" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

August 06, 2013

~ Miss USA 2013 ပြိုင်ပွဲ နှင့် Erin Brady အကြောင်း ~

Miss USA 2013 ပွဲကို (၂၀၁၃)ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့ .. LA က Planet Hollywood Resort မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်စုစုပေါင်း (၅၁)ဦးရှိပြီး တစ်ဦးချင်းဆီရဲ့ overviewကိုတော့ အောက်က video clip ကလေးမှာ ကြည့်နိုင်ပါတယ်။


(၅၁)ဦးထဲကနေ  twitter vote မှာနိုင်ခဲ့သူကတော့ Miss Texas ဖြစ်ပြီး၊ Internet voteကနေတဆင့် တက်လှမ်းခဲ့သူကတော့ Miss Pennysylvania တို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Miss Texas ဟာ ဒိုင်တွေပေးတဲ့ top-15မှာလည်း ပါဝင်တဲ့သူပါ။

Miss Pennysylvania
Final top-6 အထိ တက်လှမ်းနိုင်ခဲ့သူတွေကတော့ Connecticut နယ်မှ Erin Brady ၊ Alabamaနယ် မှ Mary McCord ၊ Illinoisနယ် မှ Stacie Juris ၊ Utahနယ်မှ Marissa Powell ၊ South Carolina နယ်မှ Megan Pinckneyနဲ့ Texasနယ် မှ Al Nugent တို့ပဲ ဖြစ်ကြပါတယ်။ ဆုရတဲ့သူတွေကို အစဉ်အတိုင်း ချရေးရရင် အောက်ပါအတိုင်း ဖြစ်ပါတယ်။
~ Miss Connecticut, Erin Brady ( Miss USA 2013)
~ Miss. Alabama, Mary McCord ( 1st runner-up)
~ Miss Illinois, Stacie Juris (2nd runner-up)~ Miss Utah, Marissa Powell (3rd runner-up)
~ Miss Texas, Ali Nugent (4th runner-up)
~ Miss South Carolina, Megan Pinckney (5th runner-up) 

Miss USA 2013, top-6
ဒီပွဲမှာ ကျမနှစ်သက်ပြီး အားပေးခဲ့တဲ့ အလှမယ်တွေကတော့ Miss Alabama (1RU), Miss Manssachsetts (Top-16), Miss Illinois (2RU), Miss Maryland နဲ့ Miss Texas (4RU) တို့ပါပဲ။ Miss Illinoisက အေးအေးငြိမ်ငြိမ်လေးနဲ့ လှပါတယ်။ Miss Texasကတော့ nervousတော်တော် ဖြစ်တတ်ပုံရပါတယ်။ Final Question မှာလည်း ပေါက်ကရတွေလျှောက်ပြောပါတယ်။

Miss Texas
Hobby: Miss USA Illinois 2013

အကြိုက်ဆုံး၊ အနှစ်သက်ဆုံး အလှမယ်တွေကတော့ Ms.Manssachsetts, Ms.Maryland နဲ့ Ms.Alabamaတို့ပဲ ဖြစ်ပါတယ်။ Erin Bradyကိုတော့ မကြိုက်ခဲ့ပါဘူး။

တကယ်ဆိုရင် Sarah Kidd (Ms.Manssachsetts)ဟာ တော်တော်လှတာပါ။ ကိုယ်လုံးရော၊ မျက်နှာရောလှပါတယ်။ ငယ်ဂုဏ်လေးလည်း ရှိပါတယ်။ catwalk လျှောက်တာလည်း ကြွကြွလေးနဲ့ လှပါတယ်။ ဒါပေမဲ့ top-15 မှာတင် ပြီးသွားပါတယ်။ နှမြောလိုက်တာ။ Miss Illinoisကို သဘောကျပေမဲ့ 2nd runner-up နေရာကို Sarahကိုပေးပြီး Sarahရဲ့ top-15ကို သူမကို ပြန်ပေးချင်ပါတယ်။ သူတို့နှစ်ယောက် ရတဲ့ဆုတွေ လဲလိုက်ကြရင်ကောင်းမယ်။ :P

Miss Massachusetts 2013, Sarah Kidd
Sarah @ Competition

Sarah ပြီးရင်တော့ Miss Marlyland, Kasey Staniszewski ကို ကြိုက်ပါတယ်။ Sarah ထက် အရပ် (၁)လက်မ ပိုရှည်ပါတယ်။ သူမကိုလည်း အားပေးတဲ့သူတွေ များပေမဲ့ သူမဟာ top 16တောင် မဝင်ခဲ့ပါဘူး။ သူမရခဲ့ရင် back-to-back လို့ ပြောရအောင်လည်း အရင်နှစ်ရဲ့ Miss USA, Nana ဟာ တကယ်တော့ 1st runner-up ပါ။

Miss Maryland 2013

Ms.Alabamaကတော့ Sarah လောက် ကိုယ်လုံးမလှပေမဲ့ Sarahနဲ့ Miss Marylandတို့ထက် ပိုပြီး talent ရှိတယ်လို့ထင်မိပါတယ်။   ဆွဲဆောင်မှုရှိပြီး sweet လည်း ဖြစ်ပါတယ်။ အရပ် (၅)ပေ (၇)လက်မသာရှိပေမဲ့ အရပ်ပုတယ်လို့ လုံးဝ မထင်ရပါဘူး။ ပြိုင်ပွဲမှာ သူမကို လူတွေက ဝက်ဝက်ကွဲကို အားပေးကြတာပါ။ တစ်ပြေးခဲ့ပြီးမှ Erin Brady ကို သရဖူပေးလိုက်ရပါတယ်။ First runner-up နဲ့သာ ကျေနပ်ခဲ့ရသူပါ။ ဒီလို Connecticut နယ်က Miss USA ဆုကိုရတာဟာ.. ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
Miss Albama 2013




မျက်လုံး အစိမ်းရောင်၊ ဆံပင်အညိုရောင်ပိုင်ဆိုင်တဲ့ Erin Brady ဟာ အရပ် (၅)ပေ (၈)လက်မရှိပြီး အသက်(၂၅)နှစ် ရှိပြီ ဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာဘွဲ့ကို ရယူထားပြီး လက်ရှိအချိန်မှာတော့ finanical accountant တစ်ယောက် ဖြစ်ပါတယ်။ ကိုယ်က Mary (Miss Alabama)ကို နှစ်သက်မိတဲ့အပြင်၊ Erin ကိုလည်း အားမပေးခဲ့သူမို့ Miss USA 2013 ပွဲ online live show ကနေ ကြည့်ပြီးသွားတဲ့အခါမှာ လူက မအီမလည်ကြီး ဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ ကျမဟာ ဒီပြိုင်ပွဲစပြီး သူတို့တွေcamp ဝင်ကြကတည်းက Erin ကို အားပေးခဲ့တာ မဟုတ်ပါဘူး။ Erin Bradyဟာ ကိုယ်လုံး အရမ်းလှတာတစ်ခုကလွဲရင် လက်ရှိပင်ကိုယ်ရုပ်ထက် အသက်ကြီးတဲ့ပုံ ပေါက်ပါတယ်။ လူကောင်လည်း အရမ်းထွားပါတယ်။ ပုခုံးကလည်း ယောကျာင်္း နည်းနည်းဆန်သလိုပါပဲ။ ဒါပေမဲ့ သူမကို တကယ်ကို ချစ်ခင်လေးစားမိသွားတာကတော့ နောက်ပိုင်းမှ သိရတဲ့ သူမရဲ့ story ကြောင့်ပါ။

Miss USA 2013, Erin Brady



Erin ဟာ တခြားအလှမယ်တွေနဲ့ မတူဘဲ ခက်ခဲကြမ်းတမ်းမှုတွေကြားက ရုန်းကန်ပြီး ဘဝမှာ အောင်မြင်မှု ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်သူဟာ အရက်စွဲနေသူတစ်ဦးဖြစ်ပြီး ပြစ်မှုအသေးစားလေးတွေကြောင့် မကြာခဏဆိုသလို အဖမ်းခံထိသူတစ်ဦး ဖြစ်ပါတယ်။ သူမ မိခင်နဲ့ ဖခင်ဟာ သူမအသက်(၈)နှစ်အရွယ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ညီအမ(၃)ယောက်မှာ အကြီးဆုံးဖြစ်ပြီး  အထက်တန်းကျောင်းမှာ prom queen ဖြစ်ခဲ့တဲ့ Erin ဟာ ငွေကြေးအဆင်မပြေတာကြောင့် သူမကိုယ်တိုင်နဲ့ သုမညီမဖြစ်သူ Lauren တို့ရဲ့ ကျောင်းလခရဖို့အတွက် စားပွဲထိုးအလုပ်ကို shift နဲ့ အချိန်ပိုင်းအလုပ် ဝင်လုပ်ခဲ့ရပါတယ်။ သူမရဲ့ year book မှာ  "ဘဝဆိုတာ မကောင်းတာတွေကို တွေ့ကြုံခံစားဖို့ သိပ်ကောင်းလွန်းတယ်။" လို့ တစ်ခါ ရေးခဲ့ဖူးပါတယ်။ အသက် (၂၅)နှစ်သာရှိသေးပေမဲ့ ကိုယ့်ကိုကိုယ် အသက်(၃၅)နှစ်လောက် ရှိတယ်လို့ ခံစားရပါတယ်လို့  သူမကိုယ်တိုင်လည်း ဝန်ခံထားပါတယ်။

Erin ဟာ သူမရဲ့ မိသားစုဝင်တွေ အံ့သြရလောက်အောင် ငယ်စဉ်ကတည်းက .. စိတ်ဓါတ်ကြံ့ခိုင်လွန်းပြီး ဘဝမှာ အောင်မြင်ချင်တဲ့စိတ်ရှိလွန်းသူ ဖြစ်ပါတယ်။ ကျောင်းစာမှာ ထူးချွန်သူပြီး အားကစားမှာလည်း ထူးချွန်တဲ့ Erin ဟာ Finance Degree ကို ဂုဏ်ထူးနဲ့ဘွဲ့ရခဲ့ပြီး၊ ဖခင်ဖြစ်သူနဲ့လည်း နီးနီးကပ်ကပ် နေထိုင်ခဲ့ပါတယ်။ Ferrari နဲ့ Friends Concorso အဖွဲ့အစည်းတွေနဲ့အတူ  အရက်နဲ့ ဆေးတွေစွဲနေတဲ့ ကလေးသူငယ်များကို ကူညီပေးခဲ့ပါတယ်။

Erin(L), her Dad, Laurn (second from R), Audrey (R)

သူမဟာ သူမရဲ့ချစ်သူနဲ့ စေ့စပ်ထားပြီး Miss Universe 2013 ပြိုင်ပွဲကျင်းပမဲ့ နိုဝင်ဘာလ(၉ )ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပေမဲ့ Miss USA 2013 ဖြစ်သွားတာကြောင့် သူမရဲ့ reign ပြီးမှသာ လက်ထပ်ရတော့မှာ ဖြစ်ပါတယ်။

Erin with her fiancé, Tony Capasso

လက်ရှိအချိန်မှာ သူမရဲ့ အလှနဲ့ ကိုယ်လုံးကြောင့်ရော၊ ဒီ story ကြောင့်ပါ သူမကို အားပေးသူတွေ အများကြီး ရှိနေပါတယ်။ Miss USA ဖြစ်တာကြောင့်လည်း top-16 တော့ အသာလေးဝင်နိုင်မယ် ထင်ပါတယ်။

Miss USA 2013, Erin Brady တစ်ယောက် ဘဝမှာ အောင်မြင်မှုတွေ အများကြီး ရပါစေ။ ဘဝကို ပျော်ရွှင်ချမ်းမြေ့ စွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)လေးကို ဒီနေရာမှာ နိဂုံးချုပ်လိုက်ပါတယ်။

Regards, witch83
(06/08/2013; 5:24PM; GMT+8)

References:
(1) http://missuniverse.com/missusa/members/contestants/year:2013
(2) http://en.wikipedia.org/wiki/Miss_USA_2013
(3) http://www.dailymail.co.uk/news/article-2344011/Erin-Brady-The-utterly-uplifting-story-Miss-USA-winner
(4) http://missosology.org/regional/us/item/1927-the-inspiration-that-is-erin-brady
(5) http://en.wikipedia.org/wiki/Erin-Brady

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer