" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

May 13, 2013

စတင်ရင်းနှီးဖူးခဲ့သော အမေများနေ့ ..

ကျမ (၁၀)တန်းပြီးခါစ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်း မေလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ တစ်ရက်မှာ ကျမရဲ့ မေမေက.. ဘုရားကျောင်းက အပြန် ကျမကို ကဒ်လေးနှစ်ကဒ် လာပေးပါတယ်။ ( ပြောင်းပြန်ကြီးနော်.. အမေက သမီးကို :P)

တကယ်တော့ သူတို့ ဘုရားကျောင်းမှာ အမေများနေ့ ကျင်းပတာမို့ အားပေးတဲ့အနေနဲ့ ဝယ်လာတာပါ။ ပေတံသေးသေးလေး အရွယ်လောက်ရှိတဲ့ ကဒ်ထူစက္ကူအဖြူလေးပေါ်မှာ ရောင်စုံ ဘောပန်နဲ့ မိခင်မေတ္တာအကြောင်းကို ရေးဖွဲ့ထားတဲ့ အင်္ဂလိပ် စာကြောင်းလေးတွေပါ။ အဲ့ဒီ ကဒ်ထူစာရွက်ကလေးကို ပလတ်စတစ် အကြည်အပါးနဲ့ လောင်းထားပါတယ်။ ရေးထားတဲ့ အင်္ဂလိပ်စာ သဒ္ဒါကတော့ မမှန်ပါဘူး။

ကဒ်လေးနှစ်ကဒ်က တန်ဖိုးအားဖြင့်လည်း မကြီးပါဘူး။ ဒါပေမဲ့ သားသမီးသုံးယောက်ရှိတဲ့အနက် ကိုယ်ကပဲ အဲ့လိုဟာလေးတွေကို ကြိုက်တတ်လို့လား၊ တခြားနှစ်ယောက်ကို ပေးလိုက်ရင်ပဲ ပျောက်သွားမှာစိုးလို့လား မသိပါဘူး။ ကျမရဲ့မေမေဟာ သူ အပြင်က ပြန်ရောက်ရောက်ခြင်း အိမ်ရှေ့ခန်းမှာ စာထိုင်ဖတ်နေတဲ့ ကျမကိုပဲ သူဝယ်လာတဲ့ ကဒ်နှစ်ခုလုံးကို ပေးခဲ့ပါတယ်။ အမေလုပ်သူက ရှားရှားပါးပါးလက်ဆောင်ပေးတဲ့ အတွက်ကြောင့်ရော၊ ကိုယ့်တစ်ယောက်တည်းကို ပေးတဲ့အတွက်ကြောင့်ပါ.. အဲ့ဒီ hand-made ကဒ်လေးနှစ်ကဒ်ကို အရမ်း သဘောကျခဲ့၊ တန်ဖိုးထားခဲ့ပါတယ်။


(၁၀)တန်းပြီးတဲ့နှစ်ကတည်းက အမေများနေ့နဲ့ ရင်းနှီးခဲ့ပေမဲ့ မေမေ့ကို အမေများနေ့ အမှတ်တရလက်ဆောင်စပေးခဲ့တာတော့ ဂုဏ်ထူးတန်းကျောင်းသူဘဝမှပါ။ အစပိုင်းတုန်းကတော့ အမေများနေ့ အမှတ်တရ ပေးချင်တာပါ။ နောက်ပိုင်းတော့ အမေများနေ့မှ တန်ဖိုးထားရမှာ မဟုတ်ဘူး။ အမြဲလိုလို တန်ဖိုးထားပြီး ပေးရမှာဆိုပြီး ခံယူချက် ပြောင်းလာပါတယ်။ ဒါပေမဲ့ နှစ်စဉ်လိုလိုတော့ ဒီလိုနေ့ရောက်ရင် သူပျော်စေချင်တဲ့သဘောနဲ့ လက်ဆောင်တွေ ဝယ်ပေးနေမိတုန်းပါပဲ။ :) ဒီနှစ်အတွက်တော့ ပါတိတ်တစ်ထည်နဲ့ ကျမတို့ကုမ္ပဏီကပေးတဲ့ မှတ်စုစာအုပ်လေးပါ။ ပါတိတ်ကတော့ ပြီးခဲ့တဲ့နှစ်ပတ်ကျော်က ရုံးကိစ္စနဲ့ အင်ဒိုနီးရှားကို ခရီးသွားရတုန်းက အင်ဒိုနီးရှားလည်းရောက်တုန်း၊ အမေများနေ့လည်း နီးလာပြီဆိုတော့ ပါတိတ်ပဲ ဝယ်လိုက်တာပါ။ တကယ်တော့ အမေများနေ့ မရှိလည်း ခရီးသွားရင်တော့ လက်ဆောင်ဝယ်ပေးနေကြပါပဲ။ အမေများနဲ့ကြုံလို့ အမေများနေ့အတွက် လက်ဆောင် ဖြစ်သွားတာပါ။ :D
XXXXX
ဘာရယ် မဟုတ်ပါဘူး.. အမှတ်တရ ရေးကြည့်တာပါ။ မေမေက.. အရင်လို မကျန်းမာတော့လို့ပဲလားတော့ မသိဘူး။ ဖုန်းဆက်လို့ မရတာလည်း ပါမယ်ထင်တယ်။ ဒီနှစ် အမေများနေ့မှာ ထူးထူးခြားခြားကို အရမ်း သတိရမိတယ်။ စလုံးကို လာတုန်းက ရန်ကုန်က ကျမရဲ့ စာအုပ်သေတ္တာထဲမှာ ထည့်ထားခဲ့တဲ့ အဲ့ဒီ ကဒ်နှစ်ကဒ်ကို အရမ်းကို လိုချင်နေမိတယ်။ ဒီတစ်ခေါက် ရန်ကုန်ပြန်ရင်တော့ စလုံးကို သယ်လာဦးမယ်။ :)
XXXXX
အမေများနေ့ကို နိုင်ငံအလိုက် ရက်သတ်မှတ်တာတွေကွာပေမဲ့ လူတော်တော်များများကတော့ မေလရဲ့ ဒုတိယပတ်မြောက် တနင်္ဂနွေနေ့ကို လက်ခံ ကျင့်သုံးကြပါတယ်။ ဆရာကြီး ဦးသုခကတော့ ပြာသိုလပြည့်နေ့ မြန်မာ့အမေများနေ့လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကိုတော့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကမှ စလုံးမှာ အတူနေဖူးတဲ့ အစ်မတစ်ယောက်ဆီက သိရတာပါ။ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ အမေများနေ့တွေကို သိချင်ရင်တော့ ဒီနေရာမှာ သွားဖတ်ကြည့်လို့ ရပါတယ်။

Regards, witch83

1 comment:

  1. ပုခက်လွှဲသော လက်ပိုင်ရှင်များ ထာဝရ ကျန်းမာရွှင်လန်းပြီး ပြုံးပျော်နိုင်ကြပါစေလို့ ..

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer