Can Refer to Relization Of Time
- ဆယ်နှစ်တာရဲ့တန်ဖိုးကို သိချင်ရင် အခုမှပူပူနွေးနွေး ကွာရှင်းပြီးခါစ ဇနီးမောင်နှံကို မေးကြည့်လိုက်ပါ။
- လေးနှစ်တာရဲ့တန်ဖိုးကို သိချင်ရင် ဘွဲ့ရတစ်သောက်ကို မေးကြည့်လိုက်ပါ။
- တစ်နှစ်တာရဲ့တန်ဖိုးကို သိချင်ရင် အတန်းတင်စာမေးပွဲကျထားတဲ့ ကျောင်းသားတစ်ယောက်ကို မေးကြည့်လိုက်ပါ။
- တစ်လတာရဲ့တန်ဖိုးကို သိချင်ရင် နေ့မစေ့လမစေ့ကလေးကို မီးဖွားထားတဲ့ သားသည်မအေတစ်ယောက်ကို မေးကြည့်လိုက်ပါ။
- ရက်သတ္တပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က စာတည်းကို မေးကြည့်လိုက်ပါ။
- တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင် တွေ့ကြဖို့ချိန်းထားလေတဲ့ ချစ်သူနှစ်ဦးကို မေးကြည့်လိုက်ပါ။
- တစ်မိနစ်တန်ဖိုးကို သိချင်ရင် ရထားဖြစ်စေ၊ ဘတ်စကားဖြစ်စေ၊ လေယာဉ်ဖြစ်စေ မမီလိုက်တဲ့ သူတစ်ယောက်ကို မေးကြည့်လိုက်ပါ။
- တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင် မတော်တဆထိခိုက်မှု တစ်ခုခုမှာ အသက်ရှင်ကျန်ရစ်ခဲ့သူကို မေးကြည့်လိုက်ပါ။
- တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံတန်ဖိုးကို သိချင်ရင် အိုလံပစ်ပြေးပွဲမှာ ဒုတိယငွေတံဆိပ်ကိုသာ ရလိုက်သူကို မေးကြည့်လိုက်ပါ။
ငွေကို ငွေနဲ့လျော်လို့ရတယ်။
အချစ်ကို အချစ်နဲ့လျော်လို့ရတယ်။
ဒါပေမယ့် ကုန်ဆုံးသွားတဲ့ အချိန်တွေကိုတော့ ဘာနဲ့မှလျော်လို့မရတော့ဘူး။ ။
Source; Internet
ကောင်းလိုက်တာ ... အချိန်ကို မဖြုန်းမိဖို့ ကြိုးစားရဦးမယ်။
ReplyDelete