ဒါပေမဲ့... National Day မတိုင်ခင် ရုံးကလူတွေ ခွင့်ယူမှာမို့ သော့အဖွင့်၊အပိတ်လုပ်ဖို့ မန်နေဂျာမက ပြုံးစိစိနဲ့ လာပြောသွားမှ (၂)ကိုရေးချင်စိတ် ပေါ်လာပါတယ်။
ဖြစ်ထားတာက သိပ်မကြာသေးပါဘူး။ ဇွန်(၂၈)ရက်နေ့က ဖြစ်ခဲ့တာပါ။ ဖြစ်ဖြစ်ချင်း ရေးချင်စိတ် ပေါက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ညီမ.. မင်္ဂလာဆောင်သွားဖို့အတွက် အလုပ်ရှုပ်တာကတစ်ကြောင်း၊ အလုပ်မှာလည်း issue တွေ အရမ်းတက်နေတဲ့အပြင် ခရီးမသွားခင် အလုပ်တွေဖြတ်နေရ.. လွှဲနေရနဲ့ မရေးနိုင်ခဲ့ပါဘူး။ ခရီးက ပြန်လာတော့လည်း အလုပ်မှာ ရှုပ်နေပြီး၊ မနက်..ညမှားနေတာနဲ့ပဲ ကြန့်ကြာနေခဲ့ပါတယ်။ ပြီးတော့ မေ့သွားခဲ့ပါတယ်။ ဒါပေမဲ့... အမြဲစူပုတ်ပြီး ကိုယ့်ကို အကောင်းမမြင်တတ်တဲ့ မန်နေဂျာမက "မေ.. သောကြာနေ့ ဘယ်သူမှ မလာဘူး။ နင်နဲ့ မန်နေဂျာအသစ်ပဲ ရှိမယ်။ အဲ့ဒါ ရုံးသော့ပိတ်ရင် သူပြန်ပြီးမှ ပိတ်နော်"လို့ ပြုံးစိစိနဲ့ပြောသွားတော့မှ ဒီအကြောင်း အရမ်းရေးချင်လာပါတယ်။ ဒါကြောင့် မနက်ဖြန် မနက်အစောကြီးထပြီး ခရီးသွားစရာရှိပေမဲ့ ဒီပို့(စ်)ကို ရေးဖြစ်အောင် ရေးလိုက်ပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ ။
အဲ့နေ့က GM မလာပါဘူး။ ခရီးသွားနေပါတယ်။ သူလာရင်လည်း အဲ့လို ဖြစ်မယ်မထင်ပါဘူး။ Project တစ်ခု အတွက် စမ်းစရာရှိတာတွေ စမ်းပြီးသွားလို့ customerဆီ emailပို့ပြီးတဲ့ အချိန်မှာ ၆း၃၀ကျော်နေပါပြီ။ ရုံးမှာ ကိုယ်နဲ့ မန်နေဂျာမပဲ ကျန်ပါတော့တယ်။ emailပို့ပြီးပြီးသွားတော့ ကွန်ပျူတာကို shut down လုပ်ပြီး အိမ်သာသွားပါတယ်။ အိမ်သာကနေပြန်လာတော့ ရုံးတစ်ခုလုံး မှောင်နေတဲ့အပြင်.. Reception ကနေ ရုံးထဲဝင်တဲ့တစ်ခါး ပိတ်ထားပါတယ်။ စိတ်ထဲ တစ်မျိုးဖြစ်သွားပါတယ်။ Access cardကို tapလုပ်ပြီးတဲ့အချိန်မှာတော့ သေချာသွားပါတယ်။ ရုံးတံခါး လော့ကျသွားပါပြီ။ မန်နေဂျာမ အိမ်ပြန်သွားပါပြီ။ ရုတ်တစ်ရက် ဘာလုပ်ရမှန်း မသိ ဖြစ်သွားပါတယ်။ အိမ်သာကနေ ကိုယ့်ရုံးကိုအသွားအပြန် (၅)မိနစ်ကျော်ကျော်ပဲ ကြာပါတယ်။ အလွန်အကျွံ့ ရှိလှ (၁၀)မိနစ်ပါ။ ဒီအချိန်လေးမှာ သူပြန်သွားပါတယ်။ မီမလားဆိုပြီး အောက်ထပ်ပြေးလိုက်ဆင်းပေမဲ့ မတွေ့တော့ပါဘူး။
Handbag,ထမင်းဘူး, ဟမ်းဖုန်း, ရုံးသော့, အိမ်သော့, ယုတ်စွအဆုံး I-bankingထဲဝင်တဲ့ security tokenတောင် စားပွဲပေါ်မှာပါ။ ကိုယ့်ဆီမှာရှိနေတာဆိုလို့ ရုံးထဲဝင်တဲ့ ကဒ်တစ်ခုပဲ ရှိပါတော့တယ်။ အဲ့ဒါကလည်း အဲ့အချိန်မှာ အသုံး မဝင်တော့ပါဘူး။ ဖုန်းခေါ်ရအောင်ကလည်း သု့ဖုန်းနံပါတ်ကလည်း အလွတ်မရပါဘူး။ ရုံးက ဘယ်သု့ နံပါတ်မှလည်း အလွတ် မရပါဘူး။
လမ်းလျှောက်ပြန်ရင် ကောင်းမလား။ တစ်ယောက်ယောက်စီက ဖုန်းငှားပြီး သူငယ်ချင်းတစ်ယောက်ယောက်ကို လှမ်းခေါ်ရင် ကောင်းမလား။ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားနေတုန်း ရုံးမှာ သန့်ရှင်းရေးလုပ်တဲ့ အန်တီကြီးကို သွားတွေ့ပါတယ်။ အဲ့တာနဲ့ သူ့ဆီကို ဝမ်းသာအားရ အပြေးသွားပြီး လက်ဟန်ခြေဟန်နဲ့ ရော...အင်္ဂလိပ်စာလုံး တစ်လုံး..နှစ်လုံးသုံးပြီးရော.. ရှင်းပြပြီး အကြွေစိ ချေးရပါတယ်။ ( သူက အင်္ဂလိပ်စကားကို တစ်လုံး..နှစ်လုံးပဲ ပြောတတ်ပါတယ်။) သူက အကြွေစိ (၁)ကျပ်ခွဲထုတ်ပေးပြီး (၁၀)တန်တစ်ရွက် ထုတ်ပေးပါတယ်။ dinner လို့ ပြောပါတယ်။ အိမ်မှာ ရှိတယ်။ မလိုဘူး။ ကျေးဇူးတင်ပါတယ်ဆိုပြီး ထွက်ခဲ့လိုက်ပါတယ်။ ( အိမ်ပြန်ရောက်တော့ အဲ့ဒီ တစ်ဆယ် မယူခဲ့မိတာ နောင်တရပါတယ်။)
ကံမကောင်းပုံများ အိမ်လည်းရောက်ရော အိမ်မှာ ဘယ်သူမှ ရှိမနေပါဘူး။ အိမ်မှာ အမြဲရှိနေကျ ကျောင်းသူညီအစ်မက အဲ့နေ့ကျမှ စီးတီးဟောသွားပါတယ်။ ဘေးခန်းက ကောင်မလေးက ညဆိုင်းကျပါတယ်။ အဲ့ဒါနဲ့ အိမ်အောက်ပြန်ဆင်းပြီး အောက်မှာတွေ့တဲ့ အဖိုးကြီး၊ အဖွားကြီးတွေကို ဖုန်းငှားကြည့်တော့ မရှိဘူးပြောကြပါတယ်။ (အိမ်အောက်မှာ senior citizen တွေထိုင်ဖို့ လုပ်ထားတဲ့ နေရာတစ်ခုရှိပါတယ်။)
အဲ့ဒါနဲ့ ဟိုဘက်တိုက်မှာ ထိုင်နေတဲ့.. ဖဦးထုတ်စုံတွဲဆီက သွားတောင်းဆက်ပါတယ်။ ဘဲက သိပ်ယုံပုံ မရဘူး။ ဘာလို့ ငှားတာလဲ။ ဘာလို့ ဖုန်းမရှိတာလဲ။ ဘယ်ဆက်မှာလည်း .. ဘာ ညာနဲ့ မေးပြီးသကာလ သူ့ဆော်က ဖုန်းနံပါတ်ကို သူကိုယ်တိုင်နှိပ်ပေးပါတယ်။(ဘဝက အဲ့ဒီလို ) ဘာပဲဖြစ်ဖြစ် စလုံးမှာ တစ်ခုတည်းသော အလွတ်ရတဲ့ ဖုန်းနံပါတ်ပိုင်ရှင် Leo Zin နဲ့ ဖုန်းပြောဖြစ်ပြီး အကုအညီတောင်းရပါတယ်။ ( တော်သေးတယ်။ သူ ဖုန်းကိုင်လို့။ တစ်ခါတစ်ရံ သူက ဖုန်းနဲ့အတူ ရှိမနေတတ်ဘူး။ ) သူ့
ကို အကျိုးအကြောင်းပြောပြပြီး ဒီဖုန်းကို ပြန်မဆက်ဖို့။ တစ်ခြားတစ်ယောက်ဆီက အကူအညီတောင်းပြီး ပြန်ဆက်မယ်ပြောပြီး ဖုန်းချလိုက်ပါတယ်။) ပြီးတော့ အပေါ်ပြန်တက်လာပြီး ဘေးခန်းက အဖွားဆီက ဖုန်းတောင်းပြီး Leo Zin ဆီ ဖုန်းပြန်ဆက်ရပါတယ်။ ဒီ ဖုန်းနဲမှလည်း ကိုယ့်ကို သူ.. ပြန်ခေါ်နိုင်မယ်လေ။
သူက တစ်ဆင့် တခြားသူငယ်ချင်းဆီဆက်... တစ်ခြားသူငယ်ချင်းဆီကတဆင့် တူတူနေတဲ့ ညီမဝမ်းကွဲဆီဆက်နဲ့... ညီမက အခု ရေကူးကန် ရောက်နေတဲ့အကြောင်း၊ နောက်တစ်နာရီကြာရင် ဘေးခန်းက ညီအစ်မ ပြန်လာမဲ့ အကြောင်းတွေ သိရပါတယ်။ အဲ့ဒါနဲ့ အောက်ပြန်ဆင်း... S&Sက ရေတစ်ဗူးကို လက်ကျန် ပြား(၄၀)နဲ့ဝယ်။ ရေသောက်ပြီး ( ဗိုက်ဆာနေပြီလေ) တစ်နာရီကို ခုံတန်းတစ်ခုမှာအချိန်ဖြုန်းရပါတယ်။ တစ်နာရီပြည့်တော့ အပေါ်ပြန်တက်ပြီး တံခါးခေါက်တော့ အကြီးမလေး လာဖွင့်ပေးပါတယ်။ အဲ့ဒါနဲ့ အထဲဝင်.. ညစာစား..အိုးခွက်ဆေးပြီး ညီမပြန်လာတော့ အခန်းထဲဝင်ရပါတယ်။ နောက်နေ့ မနက်ကျတော့ အလုပ်ရောက်တော့ lobby မှာ အားလုံးထိုင်စောင့်နေရပါတယ်။ မန်နေဂျာက သူ့ဆီဖုန်းဆက်တော့ ဘဏ်ရောက်နေပါတယ်။ ပြီးမှ လာမယ်ပြောပါတယ်။ သူက တစ်ပြန်တစ်လဲ စိတ်တိုပါသေးတယ်။ တော်တော်တရားကျဖို့ကောင်းတဲ့ မန်နေဂျာမ... ( သူက အမြဲ အဲ့လိုပါပဲ။ Ever စိတ်မကြည်တတ်တဲ့သူပါ။ ဒါပေမဲ့ operationsအားလုံးက သူပြီးမှပြီးရတာကတစ်ကြောင်း... GM ပြီးရင် သူ့ position က အကြီးဆုံးမို့ ... GM နဲ့သူကလည်း တော်တော်ရင်းနှီးတဲ့ အခြေအနေရှိတာမို့ sg management လက်အောက်က လူအားလုံးက သူ့ကို သည်းခံရပါတယ်။ MNC ဆိုတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ management ပိုင်းမှာ local တွေ များရင် local company တွေနဲ့ သိပ်မကွာပါဘူး။ )
မန်နေဂျာက သူနဲ့ဖုန်းပြောပြီးသွားတော့ "She is not happy about this" ဆိုပြီး ပြောပါတယ်။ အဲ့ဒါနဲ့ မန်နေဂျာကို ပြန်ပြောလိုက်ပါတယ်။ "The one who is not happy should be me, not her. All my things are still on my desk and my cubicle is only some distance away from the exit, she had to pass my desk before she went back. She should have seen my things" လို့ ပြန်ပြောလိုက်တော့ မန်နေဂျာလည်း စိတ်ညစ်သွားပါတယ်။
မန်နေဂျာမလည်း ရောက်လာရော.. ကော့တော့ကော့တော့နဲ့ ရှေ့ကနေ လျှောက်သွားပြီး တံခါးဖွင့်... အထဲဝင်သွားပါတယ်။ ကျမရဲ့ ချစ်မန်နေဂျာကလည်း ကျမအာရုံပြောင်းအောင် အလုပ်ကိတ်စ ( Keyborad ကပတ်ဆင့် ရိုက်မရလို့... သီးခံပါ။) တွေစွတ်ပြောပါတယ်။ သူမကလည်း တစ်နေကုန် အလုပ်များချင်ယောင်ဆောင်နေပါတယ်။ Sorry တစ်ခွန်း မပြောပါဘူး။ ဒါပေမဲ့ complain လည်း လာ မတက်ပါဘူး။ ကိုယ်လည်း အလုပ် ရှုပ်နေတာနဲ့ ဘာမှ မပြောဖြစ်လိုက်ပါဘူး။ နောက်တော့ ကိုယ်ကိုတိုင်လည်း မေ့သွားပါတယ်။ အခု မနေ့တစ်နေ့ကမှ ရုံးတံခါးကို ဟိုလူ ပြန်တာသေချာမှ ပိတ်နော်ဆိုပြီး ပြုံးစိစိနဲ့ လာပြောမှ ပြန်သတိရပါတယ်။ ရုတ်တရက် သတိပြန်ရပြီး အိုကေလို့ ပြန်ပြောရင်း သူ့ကို မျက်စောင်းထိုးလိုက်မိပါတယ်။ ( တော်တော် ကလေးဆန်တာပဲနော်... မန်နေဂျာမကို မျက်စောင်းထိုးလိုက်ရတယ်လို့ :D)
ဘာပဲဖြစ်ဖြစ် ကိုယ်ကိုတိုင်လည်း ဖုန်းကို အိမ်သာ ယူ.. မသွားမိတာ ပေါ့ဆတာပဲမို့ ထားလိုက်ပါတယ်။ ပေါက်ကရတွေထဲက ပေါက်ကရတစ်ခုလို့ပဲ သဘောထားလိုက်ပါတယ်။ အဲ့ဒီ နောက်ပိုင်းလည်း (၆)နာရီကျော်မှာ အိမ်သာသွားရင် ရုံးသော့နဲ့ ဖုန်းကို သတိထားပြီး ယူတဲ့အကျင့်တစ်ခု ကျင့်ယူလိုက်ပါတော့တယ်။
17:34PM(GMT+8)
11-08-2012
No comments:
Post a Comment