အင်တာနက်ပေါ်က ဖတ်မိသိရှိရတဲ့ "Seven Dangerous Acts After A Meal"ကို ဘာသာပြန်ပြီး ပြန်လည်ဝေမျှပါတယ်။
As we always say, Sharing is Caring. :)
- Do not smoke: ကျွမ်းကျင်ပညာရှင်တွေဟာ စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ပြီးတဲ့နောက် တွေ့ရှိခဲ့တာက... "ထမင်းစားပြီးပြီးချင်း ဆေးလိပ်တစ်လိပ် သောက်ခြင်းဟာ သာမာန်အချိန် ဆေးလိပ်(၁၀)လိပ် သောက်သုံးခြင်းနဲ့ တူညီပါတယ်"တဲ့။ ကင်ဆာရောဂါဖြစ်နိုင်ချေကို ပိုမို မြင့်တက်နိုင်စေပါတယ်။ ( This will also apply to passive smokers, I suppose.)
- Do not eat fruits immediately: ထမင်းစားပြီးပြီးချင်း သစ်သီးစားသုံးခြင်းဟာ အစာအိမ်ထဲမှာ လေတွေဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သစ်သီးတွေစားမယ်ဆိုရင် ထမင်းမစားမီ တစ်နာရီ (သို့မဟုတ်) ထမင်းစားပြီး တစ်နာရီ၊ နှစ်နာရီနေမှ စားသင့်ပါတယ်။
( တကယ်အဟုတ်ဆိုရင်တော့ သေတာပဲ...ကိုယ်အလေးချိန်ကို လျှော့ချင်တာနဲ့ အစားကို နည်းနည်းလျှော့ပြီး ထမင်းစားပြီးတိုင်း အသီးစားနေတာ.. :( သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အသားငါးတွေထက် အစာချေရတာ ပိုခက်တယ်ဆိုတာတော့ ကြားဖူးပါတယ်။) - Do not drink tea: လက်ဖက်မှာ အက်ဆက်ဓါတ်တွေအများကြီးပါလို့ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဓါတ်ပမာဏကို တိုးပွားစေပါတယ်။
အဲ့ဒီတိုးပွားလာတဲ့အက်ဆစ်ဓါတ်တွေဟာ ကျမတို့စားထားတဲ့ အစားအစာတွေရဲ့
ပရိုတိန်းဓါတ်ကို တိုး ပွားစေတဲ့အတွက် အစာချေဖို့ခက်ခဲသွားပါတယ်။
( weight လျှော့ချင်တဲ့သူတွေ ရေနွေးကြမ်းသောက်ရတာတော့ အမှန်ပဲ။) - Don't loosen your belt: အစားစားပြီးပြီးချင်း ခါးပတ်လျှော့ခြင်းဟာ အူတွေကို ခွေခေါက်စေတတ်ပါတယ်။
( ဒါက လုပ်တတ်တယ်။ သတိထားမှ.. :P) - Don't bathe: ထမင်းစားပြီးပြီးချင်း ရေချိုးခြင်းဟာ လက်၊ ခြေထောက်နဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှုပိုမိုဖြစ်ပေါ်စေပြီး အစာအိမ်ဆီကို သွေးစီးဆင်းမှုနည်းသွားစေပါတယ်။ အဲ့ဒါကြောင့် အစာခြေတဲ့ system ကို အားနည်းစေပါတယ်။
- Don't walk about: ဒါကတော့ လူတော်တော်များများ လုပ်တတ်တဲ့ မှားယွင်းတဲ့အယူအဆပါ။ အစာစားပြီး လမ်းလျှောက်လိုက်တဲ့အတွက်ကြောင့် အစာခြေsystemဟာ ကိုယ်စားထားတဲ့ အစာအဟာရတွေ မစုပ်ယူနိုင်တော့ပါဘူး။
(ကိုယ်ထဲမှာ သွေးတွေတအား လျှောက်သွားလို့နဲ့တူတယ်နော်..) - Don't sleep immediately: ထမင်းစားပြီးပြီးချင်း အိပ်လိုက်ရင် အစာကောင်းကောင်း မကျေတော့ပါဘူး။ အူလမ်းကြောင်းထဲမှာလည်း လေတွေ၊ ရောဂါပိုးတွေ ကျန်နေတတ်ပါတယ်။
Regards,
witch83, (27/02/2013; 11:48AM; GMT+8)
ထမင်းစားပြီးတိုင်းအသီးတမျိုးအမြဲစားတယ်
ReplyDeleteတိဝူးလေကွယ် စားကောင်းတာပဲသိလို့ ကျန်တာတွေကတော့ လိုက်နာပြီးသားပဲ အားလုံးရဲ့ကိုယ်စား ကျေးဇူးအများကြီးနော်
အိုးးးးးးးးးးး
ReplyDeleteမ ရေ...မိမိုးနတ်သတိထားရမှာတွေ အများကြီးပါလားရှင့်..
ခုမှပဲ သိတော့တယ်..မျှဝေပေးတာ ကျေးဇူးပါ မ ရယ်:)
သိသင့် တဲ့  ပို့စ်လေးပါပဲ...မှတ်သွားပါတယ်နော်
ReplyDeleteကွန်းခိုရာကိုလာလည်တာ လည်း ကျေးဇူးတင်ပါတယ်
နောင်လည်း စာတွေကို ဖတ်ရှုဝေဖန်ပေးပါနော် :)