" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

November 15, 2012

တွေးမိသော အင်နားရှားသီအိုရီ

Inertia is the resistance of any physical object to a change in its state of motion or rest, or the tendency of an object to resist any change in its motion.
အင်နားရှားဆိုသည်မှာ အရာတ္ထုတစ်ခု၏ ရွေ့ လျှားနေသော၊ ရပ်နေသောအခြေအနေမှ ဆန့်ကျင်ဘက် အခြေအနေသို့ ပြောင်းလဲရန်ဆန့်ကျင်သောအား ဖြစ်သည်။
ဥပမာ။        ။  ဘတ်(စ်)ကားပေါ်တွင် မတ်တတ်ရပ်စီးလာသော လူတစ်ဦးသည် ရုတ်တရက် ကားဆောင့်ရပ်လိုက်သောအခါ ကားသွားရာလမ်းအတိုင်း ရှေ့ သို့ ငိုက်စိုက်လဲကျသွားသည်မှာ အင်နားရှားသဘောတရား ဖြစ်သည်။
အင်နားရှားသီအိုရီဟာ ရူပဗေဒဘာသာအတွက် တကယ့်ကို အရေးပါပြီး Newton First Law ရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ အရွေ့  / အလျှင်သဘောတရားအတွက် ဖြစ်ပေမဲ့ ... ဒီလောကရဲ့ ပုံမှန်လှုပ်ရှားမှုတွေအတွက်လည်း မှန်သင့်သလောက် မှန်ပါတယ်။

ဥပမာ အနေနဲ့ ပြောရရင် ... 
~~ စာမေးပွဲမဖြေခင်နဲ့ ဖြေခါနီး စာကို အသည်းအသန် ကြိုးစားပြီး ကြည့်ခဲ့ပြီးတဲ့နောက် စာမေးပွဲနောက်ဆုံးနေ့ကိုကျော်... နောက်တစ်ရက်၊နှစ်ရက်လောက်အထိ... နေမထိ၊ ထိုင်မသာ ဖြစ်ရခြင်းဟာလည်း နေမြဲအတိုင်းနေလိုခြင်း (အင်နားရှား) ပဲ ဖြစ်ပါတယ်။
~~ ကျောင်းပိတ်ရက်ရှည်ကုန်လို့ ကျောင်းပြန်ဖွင့်ရင် ကျောင်းပြန်မတက်ချင်တာ လည်းအင်နာရှားပဲ ဖြစ်ပါတယ်။

ကိုယ်ကိုတိုင်အနေနဲ့ ဥပမာပေးရရင်တော့....
~~ ရုံးမှာ အမြဲတမ်း အလုပ်များနေရာက လွန်ခဲ့တဲ့ လေး..ငါးပတ်ကျော်လောက်ကစပြီး အလုပ်.. သိပ်...မရှိတော့ အတော် မနေတတ် မထိုင်တတ်ဖြစ်ခဲ့ပါတယ်။ အဲ့လိုဖြစ်လို့ စာလည်းမလုပ်ချင်တာနဲ့ blogging ဘက်ကိုလှည့်ပြီး စာရေး၊ စာဖတ် ပြန်လုပ်ရင်း နေသားကျလာပါတယ်။
~~ အလုပ်သိပ်မရှိရာကနေ... ပြန်..အလုပ်ရှုပ်လာတော့လည်း စိတ်က အလုပ်မလုပ်ချင်တော့ပါဘူး။ ရန်ကုန်မပြန်ခင် တစ်ပတ်လောက်အလိုမှာ အလုပ်နည်းနည်း ပြန်များလာတော့ အလုပ်လုပ်ရတာ စိတ်ထဲ သိပ်မပျော်တော့ပါဘူး။ ပြန်ရမဲ့ တစ်ပတ်.. တနလာင်္နေ့လည်းရောက်ရော ရုတ်တရက်ကြီး အလုပ် အရမ်း များသွားပြီး " Inertia, Intertia" လို့စိတ်ထဲကနေပြောပြီး အလုပ်တွေလုပ်ရင်းက ပို့(စ်)တစ်ပုဒ်တော့ တင်ဦးမယ်လို့ တေးထားလိုက်ပါတယ်။
တနင်္လာနေ့ကနေ..ကြာသာပတေးအထိ (၄)ရက်လုံး... ပေါ်လာတဲ့ issue တွေကိုရှင်း၊ hand over လုပ်စရာရှိတာတွေလုပ်၊ clear လုပ်စရာရှိတာတွေအပြီးသတ်။ ကြာသာပတေးမှာ ရုံးပြန်နောက်ကျ... သောကြာနေ့ မနက်အစောကြီး ရန်ကုန်ထပြန်... ဒါနဲ့ပဲ ပို့ (စ်)မရေးဖြစ်ပါဘူး။
~~  ရန်ကုန်ကနေ စလုံးကို ပြန်လာရမယ်ဆိုတော့ ဘယ်လိုမှ ပြန်မလာချင်တော့ပါဘူး။ သြော်... Intertia... Intertia... စလုံးကနေ ရန်ကုန်ပြန်မယ်ဆိုတော့ မပြန်ချင်ဘူးဆိုတာ မရှိသလိုပဲနော်!!!!

ရန်ကုန်ကပြန်ရောက်တော့ အရင်လောက် အလုပ်.. သိပ်မရှိတော့တာမို့ mood မပျောက်ခင်... ဒီပို့(စ်)ကိုမြန်မြန် ချရေးလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်နားရှားသီအိုရီနဲ့ စတင်ထိတွေ့ခဲ့ရတာကတော့ (၉)တန်းကျောင်းသူဘဝတုန်းက ရူပဗေဒဘာသာမှာပါ။ ဒါပေမဲ့ ရူပဗေဒကို သိပ်.. စိတ်မဝင်စားသူမို့၊ ပြီးတော့ (၁၀)တန်းပြီးလို့ တက္ကသိုလ်တက်တော့လည်း ရူပဗေဒကို မသင်ရတာမို့ ဒီ..သီအိုရီကို မေ့မေ့ပျောက်ပျောက်ပါပဲ။ ဒီသီအိုရီကို ခုချိန်ထိ မှတ်မိစေတာကတော့ ဆရာမ ဂျုးရဲ့ " စောင့်ဆိုင်းခြင်းနိယာမ" ဝတ္ထုတိုကို ဒုတိယအကြိမ်မြောက် ဖတ်ပြီးမှပါ။ (ပထဦးဆုံးအကြိမ်ဖတ်မိတုန်းက High School တက်တုန်းကပါ။ ဘယ်နှစ်တန်းတုန်းက ဖတ်ခဲ့တာလည်းတော့ မသိတော့ပါဘူး။ Physics ပဲ မသင်ရသေးတာလား၊ ငယ်သေးလို့ absorb လုပ်ပုံ မတူတာလားတော့ မသိပါဘူး။ အဲ့ဒီ အင်နားရှားသီအိုရီကို သတိမထားမိပါဘူး။ )

ဝတ္ထုတိုလေးရဲ့ အကျဉ်းချုပ်ကတော့.... တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတဲ့၊ အသွင်မတူတဲ့ လင်မယားမှာ ယောကျာင်္းဖြစ်သူက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ နှစ်အနည်းငယ် ( သေချာ မမှတ်မိပါ။ (၃)နှစ်ထင်ပါသည်။) သွားရတော့ တစ်ယောက်တည်းကျန်ခဲ့တဲ့  မိန်းမနေရာကနေ စကားပြောတဲ့ပုံစံလေးပါ။ သွားခါစတုန်းက လွမ်းပြီး မနေတတ်၊မထိုင်တတ်ဖြစ်ပြီး လွမ်းခဲ့ရပေမဲ့ .... ကြာလာတော့ တစ်ယောက်တည်းနေရတဲ့ဘဝကို နှစ်သက်လာပြီး စည်းကမ်းကြီးတဲ့ ယောကျာင်္းလုပ်သူ မြန်မာပြည်ပြန်လာခါနီးမှာ ဝမ်းမသာနိုင်တော့တဲ့အကြောင်း၊ လေဆိပ်မှာ သွားကြိုရင် (၃)နှစ်ကြာခွဲနေရတဲ့ ယောကျာင်္း ပြန်လာလို့ ပျော်ရွှင်တဲ့ဟန်လုပ်ပြီး ပြုံးနိုင်ဖို့ ကြိုးစားရမဲ့အကြောင်း ရေးထားတာပါ။
အဲ့ဒီ ဝတ္ထုတိုထဲမှာ Juu ရေးထားတာတဲ့ အချက်နှစ်ချက်ကို ခုချိန်ထိ မှတ်မိနေပါသေးတယ်။

  • အင်နားရှားရဲ့ သီအိုရီအတိုင်း  ယောကျာင်္းထွက်သွားတဲ့အချိန်မှာ မခွဲနိုင်မခွာရက်ဖြစ်ရပြီး ပြန်လာခါနီးကျတော့ တစ်ယောက်တည်းနေရတဲ့ဘဝကို နေမြဲအတိုင်း  နေလိုတယ်ဆိုတာရယ်...
  • တစ်စုံတစ်ခုကို လိုချင်လို့ ..... စောင့်ဆိုင်းရတဲ့အရာကို ရရှိခြင်းနဲ့ ရရှိလို့ ပျော်ရွှင်ရခြင်းနှစ်ခုကြားက  ဝှက်ဖဲမှာ အဲ့ဒီအရာကို ရရှိတဲ့အချိန်ဖြစ်တယ်ဆိုတာရယ်ပါ။ ( ကိုယ်လိုချင်တာ/ ကိုယ်ဖြစ်ချင်တာကို ရလာတာ/ ဖြစ်လာတာကို ပျော်တယ်မပျော်ဘူးဆိုတာ ရလာတဲ့၊ ဖြစ်လာတဲ့ "အချိန်"ပေါ်မှာ မူတည်ပါတယ်။)
အဲ့ဒီနှစ်ချက်ထဲက ဒုတိယအချက်ကို ဒီဘလော့က Quote Post တစ်ခုမှာ ထည့်ရေးဖူးပါတယ်။ ခုတော့ ပထမအချက်အကြောင်းကို ရေးပါရစေ။
အဲ့ဒီ ဝတ္ထုကို ဒုတိယအကြိမ်ဖတ်ပြီး သတိထားမိသလောက်တော့ လူတွေဟာ လုပ်နေကျအရာတစ်ခု မလုပ်ရတော့ရင် မနေတတ်၊ မထိုင်တတ် ဖြစ်တတ်ကြပါတယ်။ အဲ.. မလုပ်ရတာကြာလာပြီဆိုရင်တော့ ပြန်လုပ်ရတဲ့အချိန်မှာ မလုပ်ချင်တော့ပါဘူး။ အထူးသဖြင့် ကိုယ့်အတွက် ပင်ပန်းခက်ခဲတဲ့အရာဆို ပိုဖြစ်တတ်ပါတယ်။
အချစ်၊ အမုန်းခံစားချက်မှာလည်း ဒီလိုပါပဲ။ "Love makes time pass, but time is certain to make love pass"တဲ့.... အဲ့လို ကြားဖူးပါတယ်။ "အချိန်ဟာ အကောင်းဆုံးသမားတော်"လို့လည်း ပြောတတ်ကြတယ် မဟုတ်လား???

ဒါကြောင့်... Change တစ်ခုလုပ်ဖို့လိုလာရင် ကောင်းသောပြောင်းလဲခြင်းသာဖြစ်ခဲ့မယ်ဆိုရင်... Inertia သဘော ( နေမြဲအတိုင်းနေလိုခြင်း) ကို သွေဖယ်ပြီး "adaptation time" ကျော်ရင်ရလာမဲ့ ကောင်းကျိုးလေးတွေကိုတွေးပြီး ပြောင်းလဲစရာရှိ ပြောင်းလဲရအောင်လို့ ပြောရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

Thank you for reading my blog post.
witch83
(15/11/12; 2:24 PM; GMT+8)

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer