" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

October 15, 2013

Road To Miss Universe 2013 (Part-2)

Road To Miss Universe 2013 အပိုင်း (၁) ကို ရေးပြီးတဲ့အခါ အပိုင်း(၂)ကို ဆက်ရေးပါရစေ...။ အပိုင်း(၁)မှာတော့ ကျမကြိုက်တဲ့ မယ်(၃)ယောက်အကြောင်း (Miss France, Miss Indonesia နဲ့ Miss Mexico) ရေးခဲ့ပါတယ်။ အပိုင်း (၂)မှာ နောက်ထပ်လေးယောက်အကြောင်း ရေးပါ့မယ်။ ^^

+ + + + +

~~ Poland
MU2013ပြိုင်ပွဲအတွက် နောက်ထပ် နှစ်သက်မိသူကတော့ ပိုလန်အလှမယ် Paulina Krupińskaပါ။ အရပ် ၅ပေ ၁၀လက်မရှိပြီး မျက်လုံးအနက်ရောင်ရှိတဲ့ အသက်(၂၅)နှစ်အရွယ် ပိုလန်အလှမယ်..  ပေါ်လင်နာဟာ အရင်နှစ်အလှမယ်နဲ့ လုံးဝမတူဘဲ သွက်သွက်လက်လက်ကလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ စိတ်ကောင်းရှိတာလေးလည်း မျက်နှာမှာ ပေါ်ပါတယ်။  sweet လည်း ဖြစ်ပါတယ်။ အဆင့်အတန်းရှိတဲ့ပုံစံလည်း ပေါက်ပါတယ်။ ပညာတတ်ပုံလည်း ရပါတယ်။ (နည်းနည်းများ ညွှန်းတာ များသွားသလားမသိဘူး။ ဟဲ..ဟဲ.. တစ်ခါ ပြောဖူးပါတယ်... I am in love with Polish Beauty လို့ .. :P)
သူမကိုယ်သူမကတော့ ... သူမဟာ ရည်ရွယ်ချက်ရှိတဲ့ အကောင်းမြင်ဝါဒီတစ်ဦးဖြစ်ပြီး လူတွေကို ကူညီရတာ နှစ်သက်သူတစ်ဦးလို့ ဆိုပါတယ်။

Miss Universe Poland 2013 (Center)


Miss Poland Final Q&A မှာ homo realationship ကို ထောက်ခံပါသလားလို့ မေးတော့ မမချောက yes တဲ့။ ပိုလန်မှာမို့သာပဲ။ မြန်မာပြည်မှာဆို အဆဲခံရမယ်။ :D  အောက်က movie clip ကလေးက သူ့ movie testလေးပါ။ သူ့ရဲ့ တခြား movie clip တွေကို shareချင်ပေမဲ့ youtube bloggerမှာ ပြန်ရှာရင် ရှာမရပါဘူး။ ရှိတာပဲ share လိုက်ပါတယ်။ ( ဒါနဲ့ စကားမစပ်... တစ်ခုမေးပါရစေ။ တစ်ချို့ ဗွီဒီယိုဖိုင်တွေက youtube မှာ တိုက်ရိုက်ကြည့်ရင် ရပေမဲ့.. ဘလော့ပေါ်ကနေရှာလို့ မရပါဘူး။ အဲ့ဒါ သူများတွေ ရော ဖြစ်လားသိချင်ပါတယ်။ )


Paulinaဟာ အနည်းဆုံးတော့ top-15ကို အသာလေးဝင်မယ် ထင်မိပါတယ်။ sweet and classy ဖြစ်တာကြောင့်လည်း top-10နဲ့ top-5 ကိုလည်း တက်ကောင်းတက်နိုင်ပါတယ်။ ဝင်လည်း ဝင်စေချင်ပါတယ်။ ဒါပေမဲ့... သူ့ကိုတော့ သူ.. ပိုလန်အလှမယ်ဖြစ်ခါစကပုံကို ပိုကြိုက်ပါတယ်။ ခုလက်ရှိပုံကြီးက ရင့်သွားသလိုပဲ။ sweet တော့ ဖြစ်နေသေးပေမဲ့ အရင်လို သွက်ပြီး ကြည့်မကောင်းတော့ဘူး။

ဒီပုံက MU2013ပြိုင်ပွဲအတွက် တင်ထားတဲ့ပုံပါ။
စကားချပ်။    ။ မနှစ်က ပိုလန်အလှမယ်  Marcelina Zawadzkaကိုလည်း အရမ်းကြိုက်ပါတယ်။ Marcelina ကတော့ အသက်(၂၃)နှစ်ပဲရှိပေမဲ့ အရမ်း ရင့်ကျက်ပြီး ဖော်ရွေပါတယ်။ လှလည်းလှ ဆွဲဆောင်မှုလည်း ရှိပါတယ်။ ပြီးတော့ သူမဟာ ဆုမရတာကြာပြီဖြစ်တဲ့ ပိုလန်ရဲ့ drought ကို top-15ဆုနဲ့ ရေပြန်လောင်းပေးခဲ့တဲ့သူပါ။
Miss Poland Universe 2012, Marcelina Zawadzka

~~ Australia
Paulinaပြီးရင် အော်ဆီအလှမယ် Olivia Wellsကို ကြိုက်ပါတယ်။ အရပ် (၅)ပေ (၉ )လက်မခွဲရှိပြီး ဆံပင်အညိုရောင်၊ မျက်လုံးအညိုရောင်ပိုင်ရှင်၊ အသက် (၁၈)နှစ်အရွယ် Olivia ဟာ အရင်နှစ် အော်ဆီမယ်တွေနဲ့ မတူဘဲ ပုံစံတစ်မျိုးထွက်ပါတယ်။ နောက်ပြီး နည်းနည်းလေးလည်း အရင်နှစ်မယ်တွေထက် ပိုထွားပါတယ်။ ဒီလို  အော်ဆီမယ်စကြာဝဠာဆုကို ဗစ်တိုးရီးယားပြည်နယ်ကရတာ ဒါ.. ပထမဦးဆုံးပါ။ သူမဟာ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာ ထုးချွန်ပြီး ထက်မြက်ခဲ့သူတစ်ဦးလို့ သိရပါတယ်။ အခုလက်ရှိတော့ ဆေးတက္ကသိုလ်ကျောင်းသူတစ်ဦးပါ။

Olivia Wells, Miss Universe Australia 2013



အောက်က ဓါတ်ပုံကတော့ Olivia အတွက် national costumeအတွပ် ပြည်သူတွေကို မဲစနစ်နဲ့ရွေးခိုင်းထားတဲ့  ဒီဇိုင်နာတွေရဲ့ ဝတ်စုံ(၄)စုံပါ။ အပြာလေးကို မဲအများဆုံးနဲ့ ရွေးလိုက်ပါတယ်။ ကျမကိုယ်တိုင်လည်း အဲ့ဒီအပြာလေးကို ကြိုက်ပါတယ်။ ဗွီဒီယိုထဲမှာလည်း အဲ့ဒီအပြာလေးက သူနဲ့အလိုက်ဆုံးလိုပါပဲ။ သူ့နိုင်ငံရဲ့ တကယ့် ရိုးရာဝတ်စုံဟုတ်မဟုတ်တော့ သေချာမသိပါဘူး။ :)



~~ Bolivia
(၂၀၁၃)ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲအတွက် ကျမကြိုက်တဲ့ အလှမယ်တွေထဲက နောက်တစ်ယောက်ကတော့ ဘိုလီဗီးယားအလှမယ် Alexia Viruez ပါ။ သူ့ကိုတော့ ဟိုးအစောကြီးကတည်းက တွေ့တာပါ...  ဟော့လွန်းလို့ ကြိုက်တာပါ။ ကိုယ်လုံးလည်းလှ မျက်နှာလေးကလည်း ဆွဲဆောင်မှုရှိပြီး လှပါတယ်။ အရပ် (၅)ပေ (၁၀)လက်မခွဲ ရှိပါတယ်။  သူလည်း အသက် (၁၈)နှစ်ပဲ ရှိပါသေးတယ်။ သူ့နိုင်ငံတွင်းကပြိုင်ပွဲတွေမှာ best smile, miss eleganceနဲ့ miss photogenic ဆုတွေကို ရခဲ့ဖူးတယ်လို့ သိရပါတယ်။ သူမရဲ့ ဖိနပ်စင်မှာ high heelsနဲ့ tenis shoesတွေကလွဲရင် တခြားဘာဖိနပ်မှ မရှိဘူးလို့လည်း သူမက ပြောဖူးပါတယ်။

Hot, Attractive & Sexy Miss Bolivia for MU2013


Official Photo for MU2013

~~ Philippines
Miss Boliviaပြီးရင်တော့ Philippines အလှမယ် Ariella Arida ကို ကြိုက်ပါတယ်။ သုမဟာ မနှစ်ကအလှမယ် MU2008 1RU, Janine ထက်ပိုလှပြီး ဆွဲဆောင်မှုရှိတယ် ထင်ပါတယ်။
"One lesson in life that we, women, can teach men is being sensitive. Because we all know that men are more logical when it comes to decision. They usually are more rational, straight forward. Unlike we, women, we use our heart and we tend to get emotional in some of our decisions. For me, sensitivity is something that we can teach men."
ဆိုပြီး နောက်ဆုံး Q&A session မှာ ဖြေသွားတဲ့သူ ဖြစ်ပါတယ်။ ဘာကြောင့်မှန်းမသိပါဘူး။ အဲ့ဒီအဖြေကို အရမ်း ကြိုက်ပါတယ်။  (၂၀၀၈)ခုနှစ်က MU2008နဲ winner Diana Mendoza နဲ့  (၂၀၀၉ )ခုနှစ်က MU2009 winner, Stefania Fernandeတို့လည်း ဒီလို similar question တွေကို တကယ့် Miss Universe Final Q&A sessionတွေမှာ ဖြေဖူးကြပါတယ်။ အဖြေတွေတော့ မတူကြဘူးပေါ့။


ဖဦးထုပ်ပရိသတ်တွေကို မကြိုက်ပေမဲ့ သူတို့နိုင်ငံတွေက အလှမယ်တွေက လှပြီး အရည်အချင်း ရှိကြပါတယ်။ သို့ပေသိ...  Miss Supranational 2013ပြိုင်ပွဲနဲ့ Miss World 2013ပြိုင်ပွဲတွေမှာ ဖိလစ်ပိုင်အလှမယ်တွေ သရဖူဆောင်းထားကြပြီမို့ ကျမကတော့ ဖိလစ်ပိုင်အလှမယ်တွေကြီး ဆုရတာမကြိုက်လို့ Arida ကိုကြိုက်ပေမဲ့ ... သူ့ကိုတော့ MU2013 winner မဖြစ်စေချင်ပါဘူး။(တော်တော် တရားတာပဲနော် :P ) Aridaကိုယ်တိုင်လည်း ဒီအပေါ်မှာ နည်းနည်းတော့ pressure ရှိမယ်ထင်တယ်။  Aja Aja, Arida!
Miss Universe Phillipines 2013, Ariella Arida

+ + + + +

Ariella Aridaပြီးရင်တော့ ကျမ သဘောကျတဲ့ အလှမယ် list ဒီမှာ ပြီးပါပြီ။ နောက်တစ်ပိုင်းကျရင် ဆုရဖို့ (၉ ၉ %)သေချာတဲ့ မယ်သုံးယောက်ရယ်၊ နောက်ပြီး ခုလက်ရှိ လူကြိုက်များတဲ့ အလှမယ်တစ်ချို့အကြောင်းရယ်ကို ပြောပြီးရင် ဒီ Road To Miss Universe 2013 ပို့(စ်)ကို အဆုံးသတ်ပါမယ်။ တကယ်တော့ အပိုင်း(၃)က ရေးပြီးသားပါ။ ဒါပေမဲ့ နောက်.. ရက်နည်းနည်းကြာမှ တင်ပါ့မယ်။

စာလာဖတ်ကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။း)

Regards, witch83 (15th Oct 2013, 5:11PM; GMT+8)

References
1. http://www.missunivere.com
2. http://en.wikipedia.org/wiki/Miss_Universe_2013
3. Missosology
4. Global Beauties
5. Google

1 comment:

  1. ဟန်ကြည်October 16, 2013 5:34 AM

    အင်း ပြောရရင်တော့ ဘာမယ် ညာမယ်ဆိုတာ ဦးဟန်ကြည်တို့တော့ ခပ်ဝါးဝါးပါဗျာ...သို့ပေမင့် အခုလို ကျကျနန တင်ပြထားတော့လည်း ဗဟုသုတ တိုးရတာကြောင့် ကျေးဇူးတင်ပါသဗျား...

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer