" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label Tech. Show all posts
Showing posts with label Tech. Show all posts

January 28, 2013

C-Box Spammer တွေရဲ့ ရန်ကကာကွယ်နည်း

"C-Box မရှိတဲ့ ဘလော့ဟာ ဧည့်သည် လက်မခံတဲ့အိမ်နဲ့တူတယ်"ဆိုတဲ့အဆိုကို တစ်နေရာမှာ ဖတ်ဖူးပါတယ်။
အဲ့ဒါ မှန်သင့်သလောာက်တော့ မှန်တယ်လို့ ထင်ပါတယ်။ ပို့(စ်)တိုင်းမှာ မန့်ဖို့ အဆင်မပြေတဲ့အခါ၊ ကိုယ့်ဘလော့အပေါ် ဝေဖန်အားပေးစကား ပြောချင်တဲ့အခါ၊ အလည်လာပြီး နှုတ်ဆက်စကားပြောချင်တဲ့အခါမျိုးတွေမှာ C-Box က တော်တော် အသုံးဝင်ပါတယ်။ ဒါပေမဲ့ ခက်တာက C-Box မှာ spam message တွေ တအားတက်တာပါပဲ။ အဲ့ဒီအတွက်ကြောင့် တစ်ချို့  ဘလော့တွေမှာ C-Box မရှိတာ ဖြစ်နိုင်ပါတယ်။

ကိုယ်ကိုတိုင်လည်း စိတ်ရှုပ်လွန်းလို့ အချိန်တော်တော်ကြာကြာအထိကို ကိုယ့်ဘလော့က ဖြုတ်ထားဖူးပါတယ်။ ဒါပေမဲ့ .. အခု နောက်ပိုင်း စာပြန်ရေးဖြစ်ပြီး နည်းနည်းကြာလာတော့ Spam message တွေကို mannually delete လုပ်၊ user တွေ ban၊ IP တွေ ban၊ spam report လုပ်ပြီး ပြန်တပ်လိုက်ပါတယ်။ သူတို့ကို ပိတ်လိုက်လို့ တစ်ချို့ ကို ပိတ်လို့ရပေမဲ့... IP ကို fix မသုံးကြတဲ့.. virtual nick သုံးကြတဲ့ hoax user တွေကျတော့ ပိတ်လို့ မရပါဘူး။ Krazy Jokes တို့၊ Affective tips ဆိုတာတွေဟာ ကျမတော်တော် မုန်းတဲ့ဟာတွေပါ။ ဘလော့ဖွင့်တိုင်း အဲ့ဒီ message တွေကို www.cbox.ws ထဲသွားပြီး  ဖျက်နေရတာ အလုပ် တစ်ခုလို ဖြစ်နေပါတယ်။


message တွေဖျက်နည်းကတော့ လွယ်ပါတယ်။

  • C-Box website ထဲ sign in လုပ်ပြီး Messages> Messagesကို သွား။ 
  • ဖျက်ချင်တဲ့ message ကို checkbox မှာ ရွေးပြီး Ban ကို နှိပ်ပြီး IP ကို အရင်ပိတ်လိုက်ပါ။ ပြီးရင်တော့ spam report လုပ်ပြီး.. message တွေကို delete လုပ်လိုက်ရုံပါပဲ။
ဖျက်ရတာ မခက်ပေမဲ့ ကြာလာတော့ လိုက်..ဖျက်နေရတာ တော်တော် စိတ်ကုန်လာပါတယ်။ အဲ့ဒါနဲ့ cbox မှာ security setting ဘယ်လို လုပ်ရမလဲ လိုက်ရှာကြည့်ရင်းနဲ့ Require CAPTCHA ဆိုတဲ့ anti-spam feature အသစ်လေး သွားတွေ့ပါတယ်။ အဲ့ဒါကို ရွေးလိုက်ရင်တော့ အဲ့လို spammer တွေရန်က ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။



ဒီ feature ကို ရွေးဖို့ သွားရမဲ့နေရာကတော့ cbox  site ထဲက Options> Posting options ဆိုတဲ့နေရာမှာပါ။ ကိုယ်က အဲ့ဒီ feature ကို ရွေးလိုက်ခြင်းအားဖြင့် ကိုယ့် C-Box မှာ message ရေးမယ်ဆိုရင် ရေးမဲ့သူက အရင် word verification လုပ်ရပါတယ်။ လုပ်တာကတော့ တစ်ခါပဲ လုပ်ရတာပဲ။ ပြီးရင်တော့ nick နဲ့ website address ကိုမှတ်ပြီးသွားပြီမို့ နောက်တစ်ခေါက် ပြန်လာလည်ပြီးရေးရင် verification လုပ်စရာ မလိုတော့ပါဘူး။  feature အသစ်ကို စမ်းသုံးလိုက်တာ အဆင်ပြေသွားပါတယ်။

ဘလော့မိတ်ဆွေတွေကိုလည်း ပြန်လည် ဝေမျှလိုက်ပါတယ်။ သူတို့ ဘလော့တွေကို အလည်သွားရင် အဲ့လို spam message တွေကို သူတို့ cbox ထဲမှာ မြင်ရတာ အသည်းယားလွန်းလို့ပါ။ spam message တွေကို စိတ်ကုန်လို့ cbox ဖြုတ်ထားတဲ့သူတွေလည်း ပြန်တပ်လို့ ရအောင်လို့ပါ။

ဒါနဲ့ စကားမစပ်.. CAPTCHA ဆိုတာ တကယ့်လူရဲ့ response ပါလို့ သေချာအောင် စစ်ပေးတဲ့ test ဖြစ်ပါတယ်။ အရှည်ကောက်ကတော့ "Completely Automated Public Turing test to tell Computers and Humans Apart"ပါ။

~ ရွှင်လန်းချမ်းမြေ့ ကြပါစေ ~

Regards,
witch83, (28/01/2013; 2:12 PM; GMT+8)

To Continue Reading

March 16, 2009

Zawgyi-One Font

ကိုညီလင်းဆက်ရေးသားသော "Why Zawgyi was awarded 2007 MCPA Excellent Award?" ကိုပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။

2007 MCPA Excellent Award ကို ဇော်ဂျီမြန်မာစာရိုက် စနစ်က ရရှိပါတယ်။ ပိုက်ဆံအနေနဲ့ မဟုတ်ပေမယ့် ဂုဏ်သိက္ခာအားဖြင့် ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဇော်ဂျီကို ဒီပွဲအတွက် nominate စလုပ်ခဲ့တာ ကျွန်တော်ပါ။ တကယ် ရသင့်လို့ ရခဲ့တာလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတာ ကျွန်တော် ရှင်းပြပါမယ်။ ဇော်ဂျီ စထွက်လာကတည်းက ကျွန်တော် သုံးစွဲလာခဲ့တယ်။ ဘလော့ဂ်တွေမှာ မြန်မာလို ရေးဖို့ရာ အခြားသော ယူနီကုဒ်စနစ် များစွာနဲ့ စမ်းသပ်ကြည့်ခဲ့ပေမယ့် ဇော်ဂျီလို အဆင်မပြေတာကြောင့် ဒါကိုပဲ ဆက်လက် သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘလော့ဂါတွေ ဒါနဲ့ အများကြီး ရေးပြီးကာမှ ပိုက်ဆံနဲ့ ရောင်းမယ်ဆိုရင် ဒုက္ခပဲ ဆိုပြီး မူဝါဒကို စုံစမ်းကြည့်တဲ့အခါ စီးပွားဖြစ် လုပ်နေကြတဲ့ အရာတွေ အားလုံးထဲမှာ ဇော်ဂျီဟာ အမြဲတမ်း အခမဲ့ ပေးသုံးမယ် ဆိုပြီး ကြေညာချက် ထုတ်ပေးခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်က မြန်မာယူနီကုဒ်တွေ၊ ဘာကုဒ်တွေ၊ ညာကုဒ်တွေကို စိတ်ဝင်စား လေ့လာသူမို့ ဇော်ဂျီဟာ ယူနီကုဒ်စနစ် အပြည့်အဝ မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ဇော်ဂျီကနေ နောင်တချိန် မြန်မာယူနီကုဒ် စစ်စစ် ဖြစ်လာတဲ့အခါ အလွယ်တကူ ပြောင်းလဲလို့ ရတယ် ဆိုတာကို သိလာတဲ့အခါ အဲဒီအတွက် ပူပန်မှု မရှိတော့ပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ပရောဂျတ်တွေကို မြန်မာ၂၊ မြန်မာ၃ ယူနီကုဒ်တွေအစား ဇော်ဂျီနဲ့သာ ဆောင်ရွက်ခဲ့တယ်။ ဘလော့ဂ်တွေမှာလည်း ဇော်ဂျီနဲ့ပဲ ရေးသားဖို့ အကြံပြုခဲ့တယ်။ အကျိုးကျေးဇူးကို ပြောပြပါမယ်။ ၂၀၀၅ ခုနှစ်မှာ အင်တာနက်ပေါ်မှာ မြန်မာစာနဲ့ ရေးသားတဲ့ ဘလော့ဂ်တွေ၊ ဝဘ်ဆိုဒ်တွေ၊ ရီဆိုစ့်တွေဆိုတာ လက်ချိုးရေလို့ ရပါတယ်။ အခု နှစ်နှစ်အတွင်းမှာတော့ အများကြီး ဖြစ်လာပါပြီ။ ကျွန်တော်တို့ အားလုံးက စံတစ်ခုကို စနစ်တကျ လက်ခံကျင့်သုံးဖို့ လိုပါလိမ့်မယ်။ အဲဒါဆို နောင်တစ်ချိန်မှာ ဘာပြောင်းချင် ပြောင်းချင် ပြောင်းလို့ လွယ်ကူပါတယ်။ နောက်တစ်ခုက ပြည့်စုံတဲ့ ယူနီကုဒ်စနစ်ကို မရောက်သေးလို့ အလုပ်တွေကို မလုပ်နိုင်ဘူး ရပ်ထားရမယ်ဆိုရင် ကျွန်တော်တို့ ဘာအလုပ်မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အချိန်တွေပဲ ကုန်သွားမယ်။ အခုတော့ ဇော်ဂျီကြောင့် အင်တာနက်မှာ မြန်မာလို ရှာဖွေလို့ ရလာပြီ။ အရင်က ပျင်းစရာကောင်းတဲ့ မြန်မာအင်တာနက် လောကကြီးဟာ တဟုန်ထိုး ဖွံ့ဖြိုးလာတယ်။ ဇော်ဂျီကြောင့် ဂျီတော့ခ်မှာ မြန်မာအချင်းချင်း မြန်မာလို ပြောဆိုလို့ ရလာတယ်။ တချို့လည်း ဇော်ဂျီစနစ်ဟာ မကောင်းဘူး ဘာညာပြောနေပေမယ့် ဂျီတော့ခ်ထဲကျတော့ ဇော်ဂျီနဲ့ စာရိုက်ရတဲ့ အထိ ဖြစ်လာတယ်။ မိုက်ခရိုဆော့ဖ်ဝါဒ် အထဲမှာ စာရိုက်တဲ့အခါ ဇော်ဂျီကိုသာ အသုံးပြုလာကြတယ်။ Search Engine တွေကအစ ဂရုပြုလာကြပါတယ်။

ဇော်ဂျီကို အမည်မဖော်လိုတဲ့ ပညာရှင် ငါးဦးက ၂၀၀၅လောက်မှာ အခြားသူများနဲ့ ဖိုက်တင်ပလေးပြီး လုပ်ခဲ့တာပါ။ နောက်ပိုင်းလည်း အသုံးပြုသူတွေ ထောက်ပြတဲ့ အားနည်းချက်တွေကို ပြန်လည် ပြုပြင် ဖြည့်စွက်ပေးခဲ့ပြီး အသုံးပြုသူတွေကို ကူညီခဲ့ပါတယ်။ ဒါတင်မက ဇော်ဂျီကို ဘယ်သူမဆို ပိုကောင်းအောင် ပြုပြင်နိုင်တယ်ဆိုပြီး Source တွေကို ချပေးခဲ့ပါတယ်။ ဒါကြောင့် ဇော်ဂျီဟာ နှစ်နှစ်အတွင်းမှာ တဟုန်ထိုး အောင်မြင်ခဲ့ပြီး အသုံးပြုသူ ယူဇာ အများအပြားကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇော်ဂျီကြောင့် မြန်မာအင်တာနက်လောက အခုအခြေအနေ ရောက်လာတယ် ဆိုရင်လည်း မမှားပါဘူး။ ဇော်ဂျီ ဖန်တီးသူတွေနဲ့ ကျွန်တော်ဟာ ရင်းနှီးသိကျွမ်းလို့ ထောက်ခံတာမျိုးတော့ မဟုတ်ပါဘူး။ သူ့ကြောင့် ရလာတဲ့ ရလဒ်တွေက ကျွန်တော်တို့ဆီမှာ သက်သေအနေနဲ့ ရှိတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကိုလည်း ကျွန်တော် သိနေတာမို့ အခုလို ဆုရတာကို ထိုက်တန်တယ်လို့ ဆိုတာပါ။ နောင်တချိန် မိုက်ခရိုဆော့ဖ်ကသာ ဇော်ဂျီကို Language Pack တစ်ခုအနေနဲ့ သဘောထားပြီး လက်ခံခဲ့မယ်ဆိုရင် ကျွန်တော်တို့အားလုံး ဝင်းဒိုးစ် သုံးတာနဲ့ မြန်မာဖောင့် လွယ်လွယ်ကူကူ ရိုက်လို့ရတော့မှာပါ။ နောက်ဆုံး သတင်းများအရ ဇော်ဂျီအတွက် မတူညီတဲ့ ဖောင့်ပုံစံ သုံးခု အသစ်ထုတ်ဖို့ ရှိပါတယ်။ ဒါ့အပြင် ဇော်ဂျီနဲ့ သက္ကတတွေ၊ ပါဠိတွေ၊ မွန်စာတွေ၊ ကရင်စာတွေကိုလည်း ရိုက်နိုင်တော့မှာ ဖြစ်ပါတယ် ခင်ဗျား။
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer