အပိုင်း(၁)
"တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင်
+ + + + + + + + +
အပိုင်း(၂)
ကျမဟာ မကြာခဏဆိုသလို လေယာဉ်တွေ စီးရပေမဲ့ ကိုယ်စီးရတဲ့ လေယာဉ်ချိန်တွေဟာ များသောအားဖြင့် မနက်အစောကြီး (သို့မဟုတ်) ညမိုးချုပ်တွေ ဖြစ်နေတတ်ပြီး အိပ်လိုက်လာတတ်တာ များပါတယ်။ တစ်ခါတစ်ရံကျတော့ ကိုယ့်ကိုကိုယ်တောင် ပြန်မေးမိပါတယ်။ အပြင်ကို မမြင်ရဘဲနဲ့ ဘာလို့ အမြဲတမ်း window seat ကိုပဲရွေးပြီး booking လုပ်မိနေသလဲဆိုတာ။ Aisle seat ဆို အပြင်ထွက်ရတောင် သက်သာပါသေးတယ်။
ဒီတစ်ခေါက် အလုပ်ကိစ္စနဲ့ ထိုင်ဝမ်သွားဖို့ ticket booking လုပ်တော့ Taiwan နဲ့ SGကြားမှာဆွဲတဲ့ လေယာဉ်ချိန်တွေ ပြောင်းသွားပါတယ်။ ည (၈)နာရီကျော်ကျော်မှာတစ်ကြိမ်၊ နေ့လည် (၂:၅၀)မှာတစ်ကြိမ် ဖြစ်သွားပါတယ်။ Lab test ပြီးမဲ့အချိန် ခန့်မှန်းရခက်တာကြောင့် အလုပ်ပြီးမဲ့နေ့ည (၈)နာရီလေယာဉ်ကို မယူဘဲ နောက်နေ့ နေ့လည် (၂း၅၀) လေယာဉ်ကိုပဲ book လိုက်ပါတယ်။
ထိုင်ဝမ်ကို သွားတိုင်း... ပျော်တတ်ပေမဲ့.. ဒီတစ်ခေါက်ကတော့ သိပ်.. မပျော်ပါဘူး။ project က ကြီးပြီး ဒီ customer ကို company က အရမ်းကို အလေးထားလွန်းတော့ လူက တော်တော်ကို စိတ်ဖိစီးမှုများ ပါတယ်။ နောက်တစ်ခုက ကိုယ်ကိုတိုင်က GePON technology ကို ကျွမ်းကျွမ်းကျင်ကျင် မရှိတဲ့အပြင် ... ဗီယက်နမ်က ဟိုတယ်တစ်ခုမှာ လုပ်ခဲ့တဲ့ GePON project ကို support လုပ်ခဲ့တုန်းက တက်ခဲ့တဲ့ compatibility issue တွေကို ခေါင်းကိုက်အောင် ရှင်းခဲ့ရတဲ့ အတွေ့အကြုံဆိုးကြီးကို မမေ့ နိုင်သေးတာကြောင့် GePON ဆိုတာနဲ့တင် လုက စိတ်နှလုံး ငြှိုးနွမ်းနေပါတယ်။
ခရီးမသွားခင်လည်း GePON project အတွက် HQ က အင်ဂျင်နီယာရယ်၊ PM ရယ်၊ ကိုယ့်မန်နေဂျာရယ်.. အင်မတန် လက်ပေါက်ကတ်တဲ့ customer ရယ်ကြားမှာ တော်တော်ကို ခေါင်းစားရပြီးတဲ့နောက်..
ထိုင်ဝမ်ရောက်ပြန်တော့လည်း Lab test လုပ်နေရလို့ ခေါင်းကိုက်ရပြန်ပါတယ်။ အဲ့ဒီကြားထဲမှာ ကိုယ့် mailbox ထဲ ဝင်ဝင်လာတဲ့ တခြား အီးမေး(လ်)တွေ၊ စလုံးမှာကျန်ခဲ့တဲ့ မန်နေဂျာက လှမ်းပို့ပို့နေတဲ့ sms တွေကိုကြည့်ပြီး ရူးချင်လာပါတယ်။ စလုံးပြန်မဲ့နေ့... Taoyuan လေဆိပ်ကိုရောက်တော့.. လူက တော်တော်ကို ဖလက်ပြနေပါပြီ။ လေဆိပ်ရောက်တော့ စိတ်တိုတိုနဲ့ ဖုန်းပိတ်ပစ်လိုက်ပါတယ်။
လေယာဉ်ပေါ်ရောက်ပြန်တော့လည်း အဆင်မပြေပါဘူး။ လူက တော်တော် များပါတယ်။ ဘေးက ထိုင်ဝမ်မလေးနှစ်ယောက်ကလည်း အင်မတန် စကားများပါတယ်။ ပိုဆိုးတာက သူတို့ နှစ်ယောက်ထဲကတစ်ယောက်က ပါးစပ် အတော် နံပါတယ်။ ခေါင်းတွေကိုက်လာပြီး လက်ထဲက ရှုဆေးဘူးကိုပဲ ဖိရှုနေရပါတယ်။ လေယာဉ်ကလည်း တော်တော်နဲ့ကို မထွက်နိုင်ပါဘူး။ ကြာလာတော့ သူတို့နှစ်ယောက်ကို စကား သိပ်..မပြောဖို့ ယဉ်ယဉ်ကျေးကျေးနဲ့ပြောပြီး တောင်းဆိုလိုက်ရင် ကောင်းမလားစဉ်းစားမိပါတယ်။ အဲ့လို စဉ်းစားနေတုန်းမှာပဲ လေယာဉ်ကြီးက စထွက်ပြီး သူတို့ထဲကတစ်ယောက်က ကြောက်သွားပြီး ငြိမ်သွားပါတယ်။ နောက်တစ်ယောက်ကလည်း အိပ်ပျော်သွားပါတယ်။ အဲ့ဒီအခါကျမှ လူလည်း သက်တောင့်သက်သာ ရှိသွားပါတော့တယ်။
+ + + + + + + + +
အပိုင်း(၃)လေယာဉ်ထွက်ခါစမှာတော့ မျက်လုံးပိတ်ပြီး နားကြပ်နဲ့ သီချင်းနားထောင်နေလိုက်ပါတယ်။ နောက်တစ်နာရီလောက်နေတော့ လေယာဉ်မယ်လေးက အအေးလာပေးတာနဲ့ အအေးသောက်ပြီး အပြင်ကိုကြည့်ပြီး လိုက်လာခဲ့ပါတယ်။ တိမ်ထူတဲ့နေ့မို့လားမသိပါဘူး။ လေယာဉ်က တော်တော်ခါပါတယ်။ ဒါပေမဲ့... လေယာဉ်ခါတာကိုလည်းမေ့... စိတ်ရောလူပါပင်ပန်းခဲ့သမျှကိုလည်းမေ့စေတဲ့အရာကို တွေ့ကြုံခဲ့ရပါတယ်။ အဲ့ဒါ ဘာဖြစ်မယ်လို့ ထင်ပါသလဲ??
တိမ်တွေလေ.. တိမ်တွေပေါ့... ပုံစံ အမျိုးမျိုးနဲ့ သိပ်လှတဲ့ တိမ်တွေပေါ့...လေယာဉ်သွားတဲ့လမ်းတလျှောက် တိမ်တွေဟာ ညိုလိုက်၊ ပြာလိုက်နဲ့ လှချင်တိုင်း လှနေကြပါတယ်.. တစ်ချို့နေရာတွေမှာ အဆုပ်လိုက်ကလေးတွေ၊ တစ်ချို့ နေရာတွေမှာ အမှုန်လေးတွေ၊ တစ်ချို့နေရာမှာတော့ အပြင်လိုက်ကြီးတွေနဲ့ စိပ်စိပ်လေးတစ်မျိုး၊ ကျဲကျဲလေးတစ်ဖုံနဲ့ သိပ်ကို လှနေကြတာကို မြင်ရတာ အရာအားလုံးကို ခဏတော့ မေ့သွားသလိုပါပဲ။
အဲ.. သတိ ပြန်ဝင်လာတဲ့အချိန်မှာတော့ လက်ထဲက ဖုန်းနဲ့ ဓါတ်ပုံတွေ စွတ်ရိုက်တော့တာပါပဲ။ အောက်ကပုံတွေကတော့ ရိုက်ခဲ့တဲ့ပုံတွေထဲက အချို့ပေါ့ကွယ်...။
+ + + + + + + + +
အပိုင်း(၄)
ပြီးခဲ့တဲ့ သုံးပတ် ကျော်... ထိုင်ဝမ်က ပြန်လာပြီးကတည်းက ဖတ်ချင်တဲ့စာအုပ်ကို ပြောပါဆိုရင် ဆရာမဂျူးရဲ့ "တိမ်နဲ့ချည်တဲ့ကြိုး"ပါပဲ။ အဲ့ဒါ ဘာလို့လည်း ဆိုရင်တော့.... ထိုင်ဝမ်က အပြန်ခရီးမှာ.. ပြာလိုက်၊ ညိုလိုက်၊ စိတ်လိုက်၊ ကျဲလိုက်နဲ့ ပုံစံမျိုးစုံနဲ့လှပနေကြတဲ့တိမ်တွေကို တွေ့မြင်ခံစားခဲ့ရလို့ပါပဲ။
ဆရာမ.. ဂျူးရဲ့ အဲ့ဒီ "တိမ်နဲ့ချည်တဲ့ကြိုး" ဝတ္ထုစာအုပ်ကို သူများဆီက ငှားဖတ်ပြီးတဲ့နောက် ကြိုက်လွန်းလို့ စာအုပ်အရောင်းဆိုင်သွားပြီး အပိုင် ဝယ်ထားခဲ့ပါတယ်။ စာအုပ်ကတော့ ရန်ကုန်မှာ ကျန်ခဲ့ပုံပါပဲ။ စလုံးက စာအုပ်ပုံးထဲမှာရှာတော့ မရှိပါဘူး။
ဆရာမရဲ့ စာအုပ်ထဲမှာ...
- ဝေးလံခေါင်သီတဲ့ ဒေသတွေက ခက်ခဲတဲ့ အပင်တွေကို လိုက်ရှာပြီး သုတေသနလုပ်ကြတဲ့ ထက်မြက်တဲ့ အမျိုးသမီးနှစ်ဦး...
- ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ စိတ်ကစားတတ်မှုနဲ့ မမျှော်လင့်ဘဲ ကိုယ့်ကြောင့် လူငယ်တစ်ယောက် အသက်ဆုံးရှုံးသွားလို့ ဖြစ်ရတဲ့ စိတ်မကောင်းမှု..
- အချိန်တွေ ဆယ်စုနှစ်ကျော်ကြာလာမှ နေလို့မပျော်တော့ဘဲ ဒီကိစ္စပေါ်မှာ guilty ဖြစ်ပြီး ဇာတ်ကောင် အမျိုးသမီးက ချင်းပြည်နယ်မှာ ပြန်လာပြီး စာသင်ပေးခြင်းဖြင့် ကိုယ့်စိတ်ကို ပြန်လည် တည်ဆောက်နေခြင်း...
- တစ်ယောက်ထဲအတွက် အသက်ရှင်နေတာမျိုး မဟုတ်ဘဲ လူအများအတွက် ပေးဆပ်ပြီး အသက်ရှင်နေချင်တဲ့ လူတွေအကြောင်း
- ပညာရဲ့ အရေးပါပုံ
- သဘာဝနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလိုအပ်ချက်နဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာ နေရတဲ့သူတွေရဲ့ လိုအပ်ချက်တွေကြားက အားပြိုင်မှု
- ဓါတ်ပုံတွေရဲ့ အရေးပါပုံ၊ ဓါတ်ပုံတွေက ပြောတဲ့စကားများ
- ချင်းလူမျိုးတွေရဲ့ ရိုးရာနဲ့ ယုံကြည်မှု၊ လူမျိုးစု မပျောက်ကွယ်လိုမှု ( သွေးမနှောလိုမှု)
- အောက်ချင်းငှက်တွေအကြောင်း နဲ့
- တိမ်တွေအကြောင်း
ဆရာမရဲ့ တိမ်တွေနဲ့ ပတ်သတ်တဲ့ အရေးအသား၊ စာကြောင်းလေးတွေဟာ ကျမရဲ့ စိတ်ကို တကယ်ကို ညှို့  ယူနိုင်ခဲ့ပါတယ်။
~ တိမ်တွေက ကိုယ့်အခန်းထဲကို ဝင်ရောက်လာတဲ့အခါ ~အခန်းထဲကို တိမ်တွေဝင်လာပြီး ကိုယ့်မျက်နှာကို ဖြတ်သွားတဲ့ အတွေ့အကြုံကို လက်တွေ့ ခံစားကြည့်ချင်စိတ်ဖြစ်ခဲ့သလို.. ငှက်တွေသွားကြည့်မဲ့နေရာကို လျှောက်ရတဲ့ လမ်းတစ်လျှောက် တိမ်တွေထဲခရီးသွားသလိုပါပဲလို့ ဆရာမကရေးသားခဲ့ပြန်တော့လည်း တကယ်ကို တိမ်တွေကြားထဲမှာ လမ်းလျှောက်ချင်တဲ့အာသီသတွေ ဖြစ်လာခဲ့ပါတယ်။
~ အိမ်ထဲသို့ လွင့်မျောလျက် ဝင်ရောက်လာသော တိမ်တွေက သူမမျက်နှာကို ပွတ်တိုက်သွားသည့်အခါ အသည်းအေးလျက် အသက်ရှုပင် မှားမှားသွားသည် ~
~ တောင်အတက်မှာ ခြေလှမ်းနှေးကွေး မောပန်းပေမဲ့ အမောဖြေစရာ အတွေ့အကြုံကတော့ တိမ်တွေထဲသို့ ခရီးသွားရခြင်း ဖြစ်သည် ~
ဒါပေမဲ့ အချိန်တွေကကြာလာပြီး.. နေ့စဉ်လူနေမှုဘဝမှာ ပုံမှန် လှုပ်ရှားနေရတဲ့အတွက်ကြောင့် ဖြစ်ချင်တဲ့ ဆန္ဒတွေထဲက အဲ့ဒီဆန္ဒဟာလည်း အရောင်ဖျော့လာခဲ့ပါတယ်။
ခု.. ဒီ ထိုင်ဝမ်ခရီးက ပြန်အလာပြီးတဲ့အခါမှာတော့ ဒီဆန္ဒဟာ အရောင် ပြန်တောက်လာပြန်ပါပြီ။ တိမ်တွေရှိတဲ့ လှပတဲ့ တောင်ပေါ်ဒေသတစ်ခုကို ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူသွားပြီး အေးမြမှုနဲ့ လှပမှုတွေကို ခံစားဖို့ ကြိုးစားလိုက်ပါဦးမယ်။
+ + + + + + + + +
Regards,
witch83 ( 20/02/2013; 9:14PM; GMT+8)
စာအုပ်ဆိုင်သွားတိုင်း အဲ့စာအုပ်တော့ တွေ့တယ်...
ReplyDeleteခုထိတော့ ငှားမဖတ်ဖြစ်သေးဘူးးးးးးးးးးး
နောက်တစ်ခါကျမှ ဖတ်ဖြစ်အောင်ဖတ်လိုက်အုံးမယ် :)
နံမည်လေးကိုက စိတ်ဝင်စားစရာ
“တိမ်နဲ့ချည်တဲ့ကြိုး” တဲ့လား
ဟုတ်တယ်။ “တိမ်နဲ့ချည်တဲ့ကြိုး” တဲ့ :)))
ReplyDeleteBurmese Classic ထဲမှာ ebook ရှိတယ် sis.. စာအုပ်က ရန်ကုန်မှာ ကျန်နေခဲ့လို့ အမလည်း ebook ပဲ ရှာဒေါင်းပြီး ပြန်ဖတ်ထားတာ။ ဂျူးရဲ့ အမာခံ ပရိတ်သတ်လေ.. သူ့စာအုပ်တော်တော်များများကို အပိုင်ဝယ်ထားတာ။ တချို့စာအုပ်တွေကို စလုံးကိုတောင် သယ်လာသေးတယ်။( ကြုံတုန်း ကပ်ကြွားတာ :D)
ဘယ်သူမှ မပြောလဲ ငယ်ငယ်ကတဲကခံစားမိတယ်
ReplyDeleteတိမ်တွေအရမ်းကိုလှတယ် အဲဒီစာအုပ်လဲ ဖတ်ပြီးအရမ်းကိုကြိုက်ခဲ့ဖူးတယ်
တခါထပ်ပြီးယုံလိုက်ပါတယ် တိမ်တွေသိပ်လှတယ်
ဟုတ်မအားလို့ပါ မပြန်ဖြစ်သေးပါဘူး c-box ပေါ်မလာလို့ဒီမှာပြန်ရေးခဲ့တယ်နော်
ReplyDeleteမအားဆို တတ်နိုင်တဲ့ လုပ်အားပေးလေးတခုကိုလိုက်နေလို့ပါ----
မအားတဲ့ကြားက စာလာဖတ်လို့ ကျေးဇူးတင်ပါတယ် sis Jasmine :)
Deleteအဲဒီ စာအုပ် မဖတ်ဘူးသေးဘူး။ ဖတ်ကြည့်ချင်သွားပြီ။
ReplyDeleteYes, Ko cool emerald, it's worth to read. It really is a nice book. There is something I left to say. In the story, it also gives the idea about people's departure. A hidden plot was also in the novel. :)
Delete