" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

September 14, 2013

ဘလော့မိတ်ဆွေများအကြောင်း (Belated Post for Blog Day)

ဘလော့ဂါတွေရဲ့ ဘလော့ဒေး အမှတ်တရပို့(စ်)တွေ အများကြီးတက်လာတဲ့အတွက်ကြောင့် သြဂုတ်လ (၃၁)ရက်နေ့ဟာ ရှစ်ကြိမ်မြောက် ဘလော့ဒေးဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါပေမဲ့ စိတ်ထဲရှိရာ၊ ကိုယ်စိတ်ဝင်စားတာတွေကိုသာ စိတ်ထဲရှိရင်ရှိသလို၊ အချိန်ရရင်ရသလို စာကောက်ရေးတတ်သူမို့ အဲ့ဒီပို့(စ်)ရေးဖို့ စိတ်ကူး လုံးဝ မရှိခဲ့ပါဘူး။ ဒါပေမဲ့ စာရေးရင်း သိခဲ့ရတဲ့ ဘလော့ချစ်မိတ်ဆွေအမ "မစံပယ်ချို" က tagလာတဲ့အတွက်ကြောင့် လေးစားခင်မင်မှုနဲ့ ဒီပို့(စ်)လေးကို ရေးလိုက်ပါတယ်။

ရေးမယ်ဆိုပြီး ရေးစရာတွေကို စဉ်းစားကြည့်တော့ မြန်မာ့ဘလော့သမိုင်း၊ အွန်လိုင်းစာပေသမိုင်း၊ ဘလော့ဂါတွေရဲ့သမိုင်းတွေအကြောင်းကို သေချာမသိတာကြောင့် ကိုယ့်ဘလော့အကြောင်းပဲ ကိုယ်ရေးတော့မယ်လို့ စဉ်းစားမိပါတယ်။ ဒါပေမဲ့ ဒီဘလော့အကြောင်းနဲ့ ကျမအကြောင်း ကို စာပြန်စရေးဖြစ်တဲ့ မနှစ်က စက်တင်ဘာလမှာ ရေးဖူးပါတယ်။  အဲ့ဒါကြောင့် ကျမရဲ့ ဘလော့မိတ်ဆွေတွေအကြောင်းကိုပဲ ဘလော့ဒေးအမှတ်တရ ရေးလိုက်ပါတယ်။

~ . ~ . ~. ~. ~

 ပြောရရင်တော့ ကျမဟာမာနကြီးတာမျိုး၊ အထာကိုင်တာမျိုးမဟုတ်ပေမဲ့ နည်းနည်း ဘာသိဘာသာ နေတတ်ပါတယ်။  ဒါကြောင့် ဘလော့မိတ်ဆွေ အများကြီး မရှိပါဘူး။ မိတ်ဆွေလည်း သိပ်မဖွဲ့တတ်ပါဘူး။ ကိုယ်..အားတဲ့အချိန်တွေမှာ ကိုယ့်ဆီ လင့်(ခ်)ရလို့ လာလည်ကြသူတွေဆီ အမြဲ ပြန်လည်ပြီး comment ချန်တာမျိုးပဲ ရှိတတ်ပါတယ်။ ရှိရှိသမျှ ဘလော့ဂါ တွေရဲ့ တက်လာသမျှပို့(စ်)တွေကို စောင့်ဖတ်တတ်ပေမဲ့ ဘာခြေရာမှ မချန်ဘဲ တိတ်တိတ်လေး ပြန်လာတတ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒီဘလော့ကိုလည်း သိပ်ပြီး promote မလုပ်ပါဘူး။ ကျမရဲ့ မျက်နှာစာအုပ်ပေါ်မှာတောင် ကိုယ်ရေးထားတဲ့ပို့(စ်)တွေ ပြန်မ share ပါဘူး။ ကိုယ့်ဘလော့အကြောင်းလည်း သိပ်မပြောပါဘူး။ ဘာလို့လဲဆိုတော့ privacy လိုချင်လို့ပါ။ ကိုယ်စိတ်ဝင်စားတာတွေ၊ ကိုယ့်စိတ်ထဲရှိတာတွေ၊ ကိုယ့်ခံစားချက်တွေကို ကိုယ့်ရဲ့အားလပ်ချိန်မှာ စိတ်ပြေလက်ပျောက် စာရေးချင်လို့ပါ။ ကိုယ့်ရဲ့ ဘလော့ပေါ်မှာ ဆဲတာ၊ဆိုတာ၊ ငြင်းခုန်ကြတာတွေကိုလည်း မမြင်ချင်လို့ပါ။ ဒါကြောင့် ကျမမှာ ဘလော့မိတ်ဆွေတွေ သိပ်မရှိသလို၊ ကျမရဲ့ သူငယ်ချင်းတော်တော်များများကလည်း ကျမရဲ့ဘလော့ကို မသိကြပါဘူး။

ပြောရင်းပြောရင်းနဲ့ စကားများသူတို့ ထုံးစံအတိုင်း နိဒါန်းပျိုးနေတာ နည်းနည်း ရှည်သွားပါပြီ။ တကယ်ရေးမဲ့အကြောင်းကိုပဲ ရေးပါတော့မယ်။ ကျမရဲ့ ဘလော့အကြောင်းနဲ့ ဘလော့မိတ်ဆွေတွေအကြောင်းကို။

ဒီဘလော့ကို စဖွင့်တော့ ကျမ BaganNet မှာ အလုပ်လုပ်နေတုန်းပဲ ရှိပါသေးတယ်။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဘလော့ရေးပါလားလား။ blogspot account ဖွင့်ပါလားလို့ အကြံပေးတာကတစ်ကြောင်း၊ ပြီးတော့ MZ မှာလည်း လူတွေ သူတို့ဘလော့တွေအကြောင်းပြောတာကြောင့်ပါ (၂၀၀၉ )ခုနှစ်၊ မတ်လ(၉ )ရက်နေ့မှာ စဖွင့်ခဲ့ပါတယ်။

စဖွင့်ခါစက ရေးဖော်ရေးဖက်ကတော့ အထက်တန်းကျောင်းကတည်းက ခင်ခဲ့ရတဲ့၊ ကွန်ပျူတက္ကသိုလ်မှာလည်း တောက်လျှောက် ကျောင်းအတူတက်ခဲ့တဲ့ ကျမရဲ့ ချစ်သူငယ်ချင်း Leo Zin ပါ။ သူက အရင်ဆုံး Dream Girl ဆိုပြီး အကောင့်တစ်ခုနဲ့ စာရေးပါတယ်။ နောက်တော့ အဲ့အကောင့်ကိုပိတ်ပြီး Leo Zinဆိုတဲ့ အကောင့်အသစ်နဲ့ စာရေးပါတယ်။ ဒါပေမဲ့ တစ်ပုဒ်စ၊ နှစ်ပုဒ်စရေးပြီး အလုပ်တွေများလို့ဆိုကာ ဆက်မရေးတော့ပါဘူး။ ပြန်ရေးပါလားလို့ တိုက်တွန်းတော့ သူ.. အေးအေးဆေးဆေးဖြစ်သွားရင် ရေးမယ်ပြောပါတယ်။ ဒါပေမဲ့ သူက အိမ်ထောင်ကတစ်ဖက်၊ stress များပြီး အလုပ်တအားများတဲ့ သူ့အလုပ်ကတစ်ဖက်၊ ACCAစာမေးပွဲတွေကတစ်ဖက်၊ ဘာသာရေးလုပ်ငန်းတွေကတစ်ဖက်မို့ ပြန်ရေးဖြစ်ပါ့မလားလို့ တွေးမိပါတယ်။ ( သူက စာမရေးတော့ပေမဲ့ ကိုယ့်စာတွေ လာဖတ်ပုံရပါတယ်။ ကိုယ်ရေးကိုယ်တာပို့(စ်)တွေရေးပြီးရင် ကိုယ့်ကို ဟိုမေးဒီစစ်လုပ်တတ်လို့ သူ့ကို နည်းနည်းတော့ လန့်ရပါတယ်။ :P)

နောက်ထက် ခင်မင်ရတဲ့ ရေးဖော်ရေးဖက်ကတော့ လူပျိုကြီး Libra Tun ပါ။ သူကတော့ အဲ့ဒီဘလော့အပြင် အင်္ဂလိပ်စာအတွက် ဘလော့တစ်ခု၊ photography အတွက် ဘလော့တစ်ခု၊ နည်းပညာအတွက် ဘလော့တစ်ခု ဖွင့်ထားပါတယ်။ ကိုယ်ကတော့ အဲ့ဒီ Libra Tun account တစ်ခုကိုပဲ ဖတ်ပါတယ်။ အမြဲပြုံးနေပြီး လူတိုင်းကို ကူညီတတ်တဲ့၊ တစ်ခါတစ်ရံ အူကြောင်ကြောင်တွေလုပ်တတ်တဲ့ အဲ့ဒီ တူထွန်း (Libra = တူ)ကိုတော့ ကွန်ပျူတာတက္ကသိုလ်နောက်ဆုံးနှစ်မှာ ပရောဂျက်အတူတူလုပ်ရင်း ခင်ခဲ့တာပါ။ ကျမ စလုံးကို ရောက်လာပြီး Home sick ကြောင့်ရော၊ ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲတာရော၊ ရေပြောင်းမြေပြောင်းအဆင်မပြေတာတွေကြောင့်ပါ တငိုငိုတရီရီ လုပ်နေတဲ့ ကျမကို စာပြန်ရေးဖို့ တိုက်တွန်းခဲ့တဲ့ သူငယ်ချင်းပါပဲ။ ( အဲ့တုန်းကတော့ သူတိုက်တွန်းပေမဲ့ ကိုယ်က စာပြန်မရေးဘဲ Farmvillieတွေ၊ Cityvillieတွေဘက်ကို လှည့်သွားခဲ့ပါတယ်။ :D )

အပြင်မှာရော၊ ဘလော့မှာပါသိတဲ့ နောက်ထပ် ဘလော့မိတ်ဆွေကတော့ သဘောကောင်းပြီး၊ ပွင့်လင်းတဲ့ Choco Thazin ပါ။ သူလည်း ကွန်ပျူတာတက္ကသိုလ်ကပါပဲ။ ကျောင်းမှာတုန်းကတော့ မျက်မှန်းတန်းမိရုံသာရှိခဲ့ပေမဲ့ ဘလော့ပေါ်၊ မျက်နှာစာအုပ်ပေါ်မှာ သူငယ်ချင်းတွေဖြစ်သွားတဲ့အခါမှာ သူ့ကို  တော်တော်လေးကို ခင်မိသွားပါတယ်။ ဘလော့စရေးခါစကဆို ရေးသမျှပို့(စ်)တွေမှာ အားဆေးတွေတို်က်ကျွေးတတ်ပြီး လက်တွဲခေါ်ခဲ့တဲ့၊ ကိုယ်စာမရေးတော့လို့ စာပြန်ရေးဖို့ အမြဲ တိုက်တွန်းခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အခုတော့ သူလည်း စာမရေးတာ တော်တော်ကြာပြီ။ မျက်နှာစာအုပ်မှာလည်း ပေါ်လိုက်၊ ပျောက်လိုက်နဲ့။ မအားဘူးနဲ့တူပါတယ်။

လူချင်းမသိပေမဲ့ ဘလော့ပေါ်မှာ သိမိတဲ့သူကတော့ မျှဝေမှုတို့ စုစည်းရာ ဘလော့ကိုရေးတဲ့ ကိုအင်္ဂါဟူးပါ။ သူ့ကြောင့်ပဲ ကျမရဲ့ဘလော့လေး All Myanmar Blogger စာရင်းထဲမှာ ပါသွားတာပါ။ သူရေးတဲ့၊ ဝေမျှတဲ့စာတွေကို သဘောကျလို့ သူ့ဆီမှာ ကွန့်မက်တွေ ချန်တတ်ပါတယ်။ သူ့ဘလော့က လူသိပ်မသိပါဘူး။ သူကတော့ စာစရေးကတည်းက အရေးကျဲ၊ အတင်ကျဲပြီး သူ့ဘလော့လေးငြိမ်သက်နေတာလည်း တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ရှိပြီ ထင်ပါတယ်။ ဘလော့လေးကို စွန့်ခွာလိုက်ပြီ ထင်ပါတယ်။

နောက်တစ်ယောက်ကတော့ မိုးခါးပါပဲ။ ကိုယ်.. စာရေးခါစတုန်းက ကိုယ့်ဆီ မကြာခဏ အလည်လာတတ်သူပါ။ အခုတော့ သူလည်း စာမရေးတော့ပါ။ ဥပုသ်နေ့တော့ ဘလော့ကနေ အပတ်စဉ် နှိုးဆော်ပေးပါတယ်။ ကျေးဇူးပါ။ မဟုတ်ရင် ကိုယ်လည်း သိမှာမဟုတ်။

ကျမ မှတ်မိသလောက်တော့ ကျမကိုယ်တိုင်လည်း (၂၀၁၀) မေလလောက်အထိပဲ စာရေးခဲ့ပြီး အဲ့ဒီနောက်ပိုင်း ဘလော့နဲ့ ဝေးသွားပါတယ်။ စာတွေလည်း လိုက်.. မဖတ်ဖြစ်တော့ပါဘူး။ လေး၊
ငါးလနေလောက်မှာ တစ်ပုဒ်လောက် ထရေးရင်လည်း ရေးပါတယ်။ (၂၀၁၂) နှစ်ဆန်းပိုင်းလောက်မှာမှ ဘလော့တွေ၊ စာတွေပြန်ဖတ်ဖြစ်ပြီး (၂၀၁၂) စက်တင်ဘာလောက်ရောက်မှသာ စာပြန်ရေးဖြစ်တာပါ။

စာပြန်ရေးဖြစ်တဲ့နောက်ပိုင်းမှာတော့ ခင်ဖို့ကောင်းတဲ့ အမ မစပယ်ချို၊ ကွန့်မက်တွေအမြဲချန်တတ်တဲ့ ညီမလေးမိုးနတ် ( သူပျောက်နေတာကြာပြီ။) တို့နဲ့ ခင်ခဲ့ပါတယ်။ လူတွေနဲ့ လိုက်လျောညီထွေမှုရှိပြီး သဘောကောင်းတဲ့၊ ဘလော့မှာ အားဆေးလေးတွေချန်တတ်တဲ့ မစံပယ်ချိုရဲ့ဘလော့နဲ့အတူ သူ့ရဲ့ အမျိုးသား ကိုလွင်ပြင်ရဲ့ ဘလော့ကို သိပြီး ကဗျာတွေ၊ စာတွေ ဖတ်ခဲ့ရပါတယ်။ ( မဂျက်(စ်)ကြောင့် ကဗျာတွေ လိုက်ဖတ်တတ်တဲ့ အကျင့် ရသွားတာပါ)။

အဲ့ဒီနောက်တော့ လင့်(ခ်)ရပြီး စာလာဖတ်တဲ့ ဆရာ ကိုငြိမ်းစိုးဦးနဲ့ ဆရာ ကိုကြည်နိုင်တို့ရဲ့ ကိုယ်ပိုင်ဘလော့တွေမှာ စာဖတ်ခွင့် ရခဲ့ပါတယ် (သူတို့တွေရေးတဲ့ အတွေးကောင်း၊ အရေးဆန်းတဲ့စာတွေကိုတော့ တခြားနေရာတွေမှာ ဖတ်ဖူးပါတယ်။ ကိုယ့်ဘလော့ကို အလည်လာကြတော့ အံ့သြဝမ်းသာမိပါတယ်)။

နောက်... စာလိုက်ဖတ်ရင်း စာရေးကောင်းလို့ သဘောကျမိတဲ့၊ ကိုယ်ချန်ခဲ့တဲ့ ကွန့်မက်တစ်ခု၊နှစ်ခုကနေ ကိုယ့်ဘလော့ကို လိုက်လာပြီး စာလာဖတ်တတ်တဲ့ တက်သစ်စစာရေးဆရာ ကိုဝေမိုးနိုင်နဲ့ ဘလော့ဂါ မမြတ်ပန်းနွယ်တို့လည်း ရှိပါသေးတယ်။ ကျမရဲ့ ပထမဦးဆုံး one and only short story လေးကို သေသေချာချာဖတ်ပြီး အပြုသဘောနဲ့ ဝေဖန်ထောက်ပြပေးတဲ့ ကိုဝေမိုးနိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ နောင်လည်း ဝတ္ထုတိုလေးတွေရေးဖြစ်ခဲ့ရင် ထောက်ပြ၊ သင်ပြပေးပါဦးလို့။း)

နောက်ဆုံး ကျန်နေသေးတဲ့ ဘလော့မိတ်ဆွေလေးကတော့ ဘလော့ပေါ်မှာရော၊ အပြင်မှာပါသိတဲ့ နွေဦးမိုး ဘလော့ကိုရေးတဲ့ ဘလော့ဂါ ကြည်ဖြူပိုင်ပါပဲ။ သူက .. ကိုယ့်လို မဟုတ်ဘူး။ စာရေးကောင်းတယ်။ သူ့ကိုတော့ NTU cultural night မှာ အတူတူကတုန်းက သိခဲ့တာပါ။ သဘောကောင်းပြီး ကူညီတတ်တဲ့၊ ဟင်းချက်ကောင်းတဲ့ အဲ့ဒီ သူငယ်ချင်းမလေးက အတူတူကကြတုန်းက ကျမကို သူ့ဘလော့လိပ်စာလေး ပေးပါတယ်။ ကိုယ်က ခပ်တည်တည်နဲ့ယုထားပြီး သူ့ဘလော့မှာ စာတွေသွားဖတ်၊ ကွန့်မက်တွေချန်ခဲ့ပါတယ်။ သူက ကိုယ်မှန်းမသိဘဲ ကိုယ့်စာတွေပြန်လာဖတ်ပြီး ကွန့်မက်တွေ ချန်သွားပါတယ်။ ကိုယ့်မှာ ရီလိုက်ရတာ။ တော်တော်ကြာမှ သူ့ကို ကိုယ်မှန်းသိအောင် ပြောလိုက်ရပါတယ်။ :P

ဒီလောက်ဆိုရင်တော့ ကျမရဲ့ ဘလော့မိတ်ဆွေတွေ ကုန်ပြီထင်ပါတယ်။ အများကြီးတော့ မရှိပါဘူး။ ရှိရင်လည်း ဒီလိုပို့(စ်)ရေးနိုင်မယ် မထင်။ တကယ်လို့ တစ်ယောက်စ၊ နှစ်ယောက်စ ကျန်ခဲ့ရင်လည်း ခွင့်လွှတ်ကြပါလို့။
အားလုံးပဲ Happy Belated Blog Day ပါ။ ဘလော့မိတ်ဆွေတွေအပြင် ကျမရေးတဲ့စာတွေကို အမြဲ ပုံမှန် လာဖတ်ကြတဲ့ ကျမနဲ့သိသူ၊ မသိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

စကားချပ်။ ။ ဒီပို့(စ်)ကလေးဟာ ကျမစာရေးတဲ့သက်တမ်းတစ်လျှောက် ပထမဆုံးရေးတဲ့ tagged post လေးပါ။ နောက်ကျမှရေးပေးပေမဲ့ နောက်ကျတာက လုံးဝမရေးတာမဟုတ်တာမို့ မဂျက်(စ်)ကျေနပ်မယ်လို့ ထင်ပါတယ်။ :P

Regards,






14/09/2013; 6:20PM; GMT+8

5 comments:

  1. စိတ်ဝင်တစား ဖတ်သွားခဲ့ပါတယ် ရှင်။ :)

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete
  2. ဟန်ကြည်September 16, 2013 4:46 PM

    အေးဗျ...choco thazin တစ်ယောက် စာမရေးတော့တာ နှစ်နဲ့တောင် ချီနေပြီထင်တယ်...

    ReplyDelete
  3. မမ​မေ ... မ​မေ့​သေးပဲ ထည့်​​ရေးတာ​ကျေးဇူး :-)
    အစ်​ကို ဟန်​ကြည်​ ... ​ရေးဖို့ ကြိုးစားပါဦးမယ်​. ​နောက်​ပိုင်း ​ရေးထားတာ​တွေ အား​ပေးပါဦး :-)

    ReplyDelete
  4. ကျေးဇူးပါပဲညီမလေးရေ....နောက်ကျလဲရပါတယ် အမဂျက်လဲလာဖတ်တာနောက်ကျတာပါပဲ ဘလော့ထဲမ၀င်ဖြစ်လို့နော်
    ဘလော့ဂါတွေအများကြီးပါအောင်ရေးတတ်တာလဲချစ်စရာတမျိုးပဲညီမရေ
    ..ပျော်ရွှင်စွာနဲ့ စာတွေရေးနိုင်ပါစေလို့

    ReplyDelete
  5. စာလာဖတ်ကြတဲ့အတွက်ရော၊ comment တွေအတွက်ပါ အားလုံးကို ကျေးဇူးပါ။း)
    @ကိုဟန်ကြည်... တကူးတက စာလာဖတ်လို့ ကျေးဇူးတင်ပါတယ်။ စကားမစပ်.. ချိုကိုသဇင် စာမရေးတာ (၃)လလောက်ပဲ ရှိပါသေးတယ်။
    @ မဂျက်(စ်) .. No worries, I know you are busy and thanks for asking me to write this tagged post. Thanks for ur encouragement as well. :)

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer