(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၁ နဲ့ (၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၂ ကိုရေးလို့အပြီးမှာ အပိုင်း(၃)ကို ဆက်ရေးပါရစေ။ အပိုင်း(၃)မှာတော့ အပိုင်း(၂)မှာ အစပျိုးခဲ့တဲ့ Jennifer Hawkins (MU2004) အကြောင်းက စရေးပါရစေ။ ပြီးရင်တော့ MU2007 ဖြစ်တဲ့ Miss Japan, Riyo Mori အကြောင်း ပြောပြချင်ပါတယ်။
+ + + + + + + + + + + + + + +
Jennifer Hawkins ဟာ Austrialia ကပါ။ (၂၀၀၀-၂၀၁၂)ကြားက မယ်စကြာဝဠာတွေကြားထဲမှာ အသွက်ဆုံး၊ အဖော်ရွေဆုံး၊ အဟော့ဆုံးလို့ ပြောလို့ရပါတယ်။
Jennifer Hawkins, MU2004 |
သူမကို ကို ဘာကြောင့် နှစ်သက်မိတယ်၊ ဘာကြောင့် outgoing and fiered beauty queen ဖြစ်တယ်ဆိုတဲ့အကြောင်းရင်းကို သိချင်ရင်တော့ အောက်က ဗွီဒီယို clip လေးကိုသာ ကြည့်ကြည့်လိုက်ပါ။
MU2004 ပြိုင်ပွဲကို အီကွေဒေါနိုင်ငံမှာ ကျင်းပခဲ့တာပါ။ ပြိုင်ပွဲအတွက် camp သွင်းပြီး ယှဉ်ပြိုင်နေကြတုန်းမှာ လူကြိုက်များခဲ့တဲ့ အလှမယ်တွေကတော့ Miss Aruba, Miss France, Miss Ecuador (local favourite), Miss USA, Miss Venezuela, Miss Ukraine, Miss Autrailia နဲ့ Miss Norway တို့ပဲ ဖြစ်ပါတယ်။ Presentation Show ပြီးသွားတဲ့အချိန်မှာတော့ Switzerland, Greece, Philippinesနဲ့ Jamaica ကအလှမယ်တွေပါ လူကြိုက်များတဲ့စာရင်းထဲ ပါလာပါတယ်။
Miss Ecuador, 2004: Susana Rivadeneira |
ကျမကတော့ ဒီ MU2004 ပြိုင်ပွဲမှာ Jennifer Hawkins အပြင်၊ Miss.Ecuador, Susana Rivadeneira Simbal နဲ့ Miss.USA, Shandi Finnessey တို့ကို ကြိုက်ပါတယ်။ Shandi ဟာ တကယ့်ကို true goddess ပါ။ ကျမရဲ့ all-time favourite listထဲမှာ ပါပါတယ်။ Miss Universe မဖြစ်ခဲ့ပေမဲ့ ကိုယ်လုံးအရမ်းလှပြီး၊ အရပ်လည်းမြင့်၊ မျက်နှာလေးကလည်းလှပါတယ်။ ဖော်ရွေပြီး လူတွေနဲ့ လိုက်လျောညီထွေရှိပါတယ်။ ပြီးတော့ Shandiကိုမြင်ရတာ တကယ့် ဘာဘီအရုပ်ကလေးကို အပြင်မှာ တွေ့နေရသလိုပါ
ပဲ။ ခုချိန်ထိ လူတွေ တသသပြောနေရတဲ့ အလှမယ်ထဲမှာ Shandi ပါပါတယ်။ MU2012, Olivia Clupo ကို sweet ဖြစ်လို့ ချစ်မိပေမဲ့ Olivia ဟာ Shandi နဲ့ယှဉ်ရင် အကွာကြီးပါ။ ( နောက်မှ သူ့အကြောင်း သတ်သတ်ရေးဦးမယ်။ :P )
Miss USA (2004), Shandi Finnessey |
Shandi with Miss Switzerland |
Final Top-10 |
Final Top-5, Jennifer and Shandi outshine here, huh? |
Waiting for the announcement |
Jennifer Hawkins @ MU2004 competition |
သူမဟာ ယခုအချိန်မှာတော့ မော်ဒယ်အလုပ်နဲ့ TV Presenter အလုပ်ကို လုပ်ဆောင်လျက်ရှိပါတယ်။ (၂၀၀၈)ခုနှစ်မှာ သူမရဲ့ ကိုယ်ပိုင် "cozi" swimsuit brand ကို Myer departmental Store နဲ့အတူတွဲပြီး စတင် ထုတ်လုပ်ခဲ့ပါတယ်။ သူမကိုယ်တိုင်လည်း သူဆွဲထားတဲ့ ဒီဇိုင်းတွေကိုဝတ်ပြီး catwalk လျှောက်ခဲ့ပါသေးတယ်။
MU2008 မှာလည်း သူမဟာ ဒိုင်အဖြစ် ပါဝင်ခဲ့ပါတယ်။ Global Beauties ကပေးတဲ့ (၁၉၅၂-၂၀၁၀)ကြား အလှပဆုံးမယ်စကြာဝဠာစာရင်းမှာ နံပါတ်(၂)ချိတ်ပါတယ်။ (၂၀၁၁)ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ သူမဟာ သူမရဲ့ချစ်သူ အမျိုးသားမော်ဒယ် Jake Wall နဲ့ စေ့စပ်ခဲ့ပါတယ်။ သူမတို့နှစ်ဦးဟာ Jennifer.. MU 2004 ပွဲမတိုင်ခင်ကတည်းက တွေ့ခဲ့ကြတာဖြစ်ပြီး ခုချိန်အထိ လက်တွဲထားကြတုန်းပါ။ :)
+ + + + + + + + + + + + + + +
Jennifer Hawkins အပြင် နောက်ထပ်နှစ်သက်မိတဲ့ Miss Universe ကတော့ Miss Universe 2007, Riyo Mori ပါ။ အသက်(၄)နှစ်အရွယ်ကတည်းက စပြီး ကခဲ့တယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံက Quinte Ballet School ကျောင်းဆင်းလည်းဖြစ်ပါတယ်။
(၂၀၀၀-၂၀၁၂)ကြားက MU (၁၃)ယောက်ကို fierced beautyဖြစ်တာရယ်၊ outgoingဖြစ်တာရယ်ပေါ်မူတည်ပြီး နံပါတ်စဉ်နဲ့စီရင် Riyo Mori ဟာ Jennifer Hawkins ပြီးရင် ဒုတိယမြောက်လိုက်သူလို့ ပြောလို့ရပါတယ်။ အောက်က movie clip လေးကတော့ သူပြိုင်ပွဲဝင်ထားတာတွေကို ပေါင်းထားတာပါ။
အောက်က movie clip လေးကတော့ Stage စင်အနောက်ဘက်က Riyo Moriရဲ့ behind the scences တွေပါ။
မှတ်မိသလောက်ပြောရရင် MU2007ပြိုင်ပွဲကို MRTV-4ကလည်း တိုက်ရိုက်ထုတ်လွှင့်ပေးတယ် ထင်ပါတယ်။ အဲ့ဒီပွဲမှာ Miss USA ချော်လဲတာရယ်၊ နှစ် (၅၀)ကျော်ကြာအောင် မရခဲ့တဲ့ မယ်စကြာဝဠာဆုကို ဂျပန်က ပြန်ရခဲ့တာရယ်တွေက MU2007 ပွဲမှာ အမှတ်တရ ဖြစ်စေခဲ့တယ်လို့ ဆိုရမယ်ထင်ပါတယ်။ နောက်ထပ် အမှတ်တရတစ်ခုက Final Question မှာ သူမ..ဖြေခဲ့တဲ့အဖြေပါ။ အကောင်းဆုံးအဖြေများစာရင်းမှာ ပါပါတယ်။
"အခုချိန်အထိ သက်ရောက်မှုရှိခဲ့တဲ့ သင်ငယ်ငယ်ကရခဲ့ဖူးတဲ့ သင်ခန်းစာဟာ ဘာပါလဲ" လို့ ဒိုင်ကမေးလိုက်တဲ့အခါ Riyo Mori က
"ကျမဟာ ဟိုးငယ်ငယ်ကလေးကတည်းက စပြီးကခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျမရဲ့ဘေးမှာ ဆရာမတွေနဲ့ တခြား ကျောင်းသားကျောင်းသူတွေရဲ့ ဝန်းရံခြင်းကို ခံခဲ့ရပါတယ်။ သူတို့တွေနဲ့ ပေါင်းသင်းဆက်ဆံရတာတွေကနေတဆင့် ကျမဟာ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့၊ စိတ်ရှည်တတ်ဖို့နဲ့ အကောင်းမြင်တတ်ဖို့တွေကို လေ့လာသင်ယူခဲ့ရပါတယ်။ ကျမသင်ယူခဲ့ရတဲ့ ဒီသင်ခန်းစာကိုလည်း နောက်မျိုးဆက်သစ်ကို ပြန်သင်ပေးချင်ပါတယ်"
လို့ ဖြေလိုက်တဲ့အခါ လူတွေအားလုံးရဲ့ လက်ခုပ်သံတွေညံသွားပါတော့တယ်။ ဖြေနေတဲ့အချိန်မှာလည်း သူမရဲ့အဖြေကို ယုံယုံကြည်ကြည်၊ တက်တက်ကြွကြွနဲ့ဖြေပါတယ်။
Top-5 |
Mori ဟာ Miss Universe တစ်ယောက်အနေနဲ့ အင်ဒိုနီးရှား၊ စပိန်၊ ဘဟားမား၊ St. Kitts and Nevis, တရုတ်ပြည်၊ မက်ဆီကို၊ ကနေဒါ၊ ဂျာမဏီ၊ ဗီယက်နမ်၊ ပြင်သစ်၊ မိုနာကို၊ San Marino, ရုရှားနဲ့ အီတလီနိုင်ငံများကို သွားခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ TV presenter အလုပ်နဲ့ မော်ဒယ်အလုပ်ကို လုပ်ကိုင်လျှက်ရှိပြီး သူမရဲ့ ကိုယ်ပိုင်အကသင်တန်းကျောင်းကိုလည်း ဖွင့်ထားပါတယ်။
+ + + + + + + + + + + + + + +
Lara Dutta ကိုတော့ လှလို့ဆိုတာအပြင်ကို တည်ငြိမ်ပြီး ထက်မြက်လို့၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလို့ ကြိုက်တာပါ။
အပိုင်း (၄)ဆက်ရန်... :)
References
- http://www.missuniverse.com
- http://globalbeauties.com/blog/2011/01/former-miss-universe-jennifer-hawkins-to-marry/
- http://www.globalbeauties.com/mbmu/2011/09/miss-universe-2004-%E2%80%93-jennifer-hawkins-%E2%80%93-will-she-be-the-winner/
- http://en.wikipedia.org/wiki/Jennifer_Hawkins
- http://en.wikipedia.org/wiki/Riyo_Mori
No comments:
Post a Comment