အောက်တိုဘာ (၃၀)ညမှာ CCTV camera တစ်ခုကို ကျမတို့ common rooms နှစ်ခန်းနဲ့  kitchen ကို မြင်ရတဲ့နေရာမှာ install လုပ်လိုက်ပါတယ်။ (၃၁)ရက်နေ့မှာ ကိုယ်တွေရှိနေသေးပေမဲ့ အဲ့ဒီနေ့မှာ အလုပ်သွားရပြီး အိမ်ရွှေ့ ဖို့လည်းရှိတာကြောင့် ကိုယ့်အာရုံနဲ့ ကိုယ် သတိမထားမိပါဘူး။ ဒါပေမဲ့  နိုဝင်ဘာ(၁)ရက်နေ့ နေ့လည်ခင်းမှာ ဘေးခန်းက ကလေးမလေးက အဲ့ဒါကို သတိထားမိပြီး သူ့အမေကို ပြပါတယ်။ အခန်းတံခါး အဖွင့်အပိတ်၊ လူအသွားအလာရှိရင် အဲ့မီးလုံးလေးက လင်းလာပါတယ်။ ကြည့်ရတာ motion ကို detect လုပ်ပြီး camera position ကို ရွှေ့ ပုံရပါတယ်။ အလျင်နဲ့ဆိုတော့ ကင်မရာအရွှေ့ မှာ ဝရံတာက ဝင်လာတဲ့ နေရောင်နဲ့  ပြန်ဟပ်ပြီး အဲ့ဒီ မီးလုံးကင်မရာလေး ထ..ထ.. လင်းပုံပါပဲ။

အဲ့လိုနဲ့ ညနေခင်းရောက်တော့ ဘေးခန်းက မိသားစုနဲ့၊ အိမ်သူကြီး လင်မယား စကားများကြပါတော့တယ်။ စကားများတော့မှ အိမ်ရှေ့ ခန်းမှာ တစ်ခုတပ်ဖူးတဲ့အကြောင်း ပေါ်လာပါတော့တယ်။ ကိုယ့်ဆီကို ဘေးခန်းကအစ်မ ဖုန်းဆက်လို့ သိလိုက်ရတဲ့အချိန်မှာ တော်တော် စိတ်ဆိုးပါတယ်။ ဒါ သူများရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်တာပါ။ မယုံကြည်ရင် လူငှား မတင်သင့်ပါဘူး။ ကိုယ့်ပစ္စည်း မဟုတ်လို့ တာဝန်ကြီးတယ်ဆိုရင်လည်း သော့ခတ်သိမ်းပြီး စတိုခန်းထဲထည့်ထားလို့ရပါတယ်။ ကင်မရာ တပ်ထားခဲ့တယ်ဆိုရင်လည်း ကြို..အသိပေးသင့်ပါတယ်။ စင်္ကာပူဥပဒေအရလည်း အိမ်မှာရှိတဲ့သူတွေကို ကြိုအကြောင်းကြားရပါတယ်။ အရုပ်ပဲ ဖမ်းခွင့်ရှိပါတယ်။ အသံ မဖမ်းရပါဘူး။ စောင့်ကြည့်ကင်မရာကို ထားရတဲ့ ရည်ရွယ်ချက်လည်း ပြောပြရပါတယ်။ (ဥပမာ.. ကလေးထိန်းကို monitor လုပ်ဖို့)။ ဒီကိစ္စက ရဲတိုင်လို့်ရပါတယ်။ ဒါကို သူတို့ကိုယ်တိုင်လည်း သိပုံ မရပါဘူး။ အစ်မတို့က အခန်းပဲဆိုင်တာ။ ညီမတို့နဲ့ ဆိုင်တဲ့ ထမင်းစားခန်းမှာတပ်တာ ဘာဖြစ်လဲဆိုပြီး စွာပါတယ်။ နောက်ဆုံးတော့ အဲ့ညပဲ ကင်မရာကိုဖြုတ်ပေးလိုက်ပါတယ်။ ဘေးခန်းက မိသားစုလည်း စိတ်ဆိုးပြီး အဲ့လမှာပဲ ချက်ချင်း အိမ်ပြောင်းပါတယ်။ ဒါပေမဲ့ နှစ်ခန်းလုံး လူသစ်တွေချည်းပဲမို့ ဘေးခန်းက မိသားစုပြောင်းပြီးတဲ့နောက် အဲ့ဒီ ကင်မရာတွေကို ပြန်တပ်လား၊ ပြန်မတပ်ဘူးလားဆိုတာတော့ ကျမလည်း သေချာ မသိပါဘူး။
ဒီတတိယမြောက် ကင်မရာကိစ္စကတော့ နည်းနည်း အန္တရာယ်များပါတယ်။ တွေးလေ.. မခံချင်စရာကောင်းလေပါ။ အကျယ်မချဲ့ ချင်လို့ ဒီကိစ္စကို ပြီးပေးလိုက်ပေမဲ့ တော်တော်ဆိုးတဲ့ကိစ္စပါ။ ကျောင်းတက်၊ အချိန်ပိုင်းအလုပ်တွေနဲ့  အပြင်မှာ ရှိနေတာကများပြီး... အိမ်မှာ ရှိရင်လည်း ဟင်းချက်တာကလွဲလို့ အခန်းထဲမှာနေတာများလို့သာ တော်ပါသေးတော့တယ်။

(၄) နောက်ထပ် ကိုယ်နဲ့ ထိတွေ့ရတဲ့ surviliance camera တွေကတော့ IP camera တွေပါ။ သိပ်..အထူးအဆန်း မဖြစ်ခဲ့ပါဘူး။ အန္တရာယ် ရှိတယ်လို့လည်း မယူဆမိပါဘူး။ ကင်မရာမှန်း သိသာတာကိုး။ security system အတွက် vpn နဲ့တွဲပြီး သုံးတာပါ။ ဒါပေမဲ့ CCTV အန္တရာယ်ကို ပြန်သတိထားမိတာကတော့ ကျမတို့ ကုမ္ပဏီ IT show မှာ ဝင်ပါလို့ အဲ့ဒီမှာ တာဝန်ကျတော့မှပါ။ ....

************************************************************************
အပိုင်း(၂) ဆက်ပါမည်။ ကိုရီးယားကားကို သဘောကျလို့ မဟုတ်ပါဘူး။ ရေးရင်း တအား ရှည်လာလို့ပါ။း)

မှတ်ချက်။  ။ ကင်မရာပုံတွေကို ဂူးဂယ်(လ်)က ရှာပြီး တင်ပါတယ်။

WITCH83
20/09/2012 ( 12:54PM, GMT+8)
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer