မှတ်သားမိတဲ့ Quotes တစ်ချို့  အပိုင်း(၄)ကို ဆက်ရေးပါ့မယ်။ Quotesကို ကိုယ့်ဘာသာကိုယ် ဆိုရိုးစကားဆိုပြီး ဘာသာပြန်ထားတာ ဟုတ်ရောဟုတ်ရဲ့လား မသိပါဘူး။ မဟုတ်ရင်လည်း ပြင်ပေးကြပါဦး။း)
- အပိုင်း(၃)အတွက် ပထမဆုံးရွေးထားတဲ့ ဆိုရိုးစကားကတော့ "သူဟာ ကိုယ် မဟုတ်ဘူး"တဲ့။
ဘုန်းဘုန်း အရှင်ဆေကိန္ဒဟောကြားခဲ့တဲ့စကားလေးပါ။ သိပ်ကိုမှန်တဲ့ စကားလေးပါပဲ။ သူဟာ ကိုယ်မဟုတ်ပါဘူး။ လူတွေက တစ်ခုခုဆိုရင် "ငါသာဆိုရင် အဲ့လို မလုပ်ဘူး။ ............ လို လုပ်မှာ"ဆိုပြီး သူများကို အပြစ်တင် ပြောဆိုတတ်ကြပါတယ်။ ဒါပေမဲ့ ခက်တာက၊ အဲ့ဒီလူတွေ မေ့နေတာက .... သူက ကိုယ်မဟုတ်ဘူးလေ။ ဘယ်လိုလုပ် ကိုယ်လုပ်သလို သူက လိုက်လုပ်မှာလဲ။ အဲဒီ သူကလည်း ကိုယ်ဖြစ်လို့ မရဘူးလေ။ ဖြစ်ရင် ရှုပ်ကုန်မှာပေါ့။
အဲဒီတော့ ကိုယ့်စိတ်တိုင်းကျတွေ ဖြစ်မလာတဲ့အခါ.... သူများကို အားမလိုအားမရဖြစ်တဲ့အခါ.... စိတ်ဆိုးတဲ့အခါ ... နှလုံးသွင်းရမှာက... အေးလေ။ သူက ကိုယ်မှမဟုတ်တာပဲ။ ဘယ်လိုလုပ် ကိုယ်ဖြစ်စေချင်သလို ဖြစ်မှာလဲ၊ ကိုယ်လုပ်သလို လိုက်လုပ်မှာလဲဆိုပြီး စိတ်ဖြေလိုက်တာကမှ မှန်ကန်တယ်၊ တရားနည်းလမ်းကျတယ် ထင်ပါတယ်။ ကိုယ့်စိတ်ကိုလည်း ငြိမ်းချမ်းစေမှာ ဖြစ်ပါတယ်။
ကဲ.... သုံးခုလည်း ရေးပြီးသွားပြီဆိုတော့ ဒီပို့(စ်)ကို ဒီမှာ ရပ်ပါမယ်။ နောက် အပိုင်းတွေလည်း လာပါဦးမယ်။
စာကြွင်းအနေနဲ့ကတော့ ဒီ မှတ်သားမိတဲ့ Quotes တစ်ချို့ပို့(စ်)တွေက ကျမကိုယ်ကျမ ကျမရဲ့စိတ်ကို ဆုံးမဖို့လိုလာတဲ့အခါ ကိုယ်ဖတ်ဖူး၊ ကြားဖူးတဲ့ စကားတွေကို နှလုံးသွင်းတဲ့ quote တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖတ်ရတာ quoteတွေက အဆီငေါ်တည့်ချင်မှ တည့်ပါလိမ့်မယ်။ အမှားလေးများပါရင် ခွင့်လွှတ်ပေးကြပါလို့။
ကျေးဇူးတင်လျက်
WITCH83
To Continue Reading
အဲဒီတော့ ကိုယ့်စိတ်တိုင်းကျတွေ ဖြစ်မလာတဲ့အခါ.... သူများကို အားမလိုအားမရဖြစ်တဲ့အခါ.... စိတ်ဆိုးတဲ့အခါ ... နှလုံးသွင်းရမှာက... အေးလေ။ သူက ကိုယ်မှမဟုတ်တာပဲ။ ဘယ်လိုလုပ် ကိုယ်ဖြစ်စေချင်သလို ဖြစ်မှာလဲ၊ ကိုယ်လုပ်သလို လိုက်လုပ်မှာလဲဆိုပြီး စိတ်ဖြေလိုက်တာကမှ မှန်ကန်တယ်၊ တရားနည်းလမ်းကျတယ် ထင်ပါတယ်။ ကိုယ့်စိတ်ကိုလည်း ငြိမ်းချမ်းစေမှာ ဖြစ်ပါတယ်။
- ဒုတိယမြောက် quoteလေးကတော့ "မိမိကိုယ်ကို အပြည့်အဝ လက်ခံလိုက်ပါ" တဲ့။
- နောက်... တတိယမြောက် quote ကတော့ "ရှိတာနဲ့ ရောင့်ရဲနိုင်ပါစေ"တဲ့။