" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

January 09, 2013

(၂၀၁၂)ခုနှစ်ရဲ့ အလှမောင်မယ်လောကမှာ လူပြောအများဆုံး အချက်(၁၀)ချက်

စကားချပ်
ဒီပို့(စ်)ကို ရေးနေတာ တော်တော်ကြာသွားပါပြီ။ အလုပ်ရှုပ်နေတာနဲ့ မပြီးနိုင်ပါဘူး။ အချိန်ရရင် ရသလို ပြီးအောင်ရေးနေရင်း မနေ့ညက အပြီးသတ်လိုက်ပါတယ်။ ဒါပေမဲ့.. ထုံးစံအတိုင်း.. အိပ်ချင်မူးတူးနဲ့ publish လုပ်လိုက်ရင် စာစီအမှားတွေ ပါကုန်မှာစိုးလို့ ဒီနေ့ ထမင်းစားချိန်မှာ proof ဖတ်ပြီး တင်လိုက်ပါတယ်။ သတင်းကတော့ တော်တော် နောက်ကျနေပါပြီ။ ဒါပေမဲ့ draft post ထဲကနေ ဖျက်ပစ်လိုက်ရမှာ နှမြောလို့ တင်လိုက်ပါတယ်။ :)
 + + + + +

ရာသီစက်ဝန်း တစ်ပတ်လည်ပြီးသွားတဲ့နောက်တော့ နှစ်တစ်နှစ်ကုန်ခဲ့ပြီးပါပြီ။

(၂၀၁၂)ကုန်လို့ (၂၀၁၃)ကို ကူးပြောင်းတဲ့အခါ.. ထုံးစံအတိုင်း လူတွေက (၂၀၁၂)ကို လေ့လာသုံးသပ်ပြီး မှတ်ချက်တွေပြုလုပ်တတ်ကြပါတယ်။ Global Beauties organization ကလည်း (၂၀၁၂)အကုန်မှာ ဒီခုနှစ်ရဲ့ beauty pageant လောကမှာ remarkable အဖြစ်ဆုံး အချက်(၁၀)ချက်ကို poll လုပ်ပြီး ဖော်ထုတ်ခဲ့ပါတယ်။ အဲ့ဒီ (၁၀)ချက်ကတော့ အောက်ပါ နံပါတ်စဉ်အတိုင်း ဖြစ်ပါတယ်။
  1. A pageant for All
    လူတွေ အပြောအများဆုံးကိစ္စကတော့ Miss Canada Universe 2012 ပြိုင်ပွဲကို ဝင်ပြိုင်တဲ့ Jenna Talackovaအကြောင်းပါ။ သူမဟာ ယောကျာင်္းလေးဘဝကနေ မိန်းကလေးဘဝကို ကူးပြောင်းထားတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ကနေဒါနိုင်ငံဟာ ဒီလို transgender လုပ်ထားတဲ့ မိန်းကလေးကို Miss Universe Canada ပြိုင်ပွဲမှာ ဝင်ပြိုင်စေခဲ့ပြီး Jenna ဟာ top-12 အထိ ဝင်ခဲ့ပါတယ်။
    ပြိုင်ပွဲဝင်နေတဲ့ Jenna Talakova
    Jenna ဒီလို ဝင်ပြိုင်ခွင့်ရခဲ့တာဟာ လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။ သူမဟာ အမျိုးသမီးတစ်ဦးအနေနဲ့ မွေးဖွားလာခဲ့ခြင်း မဟုတ်တာကြောင့် သူမရဲ့ရှေ့ နေဟာ Jenna ကို ပြိုင်ပွဲဝင်ပါခွင့်ရအောင် Miss Universe owner, Donald Trumph အပါအဝင် pageant organizerတွေနဲ့ တော်တော်လေးကို တိုက်ခိုက်ပေးခဲ့ရပါတယ်။
    သူမရဲ့ရှေ့ နေဖြစ်သူ Gloria Allerd ဟာ အမေရိကန်လူမျိုး ရှေ့နေအမျိုးသမီးဖြစ်ပြီး အမျိုးသမီးများရဲ့အခွင့်အရေးကို တိုက်ယူတဲ့နေရာမှာ ထင်ရှားတဲ့ နာမည်ကြီး အမျိုးသမီးရှေ့နေတစ်ဦး ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ... "Jenna Talackovaဟာ naturally-born woman မဟုတ်ပေမဲ့ Canada ရဲ့ အလှမယ်တစ်ယောက်၊ အမျိုးသမီးတစ်ယောက်မှာ ရှိသင့်တဲ့အချက်တွေနဲ့ ပြည့်စုံတယ်ဆိုရင် MU2012ပြိုင်ပွဲကို ဝင်ပြိုင်နိုင်ပါတယ်"ဆိုပြီး Donald Trump နဲ့ MU organization က ဒီအမှု တရားခွင်ပေါ်မရောက်ခင် စာထုတ်လိုက်ပါတယ်။ ( Gloria Allerd ကို ကြောက်လို့ထင်ပါရဲ့.. :P )။
    ဒီကိစ္စဟာ အလှမယ်လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကိုကျော်ခဲ့တာမို့ (၂၀၁၂)ခုနှစ်ရဲ့ လူပြောအများဆုံး၊ မှတ်မှတ်ထင်ထင်အရှိဆုံးကိစ္စပဲ ဖြစ်ပါတယ်။
    Gloria Allred
  2. Out of my way, New Zealand!
    ဒုတိယ လူပြောအများဆုံး ကိစ္စကတော့ Miss World 2012 ပြိုင်ပွဲ၊ Final Day တုန်းက မယ်တွေကို တစ်ဦးချင်းစီ မိတ်ဆက်ပေးနေတုန်းမှာ Miss.Malawi က Miss.New Zealandကို တွန်းထုတ်လိုက်တဲ့ ကိစ္စပါ။  ကြည့်ရတာ Lochoreက နေရာမှားပြီး ရပ်လိုက်ပုံရပါတယ်။ Miss World New Zealand, Collette Lochore ဟာ ကင်မရာကို လှမ်းကြည့်ပြီး ပြုံးပြနေတုန်းမှာ Miss Malawi, Susan Mteghaက ရုတ်တရက် သူ့နေရာကိုဝင်လာပြီး သူမကို ပခုံးနဲ့တွန်းထုတ်လိုက်ပါတယ်။ ဗွီဒီယိုထဲမှာ Lochoreက အတွန်းထုတ်ခံရတဲ့ပုံစံ မဖြစ်အောင်နေလိုက်ပေမဲ့... သူမ စိတ်အနှောင့်အယှက်ဖြစ်သွားတယ်ဆိုတာ မျက်နှာပေါ်လွင်ပါတယ်။ Miss Malawiကလည်း တွန်းထုတ်ပြီးနောက်မှာ ဘာမှ မဖြစ်သလို ဟန်ဆောင်လိုက်ပါတယ်။ :D
    Miss World ပြိုင်ပွဲပြီးတဲ့နောက်နေ့မှာတော့ ဒီကိစ္စဟာ အင်တာနက်ပေါ်မှာ လူပြောအများဆုံးသတင်း ဖြစ်သွားပါတော့တယ်။ အောက်က ဗွီဒီယို clip လေးမှာ ဒီဖြစ်စဉ်လေးကို ကြည့်နိုင်ပါတယ်။

  3. Smart "leys"
    တတိယမြောက် လူပြောအများဆုံးကတော့ MU2012 top-5 final question session မှာ Miss Venezuelaကို  “If you could make a new law, what would it be?” ဆိုတဲ့ မေးခွန်းကို မေးလိုက်တဲ့အခါမှာ သူမဖြေလိုက်တာက အမေးနဲ့ အဖြေမကိုက်တဲ့အပြင် "laws" နေရာမှာ "leys"လို့သုံးပြီး ဖြေလိုက်ပါတယ်။ တကယ်ကို လှပပြီး ဆွဲဆောင်မှုရှိတဲ့ Irene ဟာ ဒီအဖြေကြောင့် လူရယ်စရာဖြစ်ခဲ့ပြီး 2nd runner-up ဆုနဲ့ ကျေနပ်ခဲ့ရပါတယ်။
    ( မှတ်ချက်။   ။ Spanish ဘာသာမှာ laws ကို leys လို့ သုံးပါတယ်။)

  4. The Hometown Factor
    ဒီအချက်ကတော့ MU2012 ပွဲတုန်းကလည်း ရေးဖူးပါတယ်။
    Big Queens (၄)ယောက်မှာ (၃)ယောက်က ပွဲလက်ခံကျင်းပရာနိုင်ငံကမယ်ပဲ queen ပြန်ဖြစ်တဲ့ကိစ္စပါ။
    ~~~ Miss World 2012 ပြိုင်ပွဲကို Ordos မှာကျင်းပပြီး Miss China ကဆုရခဲ့ပါတယ်။
    ~~~ Miss International 2012 ပြိုင်ပွဲကို Okinawa မှာ ကျင်းပခဲ့ပြီး Miss Japan က ဆုရခဲ့ပါတယ်။
    ~~~ Miss Universe 2012 ကို Las Vegas မှာ ကျင်းပခဲ့ပြီး Miss USA က ဆုရခဲ့ပါတယ်။
    ဒီနေရာမှာ hometown factor ကို လူပိုပြောများစေတဲ့ အချက်နှစ်ချက်ကတော့.. Miss International ဆုကို ဂျပန်ကဆုရတာ ဒါ.. ပထမဆုံးဆိုတာရယ်... Miss USA က ဒီနှစ်မှာ Miss Universe ဖြစ်သွားခြင်းဖြင့် pageant winner သမိုင်းမှာ rank အမြင့်ဆုံး ဖြစ်သွားစေတာရယ်တို့ကြောင့်ပါ။
    Miss.International 2012, Japan
    Big 4 Queens

  5. November Hunks
    နောက်တစ်ချက်ကတော့ အမျိုးသားအလှမောင် ပြိုင်ပွဲ (အဲ့လို ခေါ်ရမယ်ထင်တယ်။ မြန်မာစကားလုံး အသုံးမကြွယ်ပါ။)(၃)ခုလုံးဟာ နိုဝင်ဘာလ တစ်လထဲမှာပဲ ကျင်းပကြပါတယ်။ ဒီလိုတိုက်ဆိုင်တာဟာ ဒါ.. ပထမဆုံးပါပဲ။
    အမျိုးသား အလှမောင် ပြိုင်ပွဲမှာတော့...
    ~~~ Manhunt Internationalပြိုင်ပွဲကို ထိုင်းနိုင်မှာ ကျင်းပခဲ့ပြီး Mr.Philippines
    ~~~ Mister Internationalပြိုင်ပွဲကိုလည်း ထိုင်းနိုင်ငံမှာပဲ ကျင်းပပြီး Mr.Lebanon
    ~~~ Mister Worldပြိုင်ပွဲကို England နိုင်ငံမှာ ကျင်းပခဲ့ပြီး Mr.Colombia
    တို့က အသီးသီး ဆုရရှိခဲ့ကြပါတယ်။

  6. Queens without crowns
    (၂၀၁၂) pageant လောကရဲ့ မှတ်ကျောက်တင်ရတဲ့ ဆဋ္ဌမမြောက် အချက်ကတော့ သရဖူလွှဲပြောင်းပေးလိုက်ရတဲ့ အလှမယ်တွေပါ။ သူတို့တွေကတော့

    ~~~Miss Ireland World, Marie Hughes (too old)
    Marie Hughes (center)
    ~~~Miss Universe India, Urvashi Rautela (under age)
     Urvashi Rautela
    (Above Photo: Urvashi Rautela handed over the crown to Shilpa Singh, and Shilpa could make it to top-16)
    ~~~Miss Fiji World 2012, (also under age)
    Miss Fiji World ( Dethroned), Torika Watters, 16

    ~~~Miss Universe New Zealand, Avianca Bohm  (South African citizen)
    Avianca,22
    ~~~Miss Bulgaria, Ina Mancheva (error in votes)
    ( hacker တစ်ယောက်က online voting မှာ မသမာတဲ့နည်းတဲ့ ဝင် vote တာကို သိသွားလို့ ပြုတ်သွားတာပါ။)
    Ina Macheva
    New MU 2012 Bulgaria, Gabriela Vasileva
    ~~~Miss Dominican Republic World (over the age limit)
    (Jenny Blanco,27, gave the miss DR World crown to Sally Aponte Tejada, 20)
    ~~~Miss Dominican Republic Universe (she was married)
    Carlina Duran
    (Married Carlina Duran got to hand over Miss Universe DR crown to Dulcita Lieggi cause she was found out to be married.)

  7. Miss Pennsylvania USA တရားရှုံးခြင်း
    သတ္တမမြောက် လူပြောအများဆုံးအချက်ကတော့ Miss Pennsylvania USA တစ်ယောက် Miss Universe အဖွဲ့ အစည်းရဲ့ တရားအစွဲခံရပြီး ရှုံးတဲ့ကိစ္စပါ။ Miss USA 2102ပြိုင်ပွဲပြီးပြီးချင်းမှာပဲ ... semi-finalists ထဲမဝင်ခဲ့တဲ့ Sheena Monnin (Miss Pennsylvania USA) က " Donald Trump ဟာ သူရဲ့အလှမယ် ရခဲ့တဲ့အမှတ်ကို ပြင်ခဲ့ပါတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ အဲ့ဒီသတင်းဟာ တကမ္ဘာလုံးရဲ့ သတင်းခေါင်းစဉ်ဖြစ်ခဲ့ပေမဲ့ သူမဟာ ဒီကိစ္စကို သက်သေမပြနိုင်ခဲ့ပါဘူး။ သူမဟာ ဒီအမှုမှာ ရှုံးခဲ့ရပြီး အမေရိကန်ဒေါ်လာ (၅)သန်းကို နစ်နာကြေးအနေနဲ့ Miss Universe Organizationကို ပေးလျော်ဖို့ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လူတွေကတော့ ဒါဟာ ခေတ်သစ် David vs. Goliath battle case လို့ ဆိုကြပါတယ်။ ခွန်အားကြီးသူက အားနည်းတဲ့သူကို မတရားနည်းနဲ့ အနိုင်ယူတယ်လို့ ပြောတာပါ။

  8. Miss Earth out of Grand Slam
    Miss Earthအဖွဲ့အစည်းရဲ့  president ဖြစ်သူ Ramon Monzonဟာ ဒီ Miss Earth Title ကို အမေရိကန်ဒေါ်လာ (၄)သန်းနဲ့ ဝယ်မယ်ဆိုရင်တော့ ရောင်းဖို့စဉ်းစားမယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေထားတာကို ရုရှားသတင်းဌာနတစ်ခုက မကြာမီက ဖော်ပြလိုက်ပါတယ်။ သူမကတော့ မေးခွန်းကို နားလည်မှုလွဲပြီး ဖြေတာပါလို့ ဖြေရှင်းပေမဲ့ လူတော်တော်များများကတော့ ဒါကို အမှန်လို့ ယူဆကြပါတယ်။ အဲဒါကြောင့် Global Beauties Foundationက Miss Earth ကို Grand Slam စာရင်းထဲက ထုတ်ပယ်လိုက်ပါတယ်။
  9. Miss Guyana Fall
    (၉)ချက်မြောက်ကတော့ Miss Universe Guyana တစ်ယောက် Premilinary competition, Evening gown session မှာ ချော်လဲတဲ့ကိစ္စပါ။ တကယ်ဆို Ruqqayah Boyerဟာ လူတွေအသိအမှတ်ပြုရလောက်တဲ့အထိ တကယ်ကို strong ဖြစ်တဲ့ အလှမယ်ပါ။ သူ့လောက် strong ဖြစ်တဲ့ အလှမယ်မျိုးကို Guyana က ဘယ်တုန်းကမှ မပို့ဖူးဘူးလို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့  ခေါင်မိုးပေါ်က အလင်းစက်လေးရဲ့ လင်းပြန်မှုကြောင့်  ချောနေတဲ့လျှောက်လမ်းပေါ်မှာ သူမဟာ ချော်လဲခဲ့ပါတယ်။ ဒါကို ဒိုင်တွေက ခွင့်မလွှတ်ခဲ့ပါဘူးလို့ လူတွေက ဆိုကြပါတယ်။ 

  10. The Supra Revolution
    လူပြောများတဲ့ (၁၀)ချက်ထဲက နောက်ဆုံးအချက်ကတော့ စတုတ္ထအကြိမ်မြောက် ကျင်းပတဲ့ Miss Supranational ပြိုင်ပွဲ ဖြစ်ပါတယ်။ ဒီပွဲဟာ အရင်နှစ်တွေနဲ့ မတူဘဲ တော်တော်ပြောင်းလဲလာပြီး တိုးတက်လာတယ်လို့ လူအများက ဆိုကြပါတယ်။  ပွဲရဲ့  စတိတ်စင်၊ နောက်ခံတေးဂီတ၊ သေချာပြင်ဆင်ထားတဲ့ အစီအစဉ်လေးများဟာ ဒီပွဲကို ထူးခြားပြောင်မြောက်စေခဲ့ပါတယ်။ သတင်းနဲ့စာနယ်ဇင်းတွေ ဒီပွဲကို ပိုစိတ်ဝင်စားအောင် လုပ်နိုင်ခဲ့ပါတယ်။ Miss Supra ပြိုင်ပွဲဟာ အပြည်ပြည်ဆိုင်ရာ အလှမယ်လောကမှာ နေရာကြီးကြီး တစ်ခုရဖို့ သိပ်မလိုတော့ပါဘူး။

    (၂၀၁၂)ခုနှစ်ရဲ့ Supranational ပြိုင်ပွဲမှာ ဆုရတဲ့သူတွေကတော့
    Miss Supranational 2012 – BELARUS – Katsiaryna Buraya
    2nd place – THAILAND – Nanthawan Wannachutha
    3rd place – CZECH REPUBLIC – Michaela Dihlova
    4th place – PHILIPPINES – Elaine Moll
    5th place – ECUADOR – Sulay Castillo


    ဆုရမယ်လို့ ခန့်မှန်းခံရပြီး ဆုနဲ့လွဲခဲ့တဲ့ အလှမယ်တွေကတော့... Ms.South Africa, Ms. Panama, Ms.Denmark နဲ့ Ms.Vietnamတို့ပဲ ဖြစ်ကြပါတယ်။
    အထူးဆုရရှိသွားကြတဲ့သူတွေကတော့ ...
    Ms.Rwanda (Miss Personality),
    Ms.Canada (Top Model),
    Ms.Portugal (Elegance),
    Ms.Namibia (Friendship),
    Ms.Cuba (National Costume),
    Ms.Denmark (Talent),
    Ms.Czech Republic (Photogenic).. တို့ပဲ ဖြစ်ပါတယ်။
(၂၀၁၂)ခုနှစ်ကတော့ ကုန်သွားပါပြီ။ ဒီနှစ်ထဲမှာလည်း အလှမယ်လောကမှာ ထူးထူးခြားခြား ဖြစ်စဉ်တွေ  တော်တော့်ကို ဖြစ်ပျက်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်တစ်နှစ်ဟာလည်း ကုန်သွားသလို ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးခဲ့ပြီမို့ (၂၀၁၃)ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ကိစ္စတွေ ဖြစ်လာပါစေ၊ Miss Myanmarတွေလည်း ဝင်ပြိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

Reference
1. http://globalbeauties.com
2. http://missology.org
3. http://en.wikipedia.org/wiki/Jenna_Talackova
4. http://www.dailymail.co.uk/news/article-2155437/Donald-Trump-suing-Miss-Pennsylvania-claimed-Miss-USA-2012-rigged.html
5. Google

Thank you for reading this post.
Regards,
witch83 (18/01/2013; 12:44PM; GMT+8)

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer