" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

September 21, 2010

အကယ်၍.....

ကျမရဲ့ အဖိုးနဲ့အဖွားနှစ်ဦးအနက်မှာ အဖွားက တရှောင်ရှောင်နဲ့မို့ အဖွားပဲ ဆေးခန်း အမြဲ သွားနေရတာပါ။ ဆေးရုံပေါ်မှာ တစ်လလောက် ခဏခဏ ... တင်တင်ထားရတာလည်း အဖွားပါပဲ။ အဖိုးကတော့ ဒေါင်ဒေါင်မြည်ပါတယ်။ နေမကောင်းဘူးလို့ သိပ်မကြားဖူးပါဘူး။ ဒါပေမဲ့.... ဒီနှစ် မေလထဲမှာ စာမေးပွဲပြီးလို့ ရန်ကုန် တစ်ခေါက်ပြန်လို့ အဖိုးနဲ့တွေ့တော့ သူ... တော်တော် ပိန်သွားပါတယ်။ "အဖိုး... ပိန်သွားတယ်နော်"လို့ ပြောတော့ ရာသီဥတု ပူလို့ အစာမစားနိုင်ဘူး ပြောပါတယ်။ ကျောက်ကပ် မကောင်းဘူးလို့လည်း ပြောပါသေးတယ်။ ဒါပေမဲ့ လူကြီးမို့ ဖြစ်တတ်တာကတစ်ကြောင်း၊ အဖွားလို အခြေအနေ မဆိုးတာကတစ်ကြောင်းကြောင့် အမှုမဲ့၊ အမှတ်မဲ့နဲ့ပဲ ထားလိုက်မိပါတယ်။
အဖိုးနဲ့ဆို စစ်တပ်ကပီပီ စစ်တပ်စကား ပြောလွန်းလို့ သူနဲ့ စကားပြောရင် လေပေးမဖြောင့်ပါဘူး။ ပိုဆိုးတာက ကိုယ်သိပ်ချစ်တဲ့ မေမေနဲ့ အဒေါ်တွေကို အပြစ် အရမ်း ပြောတာပါ။ စကားကလည်းများလွန်းတော့ သူနဲ့ စကားပြောမိရင် အနည်းဆုံး တစ်နာရီလောက် ထိုင်နားထောင်ပေးရပါတယ်။ စ...ပြောကတည်းက ကိုယ့်အတွေးနဲ့ ဆန့်ကျင်တာတွေကို ပြောတတ်တာမို့ နာရီဝက်လောက် ကြာလာရင် တော်တော် စိတ်ညစ်လာတတ်ပါတယ်။ ခေါင်းလည်း ကိုက်လာပါတယ်။ ကြားနေကျ ဓါတ်ပြားကြီးကတော့ ..... သူ ငယ်ငယ်က စစ်အတွေ့အကြုံတွေ ပထမဆုံးစပြော၊ နောက်... စစ်တပ်ကောင်းကြောင်းပြော၊ ပြီးရင် DASSK မကောင်းကြောင်းပြော၊ နောက် မောင်နှမဝင်းကွဲတွေထဲက သူမကြိုက်တဲ့သူတွေ အကြောင်း (ကိုယ့် ညီမအရင်း အငယ်ဆုံးမလည်း ပါပါတယ်။ ) ပြော...... အဲ နောက်ဆုံးကျ ကိုယ့်အဒေါ်တွေ၊ အမေတွေ ပါလာတော့ပါပဲ.... ကိုယ်ကလည်း အဲ့အချိန် ရောက်ရင် ပြန် ခံပြောတော့တာပါပဲ။ မိုက်မိုက်ရိုင်းရိုင်း ပြန်မပြောတာကလွဲရင် ခံပြောပါတယ်။ ကိုယ့်ကို ချစ်မှန်းသိလို့၊ ခံပြောလည်း
မဆူတတ်တာမို့၊ ရူးသလို ပေါသလိုနဲ့ သူပြောတဲ့စကားတွေကို ပြန်ပြန် ခံပြောတတ်ပါတယ်။ ဒါပေမဲ့ ဒီ စက်တင်ဘာလ လဆန်းလောက်က အဖိုးနေမကောင်းဘူးလို့ မောင်ဝင်းကွဲ တစ်ယောက်ဆီက email လာပြီး (၁၀)ရက်လောက်အကြာမှာ အဖိုးဆုံးသွားပါတယ်။ အရမ်းကို မြန်လွန်းပါတယ်။ စိတ်ထဲမှာ အဲ့လောက် မြန်မယ်လို့ မထင်ပါဘူး။ တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ ဆုံးသွားပြီလို့ သိလိုက်တဲ့အချိန်မှာ ပထမဆုံး ဖြစ်တာက အရမ်း အံ့သြသွားတာပါပဲ။ ပြီးတော့ ကိုယ်, ရန်ကုန်ပြန်တုန်းက ခံပြောခဲ့တာကို ချက်ချင်း သတိရသွားပါတယ်။ တော်တော်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ လောကကြီးမှာ ပြန်ပြီးနုတ်ယူလို့မရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ ပြီးတော့ ဒီလောကကြီးက မသေချာတဲ့ လောကကြီးပါ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။ Apple ကုမ္ပဏီတည်ထောင်သူ Jobs Steveဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုချခါနီးတိုင်းမှာ "အကယ်၍..... ဒီနေ့ဟာ ငါ့ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့မှာ ငါဘာတွေလုပ်မလဲ?" လို့ ကိုယ့်ကိုကိုယ် မေးလေ့ ရှိပါတယ်။ ကျမတို့ကရော? ကျမတို့ လူသားတော်တော်များများဟာ အဲ့ဒီ နောက်ဆုံးနေ့ဆိုတာကြီးကို မေ့ပြီး လောဘတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ ကိုယ့်ကိုကိုယ် လောင်ကျွမ်းနေကြတာပါ။ တကယ်တော့ ကျမတို့ရဲ့ နောက်ဆုံးနေ့ဆိုတာကလည်း လက်တကမ်းမှာပဲ ရှိတာပါ။ ဒါကြောင့် ကျမတို့လည်း "အကယ်၍..... ဒီနေ့ဟာ ငါတို့ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်"ဆိုတဲ့ အသိလေးထားပြီး ဘဝကို ကောင်းမွန်အောင် ဖြတ်သန်းကြပါစို့လား သူငယ်ချင်းတို့ရေ........

1 comment:

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer