My Diary, My Thoughts, My Collections and after all, this is My Small Own World
" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it." --- BUDDHA
အင်တာနက်ပေါ်က ဖတ်မိသိရှိရတဲ့ "Seven Dangerous Acts After A Meal"ကို ဘာသာပြန်ပြီး ပြန်လည်ဝေမျှပါတယ်။
As we always say, Sharing is Caring. :)
Do not smoke: ကျွမ်းကျင်ပညာရှင်တွေဟာ စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ပြီးတဲ့နောက် တွေ့ရှိခဲ့တာက... "ထမင်းစားပြီးပြီးချင်း ဆေးလိပ်တစ်လိပ် သောက်ခြင်းဟာ သာမာန်အချိန် ဆေးလိပ်(၁၀)လိပ် သောက်သုံးခြင်းနဲ့ တူညီပါတယ်"တဲ့။ ကင်ဆာရောဂါဖြစ်နိုင်ချေကို ပိုမို မြင့်တက်နိုင်စေပါတယ်။ ( This will also apply to passive smokers, I suppose.)
အဆင့် (၁၆)ချိတ်တဲ့သူကတော့ ကျမချစ်တဲ့ MU Russia, Elizabeth ပါ။ တကယ်လို့များ မနက်ဖြန် ကမ္ဘာပျက်တော့မယ်ဆိုရင်.. ဝမှာ မကြောက်ရတော့တဲ့အတွက်ကြောင့် ချောကလက်တွေ အဝစားပစ်လိုက်မယ်လို့ MU2012 အင်တာဗျူးက ဖြေခဲ့တဲ့သူ ဖြစ်ပါတယ်။ Elizabethဟာ Miss World ပြိုင်ပွဲတုန်းက နာမည် အရမ်းကြီးပြီး အားပေးတဲ့သူတွေ အများကြီး ရှိခဲ့ပေမဲ့ top 16တောင် မဝင်ခဲ့ရပါဘူး။ သူမကို သိပ်ပြီး အားမပေးကြတဲ့ MU 2012 ပြိုင်ပွဲမှာမှ top 10 ဝင်ခဲ့တာပါ။ တကယ်တော့ သူမရဲ့ personalityဟာ Miss World နဲ့ ပိုကိုက်ပါတယ်။
( ဒါနဲ့.. စကားမစပ်..
Miss World ဆိုလို့ ... Miss Myanmar, Nang Khin Zay Yarကို ရှေ့နှစ် Miss World Organization က
သူမကို ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ သတင်းကို
လိုက်ရှာကြည့်တော့ သေချာတဲ့သတင်း မတွေ့ရပါဘူး။ Miss World ရဲ့ website
မှာသွားကြည့်တော့လည်း contestant list ထဲမှာ မြန်မာ မပါသေးပါဘူး။
ဘာပဲဖြစ်ဖြစ် သူ..အခုလုပ်နေတဲ့ "နာရေးကုညီမှုအသင်း" activity ကတော့ Miss
World မှာ ဝင်ပြိုင်ခဲ့မယ်ဆိုရင် "Beauty with a Purpose"ဆုကို
ရနိုင်ပါတယ်။ နန်းခင်ဇေယျာဟာ နိုင်ငံတကာ အလှမယ်စံနှုန်းကို မမီပေမဲ့ ..
သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ သူ့ဟာနဲ့သူ ရှိသင့်တဲ့နေရာမှာ အကွေ့အကောက်တွေ
ရှိပါတယ်။ Missosology ရဲ့ first round pick up for swimsuit မှာ သူမ..
ပါပါတယ်။ second round မှာသာ ပြုတ်ကျန်ခဲ့တာ။ နောက်ပြီး
အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်လည်း ရှိပါတယ်။ Ideal Beauty ကပေးတဲ့ best performer ဆုမှာလည်း final 5 shortlist စာရင်းမှာ ပါ..ပါတယ်။ English စကားပြောတာလည်း သိပ်.. မဆိုးပါဘူး။ )
17. Osmariel Villalobos, Miss Earh Vanezula
Miss Earth ပြိုင်ပွဲကို မကြည့်လိုက်လို့ သူ့အကြောင်းတော့ သိပ်.. မသိပါဘူး။
18. Melody Mir, Miss International Domanican Republic
Miss International, top 16 တွေထဲမှာ sincere speaker တစ်ယောက်ဖြစ်တဲ့ Melody Mir ဟာ ငြိမ်ငြိမ်လေးနဲ့ အဆင့်တန်းရှိရှိလှသူတစ်ဦး ဖြစ်ပါတယ်။ အရပ်လည်းမြင့်ပြီး ကိုယ်လုံးလည်း တော်တော် လှပါတယ်။ Miss International 3rd runner-up ပါ။
19. Alize Lily Mounter, Miss International 2012 - UK
ကြွကြွလေးနဲ့ သွက်သွက်လေး catwalk လျှောက်တတ်တဲ့ Miss UK international ကတော့ နံပါတ် (၁၉)မှာပါ။ သူမကို ဂျပန်ကီမိုနိုလေးဝတ်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံကို စမြင်ပြီးကတည်းက ကြိုက်တာပါ။ မျက်နှာလေးက အရုပ်မျက်နှာလေးနဲ့ တူပါတယ်။
20. Miadusha Mayadunne, Miss International 2012 - Sri Linka
သူမနိုင်ငံက တစ်ခါမှ မရဘူးတဲ့ big ranking ကို ယူပေးတဲ့ Miss.Sri Linka ကတော့ timeless beauty ရဲ့ အဆင့် (၂၀)ပါ။ top 16 မှာ sincere speech ကိုပေးတဲ့ အလှမယ် ဖြစ်ပါတယ်။ Miss International 2012 ရဲ့ 2nd runner-up ပါ။
( မှတ်ချက်။ ။ Miss International 2012 ရဲ့ top-5 pageantတွေထဲမှာ Miss Japan ကလွဲရင် အားလုံးက sincere speaker တွေပါ။ ကြည့်ရတာ Miss International 2012 ရဲ့ ဒိုင်တွေက ဒီအချက်ကို တော်တော် သဘောကျပုံရပါတယ်။ sincere speech ပေးတဲ့ အလှမယ်တွေထဲကမှ အကောင်းဆုံး ပြောသွားတဲ့ Miss Finladက 1st runner-upဆုကို ရခဲ့ပါတယ်။ )