" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

October 20, 2013

Road To Miss Universe 2013 (Part-3)


အပေါ်က ဓါတ်ပုံကတော့ ဒီ MU2013 ပြိုင်ပွဲအတွက် ကျမကြိုက်တဲ့ မယ်(၇)ယောက်ရဲ့ အလှပုံရယ်၊ ရေကူးဝတ်စုံနဲ့ပုံတွေရယ်ကို ပေါင်းပြီး collage လုပ်ထားတာပါ။ သူတို့(၇)ယောက်အကြောင်းက ရှေ့ က အပိုင်း(၁)နဲ့ (၂)မှာ ရေးခဲ့ပြီးပါပြီ။ ခု...  ဒီ အပိုင်း(၃)ကို ဆုရဖို့သေချာတဲ့မယ်သုံးယောက်ရယ်၊ စောင့်ကြည့်ရမဲ့ တခြားမယ်တွေအကြောင်းကိုရေးပြီးဒီ "Road to Miss Universe 2013"ပို့(စ်)ကို  အဆုံးသတ်ပါမယ်။ အပိုင်း(၂)မှာတုန်းက ဆုရဖို့သေချာတဲ့မယ်(၃)ယောက်ရယ်၊ hot ဖြစ်နေတဲ့ candidate တွေရယ်အကြောင်း ပြောမယ်ဆိုပြီး ပြောခဲ့ပေမဲံ ခုတော့ hot candidates အစား စောင့်ကြည့်ရမဲ့ မယ်စာရင်း လို့ ခေါင်းစဉ်ပြောင်းလိုက်ပါတယ်။ စာလည်း နည်းနည်း ပြန်ပြင်လိုက်ပါတယ်။

ဆုရဖို့ 99% သေချာသောသူများ

ဆုရဖို့သေချာတဲ့မယ်(၃)ယောက်ကတော့ Miss Russia, Miss USAနဲ့ Miss Myanmarတို့ပါ။

1. Miss Russia: ပြိုင်ပွဲကျင်းပတဲ့နိုင်ငံကမယ်ဟာ အနည်းဆုံးတော့ top-15 ကိုဝင်တာ ထုံးစံမို့ ရုရှားအလှမယ် Elmira Abdrazakovaဟာ အနည်းဆုံးတော့ top-15ဝင်မှာပါ။ top-10ဝင်ဖို့ကတော့ ခက်မယ်ထင်ပါတယ်။ သူက ကိုယ်လုံးလေးလှတာကလွဲရင် သူ့အရှေ့က ရုရှားမယ်တွေနဲ့ တခြားစီလိုပါပဲ။ အရပ်လည်းပုပါတယ်။ ရုပ်ငြိမ်ဓါတ်ပုံတွေမှာတော့ကြည့်ကောင်းပေမဲ့ movie clip တွေထဲမှာ မလှပါဘူး။

Olivia Culpo (MU2012), Miss Russia 2012, Miss Russia 2013 and Wenxia Yu(MW2012)

ရုရှားဟာ (၂၀၀၂)ခုနှစ်မှာ Oxana Fedorovaက မယ်စကြာဝဠာဆုကို ယူပေးတာ ရဖုးပါတယ်။ ဒါပေမဲ့ Oxanaဟာလည်း resigned/dethronedဖြစ်သွားတော့ officially အရ တစ်ခါမှ MU crown မရဖူးဘူးလို့ ပြောလို့ရပါတယ်။  တကယ်လို့သာ (၂၀၁၃)ခုနှစ်အတွက် မယ်စကြာဝဠာဘွဲ့ကို ရုရှားကရသွားရင် MU2013 ပြိုင်ပွဲဟာ တော်တော်ကို ရုပ်ဆိုးတဲ့ပွဲလို့ပဲ ယူဆရမယ်ထင်ပါတယ်။ အောက်က video clip ကလေးကတော့ (၂၀၀၃)ခုနှစ်ကနေ (၂၀၁၂)ခုနှစ်ကြား ရုရှားအလှမယ်တွေရဲ့ ပြိုင်ပွဲရလဒ်သမိုင်းနဲ့ Miss Universe Russia 2013 မိတ်ဆက်ကလေးပါ။


2. Miss USA: Miss Universe Org ဟာ အမေရိကန်နိုင်ငံရဲ့မူပိုင်မို့ Miss USA ဟာ လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ... ဘယ်နှစ်မှာမဆို top-15 ကို အသာလေးဝင်ပါတယ်။ USAဟာ Miss Universe Ranking Chart (1952-2012)မှာ နံပါတ်တစ်ပါ။ ခု.. ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာတင်ကို Miss USA.. top-15မဝင်တာ (၂၀၁၀)ခုနှစ် .. တစ်နှစ်ပဲ ရှိပါသေးတယ်။  ဒါကြောင့် Miss USA, Erin Brady လည်း top-15 ဝင်မှာ (၉ ၉ %)သေချာပါတယ်။ ဒါပေမဲ့ Erin Brady ကတော့ အနည်းဆုံး top-10 ဝင်မှာပါ။ သူက အရည်အချင်း ရှိပါတယ်။ အသက်ကြီးတဲ့ပုံပေါက်ပေမဲ့ စကားပြောတာ ဆွဲဆောင်မှုရှိပါတယ်။ လေ့ကျင့်ခန်းလည်း ကောင်းကောင်းလုပ်ထားပုံ ရပါတယ်။ ဗိုက်မှာ ကြွက်သားလိုင်းနှစ်လိုင်းဖြစ်တဲ့အထိကို ဆော့ထားတာပါ။ အဲ့လို ရဖို့ဆိုတာ တော်တော် မလွယ်ပါဘူး။


3. Miss Myanmar: နောက်ထပ် (၉ ၉ %)ဆုရဖို့ သေချာတဲ့ အလှမယ်ကတော့ Miss Myanmar မိုးစက်ဝိုင်ပါ။ သူဟာ top-16 (top-15+Internet Vote)ကို Internet vote နဲ့ သေချာပေါက်ဝင်မယ်လို့ ထင်ပါတယ်။


Miss Myanmar Universe 2013 @Moscow

စောင့်ကြည့်ရမဲ့ အလှမယ်များ

ပြောရရင်တော့ ဒီနှစ် MU2013 ပြိုင်ပွဲကို ဝင်ပြိုင်ကြမဲ့ candidate တွေဟာ ပြီးခဲ့တဲ့နှစ်ကမယ်တွေထက်စာရင် ပိုပြီး strong ဖြစ်ကြတယ်လို့ ထင်ပါတယ်။ ဘယ်မယ်ကိုကြည့်ကြည့် သူ့ဟာနဲ့သူ အားသာချက်တွေ အများကြီး ရှိကြပါတယ်။

Miss Pureto Rico: ကျမရဲ့ Favorite List ထဲမှာ မပါပေမဲ့ တကယ်ကို strong ဖြစ်ပြီး ... လက်ရှိလည်း လူကြိုက်အရမ်းများပြီး၊ Beauty expertတွေရဲ့ ratingအများကြီးရထားတဲ့ အလှမယ်ကတော့ Pureto Ricoအလှမယ် Monic Prezပါ။ ကျမကတော့ မနှစ်ကအလှမယ် Bodine ကို ပိုကြိုက်ပါတယ်။ Bodine ဟာ တကယ်ကို လူ၊ ကိုယ်လုံး၊ မျက်နှာ၊ အရပ်.. ဘာမှပြောစရာမရှိအောင် လှပြီး intelligent လည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ... top-15တောင် မဝင်ခဲ့ပါဘူး။ MU2012ပွဲရဲ့ wasted beautyပါ။ ဘာပဲဖြစ်ဖြစ် Pureto Ricoနိုင်ငံဟာ မယ်စကြာဝဠာဘွဲ့ကို (၅)ခါ ရဖူးပါတယ်။ သရဖူမရတဲ့နှစ်တွေမှာလည်း top-15/top-10/top-5.. တစ်ခုမဟုတ်တစ်ခု ဝင်ပါတယ်။ Miss Universeပြိုင်ပွဲမှာ rank-3ပါ။ ဒီနှစ် PR မယ် Monic Prez ဟာ top-5 ကို အသာလေး ဝင်နိုင်မယ် ထင်ပါတယ်။

Monic Prez
Miss Universe PR 2013

Miss Colombia: ကိုလံဘီယာ အလှမယ် Lucia Aldanaဟာလည်း ဒီMU2013ပြိုင်ပွဲမှာ စောင့်ကြည့်ရမဲ့သူစာရင်းမှာ ပါမယ်ထင်ပါတယ်။ သူက မနှစ်ကမယ်ထက် ပို strong ဖြစ်ပါတယ်။ Latina တို့ရဲ့ထုံးစံအတိုင်း ကိုယ်လုံးအရမ်းလှပြီး လမ်းလျှောက်တာ တော်တော်လှပါတယ်။


 
Miss Paraguay: ဒီနှစ်ရဲ့ ပြိုင်ပွဲဝင်တွေထဲမှာ သိသိသာသာ ပေါ်လွင်ပြီးလှတဲ့၊ Big 4 Grand Slams ရဲ့ Best Body of the yearဆုကိုတောင် ရနိုင်တဲ့ အလှမယ်ကတော့ Paraguayအလှမယ် Guadalupe Gonzalezပါ။  အရမ်းကို ဆွဲဆောင်မှုရှိပြီး stand out ဖြစ်ပါတယ်။



Miss Croatia: မယ်စကြာဝဠာတွေရဲ့ Firced Beauty Queen era ကပြီးသွားပါပြီ။ ခုနောက်ပိုင်း sweet & classy era ပြောင်းသွားပြီးလို့ pageant expertတွေက ပြောကြပေမဲ့ ကျမကတော့ Miss Croatia, Melita Fabeciကို စောင့်ကြည့်ချင်ပါတယ်။ သူဟာ top-15ကို အသာလေး ဝင်နိုင်မယ်လို့ ထင်ပါတယ်။





Two Strong Black Beauty Queens: Israel and Dominican Republic
မနှစ်ကတော့semi-finalist ကိုတောင် black beauty တွေ တစ်ယောက်မှ မဝင်ပါဘူး။ ဒါကြောင့် မနှစ်ကမယ်စကြာဝဠာပြိုင်ပွဲဟာ တော်တော်လေးကို အဝေဖန်ခံခဲ့ရပါတယ်။ ဒီနှစ်တော့ ဘယ်လို လာမလဲ မသိပါဘူး။ ကျမကတော့ ဒီနှစ်မယ်စကြာဝဠာပြိုင်ပွဲအတွက် Miss Israeal, Yityish Titi Anyawနဲ့ Miss Dominican Republic, Yaritza Reyes တို့ကို စောင့်ကြည့်ချင်ပါတယ်။ Miss Israealဟာ တကယ်တော့ အီသီယိုးပီးယားနိုင်ငံသူပါ။ Israel ကို ပြောင်းရွှေ့နေထိုင်လိုက်တာပါ။


Miss Universe Dominican Republic 2013

Sweet Beauties: Miss Polandအပြင် sweetဖြစ်တဲ့၊ သတိထားစောင့်ကြည့်ရမဲ့ အလှမယ်တွေကတော့ Czech Republic၊ Switzerland နဲ့ Ukraineက အလှမယ်တွေပါ။ ဒီနှစ်အတွက် Czechနဲ့ Swissက အလှမယ်တွေက sweet ဖြစ်တဲ့အပြင် နှစ်ယောက်လုံး ဆံပင်တိုတိုလေးတွေနဲ့ပါ။ နောက်ပြီး မျက်နှာလေးတွေက တစ်မျိုးလေးနဲ့ ထူးခြားသလိုပါပဲ။


ခုနောက်ပိုင်းမှာ ဒိုင်တွေက ဖိလစ်ပိုင်အလှမယ်တွေအပြင် ယူကရိန်းအလှမယ်တွေကိုလည်း ကြိုက်တတ်လာကြပါတယ်။

Miss Universe Ukraine 2013

Miss Venezuela: ဒီနှစ် Venezuela အလှမယ် María Gabriela Islerဟာ ကျမကြိုက်တဲ့ပုံ မဟုတ်ပေမဲ့ သူလည်း စောင့်ကြည့်ရမဲ့ အလှမယ်စာရင်းမှာပါတယ်လို့ ထင်ပါတယ်။ top-15ကို အသာလေး ဝင်မှာပါ။


Irene crowning Maria

Others: တခြား ဖြစ်နိုင်ခြေရှိတဲ့၊ စောင့်ကြည့်ရမဲ့ အလှမယ်တွေကတော့...

  • Miss India, Manasi Moghe
  • Miss Canada ( Riza Sentos ဟာ pure fillipino ပါ။) 
  • Miss Kosovo ( ရုရှားဟာ Kosovoကို နိုင်ငံအနေနဲ့ မသတ်မှတ်တာကြောင့် Miss Kosovo, Mirjeta Shalaဟာ MU2013ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်မရပါဘူး။ ဒါပေမဲ့ တစ်ချို့အလှမယ် website တွေကတော့ သူ.. ဝင်ပြိုင်မယ်လို့ပြောကြပါတယ်။ Miss Universe official website မှာတော့ သူမပါပါဘူး။) 
  • Miss South Africa ( Marilyn Ramosဟာ မနှစ်ကSAမယ်လို လူကြိုက်မများပေမဲ့ သူလည်း sweet ဖြစ်ပြီး လှပါတယ်။)
  • Miss Great Britain ( လူကောင်ထွားပေမဲ့ လူကြိုက်များကြပါတယ်။ သူ့အလှက တစ်မျိုး။ သူများတွေနဲ့ သိပ်မတူဘူး။ ကြည့်လို့တော့ တော်တော် ကောင်းပါတယ်။)
  • Miss Italyနဲ့ 
  • Miss Vietnam  (May Troung, fierce Beauty)
တို့ပဲ ဖြစ်ပါတယ်။

L to R, Up to Down: India, Canada, Kosovo, Vietnam, Italy

Marilyn Ramos, Miss SA Universe 2013
Miss Universe Great Britain 2013 
Kosovo (Withdraw or Not?)

+ + + + +
"Road To Miss Universe 2013" post ends here.

မှတ်ချက်။    ။ ဒီ "Road To Miss Universe"ပို့(စ်)ဟာ မယ်တွေ မပြိုင်ကြခင် ရေးထားတာမို့ သူတို့တွေ တကယ်ပြိုင်ကြတဲ့အခါ (99%)ဆုရတဲ့ မယ်သုံးယောက်ကလွဲရင် ကျန်တာတွေက လူပြောင်းနိုင်ပါတယ်။ Nov 3: National Costume Showနဲ့ Nov 5: Preliminary Competition ပွဲမှာ မယ်တွေပြိုင်တာကို ကြည့်ပြီးရင် နောက်တစ်ပုဒ် (My Sentimental Top-16) ထပ်ရေးပါဦးမယ်။း)

ဒါနဲ့ စကားမစပ်.. အပိုင်း(၁)မှာ အချိန်တွက်ပေးထားတာ မှားနေပါတယ်။ ပေါင်းရမဲ့အစား နုတ်ထားပါတယ်။ ကိုယ့်ဘာသာကိုယ် ပြင်လိုက်ကြနော်... ဟဲ...ဟဲ... ကိုယ်က အဲ့လိုပဲ အချိန်တွက်ရင် အမြဲတမ်း မှားတတ်ပါတယ်။ ရန်ကုန်ကိုပြန်တုန်းကလည်း နာရီမှားတွက်ပြောလိုက်တာ .. မိနစ်(၉ ၀)နုတ်ရမဲ့အစား ပေါင်းပေးလိုက်လို့ လေဆိပ်ကို (၃)နာရီကြိုစောရောက်နေပြီး ကိုယ့်ဘာသာကိုယ် taxi နဲ့ ပြန်ခဲ့ဖူးပါတယ်။ အိမ်ရောက်တော့ ကိုယ့်ကိုကြိုမဲ့သူတွေက ထွက်သွားကြပြီ။ ကိုယ်အိမ်တံခါးခေါက်တော့ အိမ်မှာကျန်ခဲ့တဲ့ အဒေါ်အငယ်ဆုံးတစ်ယောက်ပဲ ကိုယ့်ကို တအံ့တသြနဲ့ ပြေးကြိုရပါတယ်။ :D

အားလုံးပဲ Have a nice working week ahead ပါ။ Thank you for reading this post. ^^
Regards, witch83 (20/10/2013; 8:01PM; GMT+8)

References: Miss Universe Org, Missosology, Global Beauties, Beauty Pageant Grand Slam, TheIDealBeauty, Google

2 comments:

  1. အားလုံးက အရမ်းလှနေတော့ ဘယ်သူု့ကိုကြိုက်ရမလဲမသိတော့ဘူး
    လှတဲ့သူတွေကိုကြည့်ရတာစိတ်ချမ်းသာတယ်

    ReplyDelete
    Replies
    1. လှတဲ့သူတွေချည်း ရွေးထားတာကိုး အမရဲ့... :D
      ဒီပို့(စ်)မှာ Miss Brazil အကြောင်းရေးဖို့ ကျန်သွားတယ်။

      Delete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer