" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

October 09, 2012

တကယ်တော့ ပန်းတိုင်က မဝေးတော့ပါဘူး။


ဒီကာတွန်းရုပ်ပုံလေးကို မြင်မိတာ တော်တော်ကြာပါပြီ။ သဘောကျလို့ သိမ်းထားမိပါတယ်။ ဖေ့ဘွတ်ပေါ်မှာလည်း လူတော်တော်များများ ဝေမျှထားတာကို ခဏခဏ တွေ့ ရတတ်ပါတယ်။
ပုံအောက်က စာသားလေးက "သင့်ပန်းတိုင်နဲ့ သင်ရောက်နေတဲ့နေရာ ဘယ်လောက် နီးကပ်နေပြီဆိုတာ သင်.. ဘယ်တော့မှ မသိနိုင်ပါဘူး။ ဒါကြောင့် လွယ်လွယ်နဲ့ အလျှော့မပေးလိုက်ပါနဲ့" တဲ့။ 
(စကားချပ်။         ။ ဒီပို့(စ်)ကို ဖတ်လိုက်ရင်  ဓါတ်ပုံဘေးက စာသားနဲ့ အောက်ကဆက်ရေးထားတဲ့စာ ရုတ်တရက် မဆိုင်သလိုပါပဲ။ ဒါပေမဲ့ နည်းနည်းဆိုင်ပါတယ်။ သည်းခံပြီး ဖတ်ပေးကြပါ။ :P)

******************************

အခုလက်ရှိ ကျမနေနေတဲ့အိမ်လေးက တော်တော်ကို အဆင်ပြေပါတယ်။ မြို့ ထဲနဲ့ လည်း နီးတဲ့အပြင် အလုပ်ကိုလည်း (၁၀)မိနစ်လောက်ပဲ bus ကား စီးရတာမို့ တော်တော်ကြိုက်ပါတယ်။ နောက်ပြီး 3+1 HDB အခန်းမှာ လူက (၅)ယောက်ပဲ ရှိတာမို့ ကိုယ်နေရတဲ့အခန်းက ကျဉ်းပေမဲ့ အတူနေတဲ့သူက ကိုယ့်ညီမဖြစ်တာကြောင့် အဆင်ပြေပါတယ်။ အားလုံးက ကိုယ့်စည်းကမ်းနဲ့ကိုယ်နေ... ပြီးတော့ တစ်ပတ်တစ်ခါ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတဲ့ စည်းကမ်းမျိုး မထားဘဲနဲ့ကို အိမ်က အမြဲ သန့်နေပါတယ်။ air con ကိုလည်း control မလုပ်ထားဘဲ ကြားရက် (၈)နာရီ၊ weekends (၁၀)နာရီ ကိုယ် အဆင်ပြေတဲ့အချိန်ဖွင့်ဆိုတော့ တော်တော် အဆင်ပြေပါတယ်။ bill တက်လာရင်လည်း တစ်ယောက်နဲ့ တစ်ယောက် complain မတက်ဘဲ ဆောင်ပါတယ်။ အားလုံးက စည်းကမ်းနဲ့သုံးကြလို့ bill လည်း အလွန်အကျွံ မဆောင်ရပါဘူး။ (၅)ယောက်လုံးက လူငယ်တွေချည်းမို့ နေရတာလည်း သက်တောင့်သက်တာရှိပါတယ်။ ဒါကြောင့် အခန်းအတွက် ကုန်ကျစရိတ်က.. သူများတွေနဲ့ ယှဉ်ရင် နည်းနည်းပိုနေပေမဲ့ ကျေနပ်ပါတယ်။ ဒီစလုံးမှာ အေးအေးဆေးဆေး နားခိုလို့ရတာဆိုလို့ ကိုယ်နေတဲ့အိမ်ပဲ ရှိတယ် မဟုတ်လား။ အဲ့လိုနဲ့ ဒီအိမ်မှာ တစ်နှစ်ကျော်ကျော် နေပြီးသကာလ... ပြီးခဲ့တဲ့တစ်ပတ် စနေနေ့ညဘက် သူငယ်ချင်းနဲ့ ဖုန်းပြောနေတုန်း ဘေးခန်းကကောင်မလေးက အခန်းတံခါးလာခေါက်ပါတယ်။ စကားပြောစရာရှိလို့တဲ့။
သူတို့ အဲ့လို တံခါးလာခေါက်ရင် တိုင်ပင်စရာ တစ်ခုခု ရှိလို့ပါ။ သူက ပြောတာက အိမ်ရှင်က အိမ်လခကို (၄၀၀) ပိုတောင်းပါသတဲ့။ သူတို့အနေနဲ့က ကျောင်းသူတွေ၊ ပြီးတော့ ကျောင်းပြီးခါစ အလုပ်ရှာနေတုန်းမို့ အများကြီး မပေးနိုင်လို့ ဘယ်လို လုပ်ကြမလဲ မေးပါတယ်။ ထပ်တိုးပေးဖို့အဆင်မပြေလို့ ဘေးခန်းမှာ လူထပ်တိုးမလားဆိုတော့လည်း တခြားအခန်းက ကောင်မလေးက night shift/ morning shift လုပ်ရတဲ့သူမို့ သိပ်.. အဆင်မပြေပါဘူး။ ပြီးတော့ သူကိုယ်တိုင်က ပစ္စည်းများတဲ့အပြင် အခန်းကလည်း ကျဉ်းတာကြောင့် အပြင်လူကို တင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ်တွေက ပိုက်ဆံ ထပ်တိုးပေးဖို့ဆိုတာကလည်း ဒီ area ပေါက်ဈေးနဲ့ဆို  တော်တော် ကွာနေပြီမို့ အဆင်မပြေပါဘူး ( အရင်ကတည်းကတောင် နည်းနည်းကွာပါတယ်)။ ဒီဈေးနဲ့ဆို အနီလိုင်းမှာ တစ်ယောက်ထဲ နေလို့ရနေပြီ မဟုတ်လား။
ဒီလိုနဲ့ ... အောက်တိုဘာလကုန်ရင် အိမ်ပြန်အပ်မယ်ဆိုပြီး ဖြစ်သွားပါတယ်။ အိမ်ပြောင်းမဲ့ကိစ္စ ညီမနဲ့ တိုင်ပင်ကြည့်တော့ အနီလိုင်းမှာ တစ်ယောက်ချင်းစီပဲ နေမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်။ သူက သူ့သူငယ်ချင်းအိမ်မှာ common room ကို တစ်ယောက်တည်းပေးနေပြီး  ဈေးချိုချိုနဲ့ ရသွားပါတယ်။  ဒါနဲ့ပဲ တစ်ကိုယ်တော် အိမ်ရှာတဲ့အလုပ်ကို စလုပ်ရပါတော့တယ်။ ကြော်ငြာကြည့်၊ ဖုန်းဆက်၊ ဟိုမေးဒီမေး... အဆင်ပြေမယ်ထင်ပြီး ရုံးဆင်းရင် သွားကြည့်၊ သွားကြည့်ရင် အဆင်မပြေနဲ့ တော်တော်စိတ်ညစ်ရပါတယ်။ တစ်ယောက်တည်းကလည်းနေချင်၊ ဈေးကလည်း အများကြီး မတတ်နိုင်၊  ယောကျာ်းလေးတွေနဲ့လည်း bath room မရှဲချင်၊ ညစ်ပတ်ရင်လည်း မကြိုက်... light cooking only/ no cooking ဆိုလည်း အဆင်မပြေ.... ရှာရင်းရှာရင်းနဲ့ ... သောကြာနေ့ညနေမှာ CCK က အိမ်တစ်လုံးမှာ ဈေးပေးပျော်တဲ့ အခန်းနှစ်ခန်းသွားတွေ့ပါတယ်။ ဒါနဲ့ ဘေးခန်းက ညီအစ်မနှစ်ယောက်ကတစ်ခန်း၊ ကိုယ်က တစ်ခန်းနေမယ်ဆိုပြီး အိမ်အပြန်လမ်းမှာတိုင်ပင် ဖုန်းပြန်ဆက်တော့(၂)ယောက်နေလို့ရတဲ့အခန်းက full deposit ကို cash down ပေးသွားပါပြီတဲ့။ ( မြန်လိုက်တာ။ အေးပေါ့လေ.. (၅) ရက်နေ့ ရှိနေပြီကိုး။ ) ဒါနဲ့ ဘေးခန်းကို တစ်ယောက်တည်းရသေးလို့မေးတော့ ရပါတယ်တဲ့။ အဲ့ဒါဆို bank account လေး sms ပို့လိုက်ပါ။ ပိုက်ဆံလွှဲလိုက်မယ်ဆိုတော့ ဟုတ်ကဲ့၊ ပို့ပေးလိုက်မယ်ဆိုပြီး ဖုန်းချသွားပါတယ်။ အဲ့အချိန်ဟာ (၁၁)နာရီ ထိုးခါနီးပြီမို့ နောက်နာရီဝက်လောက်နေတဲ့အထိ sms ပို့မလာတာနဲ့ ပို့ပေးဖို့ text လှမ်းလုပ်တာ reply မပြန်ပါဘူး။ မနက်မိုးလင်းတော့လည်း ဘာ sms မှ မလာပါဘူး။ အဲ့ဒါနဲ့ပဲ "ငှားမှာလား၊ ငှားမယ်ဆို ဘဏ်အကောင့်နံပါတ်ပေး.... မငှားဘူးဆို ပွင့်ပွင့်လင်းလင်းပြောဆိုပြီး" ပြောလိုက်မှ အိမ်ရှင်က သူ.. သေချာစဉ်းစားတော့ သူ့လိုအပ်ချက်နဲ့ မကိုက်ဘူး။ (၁၀၀)ပိုပေးမလားမေးပါတယ်။ ၁၀၀ ပိုပေးရင် အဲ့လျှောက်လမ်းဘက်ကအခန်းကျဉ်းကျဉ်းလေးကို နှစ်ယောက်နေတဲ့ဈေး ဖြစ်သွားမှာ။ တခြားလူပဲရှာလိုက်ပါလို့ ပြောလိုက်ရပါတော့တယ်။  CCK ဘယ်ဈေးရှိလဲဆိုတာ မသိဘူးများထင်နေလား မသိပါဘူး။ တော်တော် စိတ်တိုဖို့ ကောင်းပါတယ်။
ဒီလိုနဲ့ စနေနေ့ ထပ်ရှာတော့  CCK ကအခန်းတစ်ခန်းကို နည်းနည်း သဘောကျပါတယ်။ ပိုက်ဆံ ( ၅၀) လောက်ပို တောင်းတာရယ်၊ light cooking ပဲရတာရယ်၊ ကလေးနှစ်ယောက်ရှိတာကလွဲရင်... တော်တော် အဆင်ပြေပါတယ်။  တကယ်လို့ နောက်ဆုံး.. ဘယ်လိုမှ မရရင်တော့ ဒီအိမ်မှာ နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ တနင်္ဂနွေညနေကျရင် အကြောင်းပြန်မယ်လို့ အိမ်ရှင်အစ်မကို ပြောခဲ့လိုက်ပါတယ်။ တနင်္ဂနွေမနက်အစောကြီးထရှာတော့ clementi မှာ တစ်ယောက်တည်းနေလို့ရမဲ့ အခန်းတစ်ခန်းကို ဈေးတူတူနဲ့ရပေမဲ့ အခန်းက နည်းနည်း ညစ်ပတ်ပါတယ်။ မနက် အလုပ်သွားရင် တိုက်မဲ့သူတွေ များပါတယ်။ အဲ့ဒါနဲ့ ဘယ်အခန်းယူရင်ကောင်းမလဲ တိုင်ပင်ဖို့ သူငယ်ချင်း black rose queen ( သူ့ နစ်(ခ်)ကို ယူသုံးတာပါ။ ဘဘော့ရေးတဲ့သူ မဟုတ်ပါဘူး။) ကို ဖုန်းလှမ်းခေါ်လိုက်တော့ သူက သူလည်း ရှာနေတယ်။ တူတူနေမလား။ ပြီးရင် ဇန်နဝါရီလကုန်ဆို တခြားသူငယ်ချင်းတစ်ယောက်က သူအိမ်ငှားထားတာ ပြည့်ပြီမို့ (၃)ယောက်ပေါင်းပြီး တစ်အိမ်လုံးပေါင်းနေမယ် ဆိုပါတယ်။ ဒါနဲ့ပဲ နှစ်ယောက်သား တနေကုန်... အိမ် လိုက်ကြည့်ကြတာ... တစ်ခန်းမှ အဆင်မပြေပါဘူး။ (၇)ရက်နေ့လည်း ရှိပြီမို့ သူလည်း သူတွေ့ထားတဲ့ တစ်ယောက်တည်းလွတ်တဲ့ အခန်းမှာနေ.. ကိုယ်လည်း CCK က light cooking only အခန်းမှာ (၃)လနေမယ်ဆိုပြီး အိမ်ပြန်လာပါတယ်။
တစ်ပတ်ကျော်လုံး ခြေတိုအောင် လျှောက်ကြည့်ပြီး အိမ်ရှာရလို့ လူကမောလည်းမော... စိတ်လည်းရှုပ်...
တကယ်ပါ။ နေစရာအိမ်မရှိတဲ့ဘဝကို တော်တော် စိတ်ကုန်မိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရန်ကုန်ပြန်ချင်စိတ်တောင် ပေါက်ပါတယ်။ တကယ်တမ်း CCK က အိမ်ကို confirm လုပ်မယ်ဆိုတော့လည်းCCK mrt ကို 3 Bus stops ရှိတဲ့၊ ဟင်းချက်လို့မရတဲ့နေရာမှာ (၇၀၀) ပေးနေရမယ်ဆိုတာက တော်တော်ကြီးကို စဉ်းစားရပါတော့တယ်။ ပေးရမဲ့ အိမ်လခနဲ့ တစ်လစာ deposit, အပြင်မှာစားလို့ ကုန်တဲ့စရိတ်.. ဒါတွေကို ထည့်စဉ်းစားရပါတယ်။ ညှိကြည့်တာ့ သူတို့ကိုယ်တိုင်ကလည်း ချက်မစားဘူး.. ဒါပေမဲ့ အကြီးအကျယ် ချက်မစားရင်တော့ ချက်လို့ရပါတယ်လို့ ပြောပါတယ်။ ကလေးနှစ်ယောက်ရှိတဲ့၊ သူတို့ကိုယ်တိုင်ချက်မစားတဲ့အိမ်မှာ နည်းနည်းပါးပါးတော့ ချက်လို့ရပါတယ်ဆိုတာ ကိုယ့်ဘက်က အများကြီး စဉ်းစားရပါတယ်။ နေ့တိုင်း ဟင်းချက်နေတာ မဟုတ်ပေမဲ့... ဗမာဟင်းချက်ရင်တောင် ဆီသတ်ရတယ် မဟုတ်လား။
 

အဲ့အချိန်မှာ ရုတ်တရက် ဒီကာတွန်းပုံလေး စိတ်ထဲ ဝင်လာပါတယ်။ မနက်ဖြန်ရချင်ရမှာပေါ့ (၇)ရက်နဲ့ (၈)ရက်... သိပ်.. မကွာပါဘူး။ တနလာင်္နေ့မှာ ဒီထက် ကောင်းတဲ့ အခန်း မတွေ့ နိုင်ဘူး ဘယ်သူပြောလဲဆိုပြီး အတွေး ဝင်လာပါတယ်။ ပြီးတော့ .. ကိုယ်တောင်.. ဒီအိမ်ကို အများကြီး စဉ်းစားတာ၊ သူများလည်း စဉ်းစားမှာပဲ။  အဂါင်္နေ့လောက်အထိတော့ ရှာကြည့်လိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။  အဲ့မှာ woodland က အိမ်ခန်းတစ်ခန်း သွားတွေ့ပါတယ်။ ဖုန်းဆက်လိုက်တော့ အိမ်ရှင်က ဝမ်းသာအားရနဲ့ လာကြည့်ခိုင်းပါတယ်။ ဘယ်သူတွေ နေ..နေလဲမေးတော့ တခြား common room မှာ couple နဲ့ ကလေးတစ်ယောက်နေတယ်ဆိုတော့ တွန့််သွားပါတယ်။ သူက ချက်ချင်းကြီးကို လာကြည့်စေချင်ပုံပါပဲ။ "လာကြည့်လိုက်ပါ။ ကြိုက်မှာပါ" ဆိုပြီး အတင်း ခေါ်ပါတယ်။ အဲ့ဒါနဲ့... အစ်မရေ..ညီမအခုနေရာနဲ့က ဝေးတယ်။ ပြီးတော့ (၁၀)နာရီလည်း ကျော်နေပြီ။ မနက်ဖြန်ညနေ အလုပ်ဆင်းမှ လာကြည့်မယ်ပြောပြီး ဖုန်းချလိုက်ပါတယ်။ သူပေးလိုက်တဲ့ လိပ်စာကို မြေပုံမှာ ရှာကြည့်လိုက်တော့ mrt နဲ့ (၃)မှတ်တိုင် ဝေးနေပါတယ်။ နောက်ပြီး available date က အောက်တိုဘာ(၁)ရက်နေ့ဆိုတော့ အခန်းကြည့်ချင်စိတ် ကုန်သွားပါတယ်။ ဒီမှာက အခန်းကြော်ငြာကို ကြိုက်လို့ သွားကြည့်ပေမဲ့ အိမ်ကိုတကယ်ရောက်ရင် မကောင်းတတ်တာ များပါတယ်။ အောက်တိုဘာ (၁)ရက်နေ့ကတည်းက အားတဲ့အခန်း၊ (၇)ရက်နေ့အထိလူမရသေးတော့ စိတ်ထဲ သိပ်မကြိုက်ပါဘူး။ အချိန်ကုန်၊လူပမ်းမှာ ကြောက်ပါတယ်။ ဒါပေမဲ့ တင်္နလာနေ့မနက် အခန်းတွေ လျှောက်ကြည့်တော့ Admirality မှာတစ်ခန်း၊ Sembawang မှာတစ်ခန်း အသစ်ထပ်တက်လာတာနဲ့ တစ်လမ်းထဲပဲ လမ်းသင့်ပါတယ်ဆိုပြီး သွားကြည့်လိုက်မိပါတယ်။
အဲ့အိမ်ရောက်တော့ မြင်တာနဲ့ကို ဟန်မဆောင်နိုင်အောင် ကြိုက်သွားပါတယ်။ အိမ်လေးကကျယ်လည်းကျယ်၊ သန့်လည်းသန့်၊ အိမ်သာကလည်း ရေချိုးခန်းနဲ့ သတ်သတ်ခွဲထားပြီး သန့် လည်းသန့် ၊ ကျယ်လည်းကျယ်ပါတယ်။ ကလေးလေးကလည်း ချစ်စရာ အရမ်း ကောင်းပါတယ်။ အိမ်ရှင်အစ်မနဲ့ စကားပြောကြည့်တော့လည်း အဆင်ပြေ၊ mrt ကို ဖြတ်လမ်းကလျှောက်ရင်လည်း (၁၀)မိနစ်လောက်ပဲ လမ်းလျှောက်ရတာမို့ ဈေးသင့်တဲ့၊ ဟင်းချက်လို့ရတဲ့အခန်းလေးကို ကျန်တဲ့နှစ်ခန်းကို သွားမကြည့်တော့ဘဲ တစ်ခါတည်း စပေါ်ပေးခဲ့လိုက်ပါတယ်။ ဒီနေ့တော့ ဒီပို့(စ်)လေးကို ပျော်ရွှင်စွာနဲ့ ရေးလိုက်ပါတော့တယ်။ :P


*****************************
သင့်ပန်းတိုင်နဲ့ သင်ရောက်နေတဲ့နေရာ ဘယ်လောက် နီးကပ်နေပြီဆိုတာ သင်.. ဘယ်တော့မှ မသိနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ ပန်းတိုင်က တကယ် မဝေးတော့ပါဘူး။လွယ်လွယ်နဲ့ လက်မလျော့လိုက်ပါနဲ့ ။ 









09/10/2012; 2:33PM; GMT+8

6 comments:

  1. ဒီမှာနေရတာ အခန်းရှာရတာ အင်မတန် မောပါတယ်...။ ဘာပဲဖြစ်ဖြစ် လိုချင်တဲ့အခန်းလေးရသွားတော့ တော်သေးတာပေါ့။

    ReplyDelete
  2. ခုပဲ အခန်းကြောင့် စိတ်လေနေတယ် .. :D

    ReplyDelete
  3. Glad that was okay. Never say never. :) You are awesome.

    TnT

    ReplyDelete
  4. Yeah, လူမောစိတ်မောဖြစ်ခဲ့ရပေမဲ့ တော်ပါသေးတယ်လို့ ပြောရမယ်။ Thank you Choco and TnT :)

    မိုးခါးတစ်ယောက်လည်း အခန်းကိစ္စ အဆင်ပြေပါစေ...

    ReplyDelete
  5. နေစရိတ် တွေကလည်း အရမ်းကြီးတယ်နော်။ စိတ်ကြိုက် အခန်းရသွားတယ် ဆိုလို့ ဝမ်းသာပါတယ်။

    ReplyDelete
  6. စိတ်ကူးကမ္ဘာလေးကိုလာရောက်ရင်းပေါ့
    ပန်းတိုင်မဝေးတော့ဘူးဆိုတာလက်ခံလိုက်ရတယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer