" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

November 21, 2012

Oxana Gennadyevna Fedorova (1)

စာရေးသူရဲ့အမှာ

ကျမဟာ Beauty contest တွေ၊ show တွေကြည့်ရတာ နှစ်သက်သူမို့ မယ်တွေအကြောင်းကို စိတ်ဝင်စားပါတယ်။ ဟို..ဒီ လျှောက်ရှာဖတ်ရင်းက ဖတ်ရှုသိရှိမိတဲ့.... တခြားမယ်တွေနဲ့မတူဘဲ တမူထူးခြားတဲ့ Russia အလှမယ်(2001)... Miss Universe (2002) winner.... Oxana Gennadyevna, (Russian: Оксана Геннадьевна Фёдорова , Fedorova Oksana Gennad'yevna Fyodorova)ရဲ့ အကြောင်းကို  ပြန်လည်ဝေမျှချင်ပါတယ်။

ဒါပေမဲ့ ဒီပို့(စ်)ဟာ ပထမဦးဆုံးရေးတဲ့ Biography ဖြစ်ပြီး ဘာသာပြန်နေကြသူ မဟုတ်တာကတစ်ကြောင်း၊ မြန်မာစကားလုံး အသုံးမကြွယ်တာကတစ်ကြောင်း၊ ပြီးတော့... wikipedia site ကလွဲရင် ကျန်တာတွေက ရုရှားဆိုဒ်တွေက data ရှာရတာမို့.. Russian English ကို ဘာသာပြန်ရတာကတစ်ကြောင်းကြောင့် ဖတ်ရတာ ထောက်နေမယ်၊ အမှားအယွင်းလေးတွေ ရှိနေမယ်ဆိုရင် ခွင့်လွှတ်စေချင်ပါတယ်။

နောက်တစ်ခုက Fedorovaရဲ့ information ကို ရှာတဲ့အခါမှာ ဆိုဒ်တစ်ခုနဲ့တစ်ခု ပြောထားတာလေးတွေ မတူပါဘူး။ ပြည့်လည်းမပြည့်စုံပါဘူး။ အများကြီးလျှောက်ဖတ်ပြီး တိုက်ဆိုင်မှ အမှန်ယူထားရတာပါ။ ဒါကြောင့် ဒီ information တွေအားလုံး ၁၀၀%မှန်ချင်မှ မှန်ပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာကတော့ ဒီပို့(စ်)ကို နန်းခင်ဇေယျာ ရေပန်းမစားခင်အချိန်ကတည်းက စရေးထားတာပါ။ အခုမှ ရေးလို့ပြီးပါတယ်။ data ရှာလိုက်၊ ဓါတ်ပုံရှာလိုက်၊ ပုံတွေပြင်လိုက်၊ Youtube က ဗွီဒီယိုတွေရှာပြီးကြည့်လိုက်၊ အင်တာဗျူးရှာကြည့်လိုက်၊ စာတွေ ရေးလိုက်၊ စာပြန်ပြင်လိုက်နဲ့ တော်တော့်ကို အားစိုက်ထားရပါတယ်။ အချိန်တွေလည်း အများကြီး ယူထားရပါတယ်။ ဒါကြောင့် ဒီပို့(စ်)ကို ပြန်လည်ဝေမျှတော့မယ်ဆိုရင် ကျေးဇူးပြုပြီး witch83 ကို creditပေးဖို့ တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမည် : Oxana Fedorova
မွေးနေ့ : 17-Dec-2012
Hometwon : Pskov, Russia
Race/ Religion : Russian Orthodox Christian
Height : 5 ft 10in (178cm)
ပညာအရည်အချင်း : P.hd (Civil Law), St.Petersburg University (MVD University)
P.hd Dissertation : Regulation of Private Detective and Security Activity in the Russian Federation
အလုပ်အကိုင် : Television presenter, အဆိုတော်, ရဲအရာရှိ (retired), former lecturer, actress, UNICEF ambassodor
ရရှိဖူးသည့် Title များ : Miss Russia 2001, Miss Universe 2002 (Dethroned/ Resigned)
Others : Martial Arts expert, Kalashnikov rifle shooter, volleyball palyer, play saxophone & guitar
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
"လှတဲ့ မိန်းကလေးတွေဟာ မတော်တတ်ဘူး၊ အရည်အချင်း မရှိဘူးတတ်ဘူး"လို့ လူတစ်ချို့  ပြောတတ်ကြပါတယ်။ ဒါကို မှားယွင်းကြောင်း သက်သေပြတဲ့သူတွေထဲက တစ်ဦးကတော့ ၂၀၀၁ခုနှစ်ရဲ့ ရုရှားအလှမယ် Oxana Gennadyevna Fedorova ပဲ ဖြစ်ပါတယ်။

Fedorovaကို (၁၉၇၇)ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့.... ရုရှားနိုင်ငံ၊ Pskov မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး မိခင်ဖြစ်သူနဲ့ မိခင်ဘက်က အဘိုးအဘွားတို့ရဲ့ ပြုစုပြိုးထောင်ခြင်းကို ခံခဲ့ရပါတယ်။ သူမ အသက်(၁၈)နှစ်ပြည့်တဲ့အထိ အဲ့ဒီမြို့မှာပဲ နေထိုင်ခဲ့ပါတယ်။ Fedorova ရဲ့ အပြောအရတော့ သူမရဲ့ မိခင်ဘက်ကအဖိုးအဖွားတွေဟာ သူမအပေါ်မှာ သိပ်ကို ရည်မှန်းချက် မြင့်မားတယ်လို့ သိရပါတယ်။ ( မူရင်းစာထဲမှာတော့ demanding ဖြစ်တယ်လို့ ရေးထားပါတယ်။)
(၅)နှစ်သမီး Fedorova
သူမရဲ့မိခင်ဖြစ်သူဟာလည်း အရမ်းလှတယ်လို့ သိရပါတယ်။ မိခင်က စိတ်ရောဂါကုဆေးရုံမှာ သူနာပြုအလုပ်လုပ်ပြီး ဖခင်က နျူကလီးယားပညာရှင်ဖြစ်ပါတယ်။ သူမ.. (၃)နှစ်သမီးအရွယ်မှာ ကွာရှင်းခဲ့ကြပြီး Fedorovaဟာ ဖခင်ဖြစ်သူရဲ့အကြောင်းကို အဲ့ဒီကတည်းက လုံးဝ မသိရတော့ပါဘူး။ (၂၀၀၅)ခုနှစ်မှာ ဖခင်ဖြစ်သူကို ပြန်ရှာခဲ့ပေမဲ့ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိခဲ့ပါတယ်။

Fedorova ရဲ့ ကလေးဘဝတုန်းက မိသားစုပုံ
အသက်ရှစ်နှစ်အရွယ်မှာ comprehensive school ပြီးတော့ secondry police school မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ အဲ့ဒီ ရဲသင်တန်းကျောင်းမှာတက်နေတုန်းက သူမဟာ သူမတို့ရဲ့ သံစုံတီးဝိုင်းမှာ ဆက်ဆိုဖုန်းတီးခဲ့တဲ့သူ ဖြစ်ပါတယ်။ ကျောင်းဘော်လီဘောအသင်းမှာ ပါဝင်ခဲ့တဲ့သူဖြစ်ပြီး သူမတို့အသင်းဟာ (၁၉၉၅)ခုနှစ်မှာ မြို့ အလိုက်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ Police academyက ဒီပလိုမာသင်တန်းကို ဂုဏ်ထူးနဲ့ အောင်ပြီးတော့  Pskov လေဆိပ်မှာ စုံစမ်းစစ်စေးသူအဖြစ် (၆)လ အလုပ်လုပ်ခဲ့ပါတယ်။ အဲ့ကနေမှတဆင့် St.Petersburg တက္ကသိုလ်မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ တက္ကသိုလ်တက်နေတဲ့အချိန်တလျှောက်မှာပဲ Pulkovo ရဲစခန်းမှာ ရဲစုံထောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။
ရဲစုံထောက် Fedorova
 တစ်ချိန်တည်းမှာဘဲ သူမဟာ မော်ဒယ်အလုပ်ကို စတင် လုပ်ကိုင်လာပြီး အလှမယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်လာပါတော့တယ်။ အင်တာဗျူးတစ်ခုမှာ ပြောတာကတော့ သူမကို အမျိုးသမီးတစ်ယောက်က မော်ဒယ်အလုပ်ကိုလုပ်ဖို့၊ မော်ဒယ်သင်တန်းကျောင်းလာတက်ဖို့ လာရောက်ကမ်းလှမ်းပြီး နှစ်ပတ်အကြာမှာ လက်ခံလိုက်တာလို့ဆိုပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ရဲဝန်ထမ်းတွေဟာ သူမရဲ့အမာခံပရိတ်သတ်တွေ ဖြစ်လာပါတော့တယ်။ (၁၉၉၉)နှစ်မှာတော့ သူမတို့ တက္ကသိုလ်ရဲ့ အလှမယ်.. Miss St.Petersburg (1999)ဆုအပြင် Miss Kakoagathia 1999 ဆုကိုပါ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Miss Fitness, Miss Fortune ဆုတွေကို ရရှိခဲ့ပြီး ၂၀၀၁ခုနှစ်မှာတော့ Miss Russia ဘွဲ့ ကို ရရှိခဲ့ပါတယ်။

ရေကူးဝတ်စုံနဲ့ အလှကြီးလှနေတဲ့ Oxana Fedorova

ပညာရေးဘက်ကို ပြန်ပြောရမယ်ဆိုရင်တော့... သူမဟာ (၂၀၀၀)ခုနှစ်မှာ ရွှေတံဆိပ်ဆုနဲ့ ဘွဲ့ရခဲ့ပြီး အဲ့ဒီ St.Petersburg (MVD Universtiy)မှာပဲ ဘွဲ့လွန်ဆက်တက်ခဲ့ပါတယ်။  ဘွဲ့ လွန်တက်ရင်း dissertation ရေးနေတဲ့အချိန်အတွင်းမှာ.... သူမဟာ အဲ့ကျောင်းမှာပဲ နည်းပြပြန်လုပ်ပြီး civil law ဘာသာကို ပြန်လည်ပို့ချခဲ့ပါတယ်။ သူမရဲ့ PHD ဘွဲ့ အတွက် "ရုရှားဖယ်ဒရေးရှင်းရဲ့ လျှို့ဝှက်စုံထောက်တွေလိုက်နာရမဲ့ နည်းဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ရေး လမ်းစဉ်များ"ဆိုတဲ့စာတမ်းကို ပြုစုခဲ့ပါတယ်။

အဲ့ဒီနှစ်ပိုင်းတွေဟာ သူမရဲ့ အောင်မြင်မှုသရဖူဆောင်းမဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်စေဖို့ရဲ့ လမ်းစပဲလို့ ရုရှားပြည်သူတွေက ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း (၂၀၁၀)ခုနှစ်လောက်တုန်းကဖြေခဲ့တဲ့ အင်တာဗျုးတစ်ခုမှာ "ကျမဟာ လွန်ခဲ့တဲ့ (၈)နှစ်လောက်တုန်းကမှ လူသိများခဲ့တာပါ။ အဲ့မတိုင်ခင်တုန်းကတော့ ရိုးရှင်းတဲ့မိန်းကလေးမှသာ ဖြစ်ပါတယ်။ မော်ဒယ်အလုပ်ကမ်းလှမ်းခံရပြီးမှ ဒီလို ပြောင်းလဲခဲ့တာ"လို့ ဆိုပါတယ်။ ဒီ (၂၀၀၂/ ၂၀၀၃)ဝန်းကျင် ကာလတွေဟာ သူမဘဝကို တစ်ဆစ်ချိုး ပြောင်းလေစေခဲ့တာပါပဲ။
(Fedorova ရုရှားမယ် ပြိုင်ပွဲဝင်နေတဲ့အချိန်ကို တွေးကြည့်ရင် တော်တော်ဟော့ခဲ့မယ် ထင်ပါတယ်။ တက္ကသိုလ်ရဲ့မယ်ဘွဲ့ကို  (၁၉၉၉)မှာရပြီး (၂၀၀၀)မှာ gold medal နဲ့ graduate ဖြစ်။ ဘွဲ့ လွန်ဆက်တက်ရင်း တက္ကသိုလ်က ဆရာမလုပ်။ သူ... Miss Russia ဝင်ပြိုင်နေတဲ့အချိန်မှာ တက္ကသိုလ်ရဲ့ အလှမယ်ဟောင်းအနေနဲ့ အားပေးကြမဲ့ ကျောင်းနေဖော်၊ကျောင်းနေဖက်တွေ၊ ကိုယ့်ဆရာမအချောအလှလေးကို ဝိုင်းအားပေးကြမဲ့ တက္ကသိုလ်ကျောင်းသားတွေ၊ သူ့ရဲ့ အမာခံပရိတ်ဖြစ်တဲ့ လုပ်ဖက်ကိုင်ဖက်ဟောင်းတွေ .... အင်း... တော်တော်ကို ဝက်ဝက်ကွဲ အားပေးကြမယ်ထင်တယ်နော်။ Miss Myanmar 2012, နန်းခင်ဇေယျာကိုအားပေးတဲ့သူတွေနဲ့ ဘယ်သူက ပိုသာမလဲတွေးမိသေး။ အဟေး။ :P )

Fedorova ဟာ Miss Russia 2001 ဘွဲ့ ကို ရခဲ့ပေမဲ့ Miss Universe ပွဲကို သွားပြိုင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် first runner-up ဖြစ်တဲ့ Oxana Kalandyrets က သွားပြိုင်ခဲ့တယ်လို့ သိရပါတယ်။၂၀၀၂မှာမှ သွားပြိုင်ပြီး  ရုရှားနိုင်ငံအတွက် ပထမဦးဆုံးသော Miss Universe (2002)ဆုကို ဆွတ်ခူးပေးခဲ့ပါတယ်။



သွားမပြိုင်မီ
Fedorova ဟာ ဒီ ၂၀၀၂ခုနှစ် Miss Universe အတွက် သွားပြိုင်တာတောင် case တက်လိုက်ပါသေးတယ်။ Fedorova သွားပြိုင်မှာလား၊ မပြိုင်ဘူးလားဆိုတာ နောက်ဆုံးနေ့ရောက်တဲ့အထိတောင် မသေချာသေးပါဘူး။ ဘာလို့လည်းဆိုတော့ မေလ holidays ကြောင့် စာရွက်စာတမ်းတွေ မပြည့်စုံဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း Miss Universe 2002 လက်ခံကျင်းပပေးတဲ့ Pureto Rico က သူမကို ဗီဇာမထုတ်ချင်ခဲ့ပါဘူး။ အဲ့ဒီအတွက်ကြောင့် Fedorovaဟာ ပြိုင်ပွဲကို (၄)ရက်တိတိနောက်ကျပြီးမှ ဝင်ပြိုင်ရပါတယ်။ ဒီလိုနောက်ကျတဲ့အတွက်ကြောင့် Miss Universe Comitte လည်း အစည်းအဝေးထိုင်ပြီး ခေါင်းချင်းရိုက်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ပေးပြိုင်လိုက်ပါတယ်။ အကယ်၍သာ Fedorovaဟာ နောက်ထပ်တစ်ရက် နောက်ကျခဲ့မယ်ဆိုရင် သူမဟာ ဒီ Miss Universe ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

Miss Universe Competition
ပြိုင်ပွဲဝင်ခွင့်ရသွားပြီးတဲ့နောက် swimming suits ပြိုင်ပွဲမှာ သူမကို ဒိုင်တွေက 10မှတ် မှာ 9.88 ပေးပါတယ်။ ဒါဟာ Miss Universe ပြိုင်ပွဲတွေမှာပါမက တခြား beauty pageants ပြိုင်ပွဲတွေအားလုံးရဲ့ swimwear competitionမှာ စံချိန်အမြင့်ဆုံးပါပဲ။ သူမဟာ ကိုယ်လုံးလှတဲ့အပြင် Atheletic ပါ ဖြစ်ပါတယ်။ တော်တော်လေးကို ကျစ်ကျစ်လစ်လစ် ရှိပါတယ် (ဒါက ကိုယ့်အမြင် )။ ။  2002 ရဲ့ evening gown section မှာလည်း ပြိုင်ပွဲဝင်တွေအားလုံးကြားမှာ Fedorovaကပဲ 9.64နဲ့ အမှတ်အများဆုံး ရသွားခဲ့ပါတယ်။
(၂၀၀၂)ခုနှစ်မှာ နာက်ဆုံး top 5 ဝင်သွားသူတွေကတော့ "Miss South Africa", "Miss China", "Miss Venezuela, "Miss Panama" နဲ့ "Miss Russia"တို့ပဲ ဖြစ်ပါတယ်။ 

Miss Universe 2002, Top-5

ဒီငါးယောက်လုံးကို မင်းကို.. ဘယ်အရာက ရှက်သွေးဖြာစေသလဲ ( What makes you blush?)လို့ မေးပါတယ်။ တခြားမယ်တွေဖြေတာ ပေါက်ကရတွေလိုပါပဲ။ ဒါပေမဲ့ စိတ်လှုပ်ရှားနေလို့လဲ ဖြစ်နိုင်ပါတယ်။ Miss South Africa ဖြေတာတော့ မဆိုးပါဘူး။
Fedorova ဖြေပုံလေးက တိုတိုလေးပါပဲ၊ ရိုးလည်းရိုးပါတယ်။ "အမှားတွေပြောမိတဲ့အချိန်မှာ ကျမ ရှက်သွေးဖြာပါတယ်"တဲ့။ ( "I blush when I say wrong things") ဒါပေမဲ့ ထူးခြားတာက မဖြေခင်မှာ ရှက်ပြုံးလေးပြုံးပြီး .. သာသာလေးရယ်လိုက် ပါတယ်။ ဒီစကားကိုပြောပြီးချိန်မှာတော့.. သူမမျက်နှာမှာ ရှက်သွေးဖြာသွားတာပါပဲ။ လူတွေ ပြောစမှတ်ပြုစေလောက်အောင်ကို ချစ်ဖို့ကောင်းလွန်းပါတယ်။ အောက်မှာ ဗွီဒီယိုလေး ချိတ်ပေးထားပါတယ်။ ကြည့်ကြည့်ပါ။ 

 

Oxana Fedorova ရဲ့ Miss Universe 2002 ပြိုင်ပွဲဝင်ပုံတွေကို ဖြတ်ပြီးစုပေါင်းထားတဲ့ Youtube Clip လေးပါ။ Euro Asia နေရာကလူမို့ Miss Universe 2001 နဲ့ ပါးသုံးခါကပ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ကို ချစ်မိပါတယ်။ presenter နှစ်ယောက်က သူ့ကို သဘောကျကြတယ်ဆိုတာလည်း ဒီ movie clip လေးမှာ ပေါ်လွင်ပါတယ်။ ပွဲကြည့်ပရိသတ်ကလည်း တော်တော် အားပေးကြပါတယ်။ Miss Universe ဆုကို ကြေငြာပြီးလို့ သူ..အံ့သြဝမ်းသာဖြစ်နေပုံလေးကလည်း ချစ်စရာလေးပါ။ "Oh my god, Oh my god" ဆိုပြီး ရွတ်နေပါတယ်။ 

with other pageants
Last 3 Beauties ( L --> R, Panama, China, Russia)
Are you ready? (Panama & Russia)

After crowning
Miss Universe 2002ဆုကို ရခဲ့တဲ့အတွက်ကြောင့် Fedorovaဟာ Miss Universe Comitte ကအပြင် ရုရှားနိုင်ငံကပါ လက်ဆောင်တွေ၊ ဆုတွေ အများကြီးရခဲ့ပါတယ်။ နာမည်ထင်ရှားတဲ့ ရုရှား အရုပ်ဒီဇိုင်နာ Helen Yarmak ကလည်း Fedorovaအတွက် အရုပ်လုပ်ပေးခဲ့ပါသေးတယ်။
Fedorovaဟာ  ၂၀၀၂ခုနှစ်ရဲ့ စကြာဝဠာ အလှမယ်အနေနဲ့ ပြင်သစ်၊ အီတလီ၊ ကင်ညာ၊ ကနေဒါ၊ ဂရိ၊ ပနားမား၊ အင်ဒိုနီးရှားနဲ့ ပူရေတိုရီစတဲ့ နိုင်ငံများကို သွားခဲ့ပါတယ်။ ကင်ညာကို အေအိုင်ဒီအက်(စ်)ရောဂါသည်များနဲ့ မိဘမဲ့ကလေးများအစီအစဉ်အတွက် သွားတာဖြစ်ပါတယ်။

Panama Visit
Africa visit
Africa visit
Indonesia visit
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ Fedorova ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့သတင်း ထွက်လာပါတော့တယ်။

အပိုင်း(၂)ဆက်ပါမယ်။ ပို့(စ်)က တအား ရှည်သွားလို့ပါ။ ဒီနေ့ပဲ ပြီးအောင် တင်ပေးမှာပါ။း)
Thank you for reading this post.
witch83
(21/11/2012; 10:29 AM ;GMT+8)

Reference
1. http://en.wikipedia.org/wiki/Oxana_Fedorova
2. http://www.missosology.org/
3. http://www.mademan.com/chickipedia/oxana-fedorova/
4. http://persona.rin.ru/eng/view/f/0/30161/oxana-fedorova
5. http://kimguarnes.wordpress.com/2008/09/11/on-spotlight-oxana-fedorova-2/

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer