" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

May 29, 2013

ချွေးပေါက်ကျဉ်းပြီး ဝက်ခြံကင်းတဲ့ အသားအရေဖြစ်စေဖို့

မျက်နှာစာအုပ်မှာ သူများဝေမျှထားတာကို ပြန် revise လုပ်ပြီး ရေးထားတာပါ။ ရေးသူနာမည်ကတော့ "ရင်နှင်း"လို့ ထင်ပါတယ်။ မူလ ဓါတ်ပုံက စာထဲမှာ အဲ့နာမည် ပါသလိုပါပဲ။

Photo Source; SKII New Face
ချွေးပေါက်ကျဉ်းပြီး ဝက်ခြံကင်းတဲ့ လှပချောမွေ့သော အသားအရေဖြစ်စေဖို့....
ချွေးပေါက်ကျယ်စေတဲ့အကြောင်းရင်း

အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး၊ ချွေးပေါက်ကျယ်တွေထဲကို မိတ်ကပ်တွေ၊ အညစ်အကြေးတွေဝင်ပြီး ၀က်ခြံတွေလည်း ဖြစ်စေတတ်ပါတယ်။

ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေ

(၁) အသားအရေကို သေချာသန့်စင်အောင် လုပ်မယ်။
  • တစ်ရက်ကို နှစ်ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးပါ။
  • ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။ မိတ်ကပ်မျက်နှာနဲ့ ဘယ်တော့မှ အိပ်ရာမဝင်ပါနဲ့။ ရေနဲ့မသစ်ချင်ရင် ကိုယ်နဲ့ သင့်တော်တဲ့ မိတ်ကပ်ဖျက်ဆေး ဝယ်ထားပါ။
  • မျက်နှာသစ်ပြီးတိုင်း ချွေးပေါက်ကျဉ်းဆေး (Toner) သုံးပါ။ ကိုယ်နဲ့ သင့်တော်တဲ့ အမျိုးအစားလည်းဖြစ်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး toner သုံးရင် အသားအရေထဲကို စိမ့်နေအောင်လုပ်ဖို့ မလိုပါဘူး။ ဂွမ်းနုနုပေါ်မှာ toner ရေဆွတ်ပြီး သာသာလေး wipe လုပ်ရုံဆိုရပါတယ်။ မဟုတ်ရင် များသွားပြီး အခန့်မသင့်ရင် အသားတွေ လောင်တတ်ပါတယ်။ 
  • ဗီတာမင်စီပါတဲ့ cream တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။ ဗီတာမင်စီ သိပ်များသွားရင်လည်း မျက်နှာ အဆီပြန်တတ်တယ်။
  • ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Facial Scrub နဲ့ မျက်နှာချေးချွတ်ပါ။
  • တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။

(၂) နေရောင်ခြည်ဒဏ်က ကာကွယ်မယ်။

နေရောင်ခြည်ကို လိုတာထက် ပိုခံခြင်းဟာ မလိုလားအပ်တဲ့ အရေပြားဆိုင်ရာဆိုးကျိုးတွေ ရရှိစေပါတယ်။ ဒါကြောင့် နေရောင် UV ဒဏ်က ကာကွယ်ပေးတဲ့ cream တွေ လိုအပ်ရင် လိမ်းဖို့လိုသလို အပြင်ထွက်ရင် ဦးထုပ်၊ ထီးတို့ဆောင်ဖို့လိုပါတယ်။ ဒါပေမဲ့ ဗိုက်တာမင်ဒီဟာ နေရောင်ကရတယ်ဆိုတာ မမေ့ပါနဲ့။ အရေပြားပေါ်က ပိုးတစ်ချို့ ကို သေစေဖို့ဆိုတာလည်း နေရောင်နုနုနဲ့ထိတွေ့ဖို့ လိုအပ်ပါတယ်။ မနက်စောစော နေရောင်နုနု ထခံတဲ့အကျင့်ကို ကျင့်ပေးပါ။

(၃) မိတ်ကပ်ကို အားမကိုးပါနဲ့။

ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးမလိမ်းပါနဲ့။ အရေပြားပေါ်က ချွေးပေါက်တွေမှာလည်း လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။ နောက်ပြီး  မိတ်ကပ်ကို အထူကြီးလိမ်းတာဟာ ချွေးပေါက်တွေကို ပိုပြီးပိတ်စေတတ်ပါတယ်။ မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ brush စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပေးပါ။ ဘာလို့လည်းဆိုတော့အဲ့ဒါတွေပေါ်မှာရှိနေတဲ့ အဆီတွေ၊ ဘက်တီးရီးယားတွေဟာ ချွေးပေါက်တွေထဲကိုဝင်ပြီး မျက်နှာအရေပြားကို  ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။

(၄) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်။

ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာပါ။ အဆီလျော့စားပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။ ready made food, processed food, preserved food တွေရှောင်ပါ။

(၅) ကျန်းမာရေးနဲ့ တစ်ကိုယ်ရေနေထိုင်မှုပုံစံပြောင်းမယ်။
  • သန့်သန့်ရှင်းရှင်းနေပါ။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း ပုံမှန် လဲပါ။ ခေါင်းအုံးကို နေလှန်းပေးပါ။ ဆံပင်ကို သန့်အောင်ထားပါ။ ကိုယ်ပြောနေတဲ့ ဖုန်းလက်ကိုင်ခွက် သန့်ရှင်းနေပါစေ။ မျက်နှာသုတ်ပုဝါကိုသန့်အောင် ထားပါ။ နေလှန်းပေးပါ။
  • စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်လျှော့ပါ။
  • အိပ်ရေးဝအောင် အိပ်ပါ။

ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းများ

~~ သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး ~~
ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။ ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။ ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။ မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။

~~ ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး ~~
သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။ ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။ နာရီဝက်လောက် ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

~~ ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး ~~
ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။ (၁၀) မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။ ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။ ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။ ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

~~ witch83သုံးဖူးသော ရောသမမွှေ မျက်နှာပေါင်းတင်ဆေး ~~
တကယ်တော့ သဘာဝပေါင်းတင်ဆေးတွေထဲမှာ ကိုယ်တိုင် applyလုပ်ဖူးတာ ဒီနည်းတစ်ခုပဲရှိပါတယ်။ ကြက်ဥတစ်လုံးကိုဖောက် အကာကိုယူ၊ သဘာဝပျားရည် တစ်ဇွန်း၊ သံပရာသီး တစ်စိတ်ညှစ်၊ ဂျုံမှုန့် တစ်ဇွန်း၊ သခွားအသီးအနေတော်ကို အစေ့တွေဖယ်ပြီး ဇွန်းနဲ့ခြစ်၊ ခရမ်းချဉ်သီးတစ်လုံးကို အနှစ်တိုက်၊ ရေနွေးအနည်းငယ်ထည့်ပြီး အားလုံးကို သမအောင် စိတ်ရှည်လက်ရှည် ရောသမမွှေပြီး မျက်နှာနဲ့ လည်ပင်းမှာလူး.. (၁၀)မိနစ်လောက်နေရင် ရေနွေးနဲ့သစ်ချလိုက်ရုံပါပဲ။ ပိုတာကို ရေခဲသေတ္တာထဲ ထည့်ထားလို့ရပါတယ်။ ချွေးပေါက်တွေ ကျဉ်းပြီး၊ မျက်နှာလည်း ပိုဝင်းလာပါတယ်။ ဆားဝက်ခြံတွေလည်း ပျောက်ကုန်ပါတယ်။ အဲ့ဒါကတော့ လက်တွေ့ပါ။ ငယ်ငယ်တုန်းက ဆားဝက်ခြံတွေထွက်တုန်းက အဒေါ်တွေလုပ်ပေးတာကို လိမ်းဖူးတာပါ။ အေးစက်စက်အနှစ်တွေကို (၁၅)မိနစ်လောက် သီးခံပြီး မျက်နှာပေါ်တင်ထားရတာရယ်၊ လိမ်းပြီး နည်းနည်းကြာလာရင် မျက်နှာကအရေပြားတွေတင်းလာတာကိုလည်း သည်းခံရတာရယ်တော့ ရှိပါတယ်။ အကျိုးကတော့ တကယ်ထူးပါတယ်။ :)

~~ နနွင်းနဲ့ နွားနို့ပါတဲ့ ပေါင်းတင်ဆေး ~~
ဟိုတလောတုန်းကတော့ choco ဝေမျှထားတဲ့နည်းလေးပါ။ နွားနို့စစ်စစ်ထဲကို နနွင်းထည့်ပြီး ခပ်ပြစ်ပြစ်ဖျော်၊ မျက်နှာမှာလိမ်း.. ပြီးရင် မျက်နှာပြန်သစ်... အမဲစက်တွေပျောက်ပြီး မျက်နှာဝင်းပြီး စိုလာတယ်ပြောပါတယ်။ နနွင်းရော၊ နွားနို့မှာပါ မျက်နှာကိုဝင်းပြီး စိုစေတဲ့ဓါတ်ပါလို့နဲ့ တူပါတယ်။

ဘာပဲ ဖြစ်ဖြစ် ကျန်းမာရေးစာအုပ်တွေမှာ ဖတ်ဖူးတာကတော့ လိမ်းတာတွေထက် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ဖို့က ပို..အရေးကြီးတယ်လို့တော့ ဖတ်ဖူးပါတယ်။  ပေါင်းတင်ဆေးထဲမှာ ထည့်မဲ့ အဲ့ဒီ သဘာဝပစ္စည်းတွေကို လိမ်းတာထက် စားတာက ပိုအကျိုးရှိတယ်လို့ သိရပါတယ်။ အချိန်ရှိမယ်၊ လုပ်ဖို့လည်းအဆင်ပြေမယ်၊ စိတ်ရှည်မယ်ဆိုရင်တော့ သဘာဝ ဆေးဖက်ဝင်ပစ္စည်းတွေကို လိမ်းလည်းလိမ်း၊ စားလည်းစားပေါ့.. ဘေးမရှိပါဘူး။ :)

Sources;
1. အလှအပရေးရာဆွေးနွေးကြမယ်(Beauty Talk)
2. https://www.facebook.com/photo.php?fbid=528469827198796&set=a.494675580578221.101248.494671817245264&type=1&theater
3. http://en.wikipedia.org/wiki/Toner_(skin_care)

Disclaimer; I do not own the whole post. Adding some of my knowledge on this topic, I just copy the notes from the sources I mentined above and revise them into one post.

Regards, witch83

4 comments:

  1. အလွယ်ဆုံးနည်းကတော့ ရုံးပိတ်ရက်တွေမှာ သနပ်ခါးတုံးစစ်စစ်ကို သွေးပြီး သနပ်ခါးတွေ ပုံပြီးထူနေအောင် လိမ်းတာပဲး))
    အေးလည်းအေးတယ်၊ မွှေးလည်းမွှေးတယ်။ နောက်တစ်နေ့မျက်နှာသစ်ရင် မျက်နှာလေးကိုဝင်းလို့။

    ReplyDelete
  2. နေ့တိုင်း နေ့တိုင်း ရေချိုးပြီးတာနဲ့ သနပ်ခါးလိမ်းဖြစ်တယ်...အစကဆိုရင်တော့
    ညအိပ်ရာဝင်ခါနီးတိုင်း ရှားစောင်းလက်ပပ်သုံးဖြစ်တယ်....အိမ်မှာ အပင်တွေ
    အများကြီးရှိတယ်လေ.....:)))
    မျှဝေပေးတာ ကျေးဇူးပါ မ
    ဂွတ်နိုက်ထ် !!!

    ReplyDelete
  3. ဟုတ်တယ်။ အလွယ်ဆုံးနဲ့ အကောင်းဆုံးနည်း ပြောပြဖို့မေ့သွားတယ်။ သနပ်ခါးနဲ့ ရှားစောင်းလတ်ပတ်.. ရှားစောင်းလတ်ပတ်က ဗီတာမင်အီး အပြည့်ပါတယ်။ မိန်းကလေးတွေရဲ့ ဇီဝဖြစ်စဉ်ကိုလည်း အထောက်အကူပြုလို့ စားတာ ပို.. အကျိုးရှိတယ်။ ဒါပေမဲ့ မတရား ခါးလွန်းတယ်။ :))

    ReplyDelete
  4. ရှားစောင်းလက်ပတ်က ကိုယ်တွင်းအပူလည်းကျတယ်။ အခွံတွေခွာပြီး အတုံးလေးတွေတုံး၊ သကြားရည်လေးနည်းနည်းထည့်ပြီး သံပုရာသီးလေးထည့်သောက်ရင်တော့ အဆင်ပြေမှာပါ။ အလွယ်နည်းကတော့ လိမ္မော်ရည်ထဲကို ထည့်သောက်တာပေါ့။ သိပ်မခါးပါဘူးး))

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer