" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

May 26, 2009

UCSYမှမောင်ငယ်၊ ညီမငယ်များသို့  ......

ဒီ post ကို ရေးချင်နေတာ ကြာပါပြီ။ ဒီလိုအလားတူ post မျိုးကို MZ မှာ ကိုမိုးမြင့်ရှိန် thread ဖွင့်တုန်းက ဝင်ရေးဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်ကကျောင်းသွားတော့ ဒီpost ကိုထပ်ရေးဖို့ အကြောင်းဖန်လာပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရင်တစ်ပတ်က ထောက်ခံစာယူဖို့ ကျောင်းကိုသွားတော့ "ကျောင်းခေါ်ချိန် ၇၅%မပြည့်ပါက စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်မပြု" ဆိုတဲ့ ကျောင်းထိပ်က ဆိုင်းဘုတ်ကြီးအပြင် " ကျောင်းသားများ မသွားရန် နေရာများ" ဆိုပြီး ဆိုင်းဘုတ်အသစ်တစ်ခုကို တွေ့ ခဲ့ပါတယ်။ မီးရထားလမ်းထိပ်မှာ တင်ထားတာပါ။ သာဓုကန်ကို မသွားဖို့ နဲ့  မီးရထားတွဲတွေမှာ မနေကြဖို့  ရေးထားတာပါ။ သာဓုကန်ကတော့ ကျောင်းသားတွေ ရေခဏခဏနစ်တတ်လို့ပါတဲ့။ မီးရထားတွဲတွေပေါ်မှာကျတော့ ထမင်းစားတာမျိုး၊ သွားနေနေတာမျိုးတွေ မလုပ်ရဘူးလို့ ပြောထားတာပါ။ အဓိပ္ပါယ်တော့ သိပ်မရှိပါဘူး။ တက္ကသိုလ်ကျောင်းသားတွေတောင် ဖြစ်နေပြီပဲ။ ဖြစ်လာမဲ့ အကျိုးဆက်တွေကို ကျောင်းသားတွေ သိမှာပါ။ သူတို့ဘာသာသူတို့ ထိန်းသိမ်းရမှာပါ။ အဲလို ဆိုင်းဘုတ်ကြီးထောင်ထားတာတော့ မကောင်းပါဘူး။


Junior လေးတွေကို အရမ်းသနားမိပါတယ်။ ကျွန်မတို့တုန်းက အဲလောက်မဆိုးခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသား/သူတွေပဲ။ ပျော်ချင်မှာပေါ့။ (ကျိုးကြောင်းချင့်ချိန်ပြီး ပျော်ဖို့ တော့လိုတာပေါ့လေ။) အခုဟာက အရမ်းလွန်ပါတယ်။ အတန်းမတက်ဘဲ canteen ထိုင်လည်းအပြစ်၊ အတန်းမတက်ချင်လို့  အိမ်ပြန်ရင်လည်း အပြစ်၊ ဆံပင်အရောင်ဆိုးတာလည်းအပြစ်၊ ရည်းစားနဲ့  မဖွယ်မရာ ဘာတစ်ခုမှ မလုပ်ဘဲ အေးအေးဆေးဆေး ထိုင်နေလည်းအပြစ် ....တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ ( ပါချုပ်နဲ့  ဆရာမအချို့ ကိုပဲ ဆိုလိုပါတယ်။) ကျွန်မ defense ပေးခါနီး ကျောင်းသွားတဲ့နေ့ ကဆို မော်ကွန်းထိန်းရုံးခန်းကိုသွားတော့ အတွဲတစ်တွဲကို ဖမ်းထားပါတယ်။ ကျောင်းရှေ့ က ညောင်ပင်အောက်မှာ ထိုင်နေတုန်း ပါချုပ်ကားဝင်လာတာနဲ့ တိုးပြီး အဖမ်းခံရတာပါ။ မော်ကွန်းထိန်းက အဲဒီအတွဲရဲ့ အမေဆီကို ဖုန်းဆက်နေပါတယ်။
မော်ကွန်းထိန်းလည်း ပါချုပ်ကိုယ်တိုင်က ဖမ်းလာတာဆိုတော့ မလျှော့ပေးရဲဘူး ထင်ပါတယ်။ အိမ်ကမိဘကို ကိုယ်တိုင်လာခေါ်ခိုင်းနေပါတယ်။ ကောင်လေးကတော့ အေးအေးဆေးဆေးပါပဲ။ ကောင်မလေးကတော့ အရမ်းမျက်နှာ ပျက်နေပါတယ်။ သူ့ အမေကို လှမ်းတိုင်နေတာကိုး။ ကောင်မလေးတော့ အိမ်ပြန်ရောက်ရင် ဘယ်လိုဖြစ်မလဲ မသိပါဘူး။ အမေလုပ်တဲ့သူကလည်း မလာနိုင်ဘူးလို့  ပြောပုံပါပဲ။ သူနေမကောင်းလို့  အဒေါ်ကို လွှတ်လိုက်မယ်တဲ့။ မော်ကွန်းထိန်းက အဒေါ်လာခေါ်မယ်ဆိုတာကို လက်ခံချင်ပုံပါပဲ။ ဒါပေမဲ့ ဘေးကဆရာမက လက်မခံဖို့  ပြောနေပါတယ်။ (အဲဒီဆရာမက အမြဲအဲလိုပါပဲ။ CT ကဆရာမပါ။)
အဲဒါနဲ့ ကျွန်မက ဘေးနားကကျောင်းသူတစ်ယောက်ကို မဟုတ်တာလုပ်နေလို့  ဖမ်းလာတာလားလို့  တိုးတိုးတိတ်တိတ်မေးတော့ "no" တဲ့။ ထိုင်ရုံထိုင်နေတာလို့ ပြောပါတယ်။ တော်တော်စိတ်ကုန်ဖို့ ကောင်းပါတယ်။ ရည်းစားထားတာ၊ ရည်းစားနဲ့ အတူထိုင်တာ အပြစ်မဟုတ်ပါဘူး။ အဲ....လူမြင်ကွင်းမှာ ပလူးပလဲဆိုရင်တော့ မကောင်းဘူးပေါ့။ အလွန်အကြူးအတွဲတွေ ရှိပါတယ်။ ပြန်ပြောလို့ မကောင်းအောင် ဆိုးတာပါ။ အဲလိုမျိုးဆိုရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပါတယ်။ တော်ရုံတန်ရုံကတော့ အဲလိုမလုပ်သင့်ပါဘူး။ အိမ်ကမိဘက အဲလိုမျိုး "ရှင်တို့ သားသမီး .... ကျောင်းမှာ ရည်းစားနဲ့  ပေါက်ကရလုပ်နေတယ်။ အခု လာခေါ်ပြီး လက်မှတ်ထိုးပါ" ဖုန်းဆက်ပြီး ပြောခံရတဲ့အခါ ဘယ်လိုနေမလဲ။ ဘယ်လောက် လန့် သွားမလဲ။ ကျောင်းခေါ်ချိန်မပြည့်ဘူးဆိုပြီး စာလာရင်တောင် လက်မခံတတ်ကြတာ။
အဲလိုနဲ့ နောက်ဆုံးတော့ ကောင်မလေးဘက်က အမေက သူ့အဒေါ်နဲ့အတူ လာခေါ်မယ် ပြောပါတယ်။ အဲံဒီနောက် ကောင်လေးအိမ်ကို ဖုန်းဆက်နေပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်မစာရွက်လည်းရလို့ ထွက်လာခဲ့ပါတယ်။
အင်း....ပြောရင်းပြောရင်းနဲ့  directionတွေ လွဲကုန်ပြီ ထင်ပါတယ်။ :P ကျွန်မပြောချင်တာ အဲဒါတွေ မဟုတ်ပါဘူး။ ပြောချင်တာက ကွန်ပြူတာတက္ကသိုလ်က စည်းမျဉ်းတွေဟာ အရမ်းကို ဆိုးရွားပါတယ်။ စိတ်ပျက်ဖို့ လည်းကောင်းပါတယ်။ ကျောင်းသားတွေဟာ မူကြိုတက်နေရသလိုပါပဲ။ အဲဒါတွေကို သိပါတယ်။ စိတ်လည်းကုန်ပါတယ်။ ဒါပေမဲ့ .... junior လေးတွေကို ပြောချင်တာက ပါးစပ်လဲညောင်း.. လက်လဲညောင်းတဲ့ ကျောင်းရဲ့မကောင်းကြောင်းတွေကို ပြောမနေကြပါနဲ့တော့။ ပြုပြင်ပြောင်းလဲ ဆန့် ကျင်ဖို့  senior တွေလည်း ကြိုးစားခဲ့ပြီးပါပြီ။ အဲဒီအတွက်နဲ့ နစ်နာခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။ ထူးလည်းမထူးလာပါဘူး။ အဲဒီအစား ကျောင်းသားတော်တော်များများ မျက်ကွယ်ပြုထားတဲ့ UCSYရဲ့ ကောင်းကြောင်းလေးတွေကိုပဲ ပြောကြရအောင်နော်။
ပထမဦးဆုံးအနေနဲ့ကတော့ ကျောင်းသားတွေအနေနဲ့ ကုန်ကျတဲ့ကျောင်းစားရိတ်တွေဟာ အပြင် သင်တန်းတွေ ထက်စာရင် အများကြီးသက်သာတယ်လို့ ပြောချင်ပါတယ်။ Academicဆန်တဲ့ basic theory တွေကို ယူတတ်ရင်ယူတတ်သလို ကျောင်းကနေရနိုင်ပါတယ်။ ပြီးတော့ ကျောင်းမှာ ကွန်ပျုတာဘာသာရပ်ဆိုင်ရာ texbookတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ အဲဒီစာအုပ်တွေ၊ သင်ရိုးတွေဟာလည်း international standardနဲ့ ကိုက်ညီတဲ့စာအုပ်တွေပါ။ သင်ပုံသင်နည်းတွေမှာတော့ လိုအပ်ချက်တွေ ရှိတာပေါ့လေ။ ဥပမာ....ကျောင်းက ဆရာ၊ဆရာမတွေဆီမှာ များသောအားဖြင့် အပြင်ဗဟုသုတနဲ့ လက်တွေ့ experienceတွေ မရှိတတ်ကြတာမျိုးပေါ့။ ဒါပေမဲ့ UCSYမှာ တကယ်တော်တဲ့၊ တကယ်အရည်အချင်းရှိတဲ့ ဆရာ၊ဆရာမတွေရှိတယ်ဆိုတာလည်း ကျွန်မတို့တွေ လက်ခံရပါမယ်။ တစ်ချို့ဆရာ၊ ဆရာမတွေဆို အရမ်းရှင်းသွားအောင် သင်ပေးနိုင်တဲ့သူတွေပါ…တစ်ချို့ကြတော့ self-study လမ်းကြောင်းပေါ်ကို တင်ပေးကြတဲ့ဆရာတွေပါ။
ဆက်ပါဦးမည်။ ။
chocothazin ရဲ့ ဆက်ဖတ်ပါဦးမည်ဆိုတဲ့ commentကြောင့် ပြီးအောင် ကြိုးစားပြီးရေးနေပါတယ်။ အလုပ်မအားလို့  နောက်နေ့ ကျ ဆက်ရေးပါဦးမယ်။
cheers....

3 comments:

  1. Ad tar so yin tot Senior tway nal. policy tway ko pal a pyit tin ya tot mal htin tal :P

    ReplyDelete
  2. ဆက်ဖတ်ပါဦးမည်။

    ReplyDelete
  3. ဆက်ရေးပါဦး။ စောင့်နေပါတယ်။

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer