" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

May 28, 2009

ဂျပန်နိုင်ငံကို တိုးတတ်စေခဲ့တဲ့ စကားတစ်ခွန်း.....


ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့...စစ်ရှုံးသူနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ အဓိက ပါဝင်ခဲ့တယ်..။သူတိုက်ထားတဲ့ စစ်ကုန်ကျစရိတ် ၊ သူသိမ်းပိုက်ထားလို့ စစ်ရှုံးတော့ ပြန်လည်ပေးချေရမဲ့ စစ်လျော်ကြေး နှစ်ပေါင်းများစွာတောင်မှ ကျေနိုင်ပါ့မလား..။ ဂျပန်ကို စစ်တိုက်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက လူဦးရေနှင့် နိုင်ငံအကျယ်အ၀န်းကြောင့်...။ကမ္ဘာမှာ စတုတ္တလူဦးရေ အများဆုံးနိုင်ငံ...။ဒါပေမဲ့ စစ်ရှုံးတော့ နိုင်ငံရှိ စစ်သား ၊ အမျိုးသားတော်တော် များများက ဂျပန်ထုံးစံအတိုင်း အရှုံးကို အသက်နဲ့လဲပြီး ကိုယ့်ကိုယ်ကိုသတ်သေခဲ့ကြတယ်..။ ဂျပန်မှာ ပေးရမဲ့ စစ်လျော်ကြေးတွေ ၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အမေရိကန်က စစ်ရေးအရ ကာကွယ်ချုပ်ကိုင် ထားခဲ့လို ဂျပန်မှာ စစ်ရေးမရှိ ၊ စီးပွားရေး...နိတ္ထိနဲ့..ဘယ်က စရမှန်းမသိဖြစ်နေချိန်နေ့စဉ် ကိုယ့်ကိုယ်သတ်သေသူတွေ အဆက်မပြတ် ..၊ ဒီအချိန်မှာ စကားတစ်ခွန်း ထွက်ပေါ်လာတယ်..။



“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။”


ဘယ်လောက်ခက်ခဲနေပါစေ...ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။ရှစ်ခါလဲရင် ကိုးခါထမယ်။ အကြိမ်တစ်ရာလဲရင် တစ်ရာ့တစ်ကြိမ်ထမယ်..။

ဒီစကားကြားရတော့ စိတ်ပျက်အားငယ်နေတဲ့ ဂျပန်တွေ ကိုယ့်နိုင်ငံကို အမေရိကန်က စစ်ရေးအရ သိမ်းပိုက်ချုပ်ကိုင်ထားလို့ စိတ်ပျက်နေတဲ့ စစ်သားတွေ အာလုံးတတ်ကြွလာပြီး သူတို့ရဲ့ အင်အားခွန်အားတွေ အားလုံးကို စက်ရုံတွေမှာ အသုံးချရင်း ဂျပန်နိုင်ငံဟာ ကမ္ဘာကို စီးပွားရေးနဲ့ ချုပ်ကိုင်လာ ဦးမော့ လာနိုင်ခဲ့တယ်..။ ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးထုတ်ကုန်အဖြစ် ကမ္ဘာကို တိုးဝင်တဲ့ စီးပွားရေးက အမွှေးပွရုပ်တွေပါ....



သူငယ်ချင်းတို့ရေ....ဘ၀မှာ အကြိမ်ကြိမ် ဘယ်လိုပဲ လဲကျကျ ၊ အကြိမ်ကြိမ်ပြန်ထလိုက်စမ်းပါဗျာ..။ဘ၀ဆိုတာ ဒီလိုပါပဲ... လဲကျရင် .လူးလဲထရင်း ရင်ဆိုင်ဖြတ်သန်းရတာပါ..။ တစ်ခါတစ်လေစိတ်ပျက်အားငယ်စိတ် ဝင်လာရင် ကျွန်တော်ပြောတဲ့ စကားလေး မှတ်ထားပေးပါ...။ပြီးတော့ ကြွေးကြော်လိုက်စမ်းပါ....။

“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။”




zaw357@gmail.com ဘာသာပြန်သည်..။

ကျွန်မရဲ့အမြင်

ဒီ post လေးကတော့ ကိုzaw357 ပလာတာ ၀ယ်စားရင်း ထုတ်ပေးလိုက်တဲ့ စာရွက်လေးထဲကပါ..။ အကြောင်းအရာ အပြည့်အစုံမပါပေမဲ့ ဘယ်သူရေးမှန်းလဲ မသိပေမဲ့ တန်ဖိုးရှိလို့ share ပေးထားတဲ့ post လေးပါ။ ကျွန်မ သဘောကျလို့ ပြန်ဖော်ပြလိုက်ပါတယ်။ ကျွန်မတို့ လူသားတွေ ဖြတ်သန်းရတဲ့ ဘဝတစ်လျှောက်မှာ အောင်မြင်မှုတွေ၊ ကံကောင်းမှုတွေနဲ့ကြီး ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ရှုံးနိမ့်မှုတွေ၊ ကံဆိုးမှုတွေလည်း ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အဲလို ဆိုးရွားမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဓါတ်ကျနေစရာ မလိုပါဘူး။ ကြိုးစားတိုင်း အောင်မြင်တတ်ကြတာ၊ ကံကောင်းတတ်ကြတာ မဟုတ်ပါဘူး။ အမြဲတမ်း မအောင်မြင်နိုင်သလို အမြဲတမ်းလည်း မရှုံးနိမ့်နိုင်ပါဘူး။ အောင်မြင်မှု၊ အဆင်ပြေမှုတွေ တွေ့တဲ့အခါ စံစားပြီး ရှုံးနိမ့်မှုတွေ၊ ကံဆိုးမှုတွေ တွေ့ကြုံရတဲ့အခါ လက်ခံလိုက်ပါ။ လူတစ်ယောက်ရဲ့တန်ဖိုးဟာ ကံဆိုးမှုတွေ၊ အဆင်ပြေမှုတွေအပေါ် ဘယ်လိုသည်းခံပြီး ရင်ဆိုင်နိုင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူပြီး ပြန်ပြီးကြိုးစားနိုင်ပါတယ်။ ပထမအကြိမ် ရှုံးနိမ့်ရင် ဒုတိယအကြိမ် ကြိုးစားလိုက်ပါ။ ဒုတိယအကြိမ် ရှုံးနိမ့်ရင် တတိယအကြိမ် ကြိုးစားလို့ရပါတယ်။ တစ်ချိန်မှာတော့ အောင်မြင်ရမှာပါ။ လဲကျသွားတဲ့ အကြိမ်အရေအတွက်ထက် ပြန်ထလာတဲ့အကြိမအရေအတွက် တစ်ကြိမ်ပိုဖို့ပဲ လိုပါတယ်။ ခုနှစ်ခါလဲရင် ရှစ်ခါ ထကြမယ်လေ.....

source; http://zaw357.multiply.com/journal/item/206

2 comments:

  1. ကျေးဇူးပါ.. Share ပေးတဲ့ အတွက်

    ReplyDelete
  2. ရောက်ခဲ့ပါတယ်..ကျေးဇူး..

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer