" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

December 31, 2012

၂၀၁၂ မှသည် ၂၀၁၃ဆီသို့


Photo Source; ASEAN community

နှစ်သစ်အတွက် ပါးချင်တဲ့ စကား :)
ဒီကနေ့ဟာ.. (၂၀၁၂)ခုနှစ်ရဲ့နောက်ဆုံးနေ့လေးဖြစ်ပြီး.. မနက်ဖြန်ဆို (၂၀၁၃)ခုနှစ်ကို ရောက်ပါတော့မယ်။ (၂၀၁၂)ခုနှစ်အတွက် နောက်ဆုံးပို့(စ်)လေးကို ရေးမယ်ဆိုပြီး  ပုံတွေရှာတော့ ဒီပုံလေးကို အကြိုက်ဆုံးပါပဲ။  ဒါကြောင့် ဒီပုံလေးကိုပဲ ဒီပို့(စ်)အတွက် သုံးလိုက်ပါတယ်။

ပုံထဲကအတိုင်း (၂၀၁၂) ကုန်သွားပေမဲ့၊ ပျက်သွားပေမဲ့.. ဒီနှစ်ထဲမှာ... ကျမတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာကတော့ မပျောက်ပျက်သွားပါဘူး။ ဒါကို သမိုင်းလို့ ခေါ်ပါတယ်။ ကျမတို့အားလုံးဟာ တကယ်တော့ "ကိုယ့်သမိုင်းကိုယ်ရေးနေကြသူများ" သာ ဖြစ်ကြပါတယ်။ သမိုင်းစာအုပ်မှာ ထင်ကျန်ခဲ့သူများတော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့.. ကိုယ့် မိသားစုဝင်များ၊ နောင်လာနောက်သားများအတွက်.. အနည်းဆုံး ကိုယ့်ကိုကိုယ်အတွက်.. ဒီလောကကြီးက မထွက်သွားခင်အချိန်မှာ... နောင်တ နည်းနိုင်သမျှနည်းသော.. " ကောင်းမွန်သောသမိုင်း "များကို ရေးနိုင်၊ ချန်ထားနိုင်သူများ ဖြစ်ကြပါစေ။

နောက်တစ်ခုက.. နှစ်ဟောင်းကုန်သွားပေမဲ့ နှစ်ဟောင်းမှာလုပ်ခဲ့တာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ရှေ့ နှစ်တွေမှာ ခံစားရမှာပါ။ ဒါကြောင့် (၂၀၁၂)မှာ ကိုယ်လုပ်ခဲ့သမျှကို ပြန်လည်ဆန်းစစ်ပြီး (၂၀၁၃)မှာ.. သူပြီးရင် လာမဲ့ရှေ့နှစ်တွေအတွက် ပြင်ဆင်နိုင်ကြပါစေ။

နောက်ဆုံးအနေနဲ့ကတော့ အရင်ကပို့(စ်)တွေမှာ.. ပြောထားတာလေးပဲ စကားပြန်ပါးပါရစေ။
အဲဒါကတော့ သူများတွေကို.. ဝေဖန်အပြစ်တင်တာတွေလျှော့ပြီး "မိမိကိုယ်ကို ကောင်းအောင် အရင် ကြိုးစားကြပါ။"..လို့။ ကိုယ်ကောင်းပြီးနောက်တော့.. ပတ်ဝန်းကျင်ကောင်းဖို့ ကြိုးစားပါ။ အားလုံး ဒီလိုပဲ ကောင်းကြရင်.. တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ကောင်းသွားမှာပါ။ ဒါကြောင့် မိမိနဲ့မိမိပတ်ဝန်းကျင် ကောင်းမွန်အောင် အရင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ လူမျိုးအတွက်၊ နိုင်ငံအတွက်.. ဒါတွေက နည်းနည်းဝေးပြီး အလှမ်းကျယ်ပါတယ်။ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ကောင်းအောင် အရင် ပြုပြင်ပါ။ အားလုံးက .. ဒီလို ကြိုးစားကြမယ်ဆိုရင် တစ်နိုင်ငံလုံး ကောင်းသွားပါလိမ့်မယ်။

နှစ်သစ်လက်ဆောင်
ဘလော့မိတ်ဆွေတွေနဲ့ စာဖတ်သူတွေ သတိထားမိလားတော့ မသိပါဘူး။ ပြီးခဲ့တဲ့ (၄)၊ (၅)ရက်လောက်တုန်းကတည်းက ... နှစ်သစ်လက်ဆောင်ဆိုပြီး Note Gadget လေးတစ်ခုကို side bar ပေါ်မှာ တင်ထားပါတယ်။ ဆရာမောင်သစ်ဆင်းရေးတဲ့ "ကြောက်စိတ်" ဆိုတဲ့ဆောင်းပါးလေးကို ဝေမျှထားတာပါ။ သိပ်ကိုကောင်းပြီး ဖတ်သင့်တဲ့ ဆောင်းပါးလေးမို့ ဖတ်ကြည့်ကြပါဦး။ :)

ကျမနဲ့ (၂၀၁၂)ခုနှစ်
နှစ်ကုန်ပိုင်းမှာ မေမေ.. နေမကောင်းဖြစ်တာမို့ စိတ်နည်းနည်း ရှုပ်ရတာရယ်၊ ဒီဇင်ဘာလဆန်းမှာ... ခါးနာ.. ခါးနာပြီး ပျောက်သွားတော့.. flu ဖြစ်.. flu ပြီးတော့ အစာအိမ်နာ.. နောက် X'Mas ရောက်ခါနီး.. တစ်ယောက်တည်း ဖြစ်နေလို့ စိတ်မကြည်လင်ခဲ့တာရယ်ကလွဲရင်...
(၂၀၁၂)ခုနှစ်ဟာ ကျမအတွက် ကောင်းတဲ့နှစ်တစ်ခုလို့ ပြောလို့ရပါတယ်။
  • မိသားစုကို ကောင်းကောင်း ထောက်ပံ့ခွင့်ရတဲ့နှစ်၊ လုပ်ပေးစရာရှိတာတွေ လုပ်ပေးနိုင်တဲ့နှစ်မို့ ကျေနပ်မိပါတယ်။
  • ညီမရဲ့ မင်္ဂလာဆောင်ကြောင့် ဇူလိုင်လမှာ ပျော်ဖို့ကောင်းတဲ့ ခရီးတစ်ခုကို သွားခဲ့ရပြီး.. နိုဝင်ဘာလမှာလည်း ရန်ကုန်ပြန်ခဲ့ရတဲ့အတွက်လည်း ပျော်ပါတယ်။ 
  • ဇူလိုင်လမှာ မမျှော်လင့်ဘဲ.. လခတိုးသွားတဲ့အတွက်လည်း တော်တော် ပျော်ပါတယ်။
  • နောက်ပြီး ပြန်ဆပ်စရာမလိုသေးပေမဲ့ NTU school loan ကို ဇန်နဝါရီလကစပြီး installment repayment plan ကို အကောင်အထည်ဖော်ခဲ့တဲ့ အတွက် ခုဆို (၃)ပုံ(၂)ပုံလောက်ကို ကျေသွားပါပြီ။ အဲ့ဒီအတွက်လည်း အရမ်းကို ကျေနပ်ပါတယ်။ =)
    ( ဒီနေရာမှာ NTU က သူငယ်ချင်းတွေကို တစ်ခု ပြောချင်ပါတယ်။ School loan ဟာ ဘွဲ့ရပြီး (၂)နှစ်ကြာရင် စဆပ်ရပါတယ်။ တစ်လကို အနည်းဆုံး S$100 ဆပ်ရပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်း မဆပ်ရင် အနောက်က လိုက်လာပါလိမ့်မယ်။ နောက်ပြီး ပိုက်ဆံကို မဆပ်ဘဲ ရန်ကုန်ပြန်သွားတာတို့၊ ရှောင်နေတာတို့ကိုလည်း မလုပ်စေချင်ပါဘူး။ နောက်ကလူတွေ ပိုက်ဆံ ချေးမရဘဲ ဖြစ်နေပါဦးမယ်။ နောက်တစ်ခုက (၂)နှစ်ကြာမှာ စဆပ်ရတာဆိုပေမဲ့ အတိုးကတော့ ဘွဲ့ရတဲ့နေ့ကတည်းက စတက်နေပါပြီ။ တခြားဘဏ်တွေကတော့ ဘယ်လောက်မှန်းမသိပေမဲ့ OCBC ကတော့ ၄.၇၅%ပါ။ ဘွဲ့ရတဲ့နေ့ဆိုတာကလည်း convocation date မဟုတ်ပါဘူး။ conferrment letter ရတဲ့နေ့ပါ။ အဲ့ဒီတော့ မြန်မြန် ပြန်ဆပ်လေ.. ကောင်းလေပါပဲ။ များသောအားဖြင့် မြန်မာကျောင်းသား အတော်များများဟာ ဒါကို မသိကြပါဘူး။ ကျမလည်း မသိခဲ့ပါဘူး။ ပိုက်ဆံဆုဖို့ တခြားဘဏ်အကောင့် သွားဖွင့်တော့မှ သိခဲ့တာပါ။ )
  • နောက်ဆုံးအနေနဲ့ကတော့ ကိုယ်.. ချစ်ရတဲ့သူတစ်ယောက်ကို သိပ်ချစ်နေမိပြီဆိုတာ မမျှော်လင့်ဘဲ သိရှိခဲ့ရပြီး .. သူနဲ့ သူငယ်ချင်းကောင်းအနေနဲ့ ပတ်သတ်ဆက်ဆံခွင့်ရတာကို တကယ် ကျေနပ်မိပါတယ်။ အချစ်ဆိုတာ ပေါင်းစပ်မှ အချစ်ဖြစ်တာ မဟုတ်ပါဘူး။ ပိုင်ဆိုင်ရမှအချစ်ဆိုတာ အမြဲ မမှန်ကန်ပါဘူး။ စွန့်လွှတ်ခြင်းမှာလည်း အနုပညာဆိုတာ ရှိပါတယ်။ ဘယ်လိုတွေးတွေး.. မဖြစ်နိုင်တာမို့.. ဆိုင်သူနဲ့သာ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ( တွယ်တာလှပေမယ့်၊ ကွယ်ရာကပဲ ချစ်ပါရစေ.. ဆရာ မောင်စိန်ဝင်းရဲ့ ကဗျာစာသားကို ယူထားတာပါ။)

(၂၀၁၂)ခုနှစ်အတွက် နောက်ဆုံးကဗျာ
ပြောရရင်တော့ ကျမဟာ ကဗျာဆရာမ မဟုတ်ပါ။ ကာရံတွေ နဘေတွေလည်း မသိပါ။ ဘဝတစ်လျှောက်လုံးမှာ စိတ်အရမ်းပေါက်လာတဲ့အချိန်တွေမှာ... ကဗျာလို့ထင်ရတဲ့စာ (၄) (၅)ပုဒ်လောက် ရေးဖူးပါတယ်။ အောက်မှာလည်း ကဗျာထင်ရတဲ့ စာစုတစ်ခုကို share ပြီး ဒီပို့(စ်)ကလေးကို အဆုံးသတ်ခွင့်ပြုပါ။ အားလုံးပဲ Happy New Year ပါ... :)

A Year May Come
A Year May Go
But, I will keep going on...!
And, everything I have done each year will be my history!
So, let me say something here to all my supporters, admirers and haters,
I truly appreciate the existence of you all..
Cause you all are my motivations that make me who I am now!
Thank you!


Love and Peace, 
witch83
(31/12/12; 3:28PM; GMT+8)
To Continue Reading

December 23, 2012

ကျမနှင့် ဒီဇင်ဘာ

အရင်တုန်းကတော့
~~ ကျမနှင့် ပေါက်တတ်ကရ(၁) နဲ့
~~ ကျမနှင့် ပေါက်တတ်ကရ(၂) ဆိုပြီး နံပါတ်စဉ်တပ်ပြီး ရေးခဲ့ဖူးပါတယ်။
(၁)ကတော့ ကြက်ဆီဗူးအကြောင်းရေးခဲ့တာဖြစ်ပြီး (၂)ကတော့ ရုံးသော့ပိတ်သွားတဲ့အကြောင်း ရေးခဲ့တာပါ။ နောက်ပိုင်းပို့(စ်)တွေမှာတော့ ပေါက်ကရနောက်မှာ နံပါတ်တပ်ပြီး ရေးမဲ့အစား ဖြစ်ခဲ့တဲ့အကြောင်းအရာကိုပဲ ခေါင်းစဉ်တပ်ရေးတော့မယ်စဉ်းစားနေတုန်း ... ဒီတလော..  စိတ်သိပ်မကြည်တာကြောင့် "ကျမနဲ့ဒီဇင်ဘာ" ဆိုတဲ့ပို့(စ်)ကို ကိုယ့်စိတ်ကိုယ်ဖြေဖို့ ရေးချင်လာပါတယ်။

+ + + + + + + + + +
 
စင်္ကာပူမှာ ...ကျောင်းတက်နေစဉ်ကာလတွေမှာ.. စလုံးက X'Mas Fun, New Year Fun ဆိုတာတွေဟာ ကျမနဲ့ သိပ်.. မသက်ဆိုင်ခဲ့ပါဘူး။ ကျောင်းပိတ်ထားချိန်ဖြစ်တာကြောင့် ... ( တစ်ခါတစ်ရံမှာ Pay ပိုရလို့၊ တစ်ခါတစ်ရံမှာ ကိုယ့်အရှေ့ က senior part-timer များနဲ့ full-timerများက လူလည်ကျပြီးဆွဲထားတဲ့ work shift ကို လုပ်ရလို့ စတဲ့ အကြောင်းပြချက်တွေနဲ့အတူ ...) အချိန်ပိုင်းအလုပ်ဝင်လုပ်ပြီး ပိုက်ဆံစုနေခဲ့ပါတယ်။ အချိန်အကြာကြီးမတ်တပ်ရပ် အလုပ်လုပ်ပြီးလို့ ညမိုးချုပ် .... အိမ်ပြန်ချိန်ရောက်တဲ့အခါ... ပျော်နေကြတဲ့ လူအုပ်ကြီးကို စိတ်ပျက်လက်ပျက်နဲ့ကြည့်ပြီး ... အိမ်ကို အမြန်ပြန်ရောက်ရေးကိုသာ တွေးမိခဲ့ပါတယ်။ ပျော်ဖို့ဆိုတာထက် ကိုယ့်အိမ်ပြန်ပြီး ရေနွေးလေးနဲ့ရေချိုး... ကိုယ့် အခန်းလေးထဲက အိပ်ရာပေါ်မှာ ကျောဆန့်ဖို့ကိုသာ.. ပိုလိုချင်ခဲ့မိပါတယ်။

ဒီလိုနဲ့ .. ကျောင်းပြီးပြီး တကယ့်အလုပ်ခွင် ဝင်တဲ့အချိန်ရောက်တော့.. ကိုယ့်ကို အလုပ်က ခွင့်ရက်ရှည်ပေးတဲ့အချိန်ဟာ ဒီဇင်ဘာဖြစ်သွားပါတယ်။ ကိုယ့်အိမ်ပြန်ချိန် ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း အဲ့ဒီ ပျော်စရာတွေကို တန်ဖိုးမထားဘဲ ကိုယ့်ကိုအမှန်တကယ် နွေးထွေးမှုပေးတဲ့ မိသားစုဆီကို ပြန်ဖို့ကိုသာ တန်ဖိုးထားခဲ့ပါတယ်။

ဒီနှစ်တော့ ညီမ..မင်္ဂလာဆောင်ရှိတာကြောင့် .. ဂျူလိုင်လမှာတစ်ကြိမ်.. နိုဝင်ဘာလမှာတစ်ကြိမ် ခွင့်ယူခဲ့တာမို့ ဒီဇင်ဘာမှာ ခွင့်တစ်ရက်မှ မကျန်တော့ပါဘူး။ ဆေးခွင့်တွေအများကြီးကျန်ပေမဲ့လည်း ဘယ်တုန်းကမှ နေမကောင်းဘဲ MC မယူချင်သူမို့၊ မယူခဲ့သူမို့.. တရုံးလုံး ခွင့်ယူနေချိန်မှာ ရုံးစောင့်လုပ်နေရပါတယ်။ ဒီကြားထဲ... ပိတ်ရက်တွေကြားမှာ မနက်ဖြန်တစ်ရက်က ကတ်သီးကတ်သတ်နဲ့ ရုံးဖွင့်နေပါတယ်။ မနက်ဖြန်တစ်ရက်လည်း ... စိတ်မပါဘဲ... အလုပ်သွားလုပ်ရပါဦးမယ်။

ပိတ်ရက်တွေမှာ လျှောက်လည်မယ်ဆိုတော့လည်း အားလုံးက ကိုယ့်ကိတ်စနဲ့ကိုယ် အလုပ်ရှုပ်နေကြလို့ အိမ်မှာ အခန်းပိတ်ပြီးနေနေရပါတယ်။

ဒီလို holiday blues တွေကို ဖြေဖျောက်ဖို့ရာ ဒီနေ့တော့ ... wet market ကဝယ်လာတဲ့ ငှက်ပျောအူမနုနုလေးရယ်၊ ငါးဖယ်အစားထိုးပြီး ထည့်ထားတဲ့ ငါးလုံးတွေရယ်ကို ပင်ပျိုရွက်နု ready made မုန့်ဟင်းခါး ထုတ်နဲ့အတူရောချက်ပြီး...အိုးကြက်ဥ၊ city hall, penesula plaza မှာရှိတဲ့ မြန်မာဆိုင်ကဝယ်လာတဲ့ပဲကြော်၊ ဒီမနက် food courtကဝယ်လာတဲ့ အီကြားကွေး တို့နဲ့အတူ.. တနေကုန် တစ်ပွဲပြီးတစ်ပွဲ ထိုင်စားနေပါတယ်။ အစားကောင်းကောင်းစားရတဲ့အပြင် ... ဒီစာကိုရေးနေတာမို့ စိတ်ဖြေသလို ဖြစ်ပြီး အခုချိန်မှာတော့ စိတ်အတော်ပြေသွားပါပြီ။

လာမဲ့ အင်္ဂါနေ့မှာလည်း ဘယ်မှမသွားပဲ ခရစ်(စ်)မတ်နေ့မှာ ထောပတ်ထမင်းရယ်၊ (မဆလာနဲ့ ) ကြက်သားဆီပြန်လေးရယ်၊ ချဉ်ပေါင်ဟင်းရည်ကိုချက်ပြီး ကျောက်ပွင့်ဆိမ့်ဆိမ့်လေး သုတ်စားပါဦးမယ်။

အားလုံးပဲ "Merry X'Mas and Happy New Year"ပါ။ 
ဒီ holidayမှာ... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။း)




~~~May the coming year bring you love, wealth, health and success~~~

မှတ်ချက်။       ။ စိတ်ပြေသွားတဲ့အချိန်မှာတော့.. ဒီဇင်ဘာရဲ့ ကောင်းတဲ့အချက်လေးတွေ မြင်မိလာပါတယ်။ နောက်မှပဲ ကောင်းတာတွေကို ရေးချတော့မယ်။ :P

Thank you for reading this post.

witch83
23/Dec/2012; 9:06AM; GMT+8
To Continue Reading

December 21, 2012

Miss Universe 2012

Miss Universe 2012  ပွဲကြည့်ဖို့ မနေ့က အလုပ် နားထားပါတယ်။ ပြိုင်ပွဲကတော့ ပြီးဆုံးသွားပါပြီ။

ဆုရသွားတဲ့သူကတော့ "Miss USA, Olivia Culpo" ပဲဖြစ်ပါတယ်။

ပျော်နေတဲ့ Olivia
 ပြောရမယ်ဆိုရင်တော့ (၂၀၁၂)ခုနှစ်ဟာ အလှမယ်လောကမှာတော့ နည်းနည်းထူးခြားတယ်လို့ ပြောလို့ရပါတယ်။
  • Miss World ကို တရုတ်ပြည်မှာ လက်ခံကျင်းပပြီး Miss China, Yu Wenxia ကဆုရသွားပါတယ်။ 
  • Miss International ပြိုင်ပွဲကို ဂျပန်မှာ ပြုလုပ်ကျင်းပပြီး Miss Japan, Ikumi Yoshimatsu က ဆုရသွားပါတယ်။ 
  • ဒီဇင်ဘာလမှာတော့ Miss Universe ပြိုင်ပွဲကို LA (USA) မှာ ကျင်းပပြီး Miss USA, Olivia Culpo က ဆုရသွားပါတယ်။
Miss Earth ကို လက်ခံကျင်းပပေးတဲ့ Philippines တွေကတော့ သနားစရာ.. Czech Republic နိုင်ငံမှ Tereza Fajksová က ရသွားပါတယ်။ ဒါပေမဲ့ .. သူတို့မယ်လည်း Miss Air ဆုတော့ ရသွားပါတယ်။

Four Beauty Queens of year 2012

*****************************

ကြည့်ခဲ့သမျှပွဲတွေထဲမှာ.. Miss Universe 2012 ပြိုင်ပွဲဟာ ... ကျမကြိုက်တဲ့..အားပေးတဲ့မယ်တွေထဲကတစ်ယောက် ဆုရသွားတာ... နောက်ပြီး ကျမကြိုက်တဲ့မယ်တစ်ချို့  top-16 ထဲ ပါလာကြတာ...ဒါ ပထမဆုံးပါပဲ။ :) 

(၂၀၁၂) MU အတွက်... ကျမအားပေးခဲ့တဲ့သူတွေကတော့...
  • Miss Poland: သူမကို.. ဟိုးအရင်... Miss International 2012 ပြိုင်ပွဲ မစခင်ကတည်းက တွေ့ပြီး ကြိုက်ခဲ့တာပါ။ ပြိုင်ပွဲမှာ သိပ်ပြီးတော့ ထူးထူးခြားခြား မလုပ်ပြပါဘူး။ ဒါပေမဲ့  ရိုးရိုးရှင်းရှင်း လှလှလေးတွေဝတ်ပြီး ငြိမ်ငြိမ်လေးနဲ့ ယှဉ်ပြိုင်သွားပါတယ်။ top-16 အထိ ပါသွားပေမဲ့ top-10 တော့ မတက်နိုင်ခဲ့ပါဘူး။ Miss Polandရဲ့ evening gown ကို သိပ်မကြိုက်ပေမဲ့ traditional dress ကိုတော့ အရမ်း ကြိုက်ပါတယ်။

    MU2012 Poland, Marcelina Zawadzk
    Miss Poland @ Traditional Costume Show
  • Miss Aruba: Missology မှာတင်ထားတဲ့ သူ့ ဓါတ်ပုံကိုတွေ့ပြီး ကြိုက်သွားတာပါ။ သူ့မျက်နှာလေးက ဘယ်လိုလေးမှန်းကို မသိပါဘူး။ သူ့မျက်နှာကိုကြည့်မိလိုက်ရင် ဘယ်လိုမှန်းမသိတဲ့ ခံစားချက်ကို ခံစားရပါတယ်။ ဒါပေမဲ့ တကယ်ပြိုင်တဲ့အခါကျတော့ performance သိပ်.. မကောင်းပါဘူး။ Premilinary show မှာတင် သူ့ကို မကြိုက်တော့ပါဘူး။ top-16 မဝင်ခဲ့တာလည်း သိပ်တော့ မဆန်းဘူး ထင်ပါတယ်။





  • Miss Russia: Oxana Fedorova ကို ကြိုက်မိခြင်းရဲ့ အကျိုးဆက်ပါပဲ။ Miss Russia ဆိုရင်ကို ကြိုက်ချင်သလိုလို ဖြစ်နေပါတယ်။ သူလည်း Oxana လိုပဲ ရိုးရိုးလေး.. ဒါပေမဲ့ .. ယှဉ်ပြိုင်နေချိန်မှာ Miss Poland နဲ့ Miss Aruba တို့ဆီက မရခဲ့တဲ့ ... ခံစားချက် တစ်မျိုးလေးခံစားရအောင် လုပ်နိုင်ပါတယ်။ သူ့ကိုတော့ traditional dress ဝတ်ထားတဲ့ အချိန်မှာ အကြိုက်ဆုံးပါပဲ။
    MU2012 Russia, Elizaveta Golovanova

    အသက်(၁၉)နှစ်သာရှိသေးတဲ့ ဒီ Russia အလှမယ်ကတော့ ဟယ်လီကော်ပတာ မောင်းရတာ ကြိုက်ပါသတဲ့။  မိဘနှစ်ပါးကဆရာဝန်မို့ မိဘတွေက သူမကိုလည်း ဆရာဝန်ဖြစ်ချင်စေပေမဲ့ သူမကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်လုပ်၊ ဒါမှ မဟုတ်ရင်တော့ TV show တစ်ခုခုမှာ host လုပ်ချင်ပါသတဲ့။
    Elizaveta ဟာလည်း Miss Russia ဆုရလို့ ဒေါ်လာတစ်သန်းဆုချခံရပါတယ်။ ပညာရေးအတွက်လည်း ကောလိပ်တက်ဖို့  ဒေါ်လာ ၁၀၀,၀၀၀လည်း ရပါသေးတယ်။ Miss Russia 2011 ပြိုင်ပွဲရဲ့ အထူးဧည့်သည်တော်ကတော့ Miss World 2011, Ivian Sarcos ဖြစ်ပါတယ်။



  • Miss USA: Miss USA 2012 ပြိုင်ပွဲတုန်းကတော့ Oliviaကို သိပ်မကြိုက်ပါဘူး။ ကိုယ်အားပေးတာ တခြားတစ်ယောက်ပါ။ ဒါပေမဲ့ နောက်ပိုင်း သူ့ activity တွေ၊ ဓါတ်ပုံတွေ၊ စကားပြောတာတွေကို ကြည့်ပြီး ကြိုက်ခဲ့တာပါ။ သူမက.. သူ့ကိုယ်သူ... " သူမဟာ အလှမယ်တစ်ယောက်ဖြစ်ပေမဲ့ ... I can be funny and anything" ဆိုပြီး ပြောပါတယ်။ ချစ်မွှေးပါပြီး စကားပြောရင် ချစ်ဖို့ကောင်းပါတယ်။ သူဖြစ်ချင်တာ... သူယူဆတာ.. ဘာဆိုတာကို ရိုးရိုးရှင်းရှင်းနဲ့ လူတွေသိအောင် လုပ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ... Miss Universe 2012 ဘွဲ့ရသွားတာကို အရမ်း ဝမ်းသာပါတယ်။ ဆုကြေငြာခါနီးအချိန်ဟာ သူလည်း တုန်လှုပ်နေသလို ပွဲကြည့်နေတဲ့ ကိုယ်ကိုတိုင်လည်း ရင်တွေတုန်နေပါတယ်။ သူ.. မရမှာစိုးလို့... Miss Phillipine ရသွားမှာစိုးလို့ :P

    MU2012 USA, Olivia Culpo

    ~~~ Winning moments ~~~
    ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုရင်တော့ ...  Miss.Phillipines ကို မကြိုက်တာ မဟုတ်ပါဘူး။ Phillipineတွဟာ များသောအားဖြင့် လှကြပါတယ်။ နောက်ပြီး စပိန်လက်အောက်ခံရောက်ဖူးတာမို့ စပိန်တွေနဲ့စပ်လိုက်တော့ ပိုလှလာပါတယ်။ နောက်ပြီး သူတို့ဟာ အမေရိကန်ဆန်ကြတာမို့ နိုင်ငံခြားသားတွေကို အယူများကြပါတယ်။ လူမျိုးစပ်တွေဟာ ပိုလှတတ်ကြပါတယ်။
    ဥပမာ။    ။ဖဦးထုပ်နဲ့ အော်ဆီစပ်ထားတဲ့ Miss International Phillipine 2012, Nicole Schmitzဆိုရင် တော်တော်ကို လှပါတယ်။ သူ့ကို တော်တော်ကြီးကို ကြိုက်ပါတယ်။ ခုလည်း စပိန်နဲ့ ဖဦးထုပ်စပ်ထားတဲ့ MU2012 Philippine, Janineလည်း လှပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံက ပရိတ်သတ်တွေတွေထဲက ရာခိုင်နှုန်းတော်တော်များများကိုတော့ လုံးဝ (လုံးဝ) မကြိုက်ပါဘူး။ (ဒါပေမဲ့ Miss International 2012 ပွဲတုန်းက မြန်မာပရိတ်သတ်တချို့ လည်း ဖဦးထုပ်ပရိတ်သတ်တွေနဲ့ သိပ်တော့ မကွာပါဘူး။ ဒီလိုပြောလို့ စိတ်မဆိုးကြပါနဲ့။ ဘာပဲဖြစ်ဖြစ် သူများအလှမယ်တွေကို မစော်ကားဘဲ၊ မနှောင့်ယှက်ဘဲ... ကိုယ့်အလှမယ်ကို မှန်ကန်စွာ ထောက်ခံအားပေး၊ အထောက်အကူပြုပေးတာဟာ အကောင်းဆုံးပါပဲ။) Olivia.. Miss Universe ဖြစ်သွားတော့ ဖိလစ်ပင်းတွေ အော်လိုက်ကြတာ။ ခုချိန်ထိ အော်တုန်း။ Donald Trump နဲ့တောင် ပေးစားလိုက်ကြသေးတယ်။ Missosology ကလည်း Miss.Phillipine သာလျှင် ထိုက်တန်တဲ့သဘောမျိုးဆန်တဲ့ ပို့(စ်)တွေ၊ ဓါတ်ပုံတွေတင်ပါတယ်။ အဲ့ဒီ ပို့(စ်)တွေအောက်ကနေ.. ဖဦးထုပ်တွေကလည်း Olivia ကို ရစရာမရှိအောင်ပြောပြီး comment တွေပေးပါတယ်။ Miss.Phillipine, Janine Tugonon ကတော့ သူ့ပရိတ်သတ်တွေကိုပြောပါတယ်.. သူမကိုယ်သူမလည်း ဒီအဆင့်အထိရောက်လာတာကို ဂုဏ်ယူတဲ့အကြောင်း .. ပြီးတော့ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို လေးစားဖို့၊ Olivia ကိုလည်း ဂုဏ်ပြုပေးဖို့ တောင်းဆိုတဲ့အကြောင်း...။
    ဒိုင်တွေရဲ့အကြိုက်ကလည်း တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ.. နော့်..ဘာပဲပြောပြော... ဒီနှစ်ရဲ့ ပြိုင်ပွဲ resultတွေဟာ beauty expertတွေ.. မျှော်မှန်းသလို (ခန့်မှန်းခဲ့သလို) မဖြစ်လာတာတော့ အမှန်ပါပဲ။
    MU2012 Phillipines, Janine Tugonon
    Olivia & Janine at interview ( Before MU2012 Final)
    Janine ကိုလည်း သနားမိပါတယ်။ အာရှကလူမို့ သူတို့တွေက အထင်သိပ်မကြီးချင်ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ပရိတ်သတ်က .. ပေါက်ကရတွေလျှောက်လုပ်ရင် ပိုပြီး မျက်နှာငယ်ရပါတယ်။ ပြိုင်ပွဲတလျှောက် Missology ဟာ သူမရဲ့ဓါတ်ပုံတွေ၊ event တွေကို တော်တော်တင်ပါတယ်။ ဒါပေမဲ့ ဓါတ်ပုံတွေမှာ သူ့ကြည့်ရတာ နည်းနည်း အားငယ်နေပုံ ပေါက်ပါတယ်။ သတိထားကြည့်ရင် မြင်နိုင်ပါတယ်။ policticsကြောင့်လည်း သူ..အရွေးမခံရတာလည်း ဖြစ်နိုင်ပါတယ်။
  • Miss Croatia: သူမကိုတော့ preliminary competitionကို ကြည့်ပြီးမှတွေ့ပြီး ကြိုက်သွားတာပါ။ ကြည့်လိုက်တာနဲ့ကိုထင်းပြီး သတိထားမိလောက်အောင် လှတာပါ။ ဘာမှ အထွေအထူး လုပ်စရာမလိုဘဲ အမှတ်ရမဲ့သူမျိုးပါ။  Elizabethaဟာ Miss Poland ထက် ပိုပြီး ပေါ်လွင်ပြီး ဆွဲဆောင်မှု ရှိပါတယ်။ အသက် (၁၉)နှစ်သာရှိသေးတဲ့ သူမက လူကြောက်ပြီး လူရှေ့ မထွက်ချင်ပါဘူးတဲ့။ အဲ... စင်ပေါ်မှာ အလင်းရောင်စုံတွေရှိနေပြီဆိုရင်တော့ သူမက ok သွားပါတယ်တဲ့။ ဒါကြောင့် ပြိုင်နေတဲ့အချိန်မှာ enthusiastic မဖြစ်တဲ့ပုံ ပေါက်နေသလိုပါပဲ။ Beauty Specialist တစ်ယောက်ကတော့ Missosology မှာ သူမကို "silent killer of the competition"ဆိုပြီး တင်စားထားပါတယ်။

    MU2012 Croatia, Elizabeta Burg


  • Miss Vanezula: အသက် (၂၁)နှစ်ရှိတဲ့ Irene ကို ပြိုင်ပွဲမတိုင်ခင်ကတည်းက ကြိုက်တာပါ။ သူမဟာ England မှာ ကျောင်းတက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာ အရဲလွန်ပြီး နည်းနည်း ကလက်လွန်းပါတယ်။ သူမကတော့ top-5 အထိ ပါသွားပြီး.. Miss Universe 2012 2nd runner up ဆုကို ရသွားပါတယ်။ Final Question Stageမှာ မေးခွန်းကို ဘာသာပြန်ပေးတဲ့သူပဲ မှားတာလား၊ သူမပဲ စိတ်လှုပ်ရှားနေလို့ မဖြေတတ်တာလားတော့ သေချာ မသိပါဘူး။ Final question ကို သူကောင်းကောင်းမဖြေနိုင်ပါဘူး။ ပြီးတော့ အင်္ဂလိပ်လို သိပ်မပိုင်နိုင်ဘဲနဲ့ အင်္ဂလိပ်လိုဖြေလိုက်တာ မှားပါတယ်။ တကယ်ဆို spanish လိုပဲပြောပြီး ဖြေလိုက်ရင်ပြီးရော။ ဘာသာပြန်တဲ့သူရှိတာပဲဟာ။ သူမကို ရီလည်းရီချင်၊ ချစ်လည်းချစ်မိတဲ့အချိန်ကတော့ သူမဖခင်ပိုင်တဲ့ ချောကလက်စက်ရုံက ချောကလက်တွေနဲ့ ပြုလုပ်ထားတဲ့  သူမရဲ့မိခင် ဒီဇိုင်းလုပ်ပြီးဖန်တီးပေးတဲ့ ရိုးရာဝတ်စုံကို ဝတ်ပြီးပြိုင်ပွဲဝင်တဲ့အချိန်မှာပါပဲ။




    MU2012 Venezula, Irene Esser
  • Miss Malaysia: သူမဟာလည်း အဖေ ဗြိတိန်၊ အမေ မလေးရှားပါ။ အသက် (၁၉)နှစ်ပဲ ရှိပါသေးတယ်။ သူ့ကိုလည်း ပြိုင်ပွဲရောက်မှပဲ ကြိုက်သွားတာပါ။ top-16 မှာ ပါမလာပါဘူး။ စိတ်မကောင်းဖြစ်မိပါတယ်။ သူ့ကို တော်တော်လေး ကြိုက်မိတာပါ။ Asiaမှာ Rio Mori ပြီးရင် သူ့ကိုကြိုက်ပါတယ်။
    ကြည့်ရတာ .. မလေးရှားအလှမယ်က မလေးရှားလူမျိုးပုံစံ မပေါ်ဘဲ အနောက်တိုင်းအလှမယ်ပုံစံ ပေါက်နေလို့နဲ့တူပါတယ်။

    MU2012 Malaysia, Kimberley Ledggett

  • *****************************

    ကျမကြိုက်တဲ့ အလှမယ်တွေအကြောင်း ရေးပြီးသွားပြီဆိုရင်တော့ ပြိုင်ပွဲအကြောင်း ဆက်ရေးခွင့်ပြုပါဦး။ ပြိုင်ပွဲဝင် (၈၉)ယောက်မှာ အီဂျစ်၊ ကာဇက်စတန်၊ ပေါ်တူဂီ၊ ဆိုဗေးနီးယား၊ Turks & Caicos နဲ့ US Virgin Islandsတို့က အလှမယ်တွေ နုတ်ထွက်သွားပြီး အီသီးယိုးပီးယား၊ ဘူ(လ်)ဂေးရီးယား၊ နမ်မီးဘီးယားနဲ့ နော်ဝေးနိုင်ငံတို့က အလှမယ်များကတော့ အိမ်ပြန်သွားကြပါတယ်။
    Miss Universe top-16, top-10 အပါအဝင် ဆုရသွားတဲ့သူတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
    ( Wikipedia က table ထည့်ပေးထားတာပါ။ orignianl link တွေကိုလည်း ဒီအတိုင်းပဲ ထည့်ပေးထားပါတယ်။)

    Placements for Miss Universe Source; Wiki [3]


    Special Awards

     အထူးဆုအနေနဲ့ကတော့....

    ~~ Miss Congeniality ဆုကို Guatemala မှ Laura Godoy

    ~~Miss Photogenic ဆုကို Kosovo မှ Diana Avdiu ( သူ.. ဒီဆုနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ သူမရဲ့ ဓါတ်ပုံတွေကြည့်ရင် အရမ်းကိုလှပါတယ်။ ဒါပေမဲ့ show မှာ သူမကိုတွေ့လိုက်ရတော့ မလှပါဘူး။ ဘယ်ဘက်က သုံးပုံက Miss Universe မှာ ပွဲမတိုင်ခင်တင်ထားတဲ့ပုံတွေပါ။ အစွန်ဆုံးကပုံကတော့ ပြိုင်ပွဲဝင်နေတဲ့အချိန်မှာ ရိုက်ထားတာပါ။ ဒီလိုမျိုးကွာတတ်ပေမဲ့ ... သူကွာပုံကွာနည်းက ဒီဆုအတွက် သင့်တော်ပါတယ်။ တော်တော် ဓါတ်ပုံစားတဲ့အလှမယ်ပါ။ အောက်ကပုံကတော့ သူ့ကိုဆုပေးတုန်းက MU2011 Lelia Lopesနဲ့အတူ ရိုက်ထားတဲ့ပုံပါ။



    ~~ Best National Costume ဆုကို Miss China, Ji Dan Xu တို့က အသီးသီး ရရှိသွားကြပါတယ်။ 


    Other Awards အနေနဲ့ Missosology ကပေးတဲ့ People's Choice Award ကို Miss Thainland, က ရရှိသွားပါတယ်။


    *****************************

    ဘယ်သူတွေ ဘာပြောပြော ကျမကတော့ Miss Universe 2012 ပြိုင်ပွဲကို.. ကိုယ်ကြိုက်တဲ့သူတွေ.. ဆုရတဲ့အတွက်.. အားရကျေနပ်မိပါတယ်။ နောက်နှစ် (၂၀၁၃)မှာလည်း မြန်မာပြည်ကမယ်တစ်ယောက်လောက် ဝင်ပြိုင်နိုင်ပါစေလို့လည်း ဆုတောင်းမိပါတယ်။ ရှေ့ နှစ်မှာလည်း ကိုယ်ကြိုက်တဲ့ မယ်တွေဆုရပါစေလို့ဆုတောင်းရင်း ဒီပို့(စ်)လေးကို ဒီနေရာမှာ နိဂုံးချုပ်ပါရစေ။

    Thank you for reading this post. 
    witch83 ( 21/12/2012; 3:03PM; GMT+8)

    Reference
    1. www.missuniverse.com
    2. www.missosology.org
    3. http://en.wikipedia.org/wiki/Miss_Universe_2012
    4. http://livewireworld.info/2012/03/elizaveta-golovanova-russia-2012/
    To Continue Reading

    December 18, 2012

    We did not try to prejudice SMRT drivers' cases: MOM

    ဒီနေ့ ရုံးအလာ .. ရထားပေါ်မှာ ဖတ်ခဲ့တဲ့သတင်းကို online မှာရှာပြီး ပြန်လည်ဝေမျှတာပါ။ :)
    မအားလို့ ဘာသာမပြန်တော့ပါဘူး။
    ~~~~~~~~~~~~~~~~~~~~ 

    SINGAPORE - The "serious accusations" made yesterday by civil society group Function 8 are "entirely baseless", said the Ministry of Manpower (MOM).

    Function 8 had called on the Government, public transport operator SMRT and the media to stop using the term "illegal strike" when referring to last month's industrial action by SMRT's 171 China bus drivers. The group, which noted that the four former drivers are currently awaiting trial, felt that repeating the term amounted to "prejudging their case".

    "It is commenting on a pending case and the law is clear that such comments are sub judice and constitute contempt of court," added Function 8.
    Refuting these accusations, an MOM spokesperson said the Singapore Government, including Acting Manpower Minister Tan Chuan-Jin and the Manpower Ministry, "has never attempted to prejudice the cases" involving the four SMRT bus drivers.

    The MOM spokesperson pointed to the Criminal Law (Temporary Provisions) Act, which states that any strike taken by workers in essential services such as public transport would be deemed illegal unless 14 days' notice has been given.

    "Mr Tan's comments to call it 'an illegal strike' were made with that in mind, and he referred to workers participating in the strike in general, without referring to the participation of any particular worker (s), or to any matter pending before a court of law," said the MOM spokesperson.

    A pretrial conference has been set for tomorrow for the four former drivers, but it is not known if they will be contesting the charges.

    Function 8 also questioned why MOM had revoked the work passes of 29 former drivers "so swiftly, and without allowing them legal representation or giving them an opportunity to be heard".

    In response, an MOM spokesperson said the 29 former drivers were given an opportunity to be heard in relation to their conduct during the strike, and that their work permits were only revoked after "due consideration" by the Controller of Work Passes.

    "There is no requirement for legal representation in such a process, and no request was made in this regard by any of the 29 workers," added the MOM spokesperson.

    Source; http://www.todayonline.com/Singapore/EDC121218-0000035/We-did-not-try-to-prejudice-SMRT-drivers-cases--MOM To Continue Reading

    December 13, 2012

    ရေးမိရေးရာ ( ခုတလော စိတ်ထဲ ခိုးလို့ခုလုဖြစ်နေသော အရာလေးများ)

    စာရေးသူ၏အမှာ

    ဒီပို့(စ်)က စိတ်ထဲ ဘဝင်မကျတာလေးတွေ၊ ခိုးလို့ခုလုဖြစ်နေတာလေးတွေကို... လျှောက်ရေးထားတာပါ။
    ရေးချင်တဲ့ ပို့(စ်)တွေရှိပေမဲ့ တကယ်တမ်းရေးမယ်ဆိုတော့ ... အဲ့ဒီပို့(စ်)တွေက ...အချိန် သေချာပေးပြီး.. လေ့လာပြီးမှ ရေးလို့ကောင်းမှာမို့ ကြားဖြတ်ပို့(စ်)အနေနဲ့ ဒီပို့(စ်)ကိုရေးပြီး ဆားချက်လိုက်တာပါ။ :)
    (၁) အထက်တန်းကျောင်း ပညာအရည်အချင်းသာရှိတဲ့ မြန်မာတစ်ယောက်အတွက် ... SPass  လျှောက်တာ ...agent က ဘွဲ့ ရအဖြစ် လိမ်ထားတာကို MOM က ဖမ်းမိ..
    ရန်ကုန်မပြန်ခင် အောက်တိုဘာလကုန်ခါနီးတုန်းက ဒီသတင်းကို ဖတ်ရတာပါ။  ဒီသတင်းကိုဖတ်မိတော့... ဒီနှစ်အတွက် 39 offenders မှာ ဘယ်လူမျိုး၊ ဘယ်နှစ်ယောက်ပါတယ် မပြောထားဘဲ၊ (၃၉)ယောက်ထဲမှာမှ.. မြန်မာလူမျိုး... နာမည် ဘယ်သူ... လိမ်ပါတယ်၊ အခု တရားရုံးတင်ပြီး ဘယ်လို အပြစ်ပေးမယ်ဆိုတာကို စောင့်နေပါတယ်... ဆိုပြီးရေးထားတာကို လုံးဝ (လုံးဝ) ဘဝင်မကျမပါဘူး။ ပြီးတော့ အဲ့ဒီ အင်္ဂလိပ်လိုရေးထားတဲ့ orginial သတင်းလင့်(ခ်)ကို FB ပေါ်မှာ မြန်မာတွေ share ကြတာကို မြင်ရတဲ့အခါ တော်တော် စိတ်.အနှောင့်အယှက် ဖြစ်ရပါတယ်။  ကိုယ့်ပေါင်ကိုယ်လှန်ထောင်း... ကိုယ့်လူမျိုးကိုယ် ပြန်အရှက်ခွဲနေလိုက်ကြတာ။ အဲ့ဒါကြောင့် ... share ထားတဲ့သူတွေ အများကြီးထဲကမှ ကိုယ်နဲ့ တော်တော်ရင်းနှီးပြီး စကားကို သမာသမတ်ပြောတတ်တဲ့သူငယ်ချင်း ရဲ့ link ပေါ်မှာ မနေနိုင်မထိုင်နိုင် comment တက်ရေးမိပါသေးတယ်။ လိမ်တာ မကောင်းပေမဲ့၊ မလုပ်သင့်ပေမဲ့ ... အဲ့ဒီ သတင်းမှာ ethics မရှိတဲ့အကြောင်း။ လိမ်တာမိတဲ့ လူ(၃၉)ယောက်မှာ မြန်မာတစ်ယောက်တည်းရဲ့ နာမည်၊ အသက်ကို ဖော်ပြထားတာ လွန်တဲ့အကြောင်း ဝင်ပြောလိုက်ပါသေးတယ်။

    အဲ့လိုပြောပြီး သိပ်မကြာခင်မှာပဲ FB ပေါ်က Myanmar Page တစ်ခုက.. ဒီသတင်းကို မြန်မာလို ဘာသာပြန်ပြီး publicly share လုပ်တော့ ရင်ထဲ တော်တော် မကောင်းပါဘူး။

    False Data ပေးတာ မှားယွင်းပေမဲ့ ကာယကံရှင် ကိုယ်တိုင်တောင် အဲ့လို လိမ်ထားတယ် သိချင်မှသိမှာပါ။  ငွေရဖို့သာသိတဲ့... သု့ရဲ့ MM agentက လုပ်ချင်ရာ လုပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာ agent တွေ.. မြန်မာတွေဆီက အခကြေးငွေတွေ အလွန်အကျွံတောင်း.. ဒီရောက်ရင် သူများတွေနဲ့ပေါင်း... ကိုယ့်လူမျိုးကိုယ်... မတရားတွေလုပ်... ဒါတွေဟာ... မကြားချင်မှအဆုံးပါ။ ဒီလိုမျိုးဇာတ်လမ်းတွေဟာ စလုံးမှာမှ မဟုတ်ပါဘူး။ နေရာတကာမှာ ဖြစ်ပျက်နေတာပါ။ ခံရတဲ့သူတွေဟာ ဘယ်လိုမှလုပ်လို့မရလို့ ( တစ်ချို့ဆို...အကြွေးတွေနဲ့လာခဲ့တာမို့) ဒီလိုပဲ ငြိမ်ခံပြီး ရုန်းကန်နေရတာတွေ အများကြီးပါ။ ဒါမှမဟုတ်.. မလွှဲသာမရှောင်သာမို့.. လိမ်ရတာလည်း ဖြစ်နိုင်တာပဲဟာ။ ဒါမျိုးမလုပ်နဲ့... လုပ်ရင် ဒီလိုဖြစ်တတ်တယ်ဆိုပြီး ပညာပေးတဲ့သဘောနဲ့ ဝေမျှတယ်ဆိုလည်း အမည်တွေ ဘာတွေ မပါသင့်ပါဘူး။ သူများကို အရှက်ခွဲသလို မလုပ်သင့်ပါဘူး။ မုဒိန်းကျင့်၊ ဓါးပြတိုက်၊ ခိုးဆိုးလုယက်နေတာမှ မဟုတ်တာ။

    (၂) လုပ်အားခနှင့် နေထိုင်ရသော ပတ်ဝန်းကျင်ကို မကျေနပ်၍ SMRT မှ ဆန္ဒပြသော ဘတ်(စ်)ကားမောင်းသူ ဝန်ထမ်း (၆၀၀)ကို အပြစ်ပေး၊ စင်္ကာပူမှနှင်ထုတ်... 
    သူတို့ ဆန္ဒစပြတဲ့နေ့က နိုဝင်ဘာလ (၂၆)ရက်နေ့.. ရုံးမှာ အလုပ်ရှုပ်နေပါတယ်။ အဲ့ဒီသတင်း မဖတ်မိပါဘူး။ ရုံးအပြန် သူငယ်ချင်းနဲ့ချိန်းထာတာ.. ဘတ်(စ်)နဲ့ဆို တိုက်ရိုက်ရောက်တာမို့... ဘတ်(စ်)ကားဂိတ်မှာ ကား..စောင့်လိုက်တာ၊ နာရီဝက်မက စောင့်လိုက်ရပါတယ်။ သူငယ်ချင်းနဲ့တွေ့တော့ .. သူက .. အဲ့ဒီသတင်းကို ပြောပြပါတယ်။ (၂၇)ရက်နေ့မှာလည်း ဆက်..ဆန္ဒပြတယ်လို့ သိရပါတယ်။ အဲ့ဒီ case အပြီး.. နောက်နေ့မနက်ရောက်တော့ Straits Times သတင်းစာထဲမှာ ခေါင်းဆောင်(၄)ယောက်ရဲ့ ဓါတ်ပုံတွေ၊ နာမည်၊ အသက်တွေဖော်ပြပြီး စာလုံးအမဲကြီးတွေနဲ့ သတင်းပါလာပါတယ်။ Criminal တွေကို ဖြစ်လို့။

    ဒီလို SMRTကဝန်ထမ်းတွေ ဆန္ဒပြတာဟာ စည်းကမ်းတင်းကျပ်တဲ့ စင်္ကာပူနိုင်ငံတွင်းမှာ (၂၆) နှစ် ကြာ ဆန္ဒပြ တောင်းဆိုမှုမရှိခဲ့ခြင်းကို အဆုံးသတ် သွားစေတယ်လို့ စလုံးသတင်းစာတွေက ပြောပါတယ်။ (ကမ်းလက်) ဒီလို ဆန္ဒပြတာမျိုးဆိုရင် စလုံးအစိုးရက လုံးဝ လက်မခံပါဘူး။ ဒီ..စင်္ကာပူနိုင်ငံမှာ လူ(၃)ယောက်ထက် ပိုပြီး တွဲမလျှောက်ရတဲ့ နေရာတွေ ရှိပါတယ် (ဥပမာ... Orchard Road)။ လူအများနဲ့လုပ်မဲ့ social/ religion/ cultural eventတွေ ရှိတယ်၊ လုပ်ချင်တယ်ဆိုလည်း town councilကို ကြိုအကြောင်းရပါတယ်။ ဟိုတလောက စလုံးမှာ လာဖွင့်တဲ့ နယူးဇီလန်စားသောက်ဆိုင်ဖွင့်ပွဲမှာ .. အကြောင်းမကြားဘဲ.. လူ ဆယ်ယောက်ကျော်လောက် လမ်းမပေါ်မှာ ကလိုက်လို့ Fine ထိလိုက်ပါသေးတယ်။ ပြီးတော့ စလုံးမှာ... အစားအသောက်ကိစ္စကလွဲရင် လူစုပြီး.. freedom of speech ဆိုတာမျိုးလုပ်လို့မရဘူးလို့ တစ်နေရာမှာ ဖတ်ဖူးပါတယ်။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တဲ့ ဇာဂနာရဲ့ Surving Beauty Showမှာတောင်.. ရုပ်ရှင်အတို (၅)ကား ပြပြီးတဲ့အချိန်မှာ နောက်ကျန်တဲ့(၇)ကားကို ပေးမပြရတော့ပါဘူး။

    စင်္ကာပူအစိုးရဘက်က ဒီကိစ္စကို ဆန္ဒပြပါတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမဲ့ ... စလုံးရဲ့ အလုပ်လုပ်တဲ့ပုံစံအတိုင်း .. ပြင်းပြင်းထန်ထန် အပြစ်ပေးပါတယ်။ ခေါင်းဆောင်(၄)ယောက်ကို တရားရုံးတင်ပါတယ်။ သူတို့ဟာ ငွေဒဏ် (သို့) ထောင်ဒဏ်၊ ဒါမှမဟုတ်.. နှစ်မျိုးစလုံး ဒဏ်ပေးခံရနိုင်ပါတယ်။ ဆန္ဒပြသူအားလုံးကို တရုတ်ပြည်ပြန်ခိုင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်... အမှုစစ်တာပြီးသွားရင်.. အပြစ်ခံစရာရှိတာခံပြီးရင် သူတို့ နိုင်ငံသူတို့ ပြန်ရမှာပါ။ ပြည်နှင်တယ်ဆိုပါတော့။ ခုလောလောဆယ်တော့ Passport တွေ သိမ်းထားပါတယ်။ တရုတ်သံရုံးကလည်း လုပ်စရာရှိတာတွေ လိုက်လုပ်ပေးနေပါတယ်။ တရုတ်အစိုးရကလည်း သူ့လူတွေအတွက် စိုးရိမ်တယ်လို့ ဆိုပါတယ်။ ( မြန်မာပြည်အစိုးရ၊ မြန်မာသံရုံးဆို.. ဒီလို လိုက်လုပ်ပေးပါ့မလားပဲ...) December (၆)ရက်နေ့တုန်းကတော့ ခေါင်းဆောင် (၁)ယောက်ကို စလုံးဒ်ါလာ ၂၀၀၀၀၊ ကျန်တဲ့ ခေါင်းဆောင် (၃)ယောက်ကို စလုံး ဒေါ်လာ ၁၀၀၀၀စီနဲ့ အာမခံထားပြီး လွှတ်ပေးလိုက်ပါတယ်လို့ Channel News Aisa ထဲမှာ ဖတ်လိုက်ရပါတယ်။ နိုင်ငံကူးလတ်မှတ်တွေတော့ သိမ်းထားတုန်းပဲလို့ သိရပါတယ်။ စင်္ကာပူအစိုးရဟာ ကော်လာပြာအလုပ်သမားတွေကို နိုင်ငံထဲခေါ်ပြီး အလုပ်ခေါ်ခိုင်းတဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်နေပြီလို့ သတင်းစာတွေထဲမှာလည်း ဖော်ပြထားပါတယ်။ စင်္ကာပူအစိုးရက ဒီလူတွေကို အပြစ်ပေးတာ နောင်ကျဉ်အောင် လုပ်တာပါ.. ထပ်လုပ်မဲ့သူတွေကိုလည်း.. မလုပ်ရဲအောင် ..စံပြ ..လုပ်ပေးလိုက်တာပါ။ သူ့အရပ်နဲ့သူ့ဇာတ်၊ သူ့နိုင်ငံစည်းမျဉ်းနဲ့ အပြစ်ပေးတာ ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ လူပုံတွေကို သတင်းစာထဲထည့်တာ သိပ်.. သဘောမကျပါဘူး။

    ဒါပေမဲ့ SMRT ကိုလည်း သတိပေးတာမျိုး လုပ်သင့်ပါတယ်။ အရင် SMRT က CEO ဟာ တကယ့်ကို အမြတ်အစွန်းရရှိရေးကိုသာ... ဦးစားပေးတဲ့သူပါ။ Maintenance လုပ်သင့်သလောက် မလုပ်လို့ ရထားတွေ ဟိုမှာပိတ်၊ ဒီမှာပိတ်၊ ရထားလမ်းတွေပျက်ဖြစ်ခဲ့တာ သိပ်မကြာသေးပါဘူး။ ပြီးတော့ ဟိုတလောက SMRT ဝန်ထမ်းတွေထဲကမှ စလုံးတွေနဲ့ ပီအာတွေကို လစာတိုးပေးပါတယ်။ နိုင်ငံခြားသားတွေကိုတော့ မတိုးပေးပါဘူး။ ဒါကို တရုတ်တွေက မကျေနပ်ကြပါဘူး။ (ကိုယ်သာဆိုလည်း ကိုယ့်ကုမ္ပဏီမှာ စလုံးနဲ့ PR တွေကိုပဲ လခတိုးပေးပြီး ကိုယ့်ကိုချန်ထားခဲ့ရင် ခံစားရမှာပါပဲ။) သူ့လူမျိုးတွေကိုတိုးပေးရတဲ့ ရည်ရွယ်ချက်က သူတို့တွေ ဒီအလုပ်ကို လုပ်ချင်စိတ်ရှိလာအောင် စွဲဆောင်လိုက်တာပါ။ (စင်္ကာပူရီးယန်းတွေဟာ ဒီလို ကားမောင်း၊ ရထားမောင်းတဲ့အလုပ်မျိုး မလုပ်ချင်ကြပါဘူး။ ဒါကြောင့် ယာဉ်မောင်းသူ တော်တော်များများဟာ နိုင်ငံခြားသားတွေပါ။) မိဘဟာ သူ့သားသမီးအရင်းကို ပိုဂရုစိုက်တဲ့သဘောပါ။ နည်းနည်းတော့ မမျှတပေမဲ့ ဒါက လက်ခံနိုင်ပါသေးတယ်။  ဒါပေမဲ့ ကားမောင်းတဲ့သူတွေကို ဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့ အတူထားတာကတော့ သိပ်..မကောင်းပါဘူး။ ကားမောင်းတဲ့သူဟာ ညဘက် အိပ်ရေးဝအောင် အိပ်ဖို့ လိုပါတယ်။ ပြီးတော့ ဆောက်လုပ်ရေးဝန်ထမ်းနဲ့ ကားမောင်းတဲ့သူတွေရဲ့ အဆင့်အတန်းကလည်း မတူပါဘူး။ နေပုံထိုင်ပုံလည်း မတူပါဘုး။ ကားမောင်းတဲ့သူတွေဟာ ဘွဲ့ရတွေပါ။ အလုပ်မှာ good working condition မပေးတဲ့SMRT ကိုလည်း အရေးယူသင့်ပါတယ်။ ဒါမှသာ.. ဒီလိုလုပ်နေတဲ့ တခြားကုမ္ပဏီတွေလည်း ဆင်ခြင်ကြမှာပါ။

    လက်ပတောင်းတောင်ကိစ္စ
    ဒီကိစ္စမှာ အစိုးရ၊ တရုတ်ကုမ္ပဏီ၊ ပြည်သူလူထု နိုင်ငံရေးသမားအချို့ ...အားလုံးမှားတယ်လို့ ထင်ပါတယ်။

    ကျမအမြင်မှာတော့ ဘုန်းကြီးတွေဟာ နိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ဒီလိုတော့ မဆိုင်ဘူး မပြောနဲ့။ ဦးဥတ္တမလည်း နိုင်ငံရေးပါခဲ့တာပဲလို့ ငြင်းချင်ရင် ငြင်းလို့ ရပါတယ်။ ဒါပေမဲ့ ကျမ အမြင်မှာတော့... မြတ်စွာဘုရားရဲ့ တရားတော်အရ.. ဘုရားသားတော်တွေဟာ နိုင်ငံရေး ဝင်မပါသင့်ဘူးလို့ပဲ ထင်ပါတယ်။ ပြီးတော့ ...များသောအားဖြင့်က.. ဘုန်းဘုန်းတွေဟာ လောကီအရေးကို သိပ်..မသိပါဘူး။ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဘုန်းဘုန်းတွေပြောရင် လူတွေက လက်ခံတတ်ကြပါတယ်။ လူတွေက ဘုန်းဘုန်းတွေအပေါ်မှာ အဲ့ဒီအချက်ကိုကိုင်ပြီး အသုံးချနေတယ်လို့ ခံစားရပါတယ်။

    ဒါပေမဲ့ အစိုးရဘက်ကလည်း အဲ့လိုမျိုး . အကြမ်းဖက်တာမျိုး မလုပ်သင့်ပါဘူး။ တရားမဝင် သပိတ်စခန်းဖွင့်ထားရင်တောင်မှ ရိုဟင်ဂျာတွေလို အကြမ်းဖက်နေတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပါ။ ညှိနှိုင်းပေးစရာရှိတာ ညှိပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ဘုန်းဘုန်းတွေကို ဒီလိုလုပ်တာ အံ့သြလို့ မဆုံးပါဘူး။ ရွှေဝါရောင်တော်လှန်ရေးပြီးတာဖြင့် ဘယ်လောက်မှ မကြာသေးပါဘူး။ အဆိုးဆုံးက သံဃာတော်တွေ ခံစားနေရတာတွေပါပဲ။

     မြေအသိမ်းခံရတဲ့သူတွေရဲ့ ခံစားချက်ကို (ကိုယ်ကိုတိုင်လည်း အိမ်အသိမ်းခံရဖူးသူမို့...) ကောင်းကောင်း နားလည်ပါတယ်။ အိမ်စုတ် (၄) (၅)လုံးတောင်မရှိတဲ့၊ ကိုယ်ထူကိုယ်ထ နိုင်လွန်ကတ္တရာလမ်းချောတွေရှိတဲ့၊ ရပ်ကွက်အတွင်း လမ်းဖွဲ့စည်းပုံကောင်းတဲ့၊ အငြိမ်းစားတွေအနေများတဲ့၊ ပြည်လမ်းမဘေးမှာတင်ရှိတဲ့ ကျမတို့ရပ်ကွက်လေးကို သတ်မှတ်ရက်အတွင်း ဆင်းပေးရင်ဆင်းပေး၊ မဆင်းပေးရင် ဘူဒိုဇာနဲ့ ကလော်ချမယ်ဆိုပြီး မတရားသိမ်းသွားခဲ့တာပါ။ ဦးသန်းရွှေအမျိုးရှိတယ်ဆိုတည်း လှည်းတန်းဂုံးကျော်တံတားနားက အိမ်တွေထက် အများကြီး သာပါတယ်။ ပြန်ပေးတော့ ခိုအိမ်လို တိုက်ခန်းအစုတ်အပြတ်တွေ ပေးခဲ့တာပါ။ ကိုယ့်ရပ်ကွက်မှာတောင် ကိုယ် ပြန်မရပါဘူး။ အိမ်ငှားတွေ တိုက်ခန်းအလကားရသွားတာကို မုဒိတာပွားနိုင်ပေမဲ့ အိမ်ပိုင်ရှင်တစ်ချို့ ဘဝပျက်ကုန်ကြတာတော့ ရင်နာစရာကြီးပါ။ (၁၉၉၆/၉၇) နှစ်ပိုင်းမှာစဖြစ်ပြီး ... (၂၀၀၂)ခုနှစ်မှာ ရှိသမျှလမ်းထွက်ပေါက်တွေကိုပိတ်ပြီး ညသန်းခေါင်ကျော်ကြီးမှ... မဆင်းပေးတဲ့ အိမ်(၂၀)ကျော်ထဲက ကျောထောက်နောက်ခံမရှိတဲ့ အိမ် (၆)အိမ်၊ (၇)အိမ်ကလူတွေကို.. စံပြ.. ရိုက်နှက်ပြီး အကုန်လုံးကို ဆင်းခိုင်းခဲ့တာပါ။ ဒီလို ကိစ္စဖြစ်ခဲ့တာ ရန်ကုန်မြို့ထဲမှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီအိမ်ဟာ ကျမအဖိုး တသက်လုံး စုဆောင်းထားတဲ့ငွေနဲ့ မြေဝယ်ပြီး.. သူကိုယ်တိုင် ဒီဇိုင်းဆွဲ၊ သူကိုယ်တိုင် ကြီးကြပ်ပြီး ဆောက်ခဲ့တာပါ။ အိပ်မက်.. သိပ်မမက်တတ်တဲ့ ကျမဟာ အဲ့ဒီ အောက်ထပ်က အုတ်နဲ့ အပေါ်ထပ်က ရေနံချေးတွေဝအောင်သုတ်ပြီး ဆောက်ထားတဲ့ ပျဉ်အိမ်လေးကို အသက်တော်တော်ကြီးတဲ့အထိ အိပ်မက်ထဲမှာ ပါပါလာတတ်ပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝကို ရောက်တဲ့အထိတိုင်အောင်...အဲ့ဒီဘက်ကို အကြောင်းတိုက်ဆိုင်လို့ရောက်သွားရင်  မကြည့်မိအောင် မျက်စိကို သတိထားပြီး ထိန်းရပါတယ်။ (ကြည့်မိရင် နှမြောလို့၊ စိတ်မကောင်းဖြစ်လို့)... နောက်ပိုင်းမှသာ ဆုံးရှုံးဖို့ပါလို့ ဆုံးရတာပါပဲ။ ရန်သူမျိုးငါးပါးဒဏ်ဆိုတာ ရှောင်လွှဲလို့မှ မရတာဆိုပြီး ဖြေတတ်သွားတာပါ။

    ဒါကြောင့်.. လယ်မြေအသိမ်းခံရတဲ့သူတွေကို တကယ်ပဲ ကိုယ်ချင်းစာပါတယ်။ တောင်သူလယ်သမားတွေအတွက်တော့ လယ်ရှိမှ လုပ်ကိုင်စားသောက်နိုင်မှာပါ။ ဒါပေမဲ့ လယ်စိုက်ဖို့ သိပ်မဖြစ်ထွန်းတဲ့.. ကြေးနှီထွက်တဲ့နေရာမှာ... အားလုံး အဆင်ပြေအောင် ညှိပြီး၊ ကိုယ့်အတွက်လည်း အကျိုးရှိ၊ နိုင်ငံလည်း အကျိုးရှိအောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ခေတ်ကြီးလည်း ပြောင်းလာပါပြီ။ ကိုယ်ကျေနပ်လောက်အောင်ညှိပေးမယ်။ (၃)ဘက်လုံးအကျိုးရှိမယ်ဆိုရင် ဒီစီမံကိန်းကို လက်ခံလိုက်သင့်ပါတယ်။

    ဒီကိစ္စနဲ့ပတ်သတ်ပြီး သူများတွေရဲ့ comment တစ်ချို့ကို သဘောကျလို့ အောက်မှာ ပြန်လည် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်ပါဦး။ (စကားချပ်။     ။ writer တွေကို credit ပေးထားပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေက မကြိုက်ဘူးဆိုရင် အချိန်မရွေး ပြန်ဖျက်ပေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။)
    • နိုင်ငံပိုင်စာချုပ်စာတမ်းတစ်ခုတွင် အများပြည်သူ အကျိုးစီးပွား ကာကွယ်ရမည့် အချက်များ ပြတ်ပြတ်သားသား ထည့်ထားခဲ့ရမည်ကို မသိသားဆိုးဝါးခြင်း (သို့မဟုတ်) ပေါ့လျော့ခြင်း၊ ထည့်တွက်ခဲ့သည် ဆိုပါကလည်း လူအများကျေနပ်သည်ထိ သိသာထင်ရှားအောင် ပွင့်ပွင့်လင်းလင်း ချမပြခြင်း၊ ပွင့်လင်းမြင်သာမှုဆိုသည်မှာ အုပ်ချုပ်ခံများအတွက် ကျေနပ်မှုပေးရုံသာမက အုပ်ချုပ်သူအတွက်ပါ ဖိစီးမှုလျော့ပါးစေသည် ဆိုသည့်ကောင်းကွက်ကို သေသေချာချာ သဘောမပေါက်သေးခြင်း၊ တစ်ဖက်၏ သဘောထားကို မငြင်းဆန်နိုင်သလောက် အခြားတစ်ဖက်၏ ဆန္ဒကို အလေးမထားခြင်း သို့မဟုတ် လျှော့တွက်ခြင်း၊ တာဝန်ယူမှုမရှိခြင်း၊ တာဝန်မခံလိုခြင်း၊ အတိတ်က အမှားအယွင်းများ၊ လွဲချော်သော စီမံခန့်ခွဲမှုများကို ရိုးရိုးသားသား ဝန်မခံခြင်း သို့မဟုတ် ကာကွယ်ထောက်ထားစရာများဖြင့် အကျပ်အတည်းဆိုက်နေခြင်း၊ နည်းနည်းလေးမှ အလျှော့မပေးလို/နိုင်ခြင်း၊ သုညသို့မဟုတ် တစ်ရာရာခိုင်နှုန်းကိုသာ တွေးတတ်ခြင်း၊ အမြင်မတူသူများနှင့် ဆွေးနွေးတိုင်ပင်မှု ရှိဟန်မတူခြင်း၊ ပြဿနာဖြစ်လာသောအခါ ပြေပြေလည်လည်ရှင်းရန် အခြား ဖြစ်နိုင်ခြေ နည်းလမ်းများကို ဦးနှောက်သုံးပြီး မစဉ်းစားခြင်း၊ အဆိုးဆုံးကတော့ အကျင့်ဟောင်းကို မဖျောက်နိုင်ခြင်း။ (အသရေဖျက်ခြင်းမဟုတ်၊ အပြုသဘော ဝေဖန်ခြင်းမျှသာ။) By Pandora
    •  ဆဲချင်ကြလဲ အားလုံးဝိုင်း ဆဲကြဗျာ။ ဒီပွဲမှာ မြန်မာနိုင်ငံ ရဲ့ ၂နှစ်သားဒီမိုကရေစီ မရင့်ကျက်သေးကြောင်း၊ ကလေးအဆင့်ပဲရှိသေးကြောင်းကမ္ဘာကို ပြလိုက်တာပဲ။ ကျွန်တော်ကတော့ ဒီကိစ္စမှာ သုံးဘက်လုံးမှားတယ်ယူဆပါတယ်၊ လက်ရှိအစိုးရဟာ အရင်အစိုးရလက်ထက်က အထုပ်တွေကို လက်ဆင့်ကမ်းကာကွယ်နေတာ ရပ်သင့်ပါပြီ၊ ဒေသခံတွေအတွက် ထည့်သွင်း စဉ်းစားထားခြင်းမရှိတဲ့ Project မှန်သမျှ ပြန်သုံးသပ်ပြီး Revise လုပ်သင့်ပါပြီ၊ မြန်မာနိုင်ငံ သည် Sovereign State ဖြစ်တဲ့အတွက်၊ နိုင်ငံအကျိုး၊ လူထုအကျိုး အတွက် မှန်ကန်စွာ Revise လုပ်ခြင်းကို ဘယ်နိုင်ငံမှ အပြစ်ပြောလို့မရပါ၊ Investor ဆိုတာ မတောင်းရင်တော့ အလိုလိုပေးမှာ မဟုတ်ပါ၊ မပေးလို့မရတဲ့ ဥပဒေ စည်းမျည်း ရှိလျှင် ပေးကြမှာပါ၊ လက်တင် အမေရိကက Belize နိုင်ငံဟာ မဟော်ဂနီသစ် ကောင်းထွက် လို့ နာမည်ကြီးပါတယ်၊ သူ့ဆီမှာ သစ်ခုတ်ခြင်ရင် ခုတ်တဲ့ အပင် အရေအတွက် အတိုင်း အစားထိုးပြန်စိုက် ပြီး ရှင်ပြီ သေချာမှ သစ်ပေးခုတ်ပါတယ်၊ ဒါ့အပြင် သစ်အလုံးလိုက် ပေးမပို့ပါဘူး၊ အချောထည်စက်ရုံများထောင်ခိုင်းပြီး အချောထည်များပဲ Export ပေးပါတယ်၊ တချက်ခုတ်သုံချက်ပြတ်ပေါ့၊ Investor တွေက လိုချင်တော့လာရတာပဲ၊ Investor ဆိုတာ လွယ်ရင်တော့လုပ်မှာပဲ၊ မလွယ်လဲလာလုပ်ကြတာပါပဲ၊ နဲနဲမြတ်တာနဲ့ များများမြတ်တာပဲကွာတာကိုး၊ မလွယ် ရင် လူသန့်သွားပါတယ်၊ နောက်တခု Pacific Ocean ထဲက Nauru ဆိုတဲ့ကျွန်းနိုင်ငံသေးသေးလေး၊ ၈မိုင်ပါတ်လည်ပဲရှိတယ်၊ လူဦးရေက ၁သောင်းမပြည့်ဘူး၊ ဖော့စဖိတ်ထွက်တယ်၊ ကိုလိုနီတွေရဲ့ ခေါင်းပုံဖြတ်တာာ တသက်လုံးခံခဲ့ရတယ်၊ ဩစတျေးလျား အဓိကပေါ့၊ လွတ်လပ်ရေးလဲရရော၊ ၊ ဖော့စဖိတ် တဝက်ကျော်ကုန်ပြီ၊၊ကျွန်းလဲရစရာမရှိတော့ဘူး၊ အဲဒီမှာ ဩစတျေးလျားကို တရားစွဲတာ နိုင်သွားတော့ ဩစတျေးလျားက ကျွန်းသားတိုင်းကို တလ AUD ၂၅၀၀ ထောက်ပံ့ရတယ်၊ Nauru ကျွန်းသားတွေ ဩစတျေးလျားမှာနေချင်ရင် PR တန်းပေးရတယ်၊ ခုချိန်မှာ Pacific Island တွေထဲမှာ တဦးချင်းဝင်ငွေအမြင့်ဆုံးပဲ၊ သူ့ဆီမှာ ဖော့စဖိတ်တူးချင်ရင် ကျွန်းသားတွေအတွက် ရန်ပုံငွေထူပေးရတယ်၊ ဖော့စဖိတ်ကုန်သွားရင် ကမ္ဘာ တည်သရွေ့စားလောက်အောင်၊ ဒါလဲလာတူးကြတာပဲ၊ အရင်တုံးကတော့ကျွန်တော်တို့မမာနိုင်ဘူး၊ Sanctions တွေကြောင့်၊ အခုမာလို့ရပြီ၊ မြန်မာ့ကျွန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ ကြေးနီ၊ စသည်ဖြင့် ကမ္ထာ မှာနာမည်ကြီးတယ်၊ မြန်မာကရတာအနဲဆုံးပဲ၊ ကြားပွဲစားနဲ့ ဝိသမ Investor တွေကပိုရနေတယ်၊ ခုကြေးနီကိစ္စ အစိုးရက တရုပ်ကုမ္ပဏီကို Agreement Revise ပြန်လုပ်ခိုင်းလို့ရပါတယ်၊ Revise လုပ်တာနဲ့ Cancel လုပ်တာမတူပါ၊ ဒေသခံတွေ အတွက် အကျိုးအမြတ်ကျေနပ်အောင်ခွဲပေးလိုက်ရင်ပြီးသွားမှာပါ၊ Environmental Rehabilitation ပါပါရပါမည်၊ ဆန္နပြတာကို အလွံအကျွံအင်အားသုံးဖြေရှင်းတာအလွန်မှားပါတယ်။ ဒေသခံတွေကကော?၊ စိးပွားဖြစ်လယ်စိုက်လို့မရတဲ့မြေကို ပိုက်ထားပြီး၊၊ကျားကျားမီးယပ်ပဲဆိုပြီး ကဏ္ဏကောဇ လုပ်နေဘို့မသင့်ပါ၊ မိမိလည်းသူဌေးမဖြစ်လောက်၊ နိုင်ငံတော်ပြည်သူလည်း အကျိုးအမြတ် မရအောင်လုပ်နေကြရင် ဒီတိုင်းပြည် ဘယ်လိုပိုက်ဆံရှာ တိုးတက်တော့မလဲ?၊ တိုက်ရတောင်းရမှာက၊၊ရလာမဲ့အကျိုးအမြတ်ကိုထိုက်သင့်စွာရှယ်ပေးဘို့၊ လယ်မစိုက် တပိုင်ကြေးမချက်ပဲ နေထိုင်စားသောက်နိုင်ဘို့တောင်းရမှာပါ။ နိုင်ငံရေးအင်အားစုတွေကကော?၊ ပွဲဆူရင်ပြီးရော မြောက်မပေးသင့်ပါ၊ နိုင်ငံလည်းနာမည်ပျက်၊ လူတွေလဲနစ်နာပါတယ်၊ တိုင်းပြည်အတွက်၊လူထုအတွက်စေတနာထားရင်၊ ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာတဲ့ အဖြေကိုရအောင်ထုတ်ပြီး၊ အစိုးရကို Advocate လုပ် လူထုကို Educate လုပ်ရမှာ၊ နိုင်ငံရေးသမားတွေရဲ့တာဝန်ပါ။ (မှတ်ချက်၊ လက်ပံတောင်းတောင်ဖြစ်စဉ်တွင်၊ ထိခိုက်နစ်နာသူ အားလုံး အတွက် ကာယကံရှင်၊ မိသားစု များနည်းတူ အလွန်ဝမ်းနဲပါကြောင်း၊ (By Wanna More)  
    • နိုင်ငံရဲ့  စီမံကိန်းတွေ က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်။ နောက်ပြီး ပြည်သူတွေကသာ ဒီစီမံကိန်းကို ရပ်ပေးပါ ရပ်ပေးပါ လို့ အော်နေကြတာ နိုင်ငံမှာ ကြွေးမီတွေက အရမ်း များနေပါတယ်။ အဲဒီ ကြွေးမီတွေကို ဘယ်သူ ဆပ်ပေးမှာလဲ... ပြည်သူတွေဆီက ပိုက်ဆံတောင်းပြီး ဆပ်ပေးမှာလား... စီမံကိန်းတစ်ခု ကို (အရင်အစိုးရက) လက်မှတ်ထိုးတဲ့ အခါ ဒီစီမံကိန်း မဖြစ်ရင် လျော်ကြေးဘယ်လောက် ဘယ်လောက် ပေးရမယ်ဆိုပြီး ထည့်ချုပ်ပြီးသားပါ၊ မြစ်ဆုံ ကိစ္စ တုံးကလည်း ကြားဖူးတာက မြစ်ဆုံစီမံကိန်းရဲ့ တန်ကြေးတင် ဒေါ်လာ ၂ ဘီလီယံ တန်တယ်လို့ ကြားဖူးတယ်။ လျော်ကြေးမဟုတ်သေးဘူးနော်.. တန်ကြေးပဲ ရှိသေးတယ်။ လုံးဝ ရပ်ဆိုင်းလိုက်တာနဲ့ လျော်ပေတော့ပဲ...။ ဒါပေမယ် မြစ်ဆုံက တစ်နိုင်ငံလုံးရဲ့ အသက်သွေး ဖြစ်တဲ့ အတွက် လျော်ရရင်တောင် တန်ပါသေးတယ်။ နိုင်ငံ တစ်ခုလုံးမှာ ရှိတဲ့ ယခု စီမံကိန်းလို မျိုးတွေ အားလုံးကို ရပ်ရမယ် ဆိုရင် လျော်ရမယ့် လျော်ကြေးက ဘယ်လောက်ရှိမလဲဆိုတာ မခန့် မှန်းနိုင်ပါဘူး။ အရင် (ချီးထုပ်) အစိုးရ က လက်မှတ်ထိုးခဲ့တယ်ဆိုတာလည်း ဦးသန်းရွှေ ရဲ့ ပိုင်ဆိုင်မှုအနေနဲ့ ထိုးတာမဟုတ်ပါဘူး၊ နိုင်ငံ့ ခေါင်းဆောင် အနေနဲ့ ထိုးတာပါ အဲဒါကြောင့် စီမံကိန်း အားလုံးဟာ အစိုးရ ဘယ်နှစ်ဆက်ပြောင်းပြောင်း နိုင်ငံရဲ့  အမွေ ဖြစ်သွားပါပြီ။ ဒါတွေအားလုံးကို လျော်ဖို့ ဘယ်က ပိုက်ဆံရပြီး ဘယ်လို ဆပ်ကြမှာလဲ... နိုင်ငံရဲ့  အခွန်တော်ကို ထမ်းဆောင်နေတဲ့ လူဟာ နိုင်ငံမှာ ရှိတဲ့ လူဦးရေ ရဲ့  ၁% ခန့် ပဲ ရှိတယ်လို့ ဖတ်ဖူးပါတယ်။ အဓိက ရတဲ့ ငွေဟာ အဲဒီ စီမံကိန်းတွေ ရောင်းစားတာနဲ့  ဌာနဆိုင်ရာတွေက ရတဲ့ ငွေ (ဥပမာ - စည်ပင်သာယာ) တွေနဲ့  နိုင်ငံ့ အရင်းအမြစ်တွေ ကို ထုတ်ရောင်းတဲ့ ဆီက ရတဲ့ ပိုက်ဆံနဲ့ ပဲ နိုင်ငံ ဆက်လက်ရပ်တည်နေရတာပါ။ ဘာလို့  Complain တက်ရလဲဆိုတော့ အကို ပြောတာတဲ့ အားလုံးကို Revise လုပ်သင့်တယ်ဆိုတာ ကလည်း Cancel နဲ့ မတူတာမှန်ပါတယ်။ ဟိုဘက်ကရော လက်ခံဦးမှပါ။ လက်မခံရင် လျော်ပေရော့ပဲ... အဲဒါကြောင့် နိုင်ငံ အတွက် ဝိုင်းဝန်းစဉ်းစားပေးကြပါ။ By Pixie Lay  
    • ဝေဖန်တာကျေးဇူးပါ၊ ကျွန်တော်ကိုယ်တိုင် ပါဝင်ခဲ့ဘူးတဲ့ Investment Project Agreement ချုပ်ဆိုတာနဲ့ပါတ်သက်ပြီးပြောရရင်၊ နိုင်ငံတော် အဆင့် ဘယ်စာချုပ်မှာမှ လျော်ကြေးဆိုတာမပါပါ၊ Government to Government (G to G), Government to Private/ Public (G to P) နုစ်မျိုးရှိရာမုာ၊ G to G project ကနဲပါတယ်၊ G to G မှာလဲ လျော်ကြေးဆိုတာမပါပါ၊ တရုတ်နဲ့က G to P တွေများပါတယ်၊ G to P မှာဘာပါလည်းဆိုတော့ Sovereign Guarantee ခေါ်တဲ့ Project ကို ပြည်သူပိုင် မသိမ်းပါဘူးဆိုတဲ့ အာမခံချက်နဲ့၊ ပြည်သူပိုင် သိမ်းခဲ့ရင် နစ်နာကြေး ပြန်ဖော်နိုင်အောင် ဗဟိုဘဏ်က State Bank Guarantee ထုတ်ပေးပါတယ်၊ တခြားနိုင်ငံတွေရဲ့ State Bank Guarantee က တန်ဘိုးအရှိဆုံး Guarantee တွေဖြစ်ပေမဲ့၊ Defacto အစိုးရ အုပ်ချုပ်ပြီး Sanction အောက်က Myanmar ရဲ့ Sovereign Guarantee နဲ့ State Bank Guarantee က ကမ္တာ့စာချုပ်စာတမ်းဈေးကွက်မှာ ငါးပြားမှမတန်ပါဘူး၊ နောက်ပြီးစာချုပ်တိုင်းမှာ Force Majeure ဆိုတာပါပါတယ်၊ Project လုပ်နေတဲ့နိုင်ငံမှာ စစ်ဖြစ်ခဲ့ရင်၊ "ဆန္န ပြပွဲဖြစ်ခဲ့ရင်"၊ သဘာဝဘေးကျရောက်ခဲ့ရင်၊ အစိုးရ (သို့) Investor က Notice ပေးပြီး တဘက်သတ်ရပ်လို့ရပါတယ်၊ ဘာလျော်ကြေးမှပေးစရာမလိုဘူး၊ ဒါကြောင့် ဦးသိန်းစိန် အစိုးရက မြစ်ဆုံကို ဖျက်သိမ်း (ပြည်သူပိုင်သိမ်း) တယ် မပြောဘဲ ရပ်ဆိုင်းတယ်လို့ပြောတာပါ၊ Force Majeure ကိုသုံးတာပါ၊ အင်မတန်ကောင်းတဲ့ရွှေ့ကွက်ပါ၊ ဒါကြောင့်တရုပ်တွေ ဘာမှလုပ်မရဘဲ ဟိုအော် ဒီအော် နဲ့ ပြန်ညှိမယ်လုပ်နေတာပါ၊ ဒီဥပမာကို ကြည့်ရင်၊ အစိုးရက Force Majeure သုံးပြီး Investor ကိုပြန်ညှိ ခိုင်းလို့ရကြောင်း ထင်ရှားပါတယ်၊ ကြေးနီတောင် ကိစ္စမှာ ကော်မရှင်ဖွဲ့တာ ပထမခြေလှမ်းပါ၊ မြစ်ဆုံတုံးက Without Notice လုပ်ခဲ့တဲ့အတွက် နောက်တခု ထပ်လုပ်ရင်မကောင်းတတ်လို့၊ ဆန္န ပြပွဲ နဲ့ ကော်မရှင်ကို ခေါင်းစဉ်တပ်၊ ဆင်ခြေဆင်လက် ပေးပြီး တရုတ်နဲ့ညှိ ဖို့ ဖြစ်နိုင်ပါတယ်၊ မယုံရင်ကြည့်ပါ တရုတ်က ပြန်ညှိ လာပါလိမ့်မယ်၊ Investor ဆိုတာ လျော်ကြေး လိုချင်တာမဟုတ်ပါ၊ စီးပွားရေးလုပ်ချင်လို့ အကျိုးအမြတ် များများရချင်လို့လာလုပ်တာပါ၊ ကြေးနီတောင် Investment Project Agreement ကို လူထုကြားချပြပြီး နားလည်သူများက တဖက်စောင်းနင်း ဖြစ်နေတဲ့ အချက်တွေပြင်၊ နှစ်ဘက်မျှတ အောင် ပြန်ရေး၊ ဒေသခံတွေ အတွက်၊ သဘာဝပတ်ဝန်းကျင် အတွက် အချက်တွေ ဖြည့်စွက် လိုက်ရင်၊ တရုတ် ငြင်းလို့မရပါဘူး၊ သူငြင်းရင် သူက စာချုပ်ဖောက်ဖျက်သူဖြစ်သွား ပါမယ်၊ အဲ စာချုပ်မှာ အဘ တို့အတွက် ပွဲခတွေ၊ ဆွေ ၇နှစ်ဆက် ပေးရမယ့်ကော်မရှင်တွေပါလို့ ချမပြရဲရင်တော့ မပြောတတ်ဘူး ဗျာ၊ ဥပမာပေးရရင် တောင်အမေရိက ဗင်နီဇွဲလား သမ္မတ Hugo Chavez က American ကိုကြည့်မရတော့ American ရေနံကုမ္မဏီတွေ နဲ့ နိုင်ငံတော် အဆင့် စာချုပ်ထားတဲ့လုပ်ကွက်တွေ အားလုံးကို ဘလိုင်းကြီး ပြည်သူပိုင်သိမ်းပြီး မောင်းထုတ်၊ ငါးပြားမှ နစ်နာကြေးမပေးနိုင်ဘူးကွာ ဆိုပြီး ထုတ်ပေးထားတဲ့ Guarantee တွေအားလုံး Cancel လုပ် လိုက်တာ American တွေ ကက်ကက်လန်အောင် အော်ယုံ ပဲတတ်နိုင်တယ် ဘာမှ လုပ်လို့မရ၊ တကမ္တာလုံးက တရားရုံးတွေမှာ တရား ပတ်စွဲလဲ ဒီနေ့ထိ ငါးပြားမှ မရသေးပါ၊ သူကတော့ လူဆိုးပေါ့ဗျာ၊ ဒါပေမဲ့ Sovereign State ဆိုတာ လုပ်ချင်ရင် လုပ်လို့ရကြောင်း ပြောတာပါ၊ နောက်တော့ ကျွန်တ်ာတို့ဇာတ်လိုက် တရုတ်က ဗင်နီဇွဲလား ကိုပြေးပြီး လုပ်ကွက်တွေ အားလုံးကို Take Over လုပ်လိုက်တာပါ၊ ဒါကြောင့် ကျွန်တော်တို့ လုပ်ရမှာက နိုင်ငံတော်အဆင့် ကော်မရှင်ဖွဲ့ပြီး ကြေးနီတောင် အပါအဝင် နိုင်ငံတော် အဆင့် စီမံကိန်း အားလုံးရဲ့ စာချုပ် တွေပြန်စိစစ် Investor တွေနဲ့ပြန်ညှိ ဖို့တောင်းဆိုရမှာပါ၊ စာချုပ် တွေ ဖျက်သိမ်းဖို့ကို အားမပေးပါ၊ အရင်စာချုပ်တွေပြန်ညှိ၊ နောက်လာမဲ့စာချုပ်တွေကို သေချာ စိစစ်ပြီး မသာမနာ ရအောင် အကြံပေးနိုင်တဲ့ တတ်သိပညာရှင်များ၊ နဲ့ပါ သင့်သူများပါတဲ့ Foreign Direct Investment Advisory ကော်မရှင်ကို မှန်ကန်စွာ ဖွဲ့နိုင်ရင် ပြည်တွင်းလဲ လေးစား၊ ပြည်ပလဲ လေးစားပြီး လက်ရှိပြသနာတွေ လဲပြေလည်၊ Investment အသစ်တွေလဲ ပိုပြီး ဝင်လာနိုင်ပါတယ်၊ By Wanna More
    • ဘာပဲဖြစ်ဖြစ် တခြားနိုင်ငံတွေကလိုမျိုး.. ခံခဲ့ရတဲ့ ပြည်သူနဲ့ သံဃာတော်တွေကို သမ္မတက တောင်းပန်လိုက်သင့်တယ်။  witch83 
    • သိုးကလေး ပြောသလို... အကြမ်းဖက်ဖြိုခွင်းမှု ကိစ္စကို ဘာ့ကြောင့်ဖြစ်တာလဲ သိအောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပီး စုံစမ်းရေး ကော်မရှင်ဖွဲ့ထားကြောင်း၊ ဒဏ်ရာရခဲ့တဲ့ သံဃာတော်များကို လိုအပ်တဲ့ စောင့်ရှောက်ကုသမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ၊ စီမံကိန်းရဲ့ အကြောင်းအရာ အစစ်အမှန်များကိုလဲ ကော်မရှင်က စုံစမ်းပီးတဲ့ အခါ ပြည်သူသိအောင် တင်ပြသွားမှာ ဖြစ်ကြောင်း၊ မည်သို့ကြောင့် ယခုကဲ့သို့ မီးလောင်နှိမ်နင်းမှု ဖြစ်ပေါ်ခဲ့သလဲ မသိရသေးပေမဲ့ ဖြစ်ခဲ့တဲ့ အကြောင်းအရာအတွက်တော့ ပြည်သူများအားလုံးနဲ့ ဒါဏ်ရာရ သံဃာများကို တောင်းပန်ကြောင်း၊ နောက်နောင် အဲ့ဒီလို အကြမ်းဖက်နှိမ်နင်းမှုမျိုး မဖြစ်ပေါ်အောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း...သမ္မကြီးက TV ကနေ.. အဲ့လိုမျိုးလေး တောင်းပန်သင့်ပါတယ်။ 
    ဒါဆို မဖြစ်သင့်တာတွေ မဖြစ်တော့ဘဲ ပြည်သူတွေလည်း ကျေနပ်သွားမှာပါ။ ခုဆို တခြားနေရာတွေမှာပါ  ဆန္ဒပြနေပါပြီ။ ဒီလက်ပတောင်းတောင်အရေးကနေ တခြားနေရာတွေမှာပါ ပြန့်ပြီး မဖြစ်သင့်တာတွေ မဖြစ်အောင်လုပ်ဆောင်သင့်ပါတယ်လို့ပြောရင်း ဒီပို့(စ်)လေးကို အဆုံးသတ်လိုက်ပါတယ်။

    Thank you for reading this post
    13-12-12 ( 12:42PM; GMT+8)
    To Continue Reading

    December 04, 2012

    Pooja Chopraနှင့် သူမ၏မိခင်

    Pooja & her Mum
    "ကျမ..ဘယ်က စပြောရမှန်းတောင် မသိတော့ပါဘူး။ တကယ်ကို ဆိုးရွားခဲ့တဲ့အချိန်တွေပါပဲ။ ကျမရဲ့ ခင်ပွန်းဟာ ဘယ်သူဆိုတာ မိဘတွေက စီမံထားပြီးသားပါ။ ဒါပေမဲ့.. ဒီကိစ္စ စဖြစ်ခဲ့တဲ့အချိန်ကစပြီး ကျမရဲ့အိမ်ထောင်ရေးဟာ ပြိုပျက်ဖို့ ဖြစ်လာပါတယ်။ တခြားအမျိုးသမီးတွေနည်းတူ.. ကျမရဲ့အိမ်ထောင်ရေးကို တတ်နိုင်သလောက် ပြန်ဆယ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

    ကျမရဲ့ ယောက္ခမတွေကတော့ သားယောကျာင်္းလေးမွေးဖွားဖို့ အကြံပေးပါတယ်။ ယောကျာင်္းလေးသာ မွေးလာခဲ့ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ဆိုကြပါတယ်။ ကံမကောင်းချင်တော့ ကျမရဲ့ ပထမဦးဆုံးကလေးက မိန်းကလေးဖြစ်နေခဲ့ပါတယ်။ ဒါကို ကျမ မရှောင်လွှဲနိုင်ခဲ့ပါဘူး။ ကျမရဲ့ဖခင်ဖြစ်သူ ဆုံးပါးထားပြီးတဲ့အပြင် ကျမရဲ့အစ်ကိုကလည်း ဘာတာမှာ သိပ်.. စီနီယာမကျတဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒါကြောင့် ကျမရဲ့မိသားစုအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်ချင်ခဲ့ပါဘူး။ ကာလကတ္တားမှာရှိတဲ့ ကျမ.. အိမ်ထောင်ရှိရာ.. အိမ်နေရာမှာပဲ ဆက်နေခဲ့ပါတယ်။

    ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ကျမရဲ့ ယောက္ခမကို ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ သူမကို ရေချိုးပေးနေရင်း "သူမဟာ ကျမကို ကောင်းချီးပေးလိမ့်မယ်။ အားလုံး အဆင်ပြေသွားအောင် လုပ်ပေးလိမ့်မယ်"လို့ ကျမကိုကျမ ပြောနေခဲ့ပါတယ်။ 

    အဲ့ဒီအရာတွေအားလုံးကို ကျမ ဘယ်လိုများ မြိုသိပ်၊သည်းခံခဲ့လည်းဆိုတာကို မသိတော့ပါဘူး။ ဘယ်လောက်ပဲ သိပ်ချစ်တတ်တဲ့သူ၊ အချစ်ကို ကိုးကွယ်တတ်တဲ့သူဖြစ်နေပါစေဦးတော့..  ယောကျာင်္းတစ်ယောက်အနေနဲ့ .. အနည်းဆုံးတော့... သူ့ချစ်သူအမျိုးသမီးကို သူ့ဇနီးရှေ့ မှောက်မှာ ချစ်ပြ၊ ကြင်နာပြနေဖို့ မသင့်ပါဘူး။ အဲ့ဒါတွေရဲ့နောက်မှာတော့ သူ.. ကျမကို.. ကိုယ်ထိလက်ရောက် ရိုက်နှက်လာခဲ့ပါတော့တယ်။ အဲ့ဒီအချိန်ထိတိုင်အောင် ကျမဟာ ကျမရဲ့အိမ်ထောင်ရေးကို ဆက်လက် ရှင်သန်နေသေးစေချင်ခဲ့ပါတယ်။ ကျမဟာ သက်သက်လွတ်စားတဲ့သူ ဖြစ်ပေမဲ့၊ သူများ စိတ်ကျေနပ်မလားဆိုပြီး အသားဟင်းတွေချက်ဖို့ လေ့လာခဲ့ပါတယ်။

    ဒီလိုနဲ့ ကျမ.. ကိုယ်ဝန် ထပ်ရှိလာပြန်ပါတယ်။ Pooja ကို ကိုယ်ဝန်ရှစ်လရှိတဲ့အချိန်မှာ ကျမခင်ပွန်းဟာ မိန်းကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာပြီး သူမကို လက်ထပ်မယ်လို့ ကြေငြာပါတယ်။ ကျမ ကိုယ့်ကိုကိုယ် သတ်သေဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ခု..မွေးလာမဲ့ကလေးဟာ ယောကျာင်္လေးများဖြစ်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့ ကျမ အသက်..ဆက်ရှင်ခဲ့ပါတယ်။

    Pooja ကိုမိန်းကလေးတစ်ယောက်အနေနဲ့ မွေးဖွားခဲ့ပြီးတဲ့အခါမှာတော့ ... ကလေးမွေးပြီး (၃)ရက်မြောက်သည်အထိ ဘယ်သူမှ ဆေးရုံကို ရောက်မလာကြပါဘူး။ ကျမရဲ့ဆန့်ကျင်ဘက်ကုတင်မှာရှိတဲ့ တပ်စုမှုးတစ်ဦးရဲ့ဇနီးဖြစ်သူဟာ Poojaအတွက် ဝတ်စရာကလေးအကျီင်္လေးတွေကို ပေးခဲ့တဲ့ ကြင်နာတတ်တဲ့သူ ဖြစ်ပါတယ်။ Poojaအသက် .. ရက်(၂၀)ရှိသွားတဲ့အချိန်မှာတော့ ကျမဟာ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရပါတော့တယ်။ အသက်ခုနှစ်နှစ်ရှိပြီဖြစ်တဲ့ ရှုဘရာနဲ့ ပူဂျာကိုခေါ်ပြီး အဲ့ဒီအိမ်ကနေ ထွက်ခွာခဲ့ပါတယ်။ အဲ့ဒီကတည်းက  ဒီအချိန်ထိတိုင်အောင် ကျမရဲ့ ခင်ပွန်းသည်ကို မတွေ့ရတော့ပါဘူး။ အဲ့ဒီအိမ်က ထွက်လာခဲ့တဲ့အချိန်မှာ ကျမဟာ ရိုတီပလာတာတစ်ချပ်တည်းရှိရင်တောင် ကျမတို့(၃)ယောက် အတူတကွ ခွဲဝေစားပါမယ်လို့ ကျမကိုယ်ကျမ ကတိပြုခဲ့ပါတယ်။

    ကျမရဲ့မိခင်နဲ့ အိမ်ထောင်ကျသွားပြီဖြစ်တဲ့ ကျမရဲ့အစ်ကိုတို့ရဲ့ ထောက်ပံ့ကူညီမှုနဲ့ မွန်ဘိုင်းမြို့ မှာ ကျမရဲ့ဘဝကို ပြန်စခဲ့ပါတယ်။ အကောင်းမွန်ဆုံး အခြေအနေတော့ မဖြစ်ခဲ့ပါဘူး။ ကျမတို့ဟာ ကလေးတွေ ရှိလာတဲ့အခါမှာ ... နေရာ၊ ငွေကြေး၊ စားစရာ.. စသဖြင့် အရာရာဟာ မပြည့်စုံတော့ပါဘူး။ ကျမဟာ Taj Colabaမှာ အလုပ်စလုပ်ခဲ့ပြီး နေဖို့နေရာ ရခဲ့ပါတယ်။ ဘယ်လိုများ ကျမဘဝကို ဖြတ်သန်းခဲ့လဲဆိုတာ သိချင်ပါသလား? အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျမဟာ အလုပ်မသွားခင်... ကြမ်းပြင်ပေါ်မှာ အခင်းတစ်ခုခင်းပြီး... အဲ့ဒီအပေါ်မှာ  နွားနို့ နှစ်ခွက်ရယ် စားစရာအချို့ ရယ်ကိုတင်ပြီး အိမ်ကို အရှေ့ ကနေ သော့ပိတ်ခဲ့ပါတယ်။ သော့ကိုတော့ အိမ်နီးချင်းဆီမှာ ထားခဲ့ပြီး .. ကျောင်းသွားချိန်ရောက်ရင် ကလေးတွေကို အော်ပြောဖို့မှာထားခဲ့ရပါတယ်။

    ကျမ အလုပ်နောက်ကျတဲ့နေ့တွေမှာ ကလေးနှစ်ယောက်ဟာ သူတို့ရဲ့ သေးသွယ်တဲ့ လက်ကလေးတွေနဲ့ ကိုယ့်ဘာသာကိုယ် အိမ်စာလုပ်ပြီး၊ ကိုယ့်ဘာသာကိုယ် ထမင်းစားခဲ့ကြပါတယ်။ သမီးအကြီး Shubhraက  Pooja ကို စာစစ်ပေးပါတယ်။ ဒါဟာ သူတို့ ဘယ်လိုကြီးပြင်းနေထိုင်လာခဲ့လဲဆိုတာရဲ့ အဖြေပဲဖြစ်ပါတယ်။ မွေးနေ့ပွဲတစ်ခုကပြန်လာတဲ့ Poojaဟာ သူရခဲ့တဲ့ကိတ်မုန့်တစ်စိတ်ကိုထုတ်ပြီး သူ့အစ်မနဲ့အတုစားဖို့ သယ်လာတတ်ပါတယ်။ Shubhra အလုပ်စလုပ်တဲ့အချိန်မှာတော့ သူမဟာ နေ့လည်စာမစားဘဲ ကြက်သားဆန်းဒွတ်(ခ်ျ)တစ်ခုကို ဝယ်လာပြီး နောက်တစ်နေ့ သူ့ညီမရဲ့ ထမင်းဘူးထဲကို ထည့်ပေးတတ်ပါတယ်။
    Pooja with her sister
    "အရှင်ဘုရား ... တပည့်တော်မရဲ့ အရင်ဘဝက မကောင်းမှုတွေအတွက် တပည့်တော်မကို အပြစ်ပေးပါ။ ဒါပေမဲ့ တပည့်တော်မရဲ့ အပြစ်မဲ့တဲ့ ကလေးတွေကိုတော့ ခွင့်လွှတ်ပေးပါဘုရား။ သူတို့လေးတွေရဲ့ အခြေခံလိုအပ်ချက်လေးတွေကိုတော့ တပည့်တော်မကို ဖြည့်ဆည်းပေးပါဘုရား"လို့ ကျမ အမြဲ ဆုတောင်းခဲ့ဖူးပါတယ်။ သူတို့ရဲ့ ဖိနပ်၊ ခြေအိတ်၊ ကျောင်းဝတ်စုံတွေဝယ်ပေးဖို့အတွက် ကျမ ရုန်းကန်ခဲ့ရပါတယ်။ Pooja ဟာ ကျမအိမ်ကနေ ဘတ်(စ်)ကား (၄)ဂိတ်စာရှိတဲ့ သူမရဲ့ကျောင်းကို လမ်းလျှောက်သွားခဲ့ပါတယ်။ လမ်းဖြတ်ကူးဖို့ သိပ်ငယ်လွန်းတော့ အနားက ဖြတ်သွားတဲ့သူတွေကို အကုအညီတောင်းရပါတယ်။ သူတို့ကိုယ်ထဲကို နွားနို့ ထည့်ပေးနိုင်ဖို့အတွက် ဘတ်(စ်)ကားခတွေကို ဒီနည်းနဲ့ လျှော့ချခဲ့ရပါတယ်။

    Goa မှာ တစ်လကို ရုပီး ၆၀၀၀ရတဲ့အလုပ်ကို ရတဲ့အခါမှာတော့ ကျမတို့ရဲ့ဘဝဟာ စတင် ပြောင်းလဲလာခဲ့ပါတယ်။ ကျမရဲ့အလုပ်ရှင် Mr Chhabraနဲ့ သူ့ရဲ့ဇနီးဟာ ကျမကို ကြင်နာစွာနဲ့ ငွေထုတ်ချေးခဲ့ပါတယ်။ အဲ့ဒီနောက် ကျမရဲ့သမီးနှစ်ယောက် ကို Puneမှာရှိတဲ့ ကျမညီမအိမ်ကို လွှတ်လိုက်ရပါတယ်။ ကျမရဲ့မိခင်ကိုလည်း ကလေးတွေကိုကြည့်ဖို့ အဲ့ဒီအိမ်ကို လိုက်သွားခိုင်းလိုက်ပါတယ်။  Goaမှာ (၄)နှစ်အလုပ်လုပ်ပြီးတဲ့အခါမှာတော့ အိပ်ခန်းတစ်ခန်းပါတဲ့ အိမ်သေးသေးတစ်လုံးကို Puneမှာ ဝယ်လိုက်နိုင်ပါတယ်။ ( စကားချပ်။      ။ သူတို့ အဲ့ဒီအိမ်မှာ ခုချိန်ထိ နေတုန်းပါပဲ။) ကျမဟာ တစ်နေ့ကို ၁၆နာရီကနေ ၁၈နာရီလောက်အထိ အလုပ်လုပ်ခဲ့ပါတယ်။ တစ်ပတ်လုံး ခွင့်မယူဘဲ ခွင့်တွေစုပြီး တစ်နှစ်ကို သုံးလေးကြိမ်လောက်သမီးတွေကို သွားကြည့်ပါတယ်။

    Puneမှာ အိမ်ဝယ်ပြီး အလုပ်တစ်ခုရသွားတဲ့အချိန်မှာတော့ ကျမတို့ရဲ့ဘဝဟာ စတင် အခြေကျလာပါပြီ။ Blue Diamond ဟိုတယ်မှာ တစ်နှစ်လောက်အလုပ်လုပ်ပြီးတဲ့အခါမှာ ကျမဘဝကို ပြောင်းလဲစေတဲ့ Mainland China မှာ အလုပ်ဝင်နိုင်ခဲ့ပါတယ်။ ကျမတို့ team နဲ့ managementပိုင်းကလူတွေရဲ့ စဉ်းစားနားလည်ပေးမှုကြောင့်... ဟိုတယ်ဝန်ထမ်းတစ်ယောက်အနေနဲ့ မဖြစ်မနေလုပ်ရမဲ့ ညဘက်တွေအလုပ်လုပ်ရခြင်း၊ ခရီး မကြာခဏသွားရခြင်းတွေရှိခဲ့ပေမဲ့... ကျမရဲ့ ကလေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာအောင် ပြုစုပြိုးထောင်ပေးနိုင်ခဲ့ပါတယ်။

    Shubhraဟာ ကောလိပ်တက်နေစဉ်မှာပဲ Blue Diamond ဟိုတယ်မှာ အသက်အငယ်ဆုံးဝန်ထမ်းအနေနဲ့ အလုပ်ရခဲ့ပါတယ်။ အဲ့ဒီမှာ အလုပ်လုပ်ရင်းနဲ့ သူမရဲ့ မဟာစီးပွားရေးဘွဲ့ ကိုရအောင် ယူနိုင်ခဲ့ပါတယ်။ ယနေ့မှာတော့ သူမဟာ ရေတပ်မှာလုပ်နေတဲ့ ချိုသာဖော်ရွေတဲ့ ကက်သလစ်ဘာသာဝင်လူငယ်လေးနဲ့ လက်ထပ်ထားပြီး ချစ်ဖို့ကောင်းတဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

    ကျမဟာ အလုပ်ပြီးလို့ အိမ်ပြန်လာရင် သင်တန်းတွေတက်၊ စာတွေလေ့လာသင်ယူပြီး အိမ်အလုပ်တွေကိုလည်း ကိုယ့်ဘာသာကိုယ်ပဲ လုပ်ခဲ့တာပါ။ ဒီနှစ်တွေ တလျှောက်လုံး ဒီလိုပဲ ဖြတ်သန်းခဲ့ပါတယ်။ ဒီကာလအပိုင်းအခြားတွေမှာ Shubhraဟာ ကျမရဲ့ ကျောက်ဆူးဖြစ်ပြီး Poojaဟာကျမရဲ့ ကျောက်ဆောင်ပါပဲ။ ကျမ ပြိုလဲကျနေချိန်မှာ Poojaဟာ သူ့ရဲ့ လက်သေးသေးလေးတွေနဲ့ ကျမမျက်ရည်တွေကို သုတ်ပေးခဲ့ပါတယ်။ ကျမအတွက်ကျမ ပြောဆိုစရာတွေ မပြောနိုင်တော့တဲ့အချိန်မှာ Poojaဟာ ကျမအတွက် အရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ်။ သူမဟာ ကျောင်းစာမှာ ထူးချွန်တဲ့အပြင် တခြားလှုပ်ရှားမှုတွေမှာလည်း  ပါဝင်ခဲ့ပါတယ်။ သူမရဲ့ မော်ဒယ်လုပ်ငန်းအတွက် ဒေါက်ဖိနပ်အမြင့်တွေဝယ်ဖို့ လိုအပ်တဲ့အခါမှာလည်း သူမဟာ အထူးအဆန်းရှိုးတွေမှာ ဝင်ပါပြီး သူ့ပိုက်ဆံနဲ့သူ ဝယ်ခဲ့ပါတယ်။

    Pooja ဟာ TVပေါ်မှာ ပြောတဲ့စကားတွေဟာ သူ့ရဲ့နှလုံးသားထဲကလာတယ်ဆိုတာ ကျမသိပါတယ်။ သူမရဲ့မျက်လုံးတွေထဲမှာ အရည်တွေလဲ့နေတာကို ကျမမြင်နိုင်ပါတယ်။ သူ..ဆုရသွားတဲ့အချိန်မှာ ကျမတွေးမိတာကတော့.. အို..ဘုရားသခင်... ဒါဟာ ကျမသမီးပေါက်စလေးပါလား... ဆိုတာပါပဲ။

    ဒီနေ့မှာတော့ ကျမဆီမှာ ဘာနောင်တမှ မရှိတော့ပါဘူး။ ဘယ်လောက်ပဲ ထူထပ်တဲ့ တိမ်ဖြစ်ပါစေ.. သူ့မှာ ငွေမှင်ရောင် အနားသတ်တော့ ရှိတယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ အမေတစ်ယောက်အနေနဲ့ ဘာမှ ကြီးကျယ်မြင့်မြတ်တာ ဘာမှ ကျမ  မလုပ်ခဲ့ရပါဘူး။ ဒါပေမဲ့... ဒီကလေးမလေးဟာ တစ်နေ့မှာ ကျမ ဂုဏ်ယူရမဲ့သူဖြစ်စေရမယ်ဆိုပြီး ကျမကိုယ်ကျမ ကတိပေးခဲ့ပါတယ်။"

    ........... ဒီစကားတွေကို ပြောခဲ့သူကတော့ Miss World India 2009 ဆုရခဲ့တဲ့ Pooja Chopra
    ရဲ့မိခင် Neera Chopraပဲ ဖြစ်ပါတယ်။
     
    Miss World India 2009, Pooja Chopra
    With her mom after crowning
    သူမအမေ... ကိုယ့်ကိုကိုယ်ပေးခဲ့တဲ့ ကတိကို Pooja က ပြည့်ဝအောင် ဖြည့်စည်းပေးခဲ့ပြီး ဒီလို ပြောခဲ့ပါတယ်....
    "ကျမရဲ့အသက် ရက်(၂၀)ရှိတုန်းက .... သမီးမိန်းကလေးဖြစ်တဲ့ကျမနဲ့ သူမရဲ့ခင်ပွန်းသည်.. ဘယ်သူကိုရွေးမလဲဆိုပြီး ကျမရဲ့အမေကို ရွေးချယ်မှုတစ်ခု လုပ်ခိုင်းခဲ့ပါတယ်။ ကျမရဲ့အမေဟာ ကျမကို ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီအိမ်ကနေ ထွက်လာခဲ့တဲ့အခါမှာ ကျမအမေဟာ သု့ယောကျာင်္းကို နောက်ပြန်လှည့်ကြည့်ပြီး ... ဒီကလေးမလေးဟာ တစ်နေ့မှာ ကျမ ဂုဏ်ယူရမဲ့ကလေး ဖြစ်လာစေရမယ်... လို့ ပြောခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ ရောက်လာခဲ့ပါပြီ။ သူမရဲ့ယောကျာင်္းဟာ .. သူမကို စွန့်လွှတ်ပြီး... သူ့ကို သားနှစ်ယောက်မွေးပေးတဲ့ အမျိုးသမီးတစ်ဦးကို လက်ထပ်သွားခဲ့ပါတယ်။ ဒီနေ့မှာတော့ Miss Indiaအနေနဲ့ ကျမရဲ့ခေါင်းပေါ်မှာ သရဖူဆောင်းပြီး Miss World ပြိုင်ပွဲမှာ အောင်မြင်မှုတွေရဖို့ လွှတ်ခံရတဲ့သူဟာ သူ့သမီးဖြစ်ပါတယ်ဆိုတာ ကျမအဖေသိမသိ.. ကျမ မသိပါဘူး။

    ကျမတို့ရဲ့ဘဝတွေဟာ (အနည်းဆုံးတော့ ကျမအမေအတွက်) ခက်ခဲခဲ့ပါတယ်။ သူမရဲ့အလုပ်ကို တည်မြဲအောင်လုပ်ရင်း.... ကျမတို့ ညီအမတွေအတွက် အကောင်းဆုံးဖြစ်အောင်... ကျမအမေဟာ.. ငွေရေးကြေးရေးအရရော.. စိတ်ခံစားချက်အရပါ .. ရုန်းကန်ခဲ့ရပါတယ်။ ကျမ မော်ဒယ်အလုပ်ကို စလုပ်မယ်ဆိုတော့  ကျောင်းကအဆင့်တွေ လုံးဝ မကျစေရဘူးဆိုတဲ့ သဘောတူညီချက် ကျမအမေနဲ့ ထားရှိခဲ့ရပါတယ်။

    ဒီမှာရှိတဲ့ အလှမယ်တွေအားလုံး ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျမရဲ့တွန်းအားကတော့ ကျမအမေရဲ့ အနစ်နာခံမှုနဲ့ သူမရဲ့ ကံတရားအတွက်ပါ။ ဒီနေ့မှာ လူတွေဟာ ကျမကိုခေါ်ပြီး ဂုဏ်ပြုခဲ့ကြပေမဲ့ တကယ်တော့ ဒီအောင်မြင်မှုကို ပေးသင့်တဲ့သူဟာ ကျမအမေပါ။ သူမဟာ တကယ့်ကို စံပြ အမျိုးသမီးစစ်စစ် ဖြစ်ပါတယ်။ သူမဟာ ကျမရဲ့ အလင်းရောင်၊ ကျမရဲ့ လမ်းပြကြယ်၊ ကျမရဲ့တွန်းအားပါပဲ"

    .........................................................................................................

    အထက်ဖော်ပြပါ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကတော့ Miss India World 2009 ဆုရှင် Pooja Chopra နဲ့ သူမမိခင်တို့ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

    Poojaကို (၁၉၈၅)ခုနှစ်မှာ မွေးဖွားခဲ့ပြီး မိခင်ဖြစ်သူနဲ့ မိခင်ဘက်ကအဖွားဖြစ်သူတို့ရဲ့ ပြုစုပြိုးထောင်ခြင်းကို ခံခဲ့ရပါတယ်။ ကျောင်းစာမှာ ထူးချွန်သူတစ်ဦးဖြစ်ပြီး သူမ တက်ခဲ့တဲ့ St Thomas Academy ကျောင်းမှာ (၂၅)နှစ်အတွင်း ဘယ်သူမှ မရဘူးခဲ့တဲ့ အမှတ်ကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။ Mount Camel ကျောင်းမှာလည်း သူမဟာ top student ပါပဲ။

    Miss Perfect 10, Miss Catwalk, Miss Beautiful Smile, Talwarkars Best Body and Nakshatra Miss Sparkling Beautyဘွဲ့ တွေကို ရပြီးတဲ့နောက် Miss East India 2009 ဘွဲ့ကို ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ ရရှိပြီး Femina Miss India 2009 ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ.. top ten finalist ထဲ ဝင်ခဲ့ပါတယ်။ (၂၀၀၉ )ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှာတော့ Pooja ဟာ  Pantaloons Femina Miss India-World 2009ဆုကို ရရှိသွားပါတယ်။ အောက်မှ ထည့်ပေးထားတဲ့ clip အတိုလေးကတော့ သူမ.... ပြိုင်ပွဲဝင်တုန်းက ဖြေထားတဲ့အဖြေလေးတွေပါ။



    L --> R, Miss Universe, Miss Earth & Miss World ( India, 2009)
    Miss World 2009 ပြိုင်ပွဲကို သွားပြိုင်နေတဲ့အချိန်မှာ Pooja ဟာ Miss World final မရောက်မီ တစ်ပတ်အလိုမှာ လေယာဉ်ပေါ်ကအဆင်းမှာ ခြေသပွတ်တိုင် လိမ်သွားပါတယ်။ ဆရာဝန်တွေက သူမကို အိပ်ရာပေါ်မှာလှဲပြီး (၃)ပတ်နားခိုင်းပေမဲ့ သူမဟာ..ဆက်ပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ Miss World Organization ရဲ့ ဥက္ကဋ္ဌ Julia Morley က Pooja ကို အကအစီအစဉ်မှာ တစ်ကွက်၊နှစ်ကွက်လောက်ပဲ ဝင်ပါဖို့ အကြံဥာဏ်ပေးပါတယ်။ အဲ့ဒါကြောင့် သူမဟာ ကကွက်အချို့ ပဲ ဝင်ကခဲ့ပါတယ်။ Pooja ဟာMiss World 2009ပြိုင်ပွဲမှာ "Beauty With a Purpose" ဆုကို ရခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် top sixteen finalists ထဲဝင်ခဲ့ပါတယ်။ (Miss World ပြိုင်ပွဲကတွေက နည်းနည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ အလှမယ်တွေအားလုံးကို မိတ်ဆက်ပေးပြီး.. အဖွဲ့ အလိုက် အကတစ်ခု အရင် ကပြပါတယ်။ နိုင်ငံတွေအားလုံးထဲကမှ ထူးခြားတဲ့ .. ကြည့်လို့လှတဲ့အကတွေဆို တစ်ယောက်ချင်းဆီ ပေးကပါတယ်။ semifinalist ပေးပုံကလည်း ဆန်းပါတယ်။ Miss Beach Beauty, Miss Talent, Miss Sport, Beauty with a purpose စသည်ဖြင့် ဆု(၆)ဆုပေးပြီး သူတို့ဟာ top-16 ထဲပါပါတယ်။)

    Pooja ရတဲ့ "Bauty with a Purpose" ဆုကတော့ "Miss World Scholarship" လို့ အရင်တုန်းက အမည်ပေးထားပါတယ်။ (၂၀၀၁)ခုနှစ်မှ စပေးတဲ့ဆုပါ။ အလှမယ်တွေလုပ်တဲ့ charity project တွေထဲကမှ.. သူတို့ တိုင်းပြည်အတွက် အသင့်တော်ဆုံးဖြစ်တဲ့ project ကိုလုပ်တဲ့  အလှမယ်ကို ဒီဆုပေးတာပါ။ Pooja ရဲ့ project ကတော့ အိန္ဒိယလို  "Nanhi Kali"လို့ ခေါ်ပါတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ပညာတတ်လာအောင်၊ ပညာတတ်ချင်လာအောင် ပြိုးထောင်ပေးတဲ့ အစီအစဉ်လေးပါ။ သူတို့လေးတွေမှာ အလားအလာဆိုတာရှိတယ်၊ အနာဂတ်ဆိုတာ ရှိတယ်၊ ပညာတတ်ရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို သိစေချင်တယ်လို့ ဆိုပါတယ်။ မိန်းကလေးအယောက် (၆၀၀)အတွက် စုစုပေါင်းမတည်ငွေရဲ့ သုံးပုံတစ်ပုံကို သူမစိုက်ထူခဲ့ပြီး .. နောက်ထပ် မိန်းကလေးတွေ အများကြီး ရှိပါသေးတယ်။ သူမအနေနဲ့ အလှုငွေအများကြီး ထပ်မထည့်နိုင်ပေမဲ့ အလှမယ်တစ်ယောက်အနေနဲ့ ရံပုံငွေ ရှာနိုင်တယ်လို့ ယူဆကြောင်း သူမက ပြောပါတယ်။

    (၂၀၀၉)ခုနှစ်မှာ ဒီဆုအတွက် စကာတင်ခဲ့သူတွေကတော့ Miss Barbados, Miss Guatemalaနဲ့ Miss India တို့ပဲ ဖြစ်ကြပါတယ်။ ခြေထောက်နာနေတဲ့ကြားက ရအောင်ပြိုင်တဲ့သူမို့ရော၊ သူမရဲ့ charity programme ဟာ ကောင်းလွန်းတာကြောင့်ပါ... Pooja ဟာ Miss World 2009ပြိုင်ပွဲမှာ အားပေးမှုအရဆုံးဆုရှင်  ဖြစ်ခဲ့ပါတယ်။ အစီအစဉ်ကြေငြာပေးတဲ့သူကတော့ "She's a tough girl" လို့ ဆိုပါတယ်။ စိတ်ဓါတ် တော်တော် ပြင်းထန်ပါတယ်။ ဒီဆုရတဲ့သူဟာ Miss India ပါလို့ပြောတော့ သူမ ဝမ်းနည်းဝမ်းသာနဲ့ ငိုပါတယ်။ သူမကို စကားပြောခိုင်းတော့ "ကျမ ဘာပြောရမှန်း မသိပါဘူး။ ကျေးဇူးတင်ပါတယ် မော်လေ ( Julia Morley, Chairman of the Miss World Pageant)"လို့ ငိုပြီး ပြောပါတယ်။ အောက်က movie clip ကလေးကတော့ သူမရဲ့ဆုရတဲ့အပိုင်းကလေးဖြတ်ထုတ်ထားတာပို youtube ပေါ်မှာတွေ့လို့ ထည့်ပေးထားတာပါ။



     Pooja ဟာ top-7 finalist ထဲမှာ မပါခဲ့ပေမဲ့.. သူ့နိုင်ငံက မိန်းကလေးတွေအတွက်တော့ ရံပုံငွေတွေရပြီး အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ အောက်ကဓါတ်ပုံကတော့ Home Coming ပွဲက ပုံပါ။

    Miss World 2009 ပြိုင်ပွဲမှ ပြန်လာတဲ့ Pooja
    သူမရဲ့ ဆုရခဲ့တဲ့နှစ်အတွင်းမှာ သူမဟာ Tata Docomo, Bajaj Allainz, Richfeel, Body and Soul, Roots Comb, Evolve Med Spa နဲ့ Juvederm Voluma brand တွေကို ကြော်ငြာပေးခဲ့ပါတယ်။ (၂၀၁၀)ခုနှစ် ဧပြီလ (၃၀)ရက်နေ့မှာတော့ Manasvi Mamgai ကို next Miss India Worldအတွက် သရဖူဆောင်းပေးခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်အတွက် အိန္ဒိယတိုင်း(မ်) မဂ္ဂဇင်းရဲ့ အလှဆုံးအမျိုးသမီး (၅၀) မှာ
    Pooja ဟာ နံပါတ် (၂၈)တက်ချိတ်ခဲ့ပါတယ်။





    နောက်ပိုင်းမှာတော့ မင်းသမီးအလုပ်ဘက်ကို ကူးပြောင်းလာပြီး အိန္ဒိယရဲ့ P2B ( Pageant to Bollywood) မင်းသမီးတွေထဲကတစ်ယောက် ဖြစ်လာပါတော့တယ်။ Pooja တစ်ယောက် ဒီထက် ပိုပြီး အောင်မြင်နိုင်ပါစေ၊ ဒီထက် အများအကြိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီပို့(စ်)ကို ဒီမှာ အဆုံးသတ်လိုက်ပါတယ်။

    စာရေးသူ၏အမှာ
    Pooja ဟာ သိပ်ပြီး အောင်မြင်တဲ့မင်းသမီးတော့ မဟုတ်ပါဘူး။ ကျမကြိုက်တဲ့ အလှမယ်ပုံစံလည်း မဟုတ်ပါဘူး။Miss India - Internation 2012 လိုပုံစံကမှ ကျမကြိုက်တဲ့ပုံစံပါ။ ဒါပေမဲ့ .. သူမရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးက လူကို ကြက်သီးထစေပြီး သုမကိုလေးစားမိလို့ အင်္ဂလိပ်လိုရေးထားတဲ့ true story လေးကို ဆီလျော်အောင် ဘာသာပြန်ပြီး .... ကျန်တဲ့ web site တွေကနေ သိရတဲ့သတင်းတစ်ချို့ကို ထည့်ပြီး ဒီပို့(စ်)လေးကို ရေးထားပါတယ်။ တစ်စုံတစ်ရာများ မှားယွင်းခဲ့သည်ရှိသော် ဘာသာပြန်သူ.. ကျမရဲ့အမှားသာ ဖြစ်ပါတယ်။

    စကားကြွင်း။     ။ ရေးပြီးတာကတော့ တနင်္ဂနွေညကတည်းကပါ။ အိပ်ငိုက်လွန်းလို့... proof လည်းမဖတ်ရသေးလို့ ဒီနေ့မှ ပြန်ပြင်၊ ပြန်စစ်ပြီး တင်လိုက်ပါတယ်။
    Thank You For Reading This Post.

    witch83
    (04/12/12; 11:08 AM; GMT+8)

    Reference
    1. http://gloryofchildhood.blogspot.sg/2010/09/pooja-chopra-femina-miss-india-2009.html
    2. http://en.wikipedia.org/wiki/Pooja_Chopra
    3. http://www.ndtv.com/article/india/injured-miss-india-is-beauty-with-a-purpose-13044
    4. http://www.missosology.org
    To Continue Reading

    အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

    Followers

    အားဆေးလေးတွေ...

    Cool Blue Outer Glow Pointer