- နံနက်စာ မစားသုံးခြင်း။
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏ နည်းပါးတတ်ပါတယ်။ သကြားဓာတ်ပမာဏနည်းရင် ဦးနှောက်ကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်ဘဲ ဦးနှောက်ကို ယိုယွင်းစေပါတယ်။
- အစားအလွန်အကျွံစားသုံးခြင်း။
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီးစိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။ - ဆေးလိပ်သောက်ခြင်း။
ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။
- လေထုညစ်ညမ်းခြင်း။
ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။ညစ်ညမ်းတဲ့လေကို ရှူလိုက်တဲ့အခါမှာ ဦးနှောက်ကိုအော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားပြီး ဦးနှောက်စွမ်းရည် လျော့ကျမကို ဖြစ်ပွားတတ်ပါတယ်။ - အိပ်ရေးပျက်ခြင်း။
အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို တိုးပွားစေပါတယ်။
- ခေါင်းစွပ်နှင့်အိပ်ခြင်း။
ခေါင်းစွပ်(ဦးထုတ်)နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး အောက်စီဂျင်စုစည်းမှုကို လျော့ကျစေတဲ့အတွက်ကြောင့် ဦးနှောက်ပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်။
- နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။
နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင်ဦးနှောက်စွမ်းရည်လျော့ကျပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။
- နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။
ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။
source; heroboy
No comments:
Post a Comment