Pooja & her Mum |
ကျမရဲ့ ယောက္ခမတွေကတော့ သားယောကျာင်္းလေးမွေးဖွားဖို့ အကြံပေးပါတယ်။ ယောကျာင်္းလေးသာ မွေးလာခဲ့ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ဆိုကြပါတယ်။ ကံမကောင်းချင်တော့ ကျမရဲ့ ပထမဦးဆုံးကလေးက မိန်းကလေးဖြစ်နေခဲ့ပါတယ်။ ဒါကို ကျမ မရှောင်လွှဲနိုင်ခဲ့ပါဘူး။ ကျမရဲ့ဖခင်ဖြစ်သူ ဆုံးပါးထားပြီးတဲ့အပြင် ကျမရဲ့အစ်ကိုကလည်း ဘာတာမှာ သိပ်.. စီနီယာမကျတဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒါကြောင့် ကျမရဲ့မိသားစုအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်ချင်ခဲ့ပါဘူး။ ကာလကတ္တားမှာရှိတဲ့ ကျမ.. အိမ်ထောင်ရှိရာ.. အိမ်နေရာမှာပဲ ဆက်နေခဲ့ပါတယ်။
ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ကျမရဲ့ ယောက္ခမကို ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ သူမကို ရေချိုးပေးနေရင်း "သူမဟာ ကျမကို ကောင်းချီးပေးလိမ့်မယ်။ အားလုံး အဆင်ပြေသွားအောင် လုပ်ပေးလိမ့်မယ်"လို့ ကျမကိုကျမ ပြောနေခဲ့ပါတယ်။
အဲ့ဒီအရာတွေအားလုံးကို ကျမ ဘယ်လိုများ မြိုသိပ်၊သည်းခံခဲ့လည်းဆိုတာကို မသိတော့ပါဘူး။ ဘယ်လောက်ပဲ သိပ်ချစ်တတ်တဲ့သူ၊ အချစ်ကို ကိုးကွယ်တတ်တဲ့သူဖြစ်နေပါစေဦးတော့.. ယောကျာင်္းတစ်ယောက်အနေနဲ့ .. အနည်းဆုံးတော့... သူ့ချစ်သူအမျိုးသမီးကို သူ့ဇနီးရှေ့ မှောက်မှာ ချစ်ပြ၊ ကြင်နာပြနေဖို့ မသင့်ပါဘူး။ အဲ့ဒါတွေရဲ့နောက်မှာတော့ သူ.. ကျမကို.. ကိုယ်ထိလက်ရောက် ရိုက်နှက်လာခဲ့ပါတော့တယ်။ အဲ့ဒီအချိန်ထိတိုင်အောင် ကျမဟာ ကျမရဲ့အိမ်ထောင်ရေးကို ဆက်လက် ရှင်သန်နေသေးစေချင်ခဲ့ပါတယ်။ ကျမဟာ သက်သက်လွတ်စားတဲ့သူ ဖြစ်ပေမဲ့၊ သူများ စိတ်ကျေနပ်မလားဆိုပြီး အသားဟင်းတွေချက်ဖို့ လေ့လာခဲ့ပါတယ်။
ဒီလိုနဲ့ ကျမ.. ကိုယ်ဝန် ထပ်ရှိလာပြန်ပါတယ်။ Pooja ကို ကိုယ်ဝန်ရှစ်လရှိတဲ့အချိန်မှာ ကျမခင်ပွန်းဟာ မိန်းကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာပြီး သူမကို လက်ထပ်မယ်လို့ ကြေငြာပါတယ်။ ကျမ ကိုယ့်ကိုကိုယ် သတ်သေဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ခု..မွေးလာမဲ့ကလေးဟာ ယောကျာင်္လေးများဖြစ်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့ ကျမ အသက်..ဆက်ရှင်ခဲ့ပါတယ်။
Pooja ကိုမိန်းကလေးတစ်ယောက်အနေနဲ့ မွေးဖွားခဲ့ပြီးတဲ့အခါမှာတော့ ... ကလေးမွေးပြီး (၃)ရက်မြောက်သည်အထိ ဘယ်သူမှ ဆေးရုံကို ရောက်မလာကြပါဘူး။ ကျမရဲ့ဆန့်ကျင်ဘက်ကုတင်မှာရှိတဲ့ တပ်စုမှုးတစ်ဦးရဲ့ဇနီးဖြစ်သူဟာ Poojaအတွက် ဝတ်စရာကလေးအကျီင်္လေးတွေကို ပေးခဲ့တဲ့ ကြင်နာတတ်တဲ့သူ ဖြစ်ပါတယ်။ Poojaအသက် .. ရက်(၂၀)ရှိသွားတဲ့အချိန်မှာတော့ ကျမဟာ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရပါတော့တယ်။ အသက်ခုနှစ်နှစ်ရှိပြီဖြစ်တဲ့ ရှုဘရာနဲ့ ပူဂျာကိုခေါ်ပြီး အဲ့ဒီအိမ်ကနေ ထွက်ခွာခဲ့ပါတယ်။ အဲ့ဒီကတည်းက ဒီအချိန်ထိတိုင်အောင် ကျမရဲ့ ခင်ပွန်းသည်ကို မတွေ့ရတော့ပါဘူး။ အဲ့ဒီအိမ်က ထွက်လာခဲ့တဲ့အချိန်မှာ ကျမဟာ ရိုတီပလာတာတစ်ချပ်တည်းရှိရင်တောင် ကျမတို့(၃)ယောက် အတူတကွ ခွဲဝေစားပါမယ်လို့ ကျမကိုယ်ကျမ ကတိပြုခဲ့ပါတယ်။
ကျမရဲ့မိခင်နဲ့ အိမ်ထောင်ကျသွားပြီဖြစ်တဲ့ ကျမရဲ့အစ်ကိုတို့ရဲ့ ထောက်ပံ့ကူညီမှုနဲ့ မွန်ဘိုင်းမြို့ မှာ ကျမရဲ့ဘဝကို ပြန်စခဲ့ပါတယ်။ အကောင်းမွန်ဆုံး အခြေအနေတော့ မဖြစ်ခဲ့ပါဘူး။ ကျမတို့ဟာ ကလေးတွေ ရှိလာတဲ့အခါမှာ ... နေရာ၊ ငွေကြေး၊ စားစရာ.. စသဖြင့် အရာရာဟာ မပြည့်စုံတော့ပါဘူး။ ကျမဟာ Taj Colabaမှာ အလုပ်စလုပ်ခဲ့ပြီး နေဖို့နေရာ ရခဲ့ပါတယ်။ ဘယ်လိုများ ကျမဘဝကို ဖြတ်သန်းခဲ့လဲဆိုတာ သိချင်ပါသလား? အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျမဟာ အလုပ်မသွားခင်... ကြမ်းပြင်ပေါ်မှာ အခင်းတစ်ခုခင်းပြီး... အဲ့ဒီအပေါ်မှာ နွားနို့ နှစ်ခွက်ရယ် စားစရာအချို့ ရယ်ကိုတင်ပြီး အိမ်ကို အရှေ့ ကနေ သော့ပိတ်ခဲ့ပါတယ်။ သော့ကိုတော့ အိမ်နီးချင်းဆီမှာ ထားခဲ့ပြီး .. ကျောင်းသွားချိန်ရောက်ရင် ကလေးတွေကို အော်ပြောဖို့မှာထားခဲ့ရပါတယ်။
ကျမ အလုပ်နောက်ကျတဲ့နေ့တွေမှာ ကလေးနှစ်ယောက်ဟာ သူတို့ရဲ့ သေးသွယ်တဲ့ လက်ကလေးတွေနဲ့ ကိုယ့်ဘာသာကိုယ် အိမ်စာလုပ်ပြီး၊ ကိုယ့်ဘာသာကိုယ် ထမင်းစားခဲ့ကြပါတယ်။ သမီးအကြီး Shubhraက Pooja ကို စာစစ်ပေးပါတယ်။ ဒါဟာ သူတို့ ဘယ်လိုကြီးပြင်းနေထိုင်လာခဲ့လဲဆိုတာရဲ့ အဖြေပဲဖြစ်ပါတယ်။ မွေးနေ့ပွဲတစ်ခုကပြန်လာတဲ့ Poojaဟာ သူရခဲ့တဲ့ကိတ်မုန့်တစ်စိတ်ကိုထုတ်ပြီး သူ့အစ်မနဲ့အတုစားဖို့ သယ်လာတတ်ပါတယ်။ Shubhra အလုပ်စလုပ်တဲ့အချိန်မှာတော့ သူမဟာ နေ့လည်စာမစားဘဲ ကြက်သားဆန်းဒွတ်(ခ်ျ)တစ်ခုကို ဝယ်လာပြီး နောက်တစ်နေ့ သူ့ညီမရဲ့ ထမင်းဘူးထဲကို ထည့်ပေးတတ်ပါတယ်။
Pooja with her sister |
Goa မှာ တစ်လကို ရုပီး ၆၀၀၀ရတဲ့အလုပ်ကို ရတဲ့အခါမှာတော့ ကျမတို့ရဲ့ဘဝဟာ စတင် ပြောင်းလဲလာခဲ့ပါတယ်။ ကျမရဲ့အလုပ်ရှင် Mr Chhabraနဲ့ သူ့ရဲ့ဇနီးဟာ ကျမကို ကြင်နာစွာနဲ့ ငွေထုတ်ချေးခဲ့ပါတယ်။ အဲ့ဒီနောက် ကျမရဲ့သမီးနှစ်ယောက် ကို Puneမှာရှိတဲ့ ကျမညီမအိမ်ကို လွှတ်လိုက်ရပါတယ်။ ကျမရဲ့မိခင်ကိုလည်း ကလေးတွေကိုကြည့်ဖို့ အဲ့ဒီအိမ်ကို လိုက်သွားခိုင်းလိုက်ပါတယ်။ Goaမှာ (၄)နှစ်အလုပ်လုပ်ပြီးတဲ့အခါမှာတော့ အိပ်ခန်းတစ်ခန်းပါတဲ့ အိမ်သေးသေးတစ်လုံးကို Puneမှာ ဝယ်လိုက်နိုင်ပါတယ်။ ( စကားချပ်။ ။ သူတို့ အဲ့ဒီအိမ်မှာ ခုချိန်ထိ နေတုန်းပါပဲ။) ကျမဟာ တစ်နေ့ကို ၁၆နာရီကနေ ၁၈နာရီလောက်အထိ အလုပ်လုပ်ခဲ့ပါတယ်။ တစ်ပတ်လုံး ခွင့်မယူဘဲ ခွင့်တွေစုပြီး တစ်နှစ်ကို သုံးလေးကြိမ်လောက်သမီးတွေကို သွားကြည့်ပါတယ်။
Puneမှာ အိမ်ဝယ်ပြီး အလုပ်တစ်ခုရသွားတဲ့အချိန်မှာတော့ ကျမတို့ရဲ့ဘဝဟာ စတင် အခြေကျလာပါပြီ။ Blue Diamond ဟိုတယ်မှာ တစ်နှစ်လောက်အလုပ်လုပ်ပြီးတဲ့အခါမှာ ကျမဘဝကို ပြောင်းလဲစေတဲ့ Mainland China မှာ အလုပ်ဝင်နိုင်ခဲ့ပါတယ်။ ကျမတို့ team နဲ့ managementပိုင်းကလူတွေရဲ့ စဉ်းစားနားလည်ပေးမှုကြောင့်... ဟိုတယ်ဝန်ထမ်းတစ်ယောက်အနေနဲ့ မဖြစ်မနေလုပ်ရမဲ့ ညဘက်တွေအလုပ်လုပ်ရခြင်း၊ ခရီး မကြာခဏသွားရခြင်းတွေရှိခဲ့ပေမဲ့... ကျမရဲ့ ကလေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာအောင် ပြုစုပြိုးထောင်ပေးနိုင်ခဲ့ပါတယ်။
Shubhraဟာ ကောလိပ်တက်နေစဉ်မှာပဲ Blue Diamond ဟိုတယ်မှာ အသက်အငယ်ဆုံးဝန်ထမ်းအနေနဲ့ အလုပ်ရခဲ့ပါတယ်။ အဲ့ဒီမှာ အလုပ်လုပ်ရင်းနဲ့ သူမရဲ့ မဟာစီးပွားရေးဘွဲ့ ကိုရအောင် ယူနိုင်ခဲ့ပါတယ်။ ယနေ့မှာတော့ သူမဟာ ရေတပ်မှာလုပ်နေတဲ့ ချိုသာဖော်ရွေတဲ့ ကက်သလစ်ဘာသာဝင်လူငယ်လေးနဲ့ လက်ထပ်ထားပြီး ချစ်ဖို့ကောင်းတဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။
ကျမဟာ အလုပ်ပြီးလို့ အိမ်ပြန်လာရင် သင်တန်းတွေတက်၊ စာတွေလေ့လာသင်ယူပြီး အိမ်အလုပ်တွေကိုလည်း ကိုယ့်ဘာသာကိုယ်ပဲ လုပ်ခဲ့တာပါ။ ဒီနှစ်တွေ တလျှောက်လုံး ဒီလိုပဲ ဖြတ်သန်းခဲ့ပါတယ်။ ဒီကာလအပိုင်းအခြားတွေမှာ Shubhraဟာ ကျမရဲ့ ကျောက်ဆူးဖြစ်ပြီး Poojaဟာကျမရဲ့ ကျောက်ဆောင်ပါပဲ။ ကျမ ပြိုလဲကျနေချိန်မှာ Poojaဟာ သူ့ရဲ့ လက်သေးသေးလေးတွေနဲ့ ကျမမျက်ရည်တွေကို သုတ်ပေးခဲ့ပါတယ်။ ကျမအတွက်ကျမ ပြောဆိုစရာတွေ မပြောနိုင်တော့တဲ့အချိန်မှာ Poojaဟာ ကျမအတွက် အရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ်။ သူမဟာ ကျောင်းစာမှာ ထူးချွန်တဲ့အပြင် တခြားလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ သူမရဲ့ မော်ဒယ်လုပ်ငန်းအတွက် ဒေါက်ဖိနပ်အမြင့်တွေဝယ်ဖို့ လိုအပ်တဲ့အခါမှာလည်း သူမဟာ အထူးအဆန်းရှိုးတွေမှာ ဝင်ပါပြီး သူ့ပိုက်ဆံနဲ့သူ ဝယ်ခဲ့ပါတယ်။
Pooja ဟာ TVပေါ်မှာ ပြောတဲ့စကားတွေဟာ သူ့ရဲ့နှလုံးသားထဲကလာတယ်ဆိုတာ ကျမသိပါတယ်။ သူမရဲ့မျက်လုံးတွေထဲမှာ အရည်တွေလဲ့နေတာကို ကျမမြင်နိုင်ပါတယ်။ သူ..ဆုရသွားတဲ့အချိန်မှာ ကျမတွေးမိတာကတော့.. အို..ဘုရားသခင်... ဒါဟာ ကျမသမီးပေါက်စလေးပါလား... ဆိုတာပါပဲ။
ဒီနေ့မှာတော့ ကျမဆီမှာ ဘာနောင်တမှ မရှိတော့ပါဘူး။ ဘယ်လောက်ပဲ ထူထပ်တဲ့ တိမ်ဖြစ်ပါစေ.. သူ့မှာ ငွေမှင်ရောင် အနားသတ်တော့ ရှိတယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ အမေတစ်ယောက်အနေနဲ့ ဘာမှ ကြီးကျယ်မြင့်မြတ်တာ ဘာမှ ကျမ မလုပ်ခဲ့ရပါဘူး။ ဒါပေမဲ့... ဒီကလေးမလေးဟာ တစ်နေ့မှာ ကျမ ဂုဏ်ယူရမဲ့သူဖြစ်စေရမယ်ဆိုပြီး ကျမကိုယ်ကျမ ကတိပေးခဲ့ပါတယ်။"
........... ဒီစကားတွေကို ပြောခဲ့သူကတော့ Miss World India 2009 ဆုရခဲ့တဲ့ Pooja Chopra
ရဲ့မိခင် Neera Chopraပဲ ဖြစ်ပါတယ်။
Miss World India 2009, Pooja Chopra |
With her mom after crowning |
"ကျမရဲ့အသက် ရက်(၂၀)ရှိတုန်းက .... သမီးမိန်းကလေးဖြစ်တဲ့ကျမနဲ့ သူမရဲ့ခင်ပွန်းသည်.. ဘယ်သူကိုရွေးမလဲဆိုပြီး ကျမရဲ့အမေကို ရွေးချယ်မှုတစ်ခု လုပ်ခိုင်းခဲ့ပါတယ်။ ကျမရဲ့အမေဟာ ကျမကို ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီအိမ်ကနေ ထွက်လာခဲ့တဲ့အခါမှာ ကျမအမေဟာ သု့ယောကျာင်္းကို နောက်ပြန်လှည့်ကြည့်ပြီး ... ဒီကလေးမလေးဟာ တစ်နေ့မှာ ကျမ ဂုဏ်ယူရမဲ့ကလေး ဖြစ်လာစေရမယ်... လို့ ပြောခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ ရောက်လာခဲ့ပါပြီ။ သူမရဲ့ယောကျာင်္းဟာ .. သူမကို စွန့်လွှတ်ပြီး... သူ့ကို သားနှစ်ယောက်မွေးပေးတဲ့ အမျိုးသမီးတစ်ဦးကို လက်ထပ်သွားခဲ့ပါတယ်။ ဒီနေ့မှာတော့ Miss Indiaအနေနဲ့ ကျမရဲ့ခေါင်းပေါ်မှာ သရဖူဆောင်းပြီး Miss World ပြိုင်ပွဲမှာ အောင်မြင်မှုတွေရဖို့ လွှတ်ခံရတဲ့သူဟာ သူ့သမီးဖြစ်ပါတယ်ဆိုတာ ကျမအဖေသိမသိ.. ကျမ မသိပါဘူး။
ကျမတို့ရဲ့ဘဝတွေဟာ (အနည်းဆုံးတော့ ကျမအမေအတွက်) ခက်ခဲခဲ့ပါတယ်။ သူမရဲ့အလုပ်ကို တည်မြဲအောင်လုပ်ရင်း.... ကျမတို့ ညီအမတွေအတွက် အကောင်းဆုံးဖြစ်အောင်... ကျမအမေဟာ.. ငွေရေးကြေးရေးအရရော.. စိတ်ခံစားချက်အရပါ .. ရုန်းကန်ခဲ့ရပါတယ်။ ကျမ မော်ဒယ်အလုပ်ကို စလုပ်မယ်ဆိုတော့ ကျောင်းကအဆင့်တွေ လုံးဝ မကျစေရဘူးဆိုတဲ့ သဘောတူညီချက် ကျမအမေနဲ့ ထားရှိခဲ့ရပါတယ်။
ဒီမှာရှိတဲ့ အလှမယ်တွေအားလုံး ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျမရဲ့တွန်းအားကတော့ ကျမအမေရဲ့ အနစ်နာခံမှုနဲ့ သူမရဲ့ ကံတရားအတွက်ပါ။ ဒီနေ့မှာ လူတွေဟာ ကျမကိုခေါ်ပြီး ဂုဏ်ပြုခဲ့ကြပေမဲ့ တကယ်တော့ ဒီအောင်မြင်မှုကို ပေးသင့်တဲ့သူဟာ ကျမအမေပါ။ သူမဟာ တကယ့်ကို စံပြ အမျိုးသမီးစစ်စစ် ဖြစ်ပါတယ်။ သူမဟာ ကျမရဲ့ အလင်းရောင်၊ ကျမရဲ့ လမ်းပြကြယ်၊ ကျမရဲ့တွန်းအားပါပဲ"
.........................................................................................................
အထက်ဖော်ပြပါ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကတော့ Miss India World 2009 ဆုရှင် Pooja Chopra နဲ့ သူမမိခင်တို့ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
Poojaကို (၁၉၈၅)ခုနှစ်မှာ မွေးဖွားခဲ့ပြီး မိခင်ဖြစ်သူနဲ့ မိခင်ဘက်ကအဖွားဖြစ်သူတို့ရဲ့ ပြုစုပြိုးထောင်ခြင်းကို ခံခဲ့ရပါတယ်။ ကျောင်းစာမှာ ထူးချွန်သူတစ်ဦးဖြစ်ပြီး သူမ တက်ခဲ့တဲ့ St Thomas Academy ကျောင်းမှာ (၂၅)နှစ်အတွင်း ဘယ်သူမှ မရဘူးခဲ့တဲ့ အမှတ်ကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။ Mount Camel ကျောင်းမှာလည်း သူမဟာ top student ပါပဲ။
Miss Perfect 10, Miss Catwalk, Miss Beautiful Smile, Talwarkars Best Body and Nakshatra Miss Sparkling Beautyဘွဲ့ တွေကို ရပြီးတဲ့နောက် Miss East India 2009 ဘွဲ့ကို ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ ရရှိပြီး Femina Miss India 2009 ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ.. top ten finalist ထဲ ဝင်ခဲ့ပါတယ်။ (၂၀၀၉ )ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှာတော့ Pooja ဟာ Pantaloons Femina Miss India-World 2009ဆုကို ရရှိသွားပါတယ်။ အောက်မှ ထည့်ပေးထားတဲ့ clip အတိုလေးကတော့ သူမ.... ပြိုင်ပွဲဝင်တုန်းက ဖြေထားတဲ့အဖြေလေးတွေပါ။
L --> R, Miss Universe, Miss Earth & Miss World ( India, 2009) |
Pooja ရတဲ့ "Bauty with a Purpose" ဆုကတော့ "Miss World Scholarship" လို့ အရင်တုန်းက အမည်ပေးထားပါတယ်။ (၂၀၀၁)ခုနှစ်မှ စပေးတဲ့ဆုပါ။ အလှမယ်တွေလုပ်တဲ့ charity project တွေထဲကမှ.. သူတို့ တိုင်းပြည်အတွက် အသင့်တော်ဆုံးဖြစ်တဲ့ project ကိုလုပ်တဲ့ အလှမယ်ကို ဒီဆုပေးတာပါ။ Pooja ရဲ့ project ကတော့ အိန္ဒိယလို "Nanhi Kali"လို့ ခေါ်ပါတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ပညာတတ်လာအောင်၊ ပညာတတ်ချင်လာအောင် ပြိုးထောင်ပေးတဲ့ အစီအစဉ်လေးပါ။ သူတို့လေးတွေမှာ အလားအလာဆိုတာရှိတယ်၊ အနာဂတ်ဆိုတာ ရှိတယ်၊ ပညာတတ်ရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို သိစေချင်တယ်လို့ ဆိုပါတယ်။ မိန်းကလေးအယောက် (၆၀၀)အတွက် စုစုပေါင်းမတည်ငွေရဲ့ သုံးပုံတစ်ပုံကို သူမစိုက်ထူခဲ့ပြီး .. နောက်ထပ် မိန်းကလေးတွေ အများကြီး ရှိပါသေးတယ်။ သူမအနေနဲ့ အလှုငွေအများကြီး ထပ်မထည့်နိုင်ပေမဲ့ အလှမယ်တစ်ယောက်အနေနဲ့ ရံပုံငွေ ရှာနိုင်တယ်လို့ ယူဆကြောင်း သူမက ပြောပါတယ်။
(၂၀၀၉)ခုနှစ်မှာ ဒီဆုအတွက် စကာတင်ခဲ့သူတွေကတော့ Miss Barbados, Miss Guatemalaနဲ့ Miss India တို့ပဲ ဖြစ်ကြပါတယ်။ ခြေထောက်နာနေတဲ့ကြားက ရအောင်ပြိုင်တဲ့သူမို့ရော၊ သူမရဲ့ charity programme ဟာ ကောင်းလွန်းတာကြောင့်ပါ... Pooja ဟာ Miss World 2009ပြိုင်ပွဲမှာ အားပေးမှုအရဆုံးဆုရှင် ဖြစ်ခဲ့ပါတယ်။ အစီအစဉ်ကြေငြာပေးတဲ့သူကတော့ "She's a tough girl" လို့ ဆိုပါတယ်။ စိတ်ဓါတ် တော်တော် ပြင်းထန်ပါတယ်။ ဒီဆုရတဲ့သူဟာ Miss India ပါလို့ပြောတော့ သူမ ဝမ်းနည်းဝမ်းသာနဲ့ ငိုပါတယ်။ သူမကို စကားပြောခိုင်းတော့ "ကျမ ဘာပြောရမှန်း မသိပါဘူး။ ကျေးဇူးတင်ပါတယ် မော်လေ ( Julia Morley, Chairman of the Miss World Pageant)"လို့ ငိုပြီး ပြောပါတယ်။ အောက်က movie clip ကလေးကတော့ သူမရဲ့ဆုရတဲ့အပိုင်းကလေးဖြတ်ထုတ်ထားတာပို youtube ပေါ်မှာတွေ့လို့ ထည့်ပေးထားတာပါ။
Pooja ဟာ top-7 finalist ထဲမှာ မပါခဲ့ပေမဲ့.. သူ့နိုင်ငံက မိန်းကလေးတွေအတွက်တော့ ရံပုံငွေတွေရပြီး အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ အောက်ကဓါတ်ပုံကတော့ Home Coming ပွဲက ပုံပါ။
Miss World 2009 ပြိုင်ပွဲမှ ပြန်လာတဲ့ Pooja |
Pooja ဟာ နံပါတ် (၂၈)တက်ချိတ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မင်းသမီးအလုပ်ဘက်ကို ကူးပြောင်းလာပြီး အိန္ဒိယရဲ့ P2B ( Pageant to Bollywood) မင်းသမီးတွေထဲကတစ်ယောက် ဖြစ်လာပါတော့တယ်။ Pooja တစ်ယောက် ဒီထက် ပိုပြီး အောင်မြင်နိုင်ပါစေ၊ ဒီထက် အများအကြိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီပို့(စ်)ကို ဒီမှာ အဆုံးသတ်လိုက်ပါတယ်။
စာရေးသူ၏အမှာ
Pooja ဟာ သိပ်ပြီး အောင်မြင်တဲ့မင်းသမီးတော့ မဟုတ်ပါဘူး။ ကျမကြိုက်တဲ့ အလှမယ်ပုံစံလည်း မဟုတ်ပါဘူး။Miss India - Internation 2012 လိုပုံစံကမှ ကျမကြိုက်တဲ့ပုံစံပါ။ ဒါပေမဲ့ .. သူမရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးက လူကို ကြက်သီးထစေပြီး သုမကိုလေးစားမိလို့ အင်္ဂလိပ်လိုရေးထားတဲ့ true story လေးကို ဆီလျော်အောင် ဘာသာပြန်ပြီး .... ကျန်တဲ့ web site တွေကနေ သိရတဲ့သတင်းတစ်ချို့ကို ထည့်ပြီး ဒီပို့(စ်)လေးကို ရေးထားပါတယ်။ တစ်စုံတစ်ရာများ မှားယွင်းခဲ့သည်ရှိသော် ဘာသာပြန်သူ.. ကျမရဲ့အမှားသာ ဖြစ်ပါတယ်။
စကားကြွင်း။ ။ ရေးပြီးတာကတော့ တနင်္ဂနွေညကတည်းကပါ။ အိပ်ငိုက်လွန်းလို့... proof လည်းမဖတ်ရသေးလို့ ဒီနေ့မှ ပြန်ပြင်၊ ပြန်စစ်ပြီး တင်လိုက်ပါတယ်။
Thank You For Reading This Post.
witch83
(04/12/12; 11:08 AM; GMT+8)
Reference
- http://gloryofchildhood.blogspot.sg/2010/09/pooja-chopra-femina-miss-india-2009.html
- http://en.wikipedia.org/wiki/Pooja_Chopra
- http://www.ndtv.com/article/india/injured-miss-india-is-beauty-with-a-purpose-13044
- http://www.missosology.org
ဘာသာပြန်လေးအတွက်ကျေးဇူးပါ ။
ReplyDeletePooja Chopraနှင့် သူမ၏မိခင် အကြောင်းလေးသိခဲ့ရတယ်
ReplyDeleteအဖေမရှိပေမယ့်လဲ သူအောင်မြင်ခဲ့တာပဲနော်
အမေရဲ့ မေတ္တာတွေနဲ့ပေါ့................