" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

November 21, 2012

Oxana Gennadyevna Fedorova (2)

ကိုယ်ဝန်ရှိတယ်ဆိုတဲ့ စွပ်ဆွဲချက်ကို Fedorovaက ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ သူမ ကိုယ်ပိုင်သဘောအရ Miss Universe 2002 ရာထူးမှ နုတ်ထွက်ပါတယ်ဆိုပြီး ပြောပါတယ်။ အဓိကအကြောင်းရင်းကတော့ သူမရဲ့ပါရဂူဘွဲ့ကို ပြီးအောင် လုပ်ချင်လို့..လို့ဆိုပါတယ်။
နောက်တစ်ခုက.... သူမဟာ အမေရိကန်ရုပ်ရှင်ပြဇာတ်တစ်ခုဖြစ်တဲ့ အောက်မလွတ် ညစ်တီးညစ်ပတ်တွေ အရမ်းပြောတတ်တဲ့ Howard Stern Showရဲ့ အလွန်အကျွံ စော်ကားတာကို ခံရပါတယ်ဆိုပြီး Miss Universe အနေနဲ့ ထမ်းဆောင်ရမဲ့တာဝန်တွေကိုငြင်းပယ်ပါတယ်။  Sternက သူမကို မကြာခဏမေးလေ့ရှိတဲ့ sexual မေးခွန်းတွေကို organizerတွေက သတိပေးတားမြစ်တာမျိုး မလုပ်ဘူးလို့ .. သူမက အပြစ်တင်ပါတယ်။
(Stern Show အကြောင်းကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ Federal Communications Commission မှာ ခဏခဏ ဒဏ်ငွေဆောင်ရတဲ့ channel ပဲ ဖြစ်ပါတယ်။)
ဒီလိုနဲ့ ... Miss Universe 2012 ဆုကို ပနားမားမယ် Justine Pasek က လွှဲပြောင်းယူလိုက်ရပါတယ်။ ( သူမဟာလည်း ပနားမားအတွက် ပထမဆုံးသော Miss Universe ပါ။) Fedorovaဟာ Miss Universe တစ်ယောက်အနေနဲ့ ထမ်းဆောင်ရမဲ့ တာဝန်တွေကို ငြင်းပယ်ပြီး၊ Miss Universe ဘွဲ့ကို ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်တဲ့ ပထမဦးဆုံးသော အလှမယ် ဖြစ်ပါတယ်။ Oxana Fedorova နုတ်ထွက်ပြီးနောက်မှာ Miss Universe Comitte က သူမကို Miss Universe 2002 အနေနဲ့ လုံးဝ လက်မခံတော့ပေမဲ့ အများပြည်သူအပေါင်းကတော့ Fedorova ကိုသာ Miss Universe 2002 အဖြစ် သတ်မှတ်ခဲ့ပါတယ်။ လူတွေဟာ သူမကို သရဖူပြန်ရုတ်သိမ်းခြင်းခံရတဲ့သူ ( Dethroned Miss Universe)လို့ ပြောရင်တောင် လက်မခံပါဘူး။ volunteerly give up လုပ်တာပါတဲ့လေ။ Resigned Miss Universe ပေါ့။ :) 


Cadet and Beauty Queen life မှသည် ..  Miss Russia (2002) ဆုကို ရယူခဲ့တဲ့၊ ရုရှားနိုင်ငံအတွက် ပထမဆုံးသော Miss Universe ဘွဲ့ကို ယူပေးခဲ့တဲ့၊ Yes or No person (မတွေဝေတတ်သူ) လို့ အဒေါ်ဖြစ်သူက သတ်မှတ်ခဲ့တဲ့၊ သူ့အကြောင်းကို အငြင်းပွားမယ်ဆိုရင် ခုချိန်ထိ အငြင်းပွားလို့သေးတဲ့ ရုရှားပြည်သူတွေရဲ့ အချစ်တော်... Oxana Fedorova

After giving up the crown

Miss Universe 2002 ဘွဲ့ကို စွန့်လွှတ်ပြီးတဲ့နောက်....Oxana Fedorova ဟာ...

  •  (၂၀၀၂)ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့မှာ သူမရဲ့ Phd စာတမ်း Fedorova ဟာ ကို ပြီးဆုံးအောင်မြင်ခဲ့ပါတယ်။ (၂၀၀၃)ခုနှစ် မေလ (၁၆)ရက်နေ့မှာ ပါရဂူဘွဲ့ရခဲ့ပါတယ်။
(1) Career Life

  • ပါရဂူဘွဲ့ရပြီးတဲ့နောက်မှာလည်း အဲ့ဒီ MVD တက္ကသိုလ်မှာပဲ အချိန်ပိုင်းအနေနဲ့ စာဆက်သင်ခဲ့ပါတယ်။ 
  • ရဲအရာရှိအလုပ်ကိုလည်း ဆက်လုပ်ပြီး စက်တင်ဘာ (၂၀၀၂)ခုနှစ်မှာ ဗိုလ်ကြီးအဆင့် ရာထူးတိုးပေးခြင်းခံရပြီး၊ (၂၀၀၅)ခုနှစ်မှာ ဗိုလ်မှုးအဆင့်ထိ ရောက်ခဲ့ပါတယ်။ 
  • (၂၀၀၂)နှစ်အကုန်ပိုင်းကစပြီး ရုပ်မြင်သံကြား အစီအစဉ်မှုးလုပ်.. နောက်ပိုင်း ဂီတ၊ ရုပ်ရှင်၊ အက၊ modellingစတာတွေလုပ်ကိုင်ပြီး အနုပညာလောကထဲ ဝင်ရောက်အောင်မြင်လာခဲ့ပါတယ်။
ဒီဇင်ဘာ (၂၀၀၂)ခုနှစ်ကစပြီး "Spokoinoi Nochi, Malyshi" .. "ကောင်းသောညချမ်းပါကလေးတို့ရေ.." ဆိုတဲ့ ရုပ်မြင်ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကပြခဲ့ပြီး အောက်တိုဘာ(၂၃)မှာ ဒီအစီအစဉ်လေးဟာ ရုရှားရဲ့ အကောင်းဆုံး TEFI Children's Show ဆုကို ရရှိခဲ့ပါတယ်။ သူမပြောတာကတော့ အဲ့ဒီရုပ်မြင်သံကြားကုမ္ပဏီဟာ သူမကို TV presenter လုပ်ဖို့ ကမ်းလှမ်းနေပေမဲ့ သူမက အကြိမ်ကြိမ် ငြင်းနေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ ကလေးအစီအစဉ်မှာလုပ်ပေးပါဆိုလို့ ကလေးတွေကိုချစ်တဲ့အတွက်ကြောင့် လက်ခံလိုက်ပါတယ်။  အောက်က ရုပ်ရှင် clipအတိုလေးကတော့ သူမပါတဲ့ အပိုင်းတိုလေးကို ထည့်ထားပေးတာပါ။



ဒီအစီအစဉ်လေးဟာ တော်တော်ကို နာမည်ကြီးပြီး ပြင်သစ်အပါအဝင် တခြားနိုင်ငံအချို့ကို သွားရောက် ကပြခဲ့ရပါသေးတယ်။ သူမဟာ (၂၀၁၂)ခုနှစ် ကလေးမမွေးခင်အချိန်အထိ ဒီရုပ်သံအစီအစဉ်လေးကို ပါဝင်ကပြနေတုန်းပါပဲ။
Fedorova ဟာ (၂၀၀၆)ခုနှစ် Dancing with the Stars ( Russia) show ပြိုင်ပွဲမှာ Alexander Litvinenko နဲ့တွဲကပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ top-5 ဝင်သွားခဲ့တယ်လို့ သိရပါတယ်။ ဒေါက်ဖိနပ်နဲ့ကသွားတာ တော်တော်ကြီးကို လှပါတယ်။ အောက်က ဗွီဒီယိုမှာ ကြည့်နိုင်ပါတယ်။


သူမဟာ (၂၀၀၈)ခုနှစ် ဧပြီလမှာ... ရုရှားရဲ့ "Sony Vaios P Series" ရဲ့ မော်ဒယ် ဖြစ်ခဲ့ပါသေးတယ်။ သူမပါဝင်ခဲ့တဲ့ TV show တွေ၊ ရုပ်ရှင်တွေ၊ အစီအစဉ်တွေများလို့ အကုန် မပြောတော့ပါဘူး။ ထင်ရှားတာလေးတွေပဲ ဒီ ပို့(စ်)ထဲမှာ တင်ထားပါတယ်။ ဆုတွေလည်း ရခဲ့ပါတယ်။ 

(၂၀၀၈)ခုနှစ် အောက်တိုဘာလမှာတော့ သူမကိုယ်တိုင်ရေးသားတဲ့ "The formula of Style" စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အလှအပနဲ့ ဖက်ရှင်စတိုင်တွေအကြောင်းရေးထားပြီး သူမရဲ့ ကိုယ်ရေးရာဇဝင်လည်း ပါပါတယ်။

(၂၀၀၉)ခုနှစ်မှာတော့ သူမဟာ ဂီတလောကထဲ ဝင်လာပါတယ်။ ဂီတသင်တန်းကျောင်းတက်ပြီးတဲ့နောက်...  Fedorova ဟာ သီချင်းဆိုခြင်းကို စတင်ခဲ့ပါတယ်။ (၂၀၀၉)ခုနှစ် သြဂုတ်လမှာ ရုရှား tenor ( ယောကျာင်္းအသံမြင့် အဆိုတော်) Nikolay Baskovနဲ့ "Love is Right" လို့အမည်ရတဲ့ စုံတွဲသီချင်းတစ်ပုဒ်ကို စဆိုခဲ့ပါတယ်။ သူမရဲ့ တစ်ကိုယ်တော်ခွေကတော့ (၂၀၁၀)မှာ ထုတ်တာပါ။ သူမရဲ့ တစ်ကိုတော်သီချင်းမှာ ဂီတာတီးတယ်လို့ အင်တာဗျူးတစ်ခုကနေ သိရပါတယ်။ အောက်က သီချင်းအစီအစဉ်လေးကတော့ (၂၀၀၉)ခုနှစ်တုန်းက ရုရှားရုပ်သံအစီအစဉ်တစ်ခုမှာ  "Felicità" လို့အမည်ရတဲ့ အီတလီစုံတွဲသီချင်းကို Nikolay Baskovနဲ့ ဆိုထားတာပါ။ မြန်မာလို  "ပျော်ရွှင်ခြင်း"လို့ အဓိပ္ပါယ်ရပါတယ်။( Fedorova ဟာ သီချင်းဆိုတာတော့ သိပ်မကောင်းပါဘူး။ )



 
(2) Charity Work
Fedorovaဟာ မယ်တစ်ယောက်ဖြစ်တာကြောင့် charityလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါတယ်။ သူမဟာ ( ၂၀၀၄)ခုနှစ်လောက်ကတည်းက ကလေး charity programme တွေမှာ ဝင်ပါခဲ့ပါတယ်။ (၂၀၀၆)ခုနှစ် မေလကတည်းက UNICEFမှာ စဝင်လုပ်ခဲ့ပြီး (၂၀၀ရ)ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့မှာ ရုရှားဖယ်ဒရေးရှင်းရဲ့ သံတမန်ရာထူးကို ရရှိခဲ့ပါတယ်။ ကလေးတွေအတွက် ပရောဂျက်တွေ၊  အများကြီး လုပ်ပေးခဲ့ပါတယ်။ ကမ်ပိန်းတွေလည်း ထောင်ပေးခဲ့ပါတယ်။
(၂၀၀၉)ခုနှစ် အောက်တိုဘာလမှာ ကလေးတွေအတွက် ရုရှားစစ်တပ်နဲ့ Orthodox ဘာသာရေးအသင်းတို့ရဲ့ အကူအညီကိုရယူပြီး "Спешите делать добро!, Hurry to Create Wonders"ဆိုတဲ့ charity ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ပါတယ်။ ဒုက္ခရောက်နေတဲ့ ကလေးတွေအတွက်ပါ။ ဒါပေမဲ့ တာဝန်ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတဲ့ ရုရှားစစ်တပ်ကစစ်သားတွေနဲ့ ပြည်ထဲရေးကဝန်ထမ်းတွေရဲ့ သားသမီးတွေကို ဦးစားပေးလက်ခံပါတယ်။ ( တကတည်းမှပဲ.. ဒါကြောင့် ရုရှားအစိုးရနဲ့ မြန်မာအစိုးရ မဟာမိတ်ဖြစ်တာ... )  အောက်က ဗွီဒီယို clip လေးကတော့ UNICEF ambassodor အနေနဲ့ စကားပြောထားတာလေးကို ထည့်ပေးထားတာပါ။ ရုရှားလိုပြောတာဆိုတော့ ကိုယ်လည်း နားမလည်ပါဘူး။




(3) Political Activity 

(၂၀၀၃)ခုနှစ်ကနေ (၂၀၀၅)ခုနှစ်ကြားထဲမှာ ရုရှားလူနေမှုဘဝပါတီ ( တိုက်ရိုက်ဘာသာပြန်လိုက်သည် :P) အတွက် မဲလိုက်ဆွယ်ပေးခဲ့ပါတယ်။ (၂၀၀၄)ခုနှစ် သမ္မတရွေးကောင်ပွဲအတွက် အဲ့ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်ပြီး (၂၀၀၃)ခုနှစ်တုန်းကလည်း လူငယ်များအသင်းမှာ တွဲဖက်ဥက္ကဌလို့ သိရပါတယ်။
ပြောရမယ်ဆိုရင်တော့ ပါလေရာငါးပိချက်ပါပဲ။ သူကိုယ်တိုင်ကလည်း ပြောပါတယ်။ ဘဝမှာ ကိုယ်လုပ်လို့ရနိုင်သမျှကို လုပ်ကြည့်သင့်တယ်လို့ အင်တာဗျူးတစ်ခုမှာ ထုတ်ပြောဖူးပါတယ်။ ကျမထင်တာတော့ သူမဟာ civil law နဲ့ ကျောင်းပြီးထားပြီး လူငယ်တွေ၊ ကလေးတွေကို မြေတောင်မြှောက်ချင်ပုံ ရပါတယ်။  ဒါကြောင့်လည့် Missology ကပေးတဲ့ All time gooddess Miss Universe (၅)ယောက်ထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့တာနေမှာ။


(4) Marriage Life
Fedorova ဟာ အင်တာဗျူးတော်တော်များများမှာ မိသားစုဘဝကို လိုချင်တယ်၊ မိခင်ဘဝကို ရချင်တယ်လို့ ပြောတတ်ပါတယ်။ (၂၀၀ရ)ခုနှစ် သြဂုတ်လမှာတော့ Philip Toftလို့ အမည်ရတဲ့ ဂျာမန် စီးပွားရေးသမားတစ်ယောက်နဲ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ လက်ထပ်ခဲ့ပါတယ်။ 


(၂၀၁၀)ခုနှစ် ဧပြီလမှာတော့ တရားဝင် ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။ ကွာရှင်းပြီးနောက်မှာလည်း အခင်အမင်မပျက် ဆက်ဆံလျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူနဲ့တွဲဆိုနေကြအဆိုတော် Nikolay Baskov နဲ့ သူငယ်ချင်းအဆင့်က ကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ (၂၀၁၁)ခုနှစ်မှာတော့ အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ ရုရှားသမ္မတရုံးက အရာရှိတစ်ဦးဖြစ်သူ Andrey Mikhaylovich Borodin နဲ့ လက်ထပ်ခဲ့ပါတယ်။ Andreyဟာ ရုရှားလက်ဝှေ့ကော်မတီရဲ့ ဒုတိယဥက္ကဌလည်း ဖြစ်ပါတယ်။ 


(၂၀၁၂)ခုနှစ် မတ်လ၊ (၆)ရက်နေ့မှာတော့ Oxana Fedorovaဟာ သားယောကျာင်္းလေးတစ်ဦးကို မော်စကိုမြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ကလေးနာမည်ကို Fyodor (Fedor)လို့ ပေးထားပါတယ်။


Fedorovaဟာ ကလေးမမွေးခင်အထိ "Good Night, Children"အစီအစဉ်မှာ ပါဝင်ကပြခဲ့ပြီး ကလေးမွေးပြီးသွားတော့လည်း TV presenter ဆက်လုပ်နေတုန်းပါပဲ။ ဝိတ်ချဖို့တော့ လိုပါပြီ။ :)
2011
2012

(၂၀၁၁)ခုနှစ်မှာ Fedorovaကို Global Beauties က အားလုံးသော Miss Universe ထဲမှာ အလှဆုံးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ Missosology ကလည်း တွေ့ဖူးသမျှပြိုင်ပွဲဝင်တွေအားလုံးမှာ Fedorova ရဲ့ Performaceဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ (၂၀၁၂)ခုနှစ်မှာ ရုရှားမှာ poll လုပ်ကြတော့ Oxana Fedorova ကပဲ ရုရှားရဲ့ အလှဆုံးအမျိုးသမီးဆုကို ရသွားပါတယ်။

ဘက်စုံတော်သော၊ အရည်ချင်းရှိသော Oxana Fedorova တစ်ယောက် ဒီထက်အောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းပေးရင်း ဒီပို့(စ်)ကို နိဂုံးချုပ်လိုက်ပါတယ်။
စာကြွင်း။        ။ တကယ်လို့များ သူမရဲ့ ဓါတ်ပုံတွေ ထပ်ကြည့်ချင်တယ်ဆိုရင်တော့ internet ပေါ်မှာ အများကြီး ရှိပါတယ်။ Youtube ပေါ်မှာလည်း အင်တာဗျူးတွေ၊ TV showတွေ၊ MTVတွေ၊ dance show တွေ အများကြီးရှိပါတယ်။ စိတ်ဝင်စားရင် ရှာကြည့်လို့ရပါတယ်။

Thank you for reading this post.
witch83
(21/11/2012; 10:44AM; GMT+8)

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer