ဒီနေ့တော့ ဒီဘလော့ကို လာဖတ်တဲ့သူတွေကို post လေးသစ်ခု ညွှန်းချင်ပါတယ်။ မပန်ဒိုရာရဲ့ post လေးပါ။ မပန်က "ပိုင်ဆိုင်သူထံက ခွင့်ပြုချက် ရယူတာမျိုး မလုပ်နိုင်ခဲ့ပါ။ (ကိုယ်သိသလောက်) ဒီစာအုပ်က ရှားပါးပြီး နောက်တကြိမ် ပြန်ထုတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆတဲ့အတွက် ပျောက်ပျက်မသွားအောင်နဲ့ မြန်မာစာပေ မြတ်နိုးသူတွေ ဖတ်ရှုလို့ရအောင် အက်ဆေး တချို့ကို ဒီဘလော့ဂ်မှာ အခါအားလျော်စွာ တင်ပေးဖို့ ဆုံးဖြတ်ထားတာပါ။ မူပိုင်ခွင့် ပိုင်ဆိုင်သူက ကန့်ကွက်လာရင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။ နောက်ထပ် အခြားနေရာမှာ ကူးယူဖော်ပြဖို့ ခွင့်ပြုနိုင်ခွင့်တော့ ပန်ဒိုရာမှာ မရှိပါ။"လို့ ရေးထားတာကြောင့် အဲဒီ postကိုပဲ ညွှန်းလိုက်ပါတယ်။ ဆရာယုရေးသားထားတဲ့ကျွန်တော်တို့လူမျိုးလို့ အမည်ရတဲ့ postကို ဒီမှာဖတ်နိုင်ပါတယ်။ အဲဒီခေတ်အခါရဲ့ လူနေမှုပုံစံကို ပေါ်လွင်စေတဲ့ postလေးပါပဲ။ သူတစ်ပါးရဲ့ မကောင်းတဲ့အပြုအမူ အနေအထိုင်ကိုသာမြင်ပြီး ကိုယ့်လိုအပ်ချက်ကို ပြန်မမြင်တတ်တဲ့ လူတွေရဲ့အတ္တကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ ဖတ်ကြည့်ကြပါဦး။
Regards, witch83
No comments:
Post a Comment