" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

March 24, 2013

ဆင်ခြင်နိုင်ကြပါစေ..

ဘယ်ဘာသာဝင်၊ ဘယ်လူမျိုးကမှ ကောင်းတယ်... ဘယ်ဘာသာဝင်၊ ဘယ်လူမျိုးဆို မကောင်းဘူးဆိုတာထက် တစ်ဦးချင်း၊ တစ်ယောက်ချင်းစီပေါ်မှာပဲမူတည်ပြီး ကောင်းတယ်၊ ဆိုးတယ်ဆိုတာမျိုးပဲ လက်ခံကျင့်သုံးသင့်၊ ဖြစ်သင့်ပါတယ်။  မဆိုင်သူတွေကို ဝိုင်းပြီး ဆွမ်းကြီးမလောင်းသင့်ပါဘူး။

"ကံကံ၏အကျိုး"ကို မမေ့ကြပါနဲ့။
"ပြုသူအသစ်၊ ဖြစ်သူအဟောင်း"ပါ။
"သူများ အကုသိုလ်၊ ကိုယ့်အကုသိုလ်"မဖြစ်အောင် ဆင်ခြင်နိုင်ကြပါစေ။
အတွေးအခေါ်၊ အယူအဆမတူကြရင်တောင်မှ အားလုံးဟာ သက်ရှိလူသားတွေပါ။

~ . ~ . ~ . ~ . ~ . ~ . ~

အောက်ကစာသားတွေကတော့  ဆရာတော် ဦးကေသာရ ဆုံးမထားတာလေးကို ပြန်လည်ဝေမျှထားတာပါ။ _/\_
 
၁ ) ဘာသာခြားကို သတ်ရင်လဲ ပါဏာတိပါတာ ကံထိုက်ပါတယ်။
ဘာသာခြင်းမတူလို့ ဆိုပြီး အကုသိုလ်က ခွင့်မလွှတ်ပါဘူး။
သူများအသိုက်အမြုံကို ဖျက်ရင် အကုသိုလ် ဖြစ်ပါတယ်။ ဘာသာမတူတဲ့လူတွေ ရဲ.အသိုက်အမြုံ မို.လို. ဆိုပြီး ကင်းလွတ်ခွင့်ပေးမထားပါဘူး။

( ၂ ) ဗုဒ္ဓဘာသာကို စောင့်ရှောက်ဖို.အတွက် သူတပါးအသက်ကို သတ်ခွင့်၊ သူတပါး အကျိုးစီးပွားကို ဖျက်ဆီး ခွင့် ရှိတယ်လို. ဗုဒ္ဓတရားတော်မှာ ဟောကြားမထားပါဘူး…..

( ၃ ) ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဟာ ရန်အပေါင်း ကို မေတ္တာဓါတ်နဲ. အောင်နိုင်တော်မူ ခဲ့တာပါ…
နာနာဂီရိဆင် ကို မြှားနဲ.ပစ်ပြီး အောင်နိုင်ခဲ့တာမဟုတ်ပါဘူး…..
မာရ်နတ်ကို ရဟန်းသံဃာ အင်အားစု နဲ. တိုက်ပြီးအောင်နိုင်ခဲ့တာမဟုတ်ပဘူး….
ကြီးမားတဲ့ မေတ္တာတရား နဲ. အောင်နိုင်ခဲ့တာပါ…….

( ၄ )ရောင်းမှားဝယ်မှားကိစ္စမှာ မတရားဘူးထင်ရင် တရားဥပဒေအရဖြစ်အောင် ၀ိုင်းဝန်းကြိုးစား ကြဖို.ပဲ ရှိပါတယ်….
မျက်လုံးတစ်ဖက် အတွက် မျက်လုံးတစ်ဖက် ပြန်ပေးကြေး ဆိုတဲ့ ဥပဒေသ အတိုင်း ကျင့်သုံးကြမယ် ဆိုရင်ဖြင့် ကမ္ဘာပေါ်မှာ လူတစ်ယောက်မှ မကျန်မှ အဆုံးသတ်ပါလိမ့်မယ်……

( ၅ ) ခုတော့ဖြင့်….ဗုဒ္ဓဘာသာ ကို ကာကွယ်ဖို.တဲ့ ပါဏာတိပါတာ ကံ ကို တက်တက်ကြွကြွကျူးလွန်နေကြတာ မေတ္တာတရား နဲ.အောင်မြင်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားရှင် ရဲ.အဆုံးအမ ကို နာယူပြီး ဒေါသမီးတွေ ဟုန်းဟုန်းတောက်ပြနေကြတာ ဗုဒ္ဓဘာသာကို ကာကွယ်နေတာလား…..နာမည်ဖျက်နေကြတာလားဆိုတာ ခဏလောက် စိတ်ငြိမ်ငြိမ်ထားပြီး စဉ်းစားကြပါဦး….

( ၆ )ကိုယ်ကိုယ်တိုင် ၀င်မသတ်ဘူး ၊ ၀င်မဖျက်ဘူးဆိုရင်တောင်…သတ်နေ ဖျက်နေကြတဲ့သူတွေ ကို အားပေးအားမြှောက်ပြုရာ ရောက်တဲ့ အပြုအမူအပြောအဆိုတွေ ကို မလုပ်မိဖို. ဆင်ခြင်သင့်ပါတယ်
အကုသိုလ်ထဲ အမှုတွဲပါသွားမှာ စိုးလို.ပါ…..

( ၇ ) မေ့မသွားအောင် ထပ်ပြီးပြောချင်ပါတယ်..
ဘာသာခြားကိုသတ်ရင်လဲ ပါဏာတိပါတာကံထိုက်ပါတယ်
ဘာသာတူတူ မတူတူ သူများအသိုက်အမြုံကိုဖျက်ရင် အကုသိုလ်ဖြစ်ပါတယ်….

( ၈ )ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတဲ့ တရားဟာ ဓမ္မတရား ဖြစ်ပါတယ်…အဓမ္မတရားမဟုတ်ပါဘူး..

( ၉ )မေတ္တာအစွမ်း၊ကမ္ဘာလွှမ်း ၊ ငြိမ်းချမ်းကြပါစေ ။

 ~ . ~ . ~ . ~ . ~ . ~ . ~
 
အမှားနဲ့အမှန်ကို ကောင်းစွာ ကျိုးကြောင်းဆင်ခြင်ပြီး  ဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်တွေကို လိုက်နာနိုင်ကြပါစေ။

With Warmest Regards,
witch83 

 
Ref; https://www.facebook.com/ukaythara.sayadaw/posts/157364277761491

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer