" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

September 29, 2013

Miss World 2013

(၆၃)ကြိမ်မြောက် Miss World 2013 ပြိုင်ပွဲကို (၂၀၁၃)ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့မှာစတင်ခဲ့ပြီး နောက်ဆုံးစကာတင်ပြိုင်ပွဲကို စက်တင်ဘာလ (၂၈)ရက်နေ့ ... အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာရှိတဲ့ Dua Convention Center မှာကျင်းပခဲ့ပါတယ်။ အစကတော့ ဂျကာတာမြို့  မှာ ကျင်းပဖို့  စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ဘာသာရေးဆိုင်ရာ ကန့်ကွက် ဆန္ဒပြမှု တွေကြောင့် နောက်ဆုံးတော့ .. အလှမယ်တွေကို ပြိုင်ပွဲအတွက် campသွင်းနေစဉ်ကာလအတွင်းမှာပဲ ဘာလီကျွန်းကိုရွှေ့ပြောင်း ကျင်းပခဲ့ပါတယ်။

Miss World 2013 သရဖူကို ရရှိသွားသူကတော့ ဖိလစ်ပိုင်နိုင်ငံမှ အလှမယ် Megan Young ပဲ ဖြစ်ပါတယ်။ Miss World ပြိုင်ပွဲသမိုင်းမှာ Venezuela နိုင်ငံက အောင်မြင်မှုအများဆုံးရခဲ့ပြီး သရဖူကို (၆)ခါဆောင်းဖူးပါတယ်။ India နဲ့ Britainကတော့ (၅)ကြိမ်ဆီရဖူးပါတယ်။ ဖိလစ်ပိုင်ကတော့ ဒါ.. ပထမဦးဆုံးအကြိမ် ရတာပါ။

American-Fillipino Beauty, Megan Young
Filipino Actress, Megan Young
Beach Beauty 4RU, Philippines

Miss World 2013 ပြိုင်ပွဲရဲ့ First runner-upဆုကို ပြင်သစ်အလှမယ် Marine Lorphelinက ရရှိခဲ့ပြီး Second runner-upဆုကိုတော့ Miss Gahana, Carranzar Naa Okailey Shooterက ရရှိခဲ့ပါတယ်။


ဆုရတဲ့အလှမယ်တွေကို အစဉ်အတိုင်း ရေးပြရမယ်ဆိုရင် အောက်ပါအတိုင်း ဖြစ်ပါတယ်။

Top- 5
Brazil, Ghana, Philippines, France, Spain

People's Choice
Gibraltar

Top-10
Australia, Nepal, England, Indonesia, Jamaica + Top-5

Top-20
Ukraine, India, Netherlands, Italy, Slovakia, Dominican Republic, USA, Hong Kong, Thailand, Belgium, Aruba + Top-10

Top-20 (MW2013)

MW2013ပြိုင်ပွဲရဲ့ Continental Beauty Queen တွေကတော့
Queen of Americas: Brazil
Queen of Africa: Ghana
Queen of Caribbean: Jamaica
Queen of Asia: Phillipines
Queen of Oceania: Australia
Queen of Europe: France တို့ပဲ ဖြစ်ကြပါတယ်။


Top-20 ကိုဝင်စေတဲ့ Special award winnerတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


Top Model: Philippines ( USA:1RU, France: 2RU)


Beach Beauty: Brazil ( France:1RU, Ghana: 2RU)

တကယ်တော့ MWရဲ့ မူအရ အလှမယ်တွေက ရေကူးဝတ်စုံနဲ့ ပြိုင်ရမှာပါ။ ဒါပေမဲ့ မူစလင်ဘာသာရေးဆိုင်ရာ ကန့်သတ်ချက်နဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှု တွေကြောင့် MW Organization ရဲ့ဥက္ကဌ Julia Morley ဟာ MW2013 ပြိုင်ပွဲအတွက် swimsuit competition နေရာမှာ beach beauty ကို အစားထိုးဖို့ သဘောတူပေးခဲ့ရပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ two-piece မဟုတ်တဲ့ ရေကူးဝတ်စုံအပြည့်မှာ အောက်က ပိတ်စပတ်ပြီး ပြိုင်ကြရပါတယ်။ ဒီပြိုင်ပွဲမှာ ဘရာဇီးကအလှမယ်က ဆုရခဲ့ပါတယ်။
Beach Beauty Winner, Brazil
Beach Beauty: Top-11

Beauty with a Purpose: Nepal (1RU: Australia, 2RU:Tanzania)


အပေါ်က video clipလေးဟာ  Miss Nepal ဆုရသွားတဲ့ သူမရဲ့ Beauty With A Purpose Project ပါ။ ခေါင်းစဉ်လေးက "Project Smile: Free Dental Camp"တဲ့။ သွားဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အပြုံးရဲ့အရေးပါပုံနဲ့ ခံတွင်းသန့်ရှင်းရေး အရေးပါပုံကိုသိတာကတစ်ကြောင်း၊ သူမဖခင်လိုပဲ လူတွေကိုတစ်ခုခုပြန်ပေးချင်တာကတစ်ကြောင်းကြောင့် ဒီပရောဂျက်ကို လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ သူငယ်ချင်းတွေနဲ့အတူ fund ရှာ၊ သူမရဲ့ စီနီယာသွားဆရာဝန်နဲ့တိုင်ပင်ပြီးတဲ့နောက်မှာ နီပေါနိုင်ငံရဲ့ အစွန်အကျဆုံး Jumlaမြို့ကိုသွားခဲ့ပါတယ်။ သွားတိုက်တံနဲ့ သွားတိုက်ဆေးရှိတယ်ဆိုတာတောင် မသိတဲ့ လူတွေကို ပညာပေးခဲ့တယ်။ မိခင်တွေကိုလည်း သေချာရှင်းပြခဲ့တယ်။ သွားတွေ စစ်ဆေးပေးခဲ့တယ်ဆိုပါတယ်။ :)

Miss Nepal watching her own Project
Sport: Netherlands ( Spain:1RU, Northern Ireland:2RU)


Multimedia: India (Thailand: 1RU, Nepal:2RU)


Talent: Indonesia (Australia:1RU, Ukraine: 2RU)

Miss Indonesia singing Opera
12 Finalists
Talent Competition မှာတော့ အင်ဒိုနီးရှားအလှမယ်က ဆုရသွားပါတယ်။ ဖိလစ်ပိုင်ပရိတ်သတ်တွေကတော့ Miss Austraila က ပိုရသင့်တယ်။ ဘာဖြစ်လို့ MW ရဲ့ competition မှာ သီချင်းဆိုတဲ့သူတွေကြီးပဲ ဆုရကြတာလဲ ဘာညာဆိုပြီး ကွန်ပလိန်းတက်ကြပေမဲ့ ကျမအမြင်မှာတော့ Miss Indonesia ဟာ ဒီဆုနဲ့ ထို်က်တန်ပါတယ်။ အော်ပရာကို တကယ် ပိုင်ပိုင်နိုင်နိုင်ဆိုသွားတာဟာ မနှစ်ကဆုရတဲ့ Miss World 2012, Wenxia Yu ထက်တောင် သာပါသေးတယ်။ Miss Indonesia, Vania Larissa ဟာ သူမ အသက် (၁၄)အရွယ်တုန်းကလည်း Indonesia Got Talent ပြိုင်ပွဲမှာ ဆုရဖူးပါတယ်။ အောက်က video clip ကလေးက talent ပြိုင်ပွဲ overview လေးပါ။


အောက်က video clip ကလေးက Final Q & A session လေးပါ။


My Preferences for MW2013

ဒီပြိုင်ပွဲအတွက် ကျမအကြိုက်ဆုံး မယ်ကိုပြောပါဆိုရင် ပြင်သစ်အလှမယ် Marine Lorphelin ပါ။ ပြင်သစ်အလှမယ်အပြင် ယူကရိန်းအလှမယ်Anna Zaiachkivska နဲ့ ဘရာဇီးအလှမယ် Scancler Frantz တို့ကို ကြိုက်ပါတယ်။ Miss Indonesia ကိုလည်းကြိုက်ပါတယ်။

 ပြင်သစ်အလှမယ်ကိုတော့ ကြိုက်တယ်ဆိုတာထက် အသည်းယားပြီး ချစ်မိတာပါ။ တော်တော်လေးကို ငယ်ရွယ်သွက်လက်ပြီး အရမ်းကို lively ဖြစ်ပါတယ်။ သူ.. ပြင်သစ်မှာ ရေခဲကန်ထဲဝင်ပြထားတဲ့ video clip ကိုကြည့်ရတော့ တော်တော် အသည်းယားမိပါတယ်။




ယူကရိန်းအလှမယ်ကိုလည်း ကြိုက်ပါတယ်။ ဘယ်လိုရုပ်လေးလည်း မသိပါဘူး။ အရုပ်လေးနဲ့တူပြီး ချစ်ဖို့ကောင်းပါတယ်။ သူမကတော့ top-20မှာတင် ပြီးသွားပါတယ်။ Top Modelမှာ 3rd runner-upရခဲ့ပြီး talent competitionမှာတော့ second runner-up ပါ။



ဘရာဇီးအလှမယ်ကတော့ ဖိလစ်ပိုင်အလှမယ်လိုပဲ ပရိတ်သတ်အများဆုံးရထားတဲ့သူပါ။ သူမဟာ မျက်နှာရော၊ ကိုယ်လုံးပါ တော်တော်လေးကို လှပါတယ်။ ဘရာဇီး (သို့မဟုတ်) ဖိလစ်ပိုင်အလှမယ် ဆုရမယ်လို့ လူတွေက တစ်ကြိုပေးခဲ့ပေမဲ့ တကယ်တမ်းတော့ သူမဟာ MW ကို 3rd runner-up၊ Beach Beautyနဲ့ Queen of Americasတို့နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ Top Model နဲ့ Beauty With A Purpose programme တွေမှာတော့ 4RU ပါ။ သူမဟာ crowning moment ... Julia Morleyက ဆုရတဲ့သူတွေကို ကြေငြာတဲ့အချိန်မှာ တော်တော်လေးကို စိတ်လှုပ်ရှားနေပါတယ်။

Top Model: 4RU



MW2013ဆုရသွားတဲ့ Megan Youngကို တော့ သိပ်မကြိုက်ပါဘူး။ Megan Young ဟာ အရပ်လည်းမြင့်၊ ကိုယ်လုံးလည်းလှ၊ အရည်အချင်းလည်းရှိပါတယ်။ ဆွဲဆောင်မှုလည်း ရှိပါတယ်။ ဒါပေမဲ့ .. ဘာလို့လည်း မသိပါဘူး။ သူ.. သိပ်မပြုံးပါဘူး။ ဆုရတာတောင် သိပ်ပြီး ပျော်တာမျိုး၊ တုန်လှုပ်တာမျိုးလည်း မရှိပါဘူး။ သို့သော်လည်း သူရသင့်လို့ရတယ်၊   ဒီ Miss World 2013 ပြိုင်ပွဲ ဟာလည်း Fair and Squareဖြစ်တဲ့ ပြိုင်ပွဲတစ်ခုပဲ ဖြစ်တယ်လို့ ယူဆမိပါတယ်။ Final Q & A မှာ သူဖြေတာကောင်းပါတယ်။ ဒီနှစ်မှာ နန်းခင်ဇေယျာ MW2013 ဝင်ပြိုင်မယ်၊ ဖိတ်ခေါ်ခံရတယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ပေမဲ့ တကယ်တော့ သူ.. ဝင်မပြိုင်ခဲ့ပါဘူး။ Franchise လုပ်မဲ့သူ မရှိတာကြောင့် ထင်ပါတယ်။ Miss World 2014 ပြိုင်ပွဲကိုတော့ နောင်နှစ်၊ အင်္ဂလန်မှာ ကျင်းမမယ်ဆိုတဲ့အကြောင်း သတင်းပါးရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

Regards,
witch83 (29/09/2013; 3:28PM; GMT+8)

References
1. http://www.missworld.com
2. http://globalbeauties.com/world/
3. http://en.wikipedia.org/wiki/Miss_World_2013
4. http://news.yahoo.com/indonesia-host-miss-world-final-despite-muslim-anger-220414335.html
5. The Ideal Beauty
6. Missosology

2 comments:

  1. ဟန်ကြည်October 01, 2013 9:39 PM

    အေးဗျာ ဒီရက်ပတ် MNTV ကနေ မြန်မာ miss universe ပြိုင်ပွဲအကြောင်းချည်း ရေးကြီးခွင့်ကျယ်လွှင့်နေတာ မျက်စိကို နောက်ရော...ဟိုလူကို ဗုတ်ပါ ဒီလူကို ဗုတ်ပါနဲ့ တစ်ဗုတ်တည်းဗုတ်ခိုင်းနေတာကလည်း တစ်မှောင့်...လှတာလည်း မင်္ဂလာတစ်ပါးပေါ့လေ...သို့ပေမင့် ရုပ်အလှတစ်ခုတည်းနဲ့တော့ မင်္ဂလာအားလုံး မပြည့်စုံနိုင်တာကိုတော့ ရွှေပြည်သူလေးများ သဘောမပေါက်ကြပဲကိုး...မယ်ပြိုင်ပွဲဝင်တွေ ခေါင်းသံချေးကိုက်တွေ မြင်နေရပြန်တော့လည်း ရင်ထဲမှာ တစ်မျိုးကြီးဗျို့...အင်း သူများမယ်တွေက ဟန်ဆောင်ထားတဲ့ ဖြူစင်မှု မဟုတ်တာ ခံစားလို့ရနေပြန်တော့လည်း ကိုယ့်ဆီကကလေးတွေကို ရိုးသားပွင့်လင်းတဲ့ အလှစစ်ကလေးတွေ ဖြစ်စေချင်တော့တာပါပဲ...

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer