" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

May 22, 2013

Valeria Lukyanova (Real Berbie Outside?)

Miss Universe 2004 first runner-up ဖြစ်တဲ့ Shandi Finnessey (Miss USA,2004)ကို အသက်ဝင်နေတဲ့ ဘာဘီဂဲ(လ်)အရုပ်လေးလို့ လူတော်တော်များများက တင်စားခေါ်ဝေါ်ကြတာ မှားတယ် မထင်မိပါဘူး။ ကျမဟာ အလှမယ်တွေကို သဘောကျတတ်တဲ့သူ၊ ဘာဘီဂဲ(လ်)အရုပ်လေးတွေကို သဘောကျတဲ့သူမို့ Shandi ကို အခုအချိန်ထိ နှစ်သက်မိတုန်းပါပဲ။ 

Shandi, Miss USA 2004
Shandi နဲ့ ပတ်သတ်တဲ့ ပို့(စ်)တစ်ပုဒ်ရေးဖို့ သတင်းတွေလျှောက်ဖတ်၊ ဓါတ်ပုံတွေ လျှောက်ရှာရင်းနဲ့ နောက်ထက် ဘာဘီဂဲ(လ်)တစ်ယောက်ကို ရှာတွေ့မိလို့ သူ့အကြောင်းကို အရင်ရေးပါရစေ။ သူမနာမည်ကတော့ Valeria Lukyanovaပါ။ ယူကရိန်းနိုင်ငံရဲ့ တတိယအကြီးဆုံး မြို့တော်ဖြစ်တဲ့ Odessa မြို့မှာ နေထိုင်သူတစ်ဦးဖြစ်တဲ့ Valeria Lukyanovaဟာ ရုရှားဘာသာသုံး အင်တာနက်လောကမှာ နာမည်အကြီးဆုံး၊ လူပြောအများဆုံး မိန်းကလေး ဖြစ်ပါတယ်။ YouTube, Tumblrနဲ့ Facebook အစရှိတဲ့ လူမှုကွန်ယက်ဆိုဒ်တွေကနေ နာမည်ကြီးလာတဲ့သူမဟာ တကယ့်ဘာဘီအရုပ်မလေးအတိုင်းပါပဲတဲ့။

သွယ်လျတဲ့ပေါင်တံနဲ့ ခြေသလုံး၊ သေးသွယ်တဲ့ ခါးသိမ်သိမ်သိမ်၊ လှပတဲ့ ရင်သား၊ အသဲပုံ နှုတ်ခမ်းလွှာ၊ ချွန်မြတဲ့နှာတံနဲ့ မေးတွေကို ပှိုင်ဆိုင်ထားတဲ့ Valeriaဟာ အပြာရောင် မျက်ကပ်မှန်၊ မျက်တောင်တုရှည်ရှည်တွေကို တပ်လေ့ရှိပြီး မိတ်ကပ်ထူထူလိမ်းထားတာကြောင့် သူမကို မြင်ရတာဟာ တကယ့်ကို ဘာဘီအရုပ်ပါပဲ။ Shandi ထိုင်ငိုချင်ရင် ငိုလို့ ရပါတယ်။


ဒါပေမဲ့ Valeriaဟာ Shandi လိုတော့ သဘာဝအတိုင်း ဘာဘီမလေးနဲ့တူတာမဟုတ်ပါဘူး။  အဲ့လိုတူဖို့အတွက် ပလက်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်မှုတွေ အများကြီး လုပ်ခဲ့ပါတယ်လို့ လူတွေက ပြောဆိုဝေဖန် ကြပါတယ်။ သူမကိုယ်တိုင်ကတော့ ရင်သားခွဲစိတ်ထားတာကလွဲရင် ကျန်တာတွေကတော့ သဘာဝအတိုင်းပါလို့ ဆိုပါတယ်။ ဒီလို ခန္ဓာကိုယ်ရဖို့အတွက် နေ့စဉ်လေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။


နောက်တစ်ခုက သူမဟာ သက်သက်လွတ်အစားအစာများကိုသာ စားသုံးသူတစ်ဦး ဖြစ်ပါတယ်။ ခွဲစိတ်မှုမတိုင်ခင်ကတော့ အရက်သောက်ခဲ့၊ ဆေးလိပ်သောက်ခဲ့ပေမဲ့ ခွဲစိတ်ပြီးနောက်ပိုင်းတော့ အဲ့ဒါတွေ လုံးဝ ဖြတ်လိုက်တယ်လို့ သူမက အင်တာဗျူးတစ်ခုမှာ ဆိုပါတယ်။ Valeria ဟာ ငယ်ငယ်ကလေးကတည်းက ဘာဘီရုပ်ကလေးတွေကို တအား crazy ဖြစ်ခဲ့ပြီး သူမမှာ ဘာဘီအရုပ်ပေါင်း (၅၀)ကျော် ရှိတယ်လို့ ဆိုပါတယ်။ ငယ်ငယ်လေးကတည်းကလည်း ဘာဘီလိုပုံစံဖြစ်ဖို့ အိပ်မက် မက်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ မိခင်ဖြစ်သူကတော့ သူမကို  ထောက်ခံအားပေးပါတယ်။

Valeria With Her Mum
သူမနဲ့ပတ်သတ်ပြီး လူတော်တော်များများက အဆိုးဘက်က ဝေဖန်ကြတာ များပါတယ်။ တစ်ချို့ကတော့ ဓါတ်ပုံတွေဟာ ဖိုတိုရှော့လုပ်ထားတယ်၊ 3D ကွန်ပျူတာပရိုဂရမ်တွေနဲ့ ဗွီဒီယိုလုပ်ထားတယ်လို့ ယူဆကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူမဟာ သဘာဝအတိုင်း ပြုပြင်ပြောင်းလဲပြီးရလာတဲ့ အလှကို ပိုင်ဆိုင်ထားသူ မဟုတ်တာတော့ အသေအချာပါပဲ။ သူမမှာရှိတဲ့ feature တွေဟာ ဘယ်လိုမှ သဘာအတိုင်း ရနိုင်မယ် မထင်ပါဘူး။ ဒီလိုသေးသွယ်တဲ့ခါးကို လိုချင်ရင် ကိုယ်ထဲက နံရိုးတွေ ထုတ်ပစ်မှ ရမှာပါ။ နောက်ပြီး သူမရဲ့ အသားအရေဟာလည်း သဘာဝအတိုင်း မဟုတ်ပါဘူး။ သူမရဲ့ အရင်ကရုပ်ပုံတွေကိုလည်း လူတွေဟာ မြင်ဖူးတာမို့ ပလတ်စတစ်ဆာဂျရီကို အကြိမ်ကြိမ် မလုပ်ခဲ့ပါဘူးဆိုတာ အငြင်ပွားစရာတစ်ခုလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလို ပလက်စတစ် ခွဲစိတ်ပြုပြင်မှုတွေ လုပ်တာဟာ အရမ်းကို အန္တရာယ်များလွန်းတယ်လို့ လူတွေ ပြောဆိုကြပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေလည်း တစ်ပုံတစ်ပင် ရှိလာနိုင်ပါတယ်။(ဘာလို့လဲ မသိပါဘူး။ ရုရှားနဲ့ သူ့အနွယ်ဝင် အိမ်နီးနားချင်း နိုင်ငံတွေကဆို အဲ့လို ထူးထူးဆန်းဆန်း သတင်းတွေ၊ ဖြစ်ရပ်တွေ၊ ဇာတ်လမ်းတွေ မကြာခဏ တွေ့ရ၊ ကြားရတတ်ပါတယ်။

Before and After
နောက်ထပ် အငြင်းပွားစရာတစ်ခုက သူမရဲ့အသက်ပါ။ သူမရဲ့ websiteမှာတင်ထားတဲ့ သတင်းအရကတော့ အခုလာမဲ့ ဇွန်လ(၁၃)ရက်နေ့ဆို သူမ.. အသက် (၂၂)နှစ် ရှိပါပြီ။ ဒါပေမဲ့ (၂၀၁၃)ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှာ သူမကိုယ်တိုင် ဖြေထားတဲ့ အင်တာဗျူးတစ်ခုမှာ အသက်(၂၃)နှစ် ရှိပြီလို့ ဆိုပါတယ်။ Wiki မှာတင်ထားတဲ့ သတင်းအရကတော့ သူမဟာ အခုဆို (၂၇)နှစ် ရှိနေပါပြီ။ သူငယ်ချင်းတွေနဲ့ နီးစပ်ရာအသိုင်းအဝိုင်းကလည်း (၂၇)နှစ်လို့ ဆိုပါတယ်။ သူမ မဟာဘွဲ့ ရခဲ့တာကလည်း (၂၀၀၇)နှစ်မှာမို့ သူမအသက်ဟာ (၂၇)ခုနှစ်ဖြစ်ဖို့ ပိုဖြစ်နိုင်ချေရှိပါတယ်။


တကယ်တော့ ဘာဘီရဲ့ perfect match ဟာ Ken ပါ။ ဒါပေမဲ့ Ken ပုံစံအတိုင်းရအောင်အကြိမ် (၉၀)တိတိ ခွဲစိတ်မှုတွေလုပ်ခဲ့တဲ့ Justin Jedicaနဲ့ လူချင်းဆုံပေးခဲ့တုန်းကတော့ သူတို့နှစ်ယောက်ဟာ မြင်မြင်ချင်းမှာတင် တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ကြပါဘူး။ Justin က Valeria ကို အတုကြီးလို့ပြောခဲ့ပါတယ်။ Valeria ကတော့ “Justinဟာ ချောပါတယ်။ ဒါပေမဲ့ သူ့နှစ်ခမ်းကို ပြင်ထားတာဟာ လိုတာထက် ပိုနေပါတယ်။ နောက်ပြီး သူက.. ကျမကို မကောင်းပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျမဟာ သူ့လိုတော့ အကြိမ် (၉၀) မခွဲစိတ်ခဲ့ဖူးပါဘူး။ တစ်ကြိမ်ပဲ ခွဲစိတ်ဖူးတာပါ။ ဒါကြောင့် ဘယ်သူဟာ ပလတ်စတစ်ကြီးလို့ ပြောမနေတာ ပိုကောင်းပါလိမ့်မယ်”လို့ ဆိုပါတယ်။
အောက်က youtube clip ကလေးကတော့ သူတို့နှစ်ယောက် အပြင်မှာတွေ့တာကို ရိုက်ထားတဲ့ဗွီဒီယိုဖိုင်လေးပါ။


Valeriaဟာ အသက်(၁၄)နှစ်အရွယ်တုန်းက အချစ်ရေးအဆင်မပြေလို့ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်။ သူမဟာ အခုတော့ Dmitry Shkrabovနဲ့ ပျော်ရွှင်စွာ လက်ထပ်ထားပါတယ်။ အခုလက်ရှိတော့ သူမဟာ ကိုယ်အလေးချိန်တက်လာလို့ စိတ်ညစ်နေပါတယ်လို့ သိရပါတယ်။     ။

witch83

References:
1. http://fr.wikipedia.org/wiki/Valeria_Lukyanova
2. http://www.valerialukyanova.net/p/valeria-lukyanova-profile.html
3. http://www.dailymail.co.uk/femail/article-2272066/Real-life-Barbie-Ken-Valeria-Lukyanova-Justin-Jedlica-meet-hate-sight-other.html

2 comments:

  1. လူပြောများနေလို့....လာကြည့်တာ မ ရေ..
    ဟိုနေ့ကလဲ ကိုအောင်ထွတ် ပြောလို့သွားကြည့်သေးတယ်
    အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆာဂျရီတွေ အခါခါလုပ်တာ
    မကြောက်ဘူးလားမသိ...ကိုယ့်ရှိရင်းစွဲလေးပဲကောင်းပါတယ်..:)

    ReplyDelete
    Replies
    1. မြန်မာတွေကြားမှာ လူပြောများ..မများတော့ မသိဘူး။ ရုရှားတွေ၊ ယူကရိန်းတွေကြားမှာတော့ တော်တော် လူပြောများတယ် sis ရေ.. ရုးသွပ်မှုလွန်ကဲသွားတယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် သူ့ကိုယ်ပိုင်အခွင့်အရေးနဲ့သူ.. ပြီးတော့ သူများကို ဒုက္ခရောက်အောင် လုပ်နေတာလည်း မဟုတ်တော့ အဆင်ပြေပါစေ။ အောင်မြင်ပါစေပဲ ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ အဲ့တစ်ယောက်က အင်တာဗျူးနှစ်ခုမှာ နှစ်မျိုးပြောတယ်။ UK က The Sun နဲ့:ပြောတုန်းက ဘာဘီကို crazyမို့ ဒီလိုဖြစ်အောင်ကြိုးစားခဲ့တယ် ပြောပြီး .. ယူကရိန်းရုပ်မြင်သံကြားတစ်ခုမှာကျတော့ it just happens တဲ့။ ဒါပေမဲ့ လူတော့လူပါ။ photoshopတို့၊ 3D Animation တို့တော့ မဟုတ်ပါဘူး။ :)

      Delete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer