မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး။ ။
ငါတို့ ဘာလို့ အငြင်းပွားနေကြရတာလဲ
(တစ်ယောက်ကို တစ်ယောက်)နားမလည်တာလည်း မဟုတ်ဘဲနဲ့။ ။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် သံသယတွေ
ဖြစ်နေကြတာလဲ..
"ယုံကြည်ပါ"လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့နဲ့။ ။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေ ဖြစ်နေကြတာလဲ..
တို့နှစ်ယောက်ရဲ့အချစ်ဟာ ကျိုးလွယ်ပဲ့လွယ်တာလည်း
မဟုတ်ဘဲနဲ့ကွယ် ။ ။
ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့် အကဲခတ်နေကြပုံမျိုး။
ဒါ... စစ်တုရင်ထိုးနေကြတာလည်း မဟုတ်ဘဲနဲ့ကွယ်။ ။
မင်းငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပါ။
ငါ.. လွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောမယ်။ ။
"ချစ်တယ်"ဆိုတဲ့ စကားတစ်လုံးကို မကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ...
မင်းက စကားမပြောဘဲ ပိတ်ထားရင်
ဘာမှ အသုံးမဝင်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလည်း။ ။

မင်းခိုက်စိုးစန်
ကလင် ကလင် ... တီ တီ တီ ...
ReplyDeleteဒါပဲနော် ကလောက်း)
အဲ လွမ်းတယ်ပြောဖို့ မေ့သွားတယ်။
စာတွေရေးပါဦး မမမေရေ။
may oo..i like this poem much...
ReplyDeleteအလည်လာသွားပါတယ် ကျွန်တော့်ဖုန်းကတော့ အဝင်လည်းမရှိ အထွက်လည်းမရှိပဲ ဖုန်တက်သွားရှာပြီ ဟားဟားဟားဟား
ReplyDeletechocothazin >> မောင်ဆောင်းလောက် လေရှည်တာ မောင်ဆောင်းပဲရှိတယ် ဂလောက်လို့ဖုန်းချလို့ မဖြစ်နိုင်လောက်ဘူး :P
ချစ်တယ်လို့ ခဏခဏ ပြောနေရင် ကြားကပဲ....ကိုယ်မဟုတ်တဲ့ နောက်တစ်ယောက်နဲ့ လက်ထပ်သွားလေရဲ့လေ။
ReplyDeleteကောင်းလိုက်တဲ့ကဗျာလေး
ReplyDelete