" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

March 27, 2013

Miss Myanmar International 2013

Okinawa မှာကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲတုန်းက နန်းခင်ဇေယျာကို အားပေးခဲ့ပြီးတဲ့နောက်မှာ (၂၀၁၃)မှာ ဒီထက် ပိုသာတဲ့အလှမယ်တစ်ယောက်ကို မျှော်လင့်ခဲ့ပါတယ်။ ဒါကြောင့်လည်း သတင်းတွေ ရှာဖတ်ပြီး ပြိုင်ပွဲကျင်းပမဲ့အချိန်ကို စောင့်နေခဲ့ပါတယ်။ စလုံးမှာနေသူမို့ ပြိုင်ပွဲဝင်တာတွေကို ကိုယ်တိုင်မကြည့်ရပေမဲ့ ဓါတ်ပုံတွေ၊ သတင်းတွေတွေတော့ ရှာကြည့်ခဲ့ပါတယ်။ ပြိုင်ပွဲ result ကိုလည်း စောင့်နေခဲ့ပါတယ်။

~~~ After the First Look ~~~
အပွင့်လင်းဆုံး ဝန်ခံရရင် FB ပေါ်မှာ Miss International Myamar ကနေ (၂၀၁၃)နှစ်အတွက် top-20 ရဲ့ ဓါတ်ပုံတွေကိုကြည့်ပြီးသွားတော့ စိတ်ထဲမှာ ဘယ်သူ့ကိုမှ ကြိုက်လိုက်တာလို့ မဖြစ်မိပါဘူး။ ဒါပေမဲ့  စံနန်းထိုက်ရဲ့မျက်နှာလေးကို သဘောကျပြီး သူ့ကို အရမ်းချစ်မိသွားပါတယ်။

စံနန်းထိုက်
@Traditional Dress Session of the Competition
@ Evening Gown Session
,
~~~ After the Second Look ~~~
ဒုတိယအကြိမ် သေချာပြန်ကြည့်ကြည့်တော့ ဆုပွင့်ဦးကိုပါ ကြိုက်သွားပါတယ်။

@ Evening Gown Session of the Competition
@ Traditional Dress Session of the Competition
မှတ်ချက်။     ။ စံနန်းထိုက်ရော ..ဆုပွင့်ဦးပါ talent session မှာ သီချင်းဆိုခြင်းနဲ့ ယှဉ်ပြိုင်ကြပါတယ်။

~~~ Later On ~~~
နောက်ပိုင်းကျတော့ လူတွေ share တာများတဲ့ ဂုဏ်ရည်အေးကျော်ကို သတိထားမိသွားပါတယ်။
သူပြိုင်ပွဲဝင်ထားတဲ့ ဓါတ်ပုံတွေထဲမှာ အင်္ကျီအနီရောင်နဲ့ ကိုယ်လုံးကို နောက်ကျောပေးထားပြီး ကင်မရာကိုလှည့်ကြည့်တဲ့ပုံကလွဲရင် အားလုံးကို ကြိုက်ပါတယ်။ Like တွေတောင် လိုက်နှိပ်လိုက်ပါသေးတယ်။

ဂုဏ်ရည်အေးကျော် (ခ) ဂုဏ်ရည်အေးသော်ဟာ backgroundတော့ ကောင်းပုံရပါတယ်။ ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာ သူ့ကို လူတွေ တော်တော် promote လုပ်ပေးတာကိုတွေ့ရပါတယ်။ တော်တော်လည်း အားပေးကြပါတယ်။ နာမည်အရင်းက ဂုဏ်ရည်အေးကျော်ဖြစ်ပြီး ဗေဒင်က ဂုဏ်ရည်အေးသော်နဲ့ ဝင်ပြိုင်ခိုင်းလို့လို့  ဓါတ်ပုံတွေထဲက   commentတစ်ခုမှာ သူမကိုယ်တိုင်ရေးထားတာ ဖတ်လိုက်ရပါတယ်။ နောက်တော့ သူဆုရသွားပါတယ်။ အောက်ကပုံတွေကတော့ ဂုဏ်ရည်အေးကျော် ပြိုင်ပွဲဝင်ထားတဲ့ပုံတွေပါ။

Talent Session မှာ စောင်းတီးပြီး ပြိုင်တာလေးကို သဘောကျပါတယ်။း) 

 

~~~ My Review on Miss Myanmar 2013 ~~~
နောက်ဆုံး Final နေ့ကပြိုင်ပွဲတုန်းက သူငယ်ချင်းနဲ့ ဖုန်းပြောနေရင်းနဲ့ သူငယ်ချင်းကိုတောင် ပြောလိုက်ပါသေးတယ်။ စံနန်းထိုက်ဆိုတဲ့ကောင်မလေးကို ရစေချင်တယ်လို့။ FB ကတက်လာတဲ့ messageတွေအရကတော့ အလှမယ်တွေ အင်္ဂလိပ်စာ မကောင်းကြောင်း၊ ပေါက်ကရတွေ လျှောက်လုပ်ကြောင်းသိရပါတယ်။ နောက်နေ့ရောက်တော့ youtube ပေါ်မှာ တင်ထားတဲ့ video clip တွေကို ကြည့်ပြီးတဲ့အခါ လိုအပ်ချက်တွေရှိတယ်လို့ လူတွေပြောနေကြတာကို လက်ခံလိုက်မိပါတယ်။း)

အောက်က ဓါတ်ပုံကတော့ top-5ရသွားတဲ့သူတွေပါ။ အားလုံး မဆိုးဘူးလို့ ပြောလို့ရပါတယ်။ အားလုံးထဲမှာ သွန်းဆုဒြာဟာ အရပ်လည်းမြင့်ပြီး ကိုယ်လုံးလည်းလှပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး တည်ငြိမ်ဖို့လိုတယ် ထင်တာပါပဲ။ Sweety Ko လည်း မိုက်ပါတယ်။ English လည်း ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် စံနန်းထိုက်ကိုတော့ (အရပ်သိပ်မမြင့်၊ ကိုယ်လုံးသိပ်မလှ၊ အင်္ဂလိပ်စာသိပ်မကောင်း၊ Final Question ကို ကျက်ဖြေထားသလိုမျိုးဖြစ်နေပေမဲ့) အချစ်ဆုံးပါပဲ။ :P


ပွဲအစပိုင်းမှာ ပြိုင်ထားတာကိုကြည့်ချင်ရင် ဒီမှာ ကြည့်လို့ရပါတယ်။ နောက်ဆုံး top-5 ကို ရွေးပြီးသွားတဲ့နောက် ပြိုင်ထားတာတွေကို ဒီနေရာမှာ ကြည့်လို့ရပါတယ်။ ဆုပေးတာတွေကြည့်ချင်ရင်တော့ ဒီမှာ ကြည့်ပါ။

ဆုရသွားတဲ့ ဂုဏ်ရည်အေးကျော်က မဆိုးဘူးလို့ ပြောလို့ရမယ် ထင်ပါတယ်။ ကံကောင်းပြီး လွယ်တဲ့မေးခွန်းကိုရပေမဲ့ အရည်အချင်းတော့ ရှိပုံပါပဲ။ အင်္ဂလိပ်စာလည်း ကောင်းပါတယ်။ လူမှုရေးလုပ်ငန်းတွေကို ဟိုးအရင်ကတည်းက လုပ်နေတယ်လို့ သိရပါတယ်။ အရမ်းကြီး မလှပေမဲ့၊ အရပ်မမြင့်ပေမဲ့ .. ပြိုင်ပွဲဝင်ဖို့အတွက် ပြင်ဆင်ဖို့အချိန်တွေ သူ့မှာ အများကြီး ရှိပါသေးတယ်။

စကားကြုံလို့ pageant expert တွေ မကြာခဏပြောကြတဲ့ စကားတစ်ခွန်းကို ဒီနေရာမှာ ပြောပြချင်ပါတယ်။ "နိုင်ငံတကာ.. အလှမယ်တစ်ယောက်ဟာ အရပ်ရှည်ရမယ်ဆိုတာ prerequisite လိုမျိုး ဖြစ်နေပေမဲ့ တကယ့်တကယ်တော့ အရပ်မြင့်ခြင်း၊ မမြင့်ခြင်းဆိုတာထက် ကိုယ်ဝတ်ထားတဲ့ အဝတ်အစားဟာ ကိုယ့်ကိုပုတယ်လို့ မထင်စေအောင် ဝတ်တတ်ဖို့ပဲ လိုပါတယ်။ " တဲ့...

သို့သော်လည်း.. ဂုဏ်ရည်အေးကျော်နဲ့ နန်းခင်ဇေယျာ.. သူတို့နှစ်ယောက်မှာ နန်းခင်ကို ပိုကြိုက်ပါတယ်။ ဘာကြောင့်မှန်းတော့ သေချာမသိပေမဲ့ စိတ်ထဲမှာ နန်းခင်ဇေယျာက personalityအရလည်း ပိုပြီး ပေါ့ပေါ့ပါးပါး ရှိသလိုပါပဲ။ (video file အတိုလေးတွေကြည့်ပြီး ပြောတာပါ။)

 အောက်ကပုံတွေကတော့ ဂုဏ်ရည်အေးကျော် ကိုယ်တိုင်တင်ထားတဲ့ပုံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ချို့ကို ပြန်တင်ထားတာပါ။ collage တွေကတော့ ကိုယ့်ဘာသာ လုပ်ထားတာပါ။း)




အောက်ကပုံတွေကတော့ ပြိုင်ပွဲဝင်တဲ့နေ့က သူဆုရသွားတဲ့ ပုံတွေပါ။

Miss Myanmar International, 2013

Crowning Moment
Miss Myanmar 2012 & 2013
နန်းခင်ဇေယျာနဲ့ 2013 ရဲ့ top-3
ပြိုင်ပွဲအကြောင်းကို ပြန်ပြောရရင်... ကိုယ်က ချိတ်ထဘီတွေကြိုက်လို့လားတော့ မသိပါဘူး။ ဒီပွဲမှာ အကြိုက်ဆုံးကိုပြောပါဆိုရင်တော့ မြန်မာဝတ်စုံဝတ်ပြီး ပြိုင်တဲ့ traditional dress session ပါပဲ။ အားလုံးထဲမှာ အပြေဆုံးနဲ့ ကြည့်အကောင်းဆုံးကတော့ ဇွန်သံစဉ် ပါပဲ။ ကိုယ်သာဆို အဲ့လို ချိတ်အဆင်အကြီးကြီးနဲ့ crazy colour ကို ဝတ်မှာ မဟုတ်ပေမဲ့ သူနဲ့တော့ အတော်ကြည့်ကောင်းပါတယ်။

  
ပြိုင်ပွဲနဲ့ပတ်သတ်ပြီး နောက်ထပ်ပြောချင်တာတစ်ခု MC တွေပါ။ ပြိုင်ပွဲဝင်တဲ့ မယ်တွေအပေါ်မှာ Personal bias ရှိနေသလိုပါပဲ.. နောက်တစ်ခုက ဒိုင်တွေပါ။ တကယ်ဆို ပြိုင်ပွဲဝင်တွေရဲ့ ပြိုင်ပွဲဝင်နေမှုအပေါ်မှာ ကြိုက်ခြင်းမကြိုက်ခြင်းကို မပြသင့်ပါဘူး။

Miss Myanmar 2013 ပွဲမှာ လိုအပ်ချက်တွေရှိနေတာမှန်ပေမဲ့ မဆိုးဘူးလို့ ထင်ပါတယ်။ နှစ်ပေါင်း (၅၀)ကျော်ကြာပြီးမှ International Pageantry လောကထဲကို ပြန်ဝင်တဲ့မြန်မာပြည်ကို အခုပဲပြန်စ၊ အခုပဲ 100% ပြည့်စုံပြီး ဟာကွက်မရှိဖြစ်ရမယ်ဆိုတာမျိုးတော့ မျှော်လင့်လို့မရဘူး ထင်ပါတယ်။ တစ်နှစ်ထက်တစ်နှစ်၊ ပိုပိုပြီး ကောင်းသထက်ကောင်း၊ အဆင့်မီသထက်မီအောင် လုပ်ဖို့ပဲလိုတယ် ထင်တာပါပဲ။

ဂုဏ်ရည်အေးကျော်တစ်ယောက် Miss International 2013 ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နိုင်ပါစေ။ ပြိုင်ပွဲမှာလည်း ဆုတွေရပါစေ။ နောက်နှစ်မှာ ကျင်းပမဲ့ Miss Myanmar International 2014 ပြိုင်ပွဲလည်း ဒီနှစ်ထက် ပိုပြီး ကောင်းမွန်ပြီး အရင်နှစ်မယ်တွေထက် ပိုကောင်းတဲ့အလှမယ်တွေ ပေါ်ပေါက်လာပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

Photos Sources;
1. Miss Myanmar International FB page
2. Gonyi Aye Kyaw's FB page
3. Google

Regards,
witch83, ( 27/03/203; 5:55PM; GMT+8)

စကားကြွင်း။     ။ ဒီပို့(စ်)က တော်တော်တော့ နောက်ကျနေပါပြီ။ ရေးလက်စကြီးနဲ့ မပြီးတာ တော်တော်ကြာပါပြီ။ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ကတည်းက ရုံးမှာ ပျားတုတ်နေလို့ လူရောစိတ်ပါ ပင်ပန်းနေတာမို့ ကြာသွားပါတယ်။ မနေ့ကမနက်ကတော့ issue တွေရှင်းသွားပြီမို့ ဒီနေ့ ဒီပို့(စ်)လေးကို လတ်စသတ်လိုက်ပါတယ်။

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer