" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

February 14, 2011

လစဉ်လတိုင်းရဲ့ (၁၄)ရက်နေ့လေးတွေ....

သူငယ်ချင်းတို့ရေ.....

လစဉ်လတိုင်းရဲ့ (၁၄)ရက်နေ့လေးတွေမှာ အထိမ်းအမှတ်ပွဲလေးတွေ ရှိကြတယ်တဲ့။ ကိုရီးယားလူမျိုးတွေရဲ့ အလေ့လို့ သိရပါတယ်။ ချစ်သူ/လက်တွဲဖော် ရှိရှိ မရှိရှိအချစ်ဆိုတာကလည်း လူတွေနဲ့ ကင်းနိုင်ကြတဲ့အရာ မဟုတ်တော့လည်း ဒီလို အထိမ်းအမှတ်လေးတွေရှိတာ မဆန်းဘူး ထင်ပါတယ်။ အဲဒီတော့ အချစ်နဲ့မကင်းနိုင်တဲ့ ပုထုဇဉ်လူသားတွေအတွက် လစဉ်လတိုင်းရဲ့ (၁၄)ရက်နေ့ အထိမ်းအမှတ် ကျင်းပပုံလေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။ :)


  • ဇန်နဝါရီလ (၁၄)ရက်နေ့ (Diary Day)

နှစ်သစ်တစ်ခုရဲ့အစပိုင်းလဖြစ်တဲ့အတွက်အထိမ်းအမှတ်အနေနဲ့အပြန်အလှန်ချစ်စာလေးတွေရေးဖို့ဒိုင်ယာရီလက်ဆောင်လေးရယ်၊ ပန်းခြင်းလေးတွေကို ပေးကြပါတယ်။


  • ဖေဖော်ဝါရီလ (၁၄)ရက်နေ့ (Valentine's Day)

ချစ်သူများနေ့လို့ ကမ္ဘာတဝှမ်း သိကြတဲ့နေ့လေးပေါ့။ ကိုယ်ချစ်တဲ့သူကိုချောကလက်လေးတွေ၊ အရုပ်လှလှလေးတွေ၊ souvineir လှလှလေးတွေ နဲ့နှင်းဆီပန်းလှလှလေးတွေ ပေးလေ့ရှိကြပါတယ်။ ချစ်သူများအတွက်ချစ်ဖို့ကောင်းပြီး ထူးခြားတဲ့ အမှတ်တရတဲ့နေ့ရက်ကလေးပါ။ ကိုရီးယားမှာတော့ မိန်းကလေးတွေကသာ သူတို့ချစ်တဲ့ကောင်လေးတွေကို ချောကလက်ပေးရပါသတဲ့။



  • မတ်လ (၁၄)ရက်နေ့ (White Day)

ယောကျာ်းလေးတွေက သူတို့ချစ်ရတဲ့ ချစ်သူကို သကြားလုံး၊ ဒါမှမဟုတ် နှစ်သက်ရာလက်ဆောင်လေးတွေကို မိန်းကလေးကို ပေးကြတာပါ။



  • ဧပြီလ (၁၄)ရက်နေ့ (Black Day)

Black Dayတဲ့။ အနက်ရောင်နေ့လို့ တိုက်ရိုက်ဘာသာပြန်ရမယ် ထင်တယ်နော်။ ချစ်သူမရှိတဲ့ တစ်ကိုယ်တည်းသမားတွေအတွက်ပါတဲ့။ တောင်ကိုရီးယားမှာ ချစ်သူစုံတွဲမရှိကြတဲ့သူအချင်းချင်း အတူတူသွားပြီး အထိမ်းအမှတ်ပြုလုပ်ကြပါတယ်။ အဲ့ဒီနေ့မှာ အနက်ရောင်များကို ၀တ်ဆင်လေ့ရှိကြပါတယ်။ စုံတွဲမရှိကြတဲ့သူတွေကို ဒီနေ့လေးမှာ အနက်ရောင်ဝတ်ပြီး ချစ်သူရှာခိုင်းရင် ကောင်းမယ်နဲံတူတယ်နော်။ :)


  • မေလ (၁၄)ရက်နေ့ (Rose Day and Yellow Day)

ဒီလမှာတော့ Rose Day and Yellow Dayဆိုပြီး နှစ်ရက်ရှိပါတယ်။ နှင်းဆီများနေ့မှာတော့ ချစ်သူစုံတွဲတွေ တစ်ဦးကိုတစ်ဦး နှင်းဆီပန်းလက်ဆောင်ပေးကြပါတယ်။ အဝါရောင်နေ့လေးမှာတော့ ပြီးခဲ့တဲ့လက ပဲခေါက်ဆွဲ မစားရတဲ့သူတွေ အဝါရောင်ထမင်းစားကြတာပါတဲ့. ဘာကြောင့်ဆိုတာတော့ သိပ်နားမလည်ပါဘူး။ ဓါတ်ပုံတော့ ရှာပြီးတင်ပေးလိုက်ပါတယ်။







  • ဇွန်လ (၁၄)ရက်နေ့ (Kiss Day)

အနမ်းများနေ့တဲ့။ သူတို့ယဉ်ကျေးမှုအရတော့ ကိုယ်နဲ့တွေ့တဲ့၊သိတဲ့ ကိုယ့်အသိအားလုံးကိုနမ်းကြပါတယ်။



  • ဇူလိုင်လ (၁၄)ရက်နေ(Silver Day)

ချစ်သူစုံတွဲတွေ၊ သူငယ်ချင်းတွေ၊ ဒီနေ့မှာ ငွေထည်လက်ဆောင်လေးတွေ ပေးလေ့ရှိပါတယ်။



  • သြဂုတ်လ (၁၄)ရက်နေ့ (Green Day/ Music Day)

ဒီလမှာလည်း Green Day and Music Dayဆိုပြီး နှစ်ရက်ရှိပါတယ်။ အစိမ်းရောင်နေ့မှာတော့ ချစ်သူစုံတွဲတွေသဘာဝအလှအပများရှိရာနေရာလေးတွေကို အလည်အပတ်သွားပြီးသာယာစွာဒီနေ့ရက်ကိုကုန်ဆုံးကြပါတယ်။ Music Dayအနေနဲ့ကတော့ သီချင်းပေးတာတို့၊ သီချင်းခွေပေးတာတို့ လုပ်ကြပါတယ်တဲ့။ live showတွေ၊ music concertတွေလည်း သွားလို့ရမယ် ထင်ပါတယ်။



  • စက်တင်ဘာလ (၁၄)ရက်နေ့ (Photo Day)

ချစ်သူတွေအချင်းချင်း အဲဒီနေ့မှာ ဓါတ်ပုံလှလှလေးတွေရိုက်ကြမှာပေါ့။



  • အောက်တိုဘာလ (၁၄)ရက်နေ့ (Wine Day)

ဒီနေ့မှာ ကိုယ်ချစသူနဲ့ ၀ိုင်အတူတူသောက်ပြီး ချစ်ကြည်နူးကြတဲ့နေ့လေးပါ။ Itlian Food & Red Wine ဆိုမိုက်မယ်နော်။ :)



  • နိုဝင်ဘာလ(၁၄)ရက်နေ့ (Movie Day)

ဒီနေ့မှာတော့ ချစ်သူစုံတွဲတွေ အချစ်ဇာတ်လမ်းလှလှလေးတွေအတူတူသွားကြည့်ကြတဲ့နေ့ပါ။



  • ဒီဇင်ဘာလ (၁၄)ရက်နေ့ (Hug Day/ Money Day)

အလွန်အေးတဲ့ရာသီ~~~ အလွန်ချမ်းတဲ့ရာသီ~~~ မောင်တစ်ရွာ မယ်တစ်မြို့တော့ နေလို့လည်း မဖြစ်နိုင်ပါပြီ~~~တဲ့ ။ ဒီဇင်ဘာလမှာ ကိုယ့်ချစ်သူကို နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ပွေ့ဖက်တယ်ပေါ့ကွယ်။ Money Day အနေနဲ့ကတော့ ကိုယ့်ချစ်သူကို တန်ဖိုးကြီးကြီး လက်ဆောင်ပေးကြပါတယ်တဲ့။


ကဲ.... လစဉ် (၁၄)ရက် အထိမ်းအမှတ်လေးတွေတော့ ဖော်ပြလိုက်ပါတယ်။ ဒါပေမဲ့.... ဒီချစ်ဖို့ကောင်းတဲ့ အမူအကျင့်လေးတွေက ဟိုနေ့မှလုပ်ရမယ်။ ဒီနေ့မှ လုပ်ရမယ်.... ဒါပေးရမယ်။ ဟိုဟာ မပေးရဘူး... ဒါလုပ်ရမယ်။ ဟိုဟာမလုပ်ရဘူး.... အဲလိုမျိုးကြီးတော့ မရှိ(သင့်)ဘူးထင်ပါတယ်။ အဓိကကတော့ ကိုယ်ချစ်တဲ့သူကို နားလည်ပေးပြီး အပြန်အလှန် တန်ဖိုးထား ချစ်ခင်ဖို့ပါပဲ။

Witch83
14 Feb, 2011 9:53 AM

Reference
http://alaykayina.wordpress.com/2010/02/12/14th-of-every-month-celebrations

1 comment:

  1. အိုးးးးး........

    အခုမှပဲ 14 ရက်နေ့တွေ ဒီလောက် အရေးထားကြမှန်းသိတော့တယ်..

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer