အရင်က ဆင်ဆာတွေဖြတ်လွန်းလို့
အော်ခဲ့ကြတယ်၊
ခု ဆင်ဆာတွေ မဖြတ်လွန်းလို့
ပြန်အော်နေရတယ်။
အရင်က ဘတ်(စ်)ကားကျပ်လို့ အော်ခဲ့ကြတယ်၊
အခု ကိုယ်ပိုင်ကားနဲ့ မီးပွိုင့်ကျပ်လို့ အော်နေရတယ်။
အရင်က ဖုန်းမကိုင်နိုင်လို့ လူတန်းမစေ့လို့ အော်ခဲ့ကြတယ်၊
ခု ဖုန်းကိုယ်စီနဲ့ လိုင်းမကောင်းလို့ အော်နေရတယ်။
အရင်က နိုင်ငံရေးသမားတွေ ထောင်ထဲထည့်လို့
အော်ခဲ့ကြတယ်၊
အခု ထောင်ကထွက်တဲ့နိုင်ငံရေးသမားတွေ
အချိုးမကျလို့ ပြန်အော်နေရတယ်။
အရင်က ဘုန်းကြီးတွေကို ရိုက်လို့ နှက်လို့ သတ်လို့
အော်ခဲ့ကြတယ်၊
အခု ဘုန်းကြီးတွေက အမျိုးစောင့်တရားဟောလို့
ပြန်အော်နေကြတယ်။
အရင်က လမ်းပေါ်မှာ အော်တယ်၊
အခု အွန်လိုင်းမှာ အော်ကြတယ်၊
ကျွန်တော်လဲ ဘာရယ်မဟုတ်
ဝင်အော်လိုက်တယ် ..
ဒါပါပဲ။
Credit : ဆရာ ကြယ်
မျက်နှာစာအုပ်မှာတွေ့တဲ့ကဗျာကို သဘောကျလို့ ဝေမျှပါတယ်။ ကဗျာ ခေါင်းစဉ်တော့ မပါဘူး။ "အရင်ကနဲ့ အခု"လို့ လွယ်လွယ်ပေးလိုက်ရင် ရမယ်ထင်တယ်။
ဒီပုံကြည့်ပြီး တွေးမိတာက တစ်ခါတစ်လေတော့ ရှေ့ နောက်မစဉ်းစားဘဲ၊ ပတ်ဝန်းကျင်ကို မစူးစမ်းဘဲနဲ့ လုံ့လပြုတာ အချည်းအနှီးဖြစ်တတ်တယ်လို့ ဆိုရမလား။ ခက်တာက တစ်ခါတစ်လေကျတော့ လေ့လာစူးစမ်းဆင်ခြင်ပြီးလုပ်ရဲ့သားနဲ့ အလွဲတွေလည်း ဖြစ်လာတတ်တယ်။ ဒါကို မိမိရဲ့ကံကြမ္မာ ( Fate) လို့ပဲ ပြောရမလား ...
ကိုယ့်အနာဂတ်နဲ့ တက်လမ်းကို ကိုယ်တိုင် မဖျက်ဆီးမိဖို့ သတိထားရဦးမယ်။
Source; http://www.cartoonmovement.com
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ခဏထားလိုက်ပါဦး။ ပေးလိုက်ရတာနဲ့ ပြန်ရတာ ညီမျှရဲ့လား။ "Save this world for our decendants, not for us" =)
အခုလက်ရှိကတော့ နေမကောင်းဘူး။ သွားစနာတယ်။ သွားနာတာပျောက်အောင် pain killer သောက်တော့ အစာအိမ်ကိုထိတယ်။ အလုပ်ဗီဇာတိုးတာ အဆင်မပြေဘူး။ ခု..လက်ရှိခံစားချက်ကတော့ အိုမားကို သတိရတယ်။ အိမ်ပြန်ချင်တယ်....။
ဘာရယ်မဟုတ်ပါဘူး။ ရေးမိရေးရာတွေထဲက ပို့(စ်)တစ်ပုဒ်ပါ။း)
witch83 (12/07/2013; 5:53PM; GMT+8)
ဝေမျှချင်သော ကဗျာလေးကို မြတ်သဘောကျလိုက်တာ။ မြတ်လည်း အဲသည်အကြောင်းအရာလေးတွေနဲ့ ပတ်သတ်ပြီး ဝတ္တုတိုလေးတစ်ပုဒ် ရေးဖို့ လုပ်နေတယ်။ :)
ReplyDeleteကဗျာ ၊ အရေးနဲ့ တွေးစရာကို သယ်ဆောင်သွားပါတယ် ...
ReplyDeleteကိုယ်လဲဝင်ဖတ်အဲလေ ၀င်အော်ခဲ့ပါပြီနော်
ReplyDeleteသေချာဖတ်သွားပါတယ် witch83 ရေ။ အရာရာအဆင်ပြေပျော်ရွှင်ပါစေ with love <3
ReplyDelete