" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

June 20, 2013

စံချိန်သစ်တင်တဲ့ SG Haze နှင့် ပတ်သတ်၍

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမှာ တောမီးတွေလောင်လို့ စကာင်္ပူမှာ မီးခိုးမှုန်မှိုင်းတွေနဲ့ ဝေပြီး လေထုညစ်ညမ်းမှုဖြစ်နေတာ ဒီနေ့နဲ့ဆို (၅)ရက်ရှိလာပါပြီ။

 
စလုံးမှာ မနေ့က (၁၉-၀၆-၂၀၁၃)ည (၁၀)နာရီမှာ PSI ( Pollution Standard Index) ဟာ 321 အထိတောင် တက်ပါတယ်။ အန္တရာယ်ရှိတဲ့အဆင့်အထိ ရောက်နေပါပြီ။ မနေ့က gym ကထွက်လာတုန်းက ည (၁၀)နာရီကျော်ကျော်ပါ။ ဖုန်နံ့တွေ မတရားများပြီး တအားမှိုင်းနေပေမဲ့ အဲ့လောက်မြင့်မှန်းမသိပါဘူး။ အိမ်ပြန်ရောက်မှ 321 မှန်း သိတာပါ။ ဒီနေ့မနက်တော့ (၁၂၀) ကျော်ကနေ (၁၁)နာရီမှာ ဖတ်ထားတဲ့ PSI value ကတော့ 198 ဖြစ်ပြီး (၁၂)နာရီမှာတော့ 299 ပါ။

{ မနေ့ညကတော့ ငါ.. အိပ်နေရင်းနဲ့ PSI value တွေတက်လာပြီး အသက်ရှုကျပ် သေသွားမလားမသိဘူး။ တော်ကြာ မကျွတ်မလွတ် ဖြစ်နေရင် ဒုက္ခလို့ တွေးမိပါတယ်။ လူချင်းပဲဆိုင်တယ်။ ကံချင်းမဆိုင်ဘူးဆိုပေမဲ့ မေမေ့ကိုတော့ ထားခဲ့ရမှာ စိတ်မချဖြစ်မိပါတယ်။ ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့ မေမေ့နောက်မှပဲ ဒီလောကကြီးက စွန့်ခွာချင်ပါတယ်။ စိတ်မချလို့ပါ။ တော်တော် တရား မရှိတဲ့ witch83 ပဲနော်။ :) }

မလေးရှား JB ဘက်နဲ့ အင်ဒိုနီးရှားတွေမှာ ကိုယ့်ထက်ပိုဆိုးမှာဆိုပေမဲ့  စလုံးက ကိုယ်တွေလည်း တော်တော်အီနေပါပြီ။ Air conနဲ့ ပန်ကာအားကိုးနေရသေးလို့သာ တော်ပါသေးတယ်။ အိမ်မှာက နေ့ခင်း Air Con ဖွင့်ခွင့်မပေးတာမို့ သူများတွေက ရုံးပိတ်စေချင်ပေမဲ့ ကိုယ်ကတော့ ရုံးလာချင်ပါတယ်။ ပြီးတော့ ရုံးမှာကလည်း လုပ်စရာတွေမှ တစ်ပုံတစ်ပင်။

လောလောဆယ်တော့ စလုံးမှာ Air Purifierနဲ့ mask တွေလည်း တော်တော် အရောင်းသွက်ပါတယ်။ မနေ့ညက watson မှာ မျက်လုံးဆေးတဲ့အရည်နဲ့ mask သွားဝယ်တာလည်း maskက နောက်ကျသွားလို့ မရတော့ပါဘူး။ ကုန်ပြီတဲ့။ စလုံးလာကစတုန်းက ဖေကြီးပေးထားတဲ့ အဝတ်mask တွေလည်း ရှာတာ ဘယ်လိုမှ ရှာမတွေ့ဘူး။ ဒီနေ့တော့  mask ဝယ်လို့ရပါစေလို့ ဆုတောင်းပါတယ်။

ကိုယ်ကိုတိုင်လည်း ပထမတစ်ရက်၊ နှစ်ရက်ကတော့  လူကခံနိုင်နေသေးပေမဲ့ ရက်ကြာလာတော့ ခေါင်းက တခြမ်းကိုက်လာပါတယ်။ တစ်ခါတစ်ရံ ခေါင်းကို ဘယ်ညာ နှစ်ဘက်လုံးကို ဆွဲဆုတ်ထားသလိုပါပဲ။ အသက်ရှုရတာလည်း သိပ်မကောင်းတော့ပါဘူး။ မနေ့မနက်က MOM ကိုသွားတာ ရုံးပြန်ရောက်တော့ မျက်စိတွေတအားစပ်ပြီး ကွန်ပျူတာ ကောင်းကောင်း မကြည့်နိုင်တော့ပါဘူး။

 
အရေးထဲ အင်ဒိုအစိုးရဘက်က ပြောရေးဆိုခွင့်ရှိတဲ့သူကက ပြောတာကလည်း အမြင်ကတ်ချင်စရာ... မြန်မာပြည်အစိုးရပိုင်းက လူတစ်ချို့နဲ့ သိပ်မကွာ..


သတင်းတွေ ဖတ်သိရသလောက်တော့ အခုလက်ရှိ လေထုအခြေအနေက အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ် ရှိသူတွေနဲ့ လည်ချောင်းရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ ရှိသူတွေအတွက် တော်တော်ကို မကောင်းပါဘူးတဲ့။ အစိုးရကလည်း အခြေအနေတွေ ဒီထက် ပိုဆိုးလာရင် အချိန်မီဖြေရှင်းနိုင်အောင် ဆေးရုံတွေ၊ ဆေးခန်းတွေကို ညွှန်ကြားချက်တွေ ပို့ထားတယ်လို့ သိရပါတယ်။ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး (Lee Hsein Lonong)ကလည်း စင်္ကာပူအစိုးရဟာ အင်ဒိုနီးရှားအစိုးရကို ဒီကိစ္စနဲ့ပတ်သတ်ပြီး အင်ဒိုအစိုးရကို မီးကူသတ်ပေးခွင့်တောင်းထားပါတယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလက်ရှိတော့ ဒီကိစ္စက ချက်ချင်းပြေလည်မှာမဟုတ်လို့ ( မီးမငြိမ်းသေးမှာမို့) အားလုံး မိမိကိုယ်ကို ကာကွယ်ရေးကိုသာ အဓိက ထားကြပါလို့၊ အပြင်ထွက်တာ တတ်နိုင်သမျှရှောင်ပြီး၊ ထွက်ရင်လည်း face mask တွေ တပ်ဖြစ်အောင် တပ်ပါ။ ကိုယ်တိုင်လည်း အစက သူများတွေ mask တပ်တာမြင်တော့ ဒါဟာ ထိရောက်ပါ့မလားလို့ ထင်မိပေမဲ့ သူများတွေအပြောအရတော့ လေထဲမှာ ရုတ်တရက် မမြင်နိုင်တဲ့ အမှုန်လေးတွေ ပါနေပြီး အသက် ပြင်းပြင်းရှုမိရင် အဲ့ဒီအမှုန် လေးတွေက အဆုတ်ထဲကို ရောက်ပြီး ကြာလာရင် အဆုတ်မှာ ပြဿနာရှိလာနိုင်ပါတယ်တဲ့။ အဆုတ်တင်မဟုတ်ဘူး။ နှလုံးမှာလည်း ထိနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အပြင်ထွက်ရင် mask ကို တပ်ကြပါ။ အကုန်မဟုတ်ရင်တောင် နည်းနည်းလေးတော့ ကာကွယ်နိုင်မယ် ထင်ပါတယ်။ အပြင်ဘက်မှာ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တာကို လျှော့ပါ။ တတ်နိုင်သလောက် အိမ်ခန်းထဲ၊ ရုံးခန်းထဲမှာ နေပါ။ ကိုယ့်ကိုထဲကိုဝင်နေတဲ့အဆိပ်တွေ ပြန်ထွက်အောင်၊ လည်ချောင်းနာခြင်းကင်းအောင် ရေများများသောက်ကြပါလို့။ အရက်နဲ့ ကော်ဖီ လျှော့ကြပါလို့။ မသောက်ပဲ နေနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့.



Regards, witch83 ( 20/06/2013; 01:03PM; GMT+8)

ကိုးကား
1. http://app2.nea.gov.sg/anti-pollution-radiation-protection/air-pollution/psi/psi-and-pm2-5-readings
2. http://www.channelnewsasia.com/news/singapore/s-pore-registers-concerns/715030.html
3. http://www.straitstimes.com/
4. The Real Singapore

4 comments:

  1. ၀ိုးးးးးးးး ကိုရီးယားကားထဲက ပြောသလို
    အရေးပေါ်အခြေအနေကို ရောက်နေပြီ....:)
    Take care sis naw ..
    Take care !!!

    ဟား မ ကိုစိတ်ပူလိုက်တာ အရမ်းပဲကွာ...
    ချစ်တဲ့...မိုးနတ်ကြယ်စင်

    ReplyDelete
    Replies
    1. စိတ်ပူပေးလို့ ကျေးဇူးပါ sisရေ.. PSI က (၁၇)နှစ်အတွင်း စံချိန်ချိုးပြီး 401 အထိ တက်သွားတယ်။ အင်ဒိုမီး မငြိမ်းသေးပေမဲ့ လေကြောင်းပြောင်းသွားလို့ ခုတော့ အေးအေးဆေးဆေး ဖြစ်သွားပါပြီ။ =)

      Delete
  2. မြတ်မှာ Asthma ရှိလို့ Hazeတွေ ဆိုးရွားနေချိန် စင်္ကာပူမှာသာရှိခဲ့ရင် ဒုက္ခအကြီးအကျယ် ဖြစ်ပြီပေါ့။ ကံကောင်းချင်တော့ Hazeစဖြစ်ပြီး ၂ရက်မြောက်မှာ မြတ်က မြန်မာပြည်အလည်ပြန်ဖို့ စီစဉ်ထားပြီးသား ဖြစ်နေတယ်။ မြန်မာပြည်က ညနေခင်းသတင်းတွေမှာ ညတိုင်းညတိုင်း PSI ဘယ်လောက်ရှိပြီလဲဆိုတာကို စောင့်နားထောင်ရင်း စင်္ကာပူမှာကျန်ခဲ့တဲ့ မိတ်ဆွေအပေါင်းကိုပဲ စိုးရိမ်မိခဲ့တော့တယ်။ ညီမလေးကော အဲဒီတုန်းက နေမကောင်းတွေ ဘာတွေ ဖြစ်သွားခဲ့သေးလား။

    ReplyDelete
    Replies
    1. တော်သေးတာပေါ့ မရဲ့၊ Asthma နဲ့Haze လွယ်မှာ မဟုတ်ဘူး။ ညီမကတော့ Hazeကာလအတွင်းမှာ အသက်ရှုရခက်တာရယ်၊ မျက်လုံးစပ်တာရယ်၊ လည်ပင်းယားတာရယ်၊ ခေါင်းတစ်ခုလုံးခဲနေတာရယ်ကလွဲရင် နေမကောင်းတော့ အကြီးအကျယ် မဖြစ်လိုက်ပါဘူး။

      Delete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer