" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

February 23, 2014

Timeless Beauty 2013

ရေးထားတာတော့ နှစ်ပတ်ကျော်လောက် ရှိပါပြီ။ အချောပြန်သတ်ပြီး စာစစ်ဖို့ကျန်နေတာကို.. မလုပ်ဖြစ်တာနဲ့ ပို့(စ်)က ကြာသွားပါတယ်။ သတင်းကတော့ ဟောင်းနေပါပြီ။ ဒါပေမဲ့ ရေးပြီးသား မဖျက်ချင်တာနဲ့ တင်လိုက်ပါတယ်။ သတင်းက ဟောင်းနေပေမဲ့ မဖတ်ရသေးရင်တော့ အသစ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။း)
+ + + + +

Missosology Org က Timeless Beauty 2013ဆုကို ဖေဖော်ဝါရီလ (၄)ရက်နေ့က ကြေငြာလိုက်ပါပြီ။ Miss World first runner-up ဖြစ်တဲ့ Marine Lorphelin က ဆုရသွားပါတယ်။ ဆုရတဲ့အယောက် (၂၀)ရဲ့ပုံတွေနဲ့ သူတို့အကြောင်း အနည်းငယ်ကို သူတို့ရတဲ့ နံပါတ်အလိုက် စီပြီး အောက်မှာ ရေးထားပါတယ်။

(1) Marine Lorphelin (Timeless Beauty 2013 Winner, Miss World 2013 First Runner-up)

ပြင်သစ်အလှမယ် Marine ကိုတော့ ဟိုးအရင်တုန်းကတည်းက ကြိုက်တာပါ။ Miss World 2013 first runner-up ပါ။ သူ့ကို အဓိက ကြိုက်ရတဲ့အကြောင်းရင်းက ရုပ်တွေ၊ ကိုယ်လုံးတွေထက် ရိုးသားပွင့်လင်းပြီး personality ကောင်းလို့ပါ။

ပွင့်ပွင့်လင်းလင်းပြောရရင် MW2013 ပြိုင်ပွဲတုန်းက Megan Yongကို မကြိုက်ခဲ့ပါဘူး။ နောက်ပိုင်းတော့ Megan ကို တဖြေးဖြေး သဘောကျလာပါတယ်။ သူ... ideal beauty နဲ့ global beauties တို့ကနေ ဆုတွေရသွားတော့လည်း ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့လည်း မသိဘူး။ ဒီ Timeless Beauty 2013 ဆုကိုတော့ Megan ကို မရစေချင်ပါဘူး။ ဒီလူတစ်ယောက်တည်း ဆုတွေ သိမ်းကြုံးယူနေတာကို မြင်ရတော့ ကြည့်ရတာ စိတ်ဝင်စားဖို့ မကောင်းတော့ပါဘူး။Meganရသွားမှာ စိုးရိမ်နေတဲ့အချိန်မှာ Marineက online poll မှာ အပြတ်အသတ် သာသွားတော့ တော်တော် ဝမ်းသာသွားပါတယ်။ ( ကိုယ်တိုင်တော့ မဲ..မဝင်ပေးဖြစ်ပါဘူး။)



Timeless Beauty 2013ဆုကို Meganရမလို ဖြစ်နေရာကနေ...  မနေ့ကတော့ Marine တစ်ယောက် Timeless Beauty 2013 ဆုရသွားတယ်ဆိုပြီး သတင်းတက်လာတာကို မြင်ရတော့ တော်တော် ဝမ်းသာသွားပါတယ်။ နောက်ဆုံး ဇကာတင် ကျန်တဲ့ မယ်သုံးယောက်မှာ သူ့ကို ကိုယ်က အကြိုက်ဆုံးမို့ပါ။  အသက် (၁၉ )နှစ်သာရှိသေးတဲ့ ဆေးကျောင်းသူ Marineအကြောင်းကို MW2013ပြိုင်ပွဲပို့(စ်)မှာတုန်းက တော်တော်များများ ရေးထားပြီးပြီမို့ ဒီပို့(စ်)မှာ အများကြီး မပြောတော့ပါဘူး။ ပုံတွေပဲ တင်ပေးလိုက်ပါတယ်။





(2) Patricia Rodriguez (Miss Universe 2013 First Runner-Up)

Miss World 2008 မှာတုန်းက top-15ဆုကို ရခဲ့ဖူးတဲ့ ...Miss Universe 2013 ရဲ့ first runner-upဖြစ်သူ စပိန်အလှမယ် Particia ဟာ timeless beauty 2013မှာ rank-2ပါ။ အဆင့်အတန်းရှိပြီး တည်ငြိမ်တဲ့ အလှပိုင်ရှင် တစ်ဦးပါ။ သူက အသက်(၁၇)နှစ်အရွယ်မှာ MW2008မှာ ဝင်ပြိုင်ခဲ့ပြီး (၂၂)နှစ်မှာ MU2013မှာ ဝင်ပြိုင်တာပါ။




(3) Megan Young (Miss World 2013)

Rank-3နေရာကိုတော့... American Fillipino လူမျိုး ... Miss World 2013 winner ဖြစ်တဲ့ ဖိလစ်ပိုင်နာမည်ကျော် မင်းသမီး Megan Young က ရသွားပါတယ်။ မျက်နှာလေးက ဆွဲဆောင်မှုလည်း ရှိတယ်။ သဘာဝအတိုင်းကို ညှို့ဓါတ်လည်း တော်တော် ပြင်းပါတယ်။ ကိုယ်လုံးရော၊ အရပ်အမောင်းရော လှတဲ့သူပါ။ အစက သိပ်မကြိုက်ပေမဲ့ နောက်ပိုင်း တော်တော်လေး သဘောကျမိတဲ့ အလှမယ်ပါ။







(4) Amy Willerton (Great Britain Universe)

Timeless Beauty 2013ရဲ့ 4th place ကို ချိတ်တဲ့သူကတော့ UKအလှမယ် Amy Wllertonပဲ ဖြစ်ပါတယ်။ သူဟာ MU2013ပြိုင်ပွဲ မစခင်ကတည်းက လူကြိုက်များတဲ့အလှမယ်ဖြစ်ပြီး ဆုမရတာကြာပြီဖြစ်တဲ့ UKကို top-10 ထိရောက်အောင် တက်လှမ်းနိုင်ခဲ့ပြီး အမောပြေစေခဲ့တဲ့ အလှမယ်ပါ။ ခန္ဓာကိုယ်တော်တော်တောင့်တင်းပြီး ဆံပင်အရမ်းလှပါတယ်။ အစပိုင်းကတော့ သူ့ကို လူကောင်ကြီးလို့မကြိုက်ပေမဲ့ နောက်ပိုင်းတော့ တော်တော်လေးကို သဘောကျမိတဲ့ အလှမယ်ပါ။ အရမ်းကို sweet ဖြစ်ပြီး ပြောတာဆိုတာ၊ နေတာထိုင်တာ တော်တော်လေးကို အဆင့်အတန်းရှိတဲ့ အလှမယ်ပါ။ attatitude လည်းကောင်းပြီး ဖော်ရွေတဲ့ အလှမယ်လည်း ဖြစ်ပါတယ်။




(5) Elena Iberia (Spain World)

Timeless Beauty 2013ရဲ့ rank-5ကို MW2013ပြိုင်ပွဲတုန်းက heavy favourite ဖြစ်တဲ့ စပိန်အလှမယ် Elena Iberia ( Miss Spain World, MW2013 #top-6) က ရသွားပါတယ်။ ကိုယ်ကြိုက်တဲ့မယ်မဟုတ်လို့ သု့အကြောင်းတော့ သိပ်မသိပါဘူး။





(6) Andjelka Tomasevic (Serbia Earth)

နံပါတ်(၆)နေရာကို ရသွားတဲ့သူကတော့ Miss Earth 2013ပြိုင်ပွဲမှာ top-8အထိ တက်လှမ်းနိုင်ခဲ့တဲ့ Serbia အလှမယ် Andejelka Tomasevic ပဲဖြစ်ပါတယ်။ အဲ့ပြိုင်ပွဲကို မကြည့်ဖြစ်လို့ သူ့ကို သေချာ မသိပေမဲ့ နောက်ပိုင်း သူ့ပုံတွေ တက်လာတော့မှ သတိထားမိပြီး သတင်းတွေ လိုက်ဖတ်၊ ဓါတ်ပုံတွေ၊ video clip တွေ ရှာကြည့်မိပါတယ်။ သူ့အလှက ကြည့်တာနဲ့ကို ထင်းနေအောင် သိသိသာသာ ရှိပါတယ်။ တော်တော်လေး လှတာပါ။ 2013ခုနှစ်ရဲ့ Grand Slamတွေမှာ စကာတင် ဝင်တဲ့ အလှမယ်လည်း ဖြစ်ပါတယ်။ နောက်ဆုံးသိရတဲ့သတင်းကတော့ သူဟာ ဒီနှစ်မှာကျင်းပမဲ့ Miss Universe 2014ပြိုင်ပွဲကို ဝင်ပြိုင်မယ် သိရပါတယ်။ All the best, Andjelka. I wish you all the best. ^^




(7)Punika Kunsuntornrat (Thailand Earth)

Miss Earth 2013ပြိုင်ပွဲရဲ့ 2nd runner-upဖြစ်တဲ့ ထိုင်းအလှမယ် Punika (Miss Earth-Water 2013)ကတော့ timeless beauty 2013မှာ rank-7ပါ။





(8)Anna Zayachkivska (Ukraine World)

Goddess Beauty, Anna Zayachkivska ကတော့ နံပါတ်(၈)ပါ။ ယူကရိန်းအလှမယ်ပါ။ MW2013မှာ top-20 ဝင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ လူကောင်တော့ နည်းနည်း သေးပါတယ်။






(9) Paulina Krupinska (Poland Universe)

MU2013 ပွဲမှာ လူကြိုက်အရမ်းများပြီး တစ်ကြိုပြေးပြီးမှ semi-finalistတောင် မဝင်ခဲ့တဲ့ ကျမရဲ့အချစ်တော် ပိုလန်အလှမယ် Paulina Krupinskaကတော့ timeless beauty 2013ရဲ့ နဝမနေရာမှာ ရှိပါတယ်။ :) (၂၀၁၃)ခုနှစ်ရဲ့ မယ်စကြာဝဠာပြိုင်ပွဲမှာတော့ .. MU org ရဲ့ sponsor fundအတွက် MTVတွေ ဝင်ရိုက်ရ၊ Fashion Show တွေ ဝင်လျှောက်ပေးရပြီးမှ Miss Photogenic ဆုနဲ့သာ ကျေနပ်ခဲ့ရသူပါ... MU2013 final night တုန်းက (၁၅)ယောက်မြောက်semi finalistကို ကြေငြာပြီးတဲ့အထိ သူ့နာမည်ပါမလာတော့ ကင်မရာမင်းကို သူ့ဘက်ကို ထိုးပြီးရိုက်ပြလိုက်တုန်းက မြင်လိုက်ရတဲ့ ကြောက်ပြီးအံ့သြနေတဲ့ သူ့မျက်နှာလေးကို ခုထိ မျက်စိထဲမှာ ပြန်ဖော်လို့ရပါသေးတယ်။ My poor Paulina!





(10) Nathalie Den Dekker (Netherlands International)

Timeless Beauty 2013 ရဲ့ rank-10 နေရာကို ရယူသွားသူကတော့ နယ်သာလန်အလှမယ် Nathalie ပါ။ Miss International 2013ပြိုင်ပွဲရဲ့ first runner-upပါ။ ဖော်ရွေပြီး အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းနဲ့ အလှအပကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။




(11) Olga Storozhenko (Ukraine Universe)

Timeless Beauty 2013 ရဲ့ နံပါတ်(၁၁)ကို ယူကရိန်းအလှမယ် Olga Storozhenko က ရသွားပါတယ်။ MU2013 local heavy favorite ဆိုလည်းဟုတ်၊ beauty pageant ပရိသတ်တွေရဲ့ favorite  ဆိုလည်းဟုတ်တယ်လို့ ပြောလို့ရတဲ့မယ်ပါ။ Olgaဟာ MU2013ပြိုင်ပွဲတုန်းက top-10အထိ တက်လှမ်းနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။






(12) Maria Gabriela Isler (Venezuela Universe, Miss Universe 2013 Winner)

Miss Universe 2013 winner ဖြစ်တဲ့ Venezuela အလှမယ် Maria Gabriela Isler ( အများကတော့ သူမကို Mollyလို့ပဲ ခေါ်ကြပါတယ်။) ကတော့ နံပါတ်(၁၂)နေရာမှာပါ။ ကိုယ်လုံးနဲ့အရပ် အချိုးကျပြီး ကိုယ်လုံးလည်း တော်တော်လှပါတယ်။ ပြီးတော့ physicallyရော mentallyပါ well-prepared ... well-trained လို့ပြောလို့ရတဲ့ အလှမယ်လည်း ဖြစ်ပါတယ်။ အသက်ကတော့ (၂၅)နှစ် ရှိပါပြီ။ ဒါပေမဲ့ ခက်တာက သူမက လက်ရှိထက် အသက် ပိုကြီးတယ်လို့ ထင်ရပြီး သူမ အလှက သဘာဝမကျပါဘူး။ elegant တော့ ဖြစ်ပါတယ်။ ဓါတ်ပုံလည်း စားပါတယ်။









(13) Sigrún Eva Ármannsdóttir (Iceland International)

Miss International 2013မှာ Top-15ဝင်ခဲ့တဲ့ Icelandအလှမယ်ကတော့ အဆင့်(၁၃)နေရာကို ရသွားပါတယ်။ သူ့အကြောင်းကို သိပ်မသိပေမဲ့ ကျမကတော့ သူ့ကို (၁၃)ရလောက်အောင် လှတယ် မထင်ပါဘူး ( Just my own opinion) ။ သူမဟာ Miss World 2011မှာ ဝင်ပြိုင်ဖူးပါတယ် ( Did not place) ။ Miss Supranational 2012မှာလည်း ဝင်ပြိုင်ခဲ့ပြီး Top-20 ရခဲ့ပါတယ်။



 
(14) Monic Pérez (Puerto Rico Universe)

ဓါတ်ပုံအရမ်းစားပြီး Miss Elegance လို့ လူတွေ အပြောများကြတဲ့ Puerto Rico အလှမယ် Monic Pérez ကတော့ နံပါတ် (၁၄)နေရာကို ချိတ်ပါတယ်။ သူက အရပ်ရောနဲ့ ကိုယ်လုံး တော်တော် အချိုးကျပါတယ်။ မျက်နှာလေးလည်း လှပြီး ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမဲ့... မာန အလွန် ကြီးပြီး ပေါင်းရ၊ သင်းရ နည်းနည်းခက်တယ်လို့ နာမည်ကျော်ပါတယ်။

Monic လည်း MU2013ပွဲတုန်းက ပွဲတိုင်းကျော် အရွေးခံရတဲ့သူပါ။ ဒါပေမဲ့ top15 seminfinalist မှာတင် ရပ်သွားပါတယ်။ top10 မှာမပါဘဲ ပြုတ်သွားလို့ စင်နောက်မှာ အရမ်း ငိုခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ ချစ်သူဟောင်းက စင်နောက်လာပြီး နှစ်သိမ့်ပေးရတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် သူမဟာ တော်တော် strong ဖြစ်တဲ့သူပါ။ သူ့ကိုယ်သူ.. အကောင်းဆုံး ပြင်ဆင်ထားပြီး ယုံကြည်ချက်လည်း တော်တော်ရှိတဲ့သူပါ။ ဒီလို top15 နဲ့တင် ပြီးသွားတဲ့အတွက် သူ.. တော်တော်လေး ထိခိုက်သွားပုံပါပဲ။ MU2013 ပွဲပြီးခါစတုန်းက အင်တာဗျူးတော်တော်များများမှာ အဲ့အကြောင်းပြောတုန်း သူ... မျက်ရည်လည်လည်လာတာ ခဏခဏ တွေ့ရပါတယ်။ ဒါပေမဲ့ .. အရည်အချင်းရှိပြီး လှသူမို့ MU2013 ပွဲ ပြီးပြီးချင်းကို US နာမည်ကျော် Model company တစ်ခုက သူမကို စာချုပ်ချုပ်ဖို့ ကမ်းလှမ်းခြင်းကို ခံရပါတယ်။






(15) Alyz Henrich (Miss Earth 2013)

Miss Earth 2013 winnerဖြစ်တဲ့ ဗီနီဇွဲလားအလှမယ် Alyz Henrichကတော့ rank 15 မှာပါ။ ကိုယ်လုံးရော၊ မျက်နှာပါလှတဲ့ အလှမယ်ပါ။ ကျမကတော့ Miss Universe 2013 winner ဗီနီဇွဲလားအလှမယ်ထက် Alyz ကို ပိုကြိုက်ပါတယ်။ Alyz က ပိုပြီး natural ကျတယ်လို့ ခံစားမိပါတယ်။





(16) Olivia Jordan (USA World)

Miss World 2013ရဲ့ semifinalကို ဝင်ခဲ့တဲ့ USAရဲ့ အလှမယ် Olivia Jordan ကတော့ နံပါတ် (၁၆)မှာပါ။ ကျမကတော့ သူ့ကို လှတယ်လို့ မခံစားမိပါဘူး။ ပိန်လွန်းတယ်လို့ ထင်မိပါတယ်။


 

(17) Sancler Frantz, Brazil World

Beauty Grand Slam pageတွေမှာ နာမည်ကြီးတဲ့  Miss World 2013 ပြိုင်ပွဲမှာ top-5 ဝင်ခဲ့တဲ့ ဘရာဇီးအလှမယ် Sancler Frantz ကတော့ Missosologyရဲ့ Timeless Beauty 2013 မှာ နံပါတ်(၁၇)ပဲ ရပါတယ်။ သူများတွေတော့ မသိဘူး။ ကျမကတော့ သူ နံပါတ် (၁၇)ပဲရတာ အံသြမိပါတယ်။ မျက်နှာရော၊ ကိုယ်လုံးရော လှတဲ့ အလှမယ်ပါ။ ဆွဲဆောင်မှုလည်း ရှိပါတယ်။





(18) Carranzar Shooter (Ghana World)

နံပါတ် (၁၈)ကိုတော့ Miss World 2013 second runner-up ဖြစ်တဲ့ ဂါနာအလှမယ် Carranzar Naa Okailey Shooter က ရသွားပါတယ်။ မျက်နှာ တော်တော် လှတဲ့ လူမည်းအလှမယ်ပါ။း)





(19) Catherine Choi ( Korea Earth)

Miss Earth 2013 ပြိုင်ပွဲရဲ့ 3rd runner-up  ( Miss Fire 2013) ဆုပိုင်ရှင် Catherine Choiဟာ Timeless Beauty 2013မှာ နံပါတ်(၁၉ ) ချိတ်ပါတယ်။ သူမရဲ့ မိခင်ဟာ တောင်ကိုရီးယားလူမျိုးဖြစ်ပြီး အဖေဖြစ်သူကတော့ စပိန်နဲ့ပေါ်တူဂီလူမျိုးစပ်ထားတဲ့ ဘရာဇီးနိုင်ငံသားပါ။ အသက်ကတော့ (၂၄)နှစ် ရှိပါပြီ။





(20) Kristal Silva (Mexico Earth)

နံပါတ်(၂၀)ကိုတော့ Miss Earth 2013ပြိုင်ပွဲမှာ top-8ဝင်ခဲ့တဲ့ မက်ဆီကိုအလှမယ် Kristal Silva က ရသွားပါတယ်။




Timeless Beauty 2013ရဲ့ အလှမယ် အယောက်(၂၀)အကြောင်းတွေ ဒီမှာ ပြီးပါပြီ။ Thank you for reading this post.

Regards,
witch83 (23/02/2014; 12:27AM ; GMT+8)
မှတ်ချက်။   ။ သတင်းနဲ့ ဓါတ်ပုံတစ်ချို့ ကို Missosology ကနေယူပြီး တစ်ချို့ informationတွေကိုတော့ wiki ကနေ ယုထားတာပါ။ ဓါတ်ပုံ တော်တော်များများကတော့ ကိုယ်စုထားတာတွေရယ်... google လုပ်ထားတာတွေရယ်ထဲက တစ်ချို့ကို တင်ထားတာပါ။

References
1. http://missosology.org/timeless-beauty/
2. http://en.wikipedia.org
3. Google

To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer