" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 09, 2013

တစ္ဆေ

အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ အတည်မကျ။

အပြင်ဘက်မှာ၊
သစ်ရွက်တွေကြား၊ ကြယ်လေး, ငါးပွင့်
စကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ
တစ္ဆေငါကိုယ်တိုင်ပါပဲ။

ကုတင်ခြေရင်း
ပြေးနင်းရှပ်ရှပ်၊ မတ်တပ်ထလိုက်
ခန်းဝကိုလာ၊ ဝယန္တာမှာ 
သည်မှာတစ်ယောက်၊ တစ္ဆေချောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်ထဲဘဲ သူနှင့်ငါ။

မြစ်နက်ထဲမှာ 
ငါ--ရေနစ်မြုပ်၊ ချမ်းပြီးကုပ်နေ
ကက္ကိုကိုင်းကြား၊ ငါနားနေလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တယောက်သောငါ၊ ငါများစွာမှ
ထလာလွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမှမကြား၊ မောင့်အပါးမှာ
"ထသွားစို့ဆို၊ မေ့ကိုအိပ်မက်
မမက်ဘူးလား " တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ်၊ အရိပ်ထင်။          ။

~ ကြည်အေး ~

Source;
http://www.facebook.com/photo.php?fbid=373293184422&set=a.373293064422.155250.371037724422&type=1&relevant_count=1

1 comment:

  1. အဲ့ကဗျာလေး ကြိုက်လိုက်တာ

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer