" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

October 05, 2012

Gender & Responsiblilty

FB ပေါ်မှာ share ထားတဲ့ scanned photo လေးကနေတဆင့် စိတ်ဝင်စားလို့ ဟိုဟိုဒီဒီ လျှောက်ရှာရင်းနဲ့ ဒီပို့(စ်)ကို ရေးဖြစ်ပါတယ်။ draft ထဲမှာကြာနေတာ အခုမှ ရေးပြီးပါတယ်။ဆရာကြီးပုံစံနဲ့ ရေးသလိုဖြစ်နေရင် ခွင့်လွှတ်ပါ။ :)
*****************

(၁) American Psychological Association (APA) က ဆောင်းပါးတစ်ခုမှာ ဖတ်မိတာကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုရှိတာခြင်းအတူတူပေမဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့တဲ့ပုံစံခြင်းမတူကြပါဘူး ... အမျိုးသမီးတွေက သူတို့ရဲ့ stress တွေကို ပိုပြီးထုတ်ဖော်ပြောဆိုတတ်ကြပါတယ်။ အဲ့ဒီအတွက်ကြောင့် အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုတွေရှိနေပေမဲ့ ကိုယ်လုပ်နေကျအလုပ်တွေကို  ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီဆောင်းပါးမှာပဲ ရေးထားတာကတော့... ၂၃% သောအမျိုးသမီးတွေနဲ့ ၄%သောအမျိုးသားတွေဟာ ( ၆း၁) အိမ်မှုကိစ္စတွေမှာ အကူအညီရယူ/ပေးခြင်းဖြင့် stress တွေ ပြေပျောက်ပြီး ယုံကြည်မှုစွမ်းအင်တွေတိုးတယ်လို့ ထုတ်ဖော် ပြောဆိုကြပါတယ်။
(၂) ထို့အတူဆွီဒင်နိုင်ငံ၊ ယူမီယာတက္ကသိုလ် (Umeå University, Sweden) မှ စိတ်ပညာရှင် သုတေသီများက "အမျိုးသားများ အိမ်မှုကိစ္စလုပ်ကိုင်ပါက စိတ်ဝေဒနာဖြစ်ပွားမှု လျော့ကျနိုင်" ဆိုတဲ့ သတင်းအတို scanned  photoလေးကိုလည်း ဟိုတလောက FB ပေါ်မှာ ဖတ်လိုက်ရပါတယ်။

FB ပေါ်မှာ ဝေမျှထား၍ တွေ့ရသော သတင်းဓါတ်ပုံ
ဒါပေမဲ့... တကယ့်မူရင်းဆောင်းပါးမှာရေးထားတာကတာ့ အမျိုးသားများ အိမ်အလုပ်ရဲ့တစ်ဝက်ကို လုပ်ပေးခြင်းဖြင့် စိတ်ဝေဒနာဖြစ်ပွားမှု လျော့ကျနိုင်လို့ ရေးထားတာပါ။ ဘယ်လောက် ရာခိုင်နှုန်းလျော့တယ်ဆိုတာတော့ မပြောထားပါဘူး။ အသက် (၂၁) နှစ်အရွယ်မှ (၄၂) နှစ်ကြား ယောင်္ကျား စုစုပါင်း အယောက်တစ်ထောင်ကို တွေ့ဆုံမေးမြန်း၊ လေ့လာစမ်းစစ်ပြီးမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။  စိတ်တိုလွယ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊  သောကဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်းစသည့် ရောဂါဖြစ်ပွားနိုင်မှုများကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။  အဲ့ဒီအရင်က လေ့လာတွေ့ရှိခဲ့တာကတော့ အမျိုးသားများက ၄င်းတို့ရဲ့အမျိုးသမီးကို အိမ်မှုကိစ္စ္စ္စဝိုင်းကူညီလုပ်ပေးလျှင် ထိုဇနီးသည်၏ နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
"ယေဘူယျအားဖြင့်တော့ ... ဆွီဒင်နိုင်ငံမှာ အိမ်မှုကိစ္စများကို အမျိုးသမီးများက လုပ်ကိုင်နေကြတုန်းပါပဲ။ ဒါပေမဲ့..  အမျိုးသားများဟာ ၄င်းတို့အမျိုးသမီးများရဲ့ အိမ်မှုကိစ္စ တစ်ဝက်လောက်ကို ဝိုင်းကူလုပ်ပေးတာဟာ ၄င်းတို့ကိုယ်တိုင်အတွက် ပိုကောင်းပါတယ်" လို့ သုတသနပညာရှင် လီဆာ ဟယ်ရီဆင်က ဆိုပါတယ်။ သူမက ဒီသုတေသန စမ်းသပ်မှုကို ပြုလုပ်နေစဉ်မှာ " ရှေးထုံးစံအရ အိမ်အလုပ်ဆိုတာ အမျိုးသမီးများပဲ လုပ်သင့်တယ်" လို့ ယောင်္ကျားတစ်ချို့ က ယူဆတာနေဆဲ ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူမ..အင်တာဗျူးလုပ်တဲ့ တခြား ယောကျာင်္းတော်တော်များများကတော့ ၄င်းတို့ဟာ gender role အရ သူတို့ လက်ရှိလုပ်နေရတဲ့ မြက်ရိတ်ခြင်း၊ ကားပြင်ခြင်း၊ ငွေရှာရခြင်းစသည့် ပုံစံခွက်ထဲမှာ ပိတ်မိနေသည်ဟု ယူဆကြကြောင်း တွေ့ရှိရပြန်ပါသတဲ့။ ဒါကြောင့် သူမက... စုံတွဲတွေကြားမှာ တစ်ခါတစ်ရံ တာဝန်တစ်ချို့ကို ပြောင်းလွဲယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
(၃) ဟုတ်ပါလိမ့်မယ်။ တခါတရံတော့ ကျမတို့တွေဟာ အပြောင်းအလွဲအနေနဲ့ ကိုယ်လုပ်နေကျ အလုပ်ကိုမလုပ်ဘဲ တခြားအလုပ်ကို ပြောင်းလဲလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ယောကျာင်္းနဲ့မိန်းမတို့ဟာ သဘာဝအရ လုပ်ဆောင်နိုင်စွမ်းနဲ့ ခွန်အား မတူကြလို့ နေရာတကာတော့ အလုပ်တာဝန်ကို လုံးဝ ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်လုပ်နိုင်တဲ့ အရာအချို့ကိုတော့ ဒါဟာဖြင့် ယောကျာင်္းအလုပ်၊ မိန်းမအလုပ်ရယ်လို့ မခွဲခြားဘဲ လုပ်ပေးဖို့ လိုတယ်ထင်ပါတယ်။ ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ ယောကျာင်္းတစ်ယောက်တည်းဘဲ ပိုက်ဆံရှာလို့မရသလို မိန်းမကလည်း ရှာရပါမယ်။ မိန်းကလေးတွေ...  ယောကျာင်္းယူလိုက်လို့ အပြင်အလုပ် မလုပ်တော့ဘူးဆိုတာ ကျမအမြင်အရကတော့ သိပ်တော့ မနိပ်ပါဘူး။ ကိုယ်ယူတဲ့သူက သိပ်ချမ်းသာ၊ ဝင်ငွေ သိပ်ကောင်းဆိုရင်တော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ ဒါလည်းပဲ ကိုယ့်အစွမ်းအစကို ကိုယ်ကိုတိုင် တုံးအောင်လုပ်လိုက်သလိုပါပဲ။ အဲ့လိုပဲ ... မီးပြင်၊ ရေပိုက်အသေးစားပြင်တာမျိုးဆိုရင်လည်း ကိုယ်.. လုပ်နိုင်ရင် ယောကျာင်္းကိုမစောင့်ဘဲ ကိုယ်တိုင်လုပ်လိုက်ဖို့ လိုပါတယ်။ မလုပ်တတ်ရင်လည်း လေ့လာပြီး လုပ်တတ်အောင် သင်ယူသင့်ပါတယ်။
အမျိုးသမီးတွေဘက်က အပြင်ထွက် အလုပ်လုပ်ကြပြီဖြစ်တဲ့အတွက် အပြင်မှာ ဘယ်လို ရုန်းကန်ရတယ်ဆိုတာ ကိုယ်ကိုတိုင်လည်း
သိလာပြီဖြစ်တဲ့အတွက် ယောကျာင်္းဖြစ်သူရဲ့ စိတ်ဒုက္ခတွေကို နားလည်းပေးဖို့ လိုပါလိမ့်မယ်။ အဲ့လိုပဲ အမျိုးသမီးတွေ အပြင်ထွက်အလုပ်လုပ်တဲ့အတွက် အမျိုးသားတွေ ဘက်ကလည်း တခြားကိစ္စတွေမှာ ကူညီသင့်တာ ကူညီရပါမယ်။ ကလေးထိန်း၊ ဟင်းချက်၊ ပန်းကန်ဆေး၊ အဝတ်လျှော်စတဲ့နေရာတွေမှာ ဒါတွေဟာ မိန်းမအလုပ်လို့ ယူဆမနေသင့်ပါဘူး။ မောင်တစ်ထမ်း မယ်တစ်ရွက်ခေတ်ကြီးမှာ မိန်းမလုပ်သူက ဟင်းချက်ပြီးရင် ပန်းကန်ဆေးတာလောက်တော့ ကူညီသင့်ပါတယ်။ မိန်းမလုပ်သူ အလုပ်နောက်ကျတဲ့နေ့မှာ လွယ်ကူတဲ့ဟင်းဖြစ်ဖြစ် ချက်ထားသင့်ပါတယ်။ ဒီခေတ်ကြီးမှာ အဝတ်လျှော်တယ်ဆိုတာလည်း စက်လေးလှည့်လိုက်ရုံပါပဲ။
Image source; http://www.buzzle.com
(၄) နောက်ပြီး ...  ဒီပို့ (စ်)အတွက် google လုပ်ရာက အဲ့လို gender role ကို fix မထားဖို့ ရေးထားတဲ့ ဆောင်းပါးတစ်ခုကိုလည်း ရှာတွေ့ မိပါတယ်။ လူတွေ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို လူမှုဘဝတိုးတက်မှုအတွက် အသုံးချဖို့လိုအပ်တဲ့အခါမှာ gender role ကို ပြောင်းလဲသင့်ရင် ပြောင်းလဲရပါမယ်လို့   Stephen S. က Buzz website ပေါ်က " Gender Roles in Marriage"ဆိုတဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။ ဒါဟာ ကိုယ့်မိသားစုနဲ့ နိုင်ငံအတွက် တကယ် ကောင်းမွန်မဲ့အရာလို့ သူကဆိုပါတယ်။ အဲ့ဒီဆောင်းပါးထဲမှာပဲ သူက ဘာကြောင့်ပြောင်းသင့်တယ်၊ ပြောင်းရင် ဖြစ်ပေါ်လာမဲ့ ကောင်းကျိုး၊ဆိုးကျိုး၊ အစိုးရအနေနဲ့ လုပ်ပေးသင့်တဲ့အချက်တွေကို ပြောထားပါသေးတယ်။ ဒါပေမဲ့ ဒီပို့(၀်)ရဲ့ အဓိကရည်ရွယ်ချက်က gender role ပြောင်းဖို့မဟုတ်တဲ့အတွက် အဲ့ဒါတွေ မပြောတော့ပါဘူး။
နိဂုံးအနေနဲ့ ပြောချင်တာကတော့ ...ဒီပို့(စ်)ဟာ ယောကျာင်္းလေးတွေ အိမ်အလုပ် ၅၀%ကို ကူလုပ်ရမယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ gender role ပြောင်းဖို့ ပြောချင်တာလည်း မဟုတ်ပါဘူး။ ယောကျာင်္း အလုပ်၊ မိန်းမအလုပ်ဆိုပြီး မခွဲခြားဘဲ ကိုယ်လုပ်ပေးနိုင်တာဆိုရင် လုပ်ပေးလိုက်ဖို့ကို ပြောချင်တာပါ။ ဘာလို့လဲဆိုတော့ အဲ့ ဓါတ်ပုံကို ဖေ့ဘွတ်ပေါ်မှာ မြင်လို့ share မိတော့ ကိုယ့်ဆီက ပြန် share သူ ( ဆင့်ပွား ဝေမျှသူများ အပါအဝင်) ၂၂ဦး ရှိပါတယ်။ တော်တော်များများက မိန်းကလေးတွေ ဖြစ်ပြီး အိမ်ထောင်သည်တွေပါ။ အိမ်ထောင်သည် အမျိုးသမီးတွေ ဘယ်လောက်ထိ သူတို့ ခင်ပွန်းသည်တွေ အိမ်အလုပ် ကူလုပ်စေချင်လဲဆိုတာ အဲ့မှာသာ ကြည့်ပါတော့။  နောက်ပြီး အဲ့ပုံကို စမြင်တော့ ကျမနဲ့ ရင်းနှီးတဲ့ ယောကျာ်းလေးသူငယ်ချင်းတစ်ယောက်ပြောတာကို ပြန်သတိရပါတယ်။ သူပြောတာကတော့ သူ့ကို အဲ့လို အိမ်အလုပ်တွေ လုပ်ခိုင်းတယ်ဆိုတာ သူ့ကို သတ်တာပါပဲတဲ့။ ( အဲ့တုန်းကလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငြင်းလိုက်ရသေးတယ်။ :P အိမ်မှုကိစ္စဆို မိန်းကလေးပဲ လုပ်ရမယ်လို့ တရားသေသဘော ထားလို့မရတဲ့အကြောင်းကို)... ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ မိန်းကလေးတွေ အိမ်ထဲနေ၊ သေစာရှင်စာလေးပဲ တတ်၊ အိမ်မှုကိစ္စအားလုံးလုပ်နေလို့ မရတော့ပါဘူး။ နေလည်း မနေကြတော့ပါဘူး။ သူရှာ ကိုယ်ရှာ... နှစ်ဦးစလုံးရှာနေတဲ့ခေတ်မှာ ဒါ..မိန်းမအလုပ်၊ မိန်းမတာဝန်... ယောကျာင်္းအလုပ်၊ ယောကျာင်္းတာဝန်ဆိုပြီး ခွဲခြားလို့ မသင့်တော့ဘူးလို့ ထင်ပါတယ်။  ရှာရင်လည်း အတူရှာ၊ လုပ်စရာရှိရင်လည်း အတူလုပ်သင့်တယ်လို့ ထင်ပါတယ်လို့ပြောရင်း ဒီပို့(စ်)လေးကို အဆုံးသတ်ပါရစေ။ 


Thank you for reading this post.
 

witch83 ( 05/10/2012;11:53PM;GMT+8)

Reference:

  1. "Men Who Dodge Chores Are More Likely to Have Mental Issues", http://www.medicaldaily.com/articles/12268/20120921/men-who-dodge-chores-more-mental-issues.htm. 
  2. "Gender Roles in Marriage", http://www.buzzle.com/articles/gender-roles-in-marriage.html
  3. "Gender & Stress", http://www.apa.org/news/press/releases/stress/gender-stress.aspx
  4. Mandalar Singapore FB page. ( ကြော်ငြာပေးတာ မဟုတ်ပါဘူး။ ဓါတ်ပုံတင်ထားပေးတဲ့သူမို့ credit ပေးတာပါ။ သူဘာစီးပွားလုပ်မှန်းလည်း မသိပါဘူး။)

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer