" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 04, 2013

တစ်နှစ်ပြည့်ခဲ့ပြီ (01-Apr-2013)

The Four Lives of Aung San Suu Kyi

ယေဘူယျအားဖြင့် မြန်မာ့ ဒီမိုကရေစီအိုင်ကွန်ဖြစ်တဲ့ ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ဘဝကို (၄)မျိုးခွဲခြားပြီး သတ်မှတ်နိုင်ပါတယ်။

သူမရဲ့ ပထမဆုံးဘဝကတော့ သူမအသက်(၂)နှစ်သမီးအရွယ်မှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း လွတ်လပ်ရေးမရမီ လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးအဖြစ်နဲ့ ကြီးပြင်းလာခဲ့ရတဲ့ဘဝပါပဲ။ စည်းကမ်းကြီးပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့၊ ထက်မြက်တဲ့မိခင်ဖြစ်သူရဲ့ သွန်သင်ဆုံးမမှုတွေအောက်မှာ မြန်မာပြည်နဲ့ အိန္ဒိယပြည်တို့မှာ ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။  ဒါဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းပညာရေးကို ပူးပေါင်းဆက်စပ် သင်ယူနိုင်ဖို့အတွက် ဘဝအစတစ်ခု ဖြစ်ပါတယ်။ အ.ထ.က(၁) ဒဂုံမှာ ပညာသင်ယူပြီးတဲ့နောက် (၁၉၆၀)ခုနှစ်မှာ မိခင်ကြီးဒေါ်ခင်ကြည်ကို အိန္ဒိယနဲ့နီပေါနိုင်ငံတွေရဲ့ မြန်မာသံအမတ်အဖြစ်ခန့်အပ်ခံရတဲ့အတွက် မိခင်ကြီးအလုပ်ရှိရာနေရာတွေကို လိုက်ပါခဲ့ရပါတယ်။ "Convent of Jesus and Mary School"မှာ ကျောင်းပြီးတော့.. နယူးဒေလီမှာရှိတဲ့ အမျိုးသမီးကောလိပ်တစ်ခုဖြစ်တဲ့ " Lady Shri Ram College " မှာ ပညာဆက်သင်ပြီး နိုင်ငံရေးဘာသာအထူးပြုနဲ့ (၁၉၆၄)ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။


ဒုတိယဘဝရဲ့တံခါးကိုတော့ Oxford မှာဖွင့်လှစ်ခဲ့ပါတယ်။ St Hugh's College, Oxford ကနေ (၁၉၆၉)ခုနှစ်မှာ စိတ္တဗေဒဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးသွားတော့ နယူးယော့မှာ သွားရောက်နေထိုင်ခဲ့ပြီး UNမှာ သုံးနှစ် အလုပ်လုပ်ခဲ့ပါတယ်။ (၁၉၇၁)ခုနှစ်မှာတော့ သူမရဲ့ခင်ပွန်းဖြစ်သူ Michael Aris နဲ့လက်ထပ်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ သားကြီးဖြစ်သူ Alexander Arisကို လန်ဒန်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယသားဖြစ်တဲ့ Kim Aris ကိုတော့ လန်ဒန်မှာပဲ (၁၉၇၇)ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ (၁၉၆၄)ခုနှစ်ကနေစလို့  Oxford တက္ကသိုလ် ကျောင်းသူဘဝ၊ part-time academic ဘဝ၊ UN officer ဘဝ၊ အိမ်ထောင်ရှင်မဘဝ၊ မိခင်ဘဝ.. စတဲ့ဘဝတွေကို  (၂၄)နှစ်တိုင်အောင် ဖြတ်သန်းပြီးတဲ့နောက် သူမဘဝကို တဆစ်ချိုးပြောင်းလဲစေမဲ့၊ သူမရဲ့တတိယဘဝကို ရောက်ရှိစေမဲ့ တယ်လီဖုန်း call တစ်ခုကို (၁၉၈၈)ခုနှစ်မှာ ရရှိခဲ့ပါတယ်။


သူမရဲ့မိခင် နေမကောင်းဘူး.. ခဏပြန်လာခဲ့ပါလို့ ခေါ်တဲ့အတွက်ကြောင့်ပါ။ အဲ့ဒီနောက်မှာတော့ ခွပ်ဒေါင်း (NLD)နဲ့အတူ ရင်ဆိုင်ပြီး house arrest ကျခဲ့တာကတော့ "The Lady" ကားကြည့်ဖူးသူတွေ သိကြပါလိမ့်မယ်။ ပြည်သူလူထုတစ်ရပ်လုံးက မဲပေးဆုံးဖြတ်ခဲ့တဲ့ အနိုင်ရပါတီဖြစ်သော်ငြားလည်း အိမ်နံပါတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ သူမတစ်ယောက်တည်း အကျယ်ချုပ်ကျခံပြီး စာတွေဖတ်ရင်း၊ ရေဒီယိုနားထောင်ရင်း နှစ်(၂၀)ကျော် အချိန်ကုန်ခဲ့ရပါတယ်။ ( သူမနဲ့အတူလည်း လူပေါင်းများစွာ မြန်မာနိုင်ငံရဲ့ နေရာအသီးသီးမှာ... ထောင်အသီးသီးမှာ.. ညှင်းပန်းခံရသူက ညှင်းပန်းခံရ.. လူသိပြီး သေသူကသေခဲ့ရ.. လူမသိသူမသိသေသူတွေကသေခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသမီးသာ မဟုတ်ခဲ့ရင်၊ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှု၊ အာရုံစိုက်ခံရမှုကိုရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးသာ မဖြစ်ခဲ့ရင်၊ မိုက်ကယ်အဲရစ်သာမရှိခဲ့ရင် သူမဘဝဟာလည်း ဒီလို နေအိမ်အကျယ်ချုပ်ဘဝနဲ့ ပြီးပါ့မလားလို့ တွေးမိပါတယ်။)  ကြားထဲမှာ နှစ်ကြိမ်တိတိလွှတ်ပေးခံရပေမဲ့ ခဏတာသာ ဖြစ်ခဲ့ပါတယ်။ ဒီပဲယင်းအရေးအခင်းဟာလည်း သမိုင်းတွင်ခဲ့ပါတယ်။ မသေမပျောက်တာ ကံကောင်းလို့သာပါပဲ။ (၂၀၁၀)ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့မှာတော့ သူမကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တဲ့အခါမှာတော့ သူမရဲ့ယခုလက်ရှိဘဝ၊ သူမရဲ့ စတုတ္ထမြောက်ဘဝကို ပြောင်းလဲစေခြင်းရဲ့အစလို့ ဆိုရမယ်ထင်ပါတယ်။

နေအိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့နောက်မှာတော့ လွတ်လပ်စွာ နယ်လှည့် ခရီးထွက်ခြင်းအမှုတွေကို ပြုလုပ်ခွင့်ရပြီး (၂၀၁၁)ခုနှစ် ဧပြီလ(၁)ရက်နေ့မှာကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှုးမြို့နယ်ကနေ ဝင်ပြိုင်ပြီး လွှတ်တော်မှာပါဝင်ခဲ့တာ (၂၀၁၂)ခုနှစ်မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်နှစ်တာကလအတွင်းမှာတော့ အမေရိကနဲ့ ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံခြားခရီးစဉ်တော်တော်များများကို သွားခဲ့ရပါတယ်။

Nation's Mother ဖြစ်တဲ့... ဒေါ်အောင်ဆန်းဆုကြည် (The Lady) တစ်ယောက် သူမရဲ့ ယခုလက်ရှိဘဝမှာ အနှောင့်အယှက်အပေါင်းကိုကျော်လွှားနိုင်ပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများစွာကို ဆောင်ရွက်နိုင်ပါစေ။ ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ... (၂၀၁၅) election မှာလည်း နိုင်ပါစေလို့ ဆုတောင်းရင်း .. ဒီ စတုတ္ထဘဝဖြတ်သန်းစဉ်ကာလအတွင်းမှာ ရိုက်ယူခြင်းခံရတဲ့ သူမရဲ့အမှတ်တရ ပုံရိပ်တွေထဲက နှစ်သက်မိတဲ့ဓါတ်ပုံတစ်ချို့ နဲ့အတူ ဒီပို့(စ်)လေးကို ဒီမှာ နိဂုံးချုပ်လိုက်ပါတယ်။

သားငယ် Kim နှင့်အတူ
မဲနိုင်တဲ့နေ့က ( ၀၁-၀၄-၂၀၁၂)
 
 

{ စကားချပ်။   ။ ပုထုဇဉ်လူသား ဖြစ်တဲ့အတွက်ကြောင့် အရာအားလုံးမှာ သူမလုပ်သမျှ မှန်နိုင်မယ်မထင်မိပေမဲ့ သူမဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး စွမ်းဆောင်နေတယ်လို့ပဲ မြင်မိပါတယ်။ ကိစ္စတော်တော်များများမှာ ဘယ်ကိစ္စမှာမဆို ထစ်ခနဲရှိ သူ..မကြည့်ဘူး၊ မလုပ်ပေးဘူးပြောနေကြတဲ့သူတွေကိုလည်း နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်.. လုပ်ပိုင်ခွင့် သိပ်မရှိတဲ့၊ လွှတ်တော်အတွင်းမှာ မကြိုဆိုတဲ့သူများတဲ့ သာမာန်လွှတ်တော်အမတ်တစ်ယောက်ဖြစ်တဲ့ သူမကို သူမ..မလုပ်ခဲ့တဲ့ကိစ္စတွေမှာ နေရာတကာ လိုက်ရှင်းခိုင်းစရာမလိုဘူးထင်တာပါပဲ။ နောက်ဆုံးဖြစ်ခဲ့တဲ့ "လက်ပန်းတောင်း ကြေနီတောင်"စီမံကိန်းမှာလည်း သဘာဝပန်းဝန်းကျင်ထိန်းသိမ်းရေးပိုင်းမှာ အားနည်းတာကလွဲရင် ကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ "ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ" တဲ့ ဆုံးဖြတ်ချက်လို့ ထင်တာပါပဲ။ ဒီကိစ္စအတွက် ကော်မရှင်ဆိုတာကိုမဖွဲ့ခင် ပြဿနာစဖြစ်ခါစ အရင်နှစ်၊ နိုဝင်ဘာလတုန်းကလည်း ပို့(စ်)တစ်ခုမှာ ဒီလို ဖြစ်သင့်တယ်လို့ ပြောဖူးပါတယ်။ }




References:
  1. http://www.guardian.co.uk/commentisfree/2012/jun/20/aung-san-suu-kyi-four-lives 
  2. http://en.wikipedia.org/wiki/Aung_San_Suu_Kyi
ဓါတ်ပုံတွေကတော့ တွေ့တိုင်း download ဆွဲထားတာဆိုတော့ ဘယ်သူတွေကို credit ပေးရမှန်းမသိတော့ပါဘူး။ ဆိုင်သူအားလုံးကို credit ပေးပါတယ်။ :)
Regards, witch83

2 comments:

  1. တစ်နှစ်ဆိုတာ ခဏလေးရယ်..။ ဒီအမယ်ကြီး ကျန်းမာနေတုန်း၊ လုပ်နိုင်ကိုင်နိုင်နေတုန်းလေး မြန်မာပြည်ကြီး အရမ်းကောင်းသွားရင်ကောင်းမယ်။ သူနားသွားရင်တော့ ဘယ်လိုဖြစ်ကြမယ် မတွေးရဲဘူး။

    ReplyDelete
  2. စာတွေ လာဖတ်သွားပါတယ်ဗျာ။
    (( ပုထုဇဉ်လူသား ဖြစ်တဲ့အတွက်ကြောင့် အရာအားလုံးမှာ သူမလုပ်သမျှ မှန်နိုင်မယ်မထင်မိပေမဲ့ သူမဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး စွမ်းဆောင်နေတယ်လို့ပဲ မြင်မိပါတယ်။ ကိစ္စတော်တော်များများမှာ ဘယ်ကိစ္စမှာမဆို ထစ်ခနဲရှိ သူ..မကြည့်ဘူး၊ မလုပ်ပေးဘူးပြောနေကြတဲ့သူတွေကိုလည်း နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်.. လုပ်ပိုင်ခွင့် သိပ်မရှိတဲ့၊ လွှတ်တော်အတွင်းမှာ မကြိုဆိုတဲ့သူများတဲ့ သာမာန်လွှတ်တော်အမတ်တစ်ယောက်ဖြစ်တဲ့ သူမကို သူမ..မလုပ်ခဲ့တဲ့ကိစ္စတွေမှာ နေရာတကာ လိုက်ရှင်းခိုင်းစရာမလိုဘူးထင်တာပါပဲ။ နောက်ဆုံးဖြစ်ခဲ့တဲ့ "လက်ပန်းတောင်း ကြေနီတောင်"စီမံကိန်းမှာလည်း သဘာဝပန်းဝန်းကျင်ထိန်းသိမ်းရေးပိုင်းမှာ အားနည်းတာကလွဲရင် ကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ "ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ" တဲ့ ဆုံးဖြတ်ချက်လို့ ထင်တာပါပဲ။ ဒီကိစ္စအတွက် ကော်မရှင်ဆိုတာကိုမဖွဲ့ခင် ပြဿနာစဖြစ်ခါစ အရင်နှစ်၊ နိုဝင်ဘာလတုန်းကလည်း ပို့(စ်)တစ်ခုမှာ ဒီလို ဖြစ်သင့်တယ်လို့ ပြောဖူးပါတယ်။ ))

    ဒါလေးကို စိတ်သဘောထားနဲ့ တိုက်ဆိုင်တာမို့ လေးလေးနက်နက်ထောက်ခံမိတယ်။

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer