ဒီတစ်ခါတော့ ဆေးဘက်ဝင်မှိုများအကြောင်းကို ရေးချင်ပါတယ်။ 
ဆေးဘက်ဝင်မှိုများတွင် အန်တီအောက်စီဒန့် ဓါတ်၊ အာဟာရဓါတ်နှင့် သက်စောင့်သြဇာဗီတာမင်ဓါတ်များ ကြွယ်ဝစွာပါဝင်ပြီး နေ့စဉ်မှိုစားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်စေနိုင်သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသန လေ့လာမှုစစ်တမ်းများအရ သိရသည်။ ၄င်းအကျိုးအာနိသင်များသည် လတ်ဆတ်သောမှိုများ တွင် ပိုမိုပါဝင်ကြောင်း သုတေသီများက ပြောကြားခဲ့ကြသည်။ မှိုအခြောက်များတွင် ရင်သားကင်ဆာ ကာကွယ်နိုင်မှုစွမ်းရည် အနည်းငယ်ကျဆင်းနေတတ်ပြီး ရင်သားကင်ဆာ ခြိမ်းခြောက်မှုကို (၅၀)ရာခိုင်နှုန်းမျှသာ ဟန့်တားနိုင်ချိန်တွင် လတ်ဆတ်သောမှိုများက (၆၄)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များကတွေ့ရှိခဲ့သည်။
ထိုရလဒ်ကို ဆက်လက်စီစစ်ပြီးနောက် အချို့သော မှိုစားများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဟန့်တားနိုင်ခြေသည် (၉၀)ရာခိုင်နှုန်းထိ ထိုးတက်သွားကြောင်း ဆရာဝန်များက ပြောကြားခဲ့ကြသည်။ ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ မှိုအတွင်းရှိ ဓာတ်ပစ္စည်းများသည် ကင်ဆာဖြစ်စေသည့် အကြိတ်များကို ဖျက်ဆီးတတ်သည့် ဂုဏ်သတ္တိ အထင်အရှားရှိနေပြီး လူ၏ကိုယ်ခံစွမ်းအား စနစ်တစ်ခုလုံးကို လှုံ့ဆော်ပေးကြောင်း သိရှိလာရသည်။ Tennessee University ရှိ အစားအသောက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ဌာနမှ ဒေါက်တာLana Zivanovic က မှိုတွေမှာ beta-glucan compound ဓါတ် အများအပြား ပါဝင်ပြီး အဲဒီဓါတ်က လူ့ ကိုယ်ခံအားစနစ်ကို နိုးကြားစေပြီး ဝင်လာတဲ့ရောဂါအမျိုးမျိုးကို ကာကွယတိုက်ဖျက်ပေးတယ်လို့  ဆိုပါတယ်။ အခြားအထောက်အထားများအရလည်း မှိုဟာ ရင်သားကင်ဆာ တိုက်ဖျက်မှု ဆေးဝါးများနှင့် အာနိသင်အတူတူရှိပြီး ကင်ဆာဖြစ်စေနိုင်သည့် Oestrogen ဟိုမုန်းများ ထွက်လာခြင်းကို ပိတ်ပင်ပေးကြောင်းလည်း သိရှိရပါသည်။
ကယ်လီဖိုးနီးယားမှ ပညာရှင်များသည် ပြီးခဲ့သောလအတွင်းက တစ်နေ့မှိုနှစ်ကြိမ်စားပါက တစ်လအတွင်း ကင်ဆာတားဆီးနိုင်မှု သဘာဝစွမ်းရည် သိသိသာသာ တိုးမြင့်လာကြောင်း ထောက်ခံထားကြသည်။ ဩစတြေးလျနိုင်ငံရှိ အနောက်ဩစတြေးလျ တက္ကသိုလ်က စမ်းသပ်တွေ့ရှိမှုအရ ဗြိတိန်တွင် နှစ်စဉ်အမျိုးသမီး (၄၀၀၀၀)မျှ ရင်သားကင်ဆာ ဖြစ်ပွားချိန်တွင် တရုတ်နှင့် အရှေ့ဖျားဒေသနိုင်ငံများမှ ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီးဦးရေ ကျဆင်းလာမှုကြား အဓိကကွာခြားမှုမှာ မှိုစားသည့် အလေ့အထပင်ဖြစ်ကြောင်း သိရသည်။ အကြမ်းဖျင်းအားဖြင့် မှိုများများစားသည့် အမျိုးသမီးများတွင် ကင်ဆာကြိတ်မဖြစ်နိုင်ဟုပင် သတ်မှတ်နိုင်ကြောင်း သုတေသီများကဆိုသည်။ ဆေးပညာဆိုင်ရာ သုတေသန စာတမ်းတစ်ခုကလည်း မှိုပမာဏများပြားစွာ စားသုံးလေလေ၊ ကင်ဆာဖြစ်ပြီးနှင့် မဖြစ်ခင် အခြေအနေနှစ်ခုလုံးအတွက် အကျိုးရှိလေလေဟု ဖော်ပြထားကြောင်း သတင်းရရှိသည်။
ဆေးဘက်ဝင်မှိုအမျိုးမျိုးရှိရာ၌ လူသိများသောမှို(၃)မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) Mitake mushrooms
အစာအိမ်နှင့် အူလမ်းကြောင်းအတွက် အကျိုးရှိတယ်လို့ သိရပါတယ်။ သွေးချို၊ ဆီးချိုသမားတွေအတွက်လည်း သင့်တော်ပါတယ်။ မှိုတွေထဲမှာ ကင်ဆာရောဂါကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တယ်လို့  ဆိုပါတယ်။
ရှိတာကဲမှိုတွေကတော့ အာဟာရဓာတ်တွေ ဖြည့်ပေးပြီး အသည်းရောဂါတွေအတွက် ကောင်းတယ်လို့  သိရပါတယ်။ AIDS ဝေဒနာသည်တွေ စားသုံးသင့်တယ်လို့  ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
Reishiမှိုတွေကတော့ အသက်ရှုလမ်းကြောင်း systemကို အထောက်အကူပြုပြီး ပန်းနာရောဂါသည်တွေအတွက် အထူးသင့်တော်ပါတယ်။
source ;
http://www.planet.com.mm/
http://www.topnews.in/health/
http://www.healthcastle.com/herb_mushroom.shtml
When I read planet news, I read about mushrooms and I got interested. So, I search for other extra data and write this post. I hope that this post will be useful.
My Diary, My Thoughts, My Collections and after all, this is My Small Own World
|
" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders. But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it." --- BUDDHA |
ခွန်းဆက်
| ~~ မင်္ဂလာပါ။ ~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :) ~~ ကျေးဇူးတင်ပါတယ်။ witch83 |
April 24, 2009
ဆေးဘက်ဝင်သော မှိုအကြောင်း
Subscribe to:
Post Comments (Atom)
အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..
-
သံယောဇဉ်ဖြင့် နှောင်ငင်တွယ်ရစ်၊ ကျွန်မချစ်မိ အပြစ်ရှိသည်…. တွယ်ငြိခြင်းဖြင့် ရင်တွင်းဆူုးနစ်၊ ကျွန်မချစ်မိ အပြစ်ရှိသည်…. အတွယ်အ...
-
စာလာဖတ်ကြတဲ့သူအပေါင်းကို သတင်းလေးတစ်ခုလောက် ပေးချင်ပါတယ်။ ပြောချင်တာကတော့ လေး၊ ငါးရက်လောက် ရှိပါပြီ။ ကိုယ့်ဟာနဲ့ကိုယ် အလုပ်တွေရှုပ်နေ၊ အ...
-
ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ နံရ...
-
အပေါ်က ဓါတ်ပုံကတော့ ဒီ MU2013 ပြိုင်ပွဲအတွက် ကျမကြိုက်တဲ့ မယ်(၇)ယောက်ရဲ့ အလှပုံရယ်၊ ရေကူးဝတ်စုံနဲ့ပုံတွေရယ်ကို ပေါင်းပြီး collage လု...
-
မနေ့ကအထိတော့ Miss Supranational 2013 ပြိုင်ပွဲရဲ့ Special awards တွေထဲကမှ ဆု(၄)ဆုကတော့ သူများတွေ ရသွားပါပြီ။ ~~ Miss Supranational Ele...
-
ဒီနေ့တော့ ဒီဘလော့ကို လာဖတ်တဲ့သူတွေကို post လေးသစ်ခု ညွှန်းချင်ပါတယ်။ မပန်ဒိုရာ ရဲ့ post လေးပါ။ မပန်က "ပိုင်ဆိုင်သူထံက ခွင့်ပြုချက် ရယူတာ...
-
Okinawa မှာကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲတုန်းက နန်းခင်ဇေယျာကို အားပေးခဲ့ပြီးတဲ့နောက်မှာ (၂၀၁၃)မှာ ဒီထက် ပိုသာတဲ့အလှမယ်တစ်ယောက်...
-
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဧ။် 1st batch မှ 15th batch အထိ ကျောင်းသားကျောင်းသူဟောင်းများဧ။် တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ဇူလိုင်လတွင် က...
-
ကိုယ်ဝန်ရှိတယ်ဆိုတဲ့ စွပ်ဆွဲချက်ကို Fedorovaက ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ သူမ ကိုယ်ပိုင်သဘောအရ Miss Universe 2002 ရာထူးမှ နုတ်ထွက်ပါတယ်ဆိုပြီးေ...
-
Miss USA 2013 ပွဲကို (၂၀၁၃)ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့ .. LA က Planet Hollywood Resort မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်စုစုပေါင်း (၅၁)ဦးရှိ...
No comments:
Post a Comment