" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

January 07, 2013

ကျမနှင့် Ez-Link Activate Service အတွေ့အကြုံ

စလုံးမှာနေသူတွေအဖို့ EZ-Link card ဆိုတာ သွားလေရာ ပါရတဲ့ မရှိမဖြစ်အရာပါ။ mrt စီးတိုင်း..  bus ကားစီးတိုင်း သုံးနေရလို့ လူတိုင်း အပြင်သွားခါနီးစစ်ရတဲ့အရာဟာ ဒီကဒ်ပဲ ဖြစ်ပါတယ်။ စင်္ကာပူကို ရောက်ခါစကတော့ S$50 လောက်ထည့်ထားတတ်ပေမဲ့ ပထမဆုံးအကြိမ်.. ကဒ်ပျောက်ပြီးကတည်းက (၂၀)ဖိုးလောက်ပဲ ထည့်ထားတတ်ပါတယ်။   အဲ့ဒီအချိန်တုန်းက ကျောင်းတက်နေတုန်းဆိုတော့ တော်တော်လေးကို နှမြောပါတယ်။ ကိုယ် .. အချိန်ပိုင်းလုပ်လို့ရတဲ့ပိုက်ဆံက တစ်နာရီမှ ငါးကျပ်၊ ခြောက်ကျပ်ပဲ ရတာပါ။ ကျောင်းတက်ခဲ့တဲ့တစ်လျှောက်မှာလည်း အဲ့ဒီတစ်ခေါက် ပျောက်ပြီးကတည်းက မပျောက်တော့ပါဘူး။
အဲ.. full time အလုပ်ဝင်ပြီးနောက်ပိုင်းတော့.. မကြာမကြာကို ပျောက်တတ်လာပါတယ်။ ဟိုကျန်ဒီကျန်လည်း ဖြစ်လာပါတယ်။ လူကလည်း နမော်နမဲ့ဖြစ်တတ်သူမို့ .. safe ဖြစ်အောင်.. တစ်ကဒ်ကို wallet ထဲမှာ အရေးပေါ်သုံးဖို့ထားပြီး၊ တစ်ကဒ်ကိုတော့ လက်ကိုင်အိတ်ရဲ့ အနောက်ဇစ်ထဲထည့်ထားပြီး သုံးပါတယ်။ ပိုက်ဆံကိုတော့ (၁၀) (၂၀)အပြင် ဘယ်တော့မှ ပိုမထည့်ပါဘူး။ 
ဒီလိုနဲ့ လွန်ခဲ့တဲ့ (၃)လလောက်က The Gardener Blog မှာ စာသွားဖတ်ရင်းက Ez-Link Activate Application လေးအကြောင်း သိခဲ့ရပါတယ်။ အဲ့ဒါနဲ့ပဲ ကိုယ့်ဖုန်းထဲမှာ အဲ့ဒီ app လေးရှာပြီး install လုပ်လိုက်ပါတယ်။


အဲ့ဒီ app လေးကိုသုံးပြီး ကိုယ့်ရဲ့ IC No နဲ့ register လုပ်၊ ကိုယ့် ကဒ်နံပါတ်တွေထည့်ရုံပါပဲ။ လူတစ်ယောက်ကို ကဒ်(၃)ကဒ်အထိ register လုပ်လို့ရပါတယ်။ Transaction History လည်း စစ်လို့ ရပါတယ်။ ဒါပေမဲ့ history က နည်းနည်းတော့ နောက်ကျပါတယ်။ တစ်ရက်လောက်နောက်ကျပြီးမှ update လုပ်ပါတယ်။ ကဒ်ပျောက်ရင်လည်း လှမ်းအကြောင်းကြားလို့ ရပါတယ်။

 

ဒီ app လေးကို install လုပ်တုန်းကတော့ iPhone အတွက်ပဲ ရပါသေးတယ်။ ခုတော့ Android သမားတွေလည်း သုံးလို့ရပြီလို့ သူ့ website မှာ  ကြေငြာထားပါတယ်။ တခြားဖုန်းကိုင်တဲ့သူတွေလည်း စိတ်တော့မညစ်ကြပါနဲ့။ ကိုယ့် ဖုန်းမှာ ထည့်လို့မရပေမဲ့ သူ့ website မှာ သွားပြီး register လုပ်လို့ရပါတယ်။ http://ezlinkactivate.com.sg/ မှာ သွားလုပ်လို့ရပါတယ်။ ကိုယ့်ဖုန်း.. အလေးခံပြီး install လုပ်ထားစရာ မလိုတော့ဘူးပေါ့။ :)

 ~ ~ ~ ~ ~ ~ ~ ~ ~

နိုဝင်ဘာလကုန်.. လခဝင်တော့ .. ကဒ်နှစ်ကဒ်လုံးမှာ ပိုက်ဆံက ကုန်တော့မှာမို့ ATMသုံးပြီး top up လုပ်လိုက်ပါတယ်။ နောက်တစ်ရက်ရောက်တော့ ကိုယ်တကယ်သုံးနေတဲ့ ကဒ်က ပျောက်သွားပါတယ်။ အဲ့ဒီနေ့က ရုံးဆင်းတော့ ATM မှာ ပိုက်ဆံသွားထုတ်ပြီးတဲ့နောက်မှာ အဲ့နားမှာပဲ ကျခဲ့ပုံရပါတယ်။ ပိုက်ဆံမထုတ်ခင် ezlink card လက်ထဲကိုင်ထားပြီး ဘဏ်ကဒ်အထုတ်အသွင်း၊ ပိုက်ဆံထုတ်ပြီး wallet ထဲ ပြန်ထည့်တဲ့အချိန်မှာ အောက်ပြုတ်ကျသွားပုံရပါတယ်။
mrt ရောက်တော့.. ကဒ်ဖြတ်မယ်ဆိုမှ လက်ထဲ မရှိတော့တာ သတိထားမိပါတယ်။ ထားနေကြနေရာမှာ မရှိပေမဲ့ လက်ကိုင်အိတ်ထဲက တစ်နေရာမှာ ရှိမယ်ထင်ပြီး အရေးပေါ်သုံးဖို့ထားထားတဲ့ ကဒ်ကို ထုတ်သုံးလိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်း တစ်ရက်၊နှစ်ရက်လည်း အပိုဆောင်ထားတဲ့ကဒ်ကိုပဲ သုံးနေလိုက်ပါတယ်။ ပျောက်နေမှန်း တကယ် မသိပါဘူး။  နောက်တစ်ပတ် တနလာင်္နေ့ အလုပ်မသွားခင်.. တနင်္ဂနွေနေ့ည.. ကိုယ့်အိတ်ကိုရှင်းတော့မှ ပျောက်မှန်းသိပါတယ်။ ကဒ်ကို လုံးဝ ရှာမတွေ့တော့ပါဘူး။ အဲ့ဒါနဲ့ ဖုန်းဖွင့်၊ card transaction ကိုစစ်တော့.. အမလေး.. အဲ့ဒီ ကဒ်ကို ကောက်ရတဲ့သူက ပိုက်ဆံ (၁၀)ကျော်ကျော်လောက် သုံးထားပြီးပြီ။ အဲ့ဒီ transactionတွေကို မြင်လိုက်တဲ့အချိန်မှာ.. မကြာခင်ကမှ ကင်မရာပျောက်ထားတဲ့ feeling တွေပါ ပြန်ပေါ်လာပြီး ဒေါသတော်တော်ကို ထွက်သွားပါတယ်။ အရင်ကဒ်တွေ ပျောက်တုန်းကလို..." သြော်.. ကိုယ့်ကဒ် သူသုံးပြီး လိုရာခရီးသွားလို့ရအောင် လှုတယ်လို့ သဘောထားပါတယ်" လို့လည်း တွေးလို့ မရတော့ပါဘူး။ တကယ်ဆို ပျောက်တာ.. ကိုယ့်ရုံးရှိတဲ့ အဆောက်အဦးမှာ ပျောက်တာပါ။ ပြန်ပေးချင်ရင် security counter သွားပေးထားလို့ ရပါတယ်။ ခုတော့ ပြန်မပေးဘဲ သုံးနေပါတယ်။ စိတ်တိုတိုနဲ့ transit link ကို ဖုန်းခေါ်တော့ ပိတ်သွားပါပြီ။ auto-answering machine နဲ့တွေ့ပါတယ်။  နေ့စဉ် မနက် (၈)နာရီကနေ ညနေ(၆)နာရီအထိပဲ ဖွင့်ကြောင်း၊ အများပြည်သူ ရုံးပိတ်ရက်တွေမှာ ပိတ်ကြောင်း၊ နောက်နေ့ ဖုန်းပြန်ခေါ်စေချင်ရင်.. ဖုန်းနံပါတ်ထားခဲ့နိုင်ကြောင်း ပြောပါတယ်။ ကိုယ်.. အလုပ်ရှုပ်နေချိန် ဖုန်းပြန်ခေါ်မှာစိုးတာနဲ့ ဒီအတိုင်းပဲ ဖုန်းချလိုက်ပါတယ်။
နောက်နေ့မနက်လည်းရောက်ရော..
အလုပ်ကိုအသွား bus ကားစီးရင်းနဲ့ကို ဖုန်းခေါ်ပြီး တိုင်ပါတယ်။ ဖုန်းဖြေတဲ့အမျိုးသမီးက ကဒ်ကို ဘလော့လုပ်လိုက်မယ်. လုပ်ပြီးရင်တော့ unblock ပြန်လုပ်လို့ မရဘူးလို့ ပြောပါတယ်။ ကိုယ်ကလည်း အိုကေတယ်။ ပိတ်လိုက်။ ပျောက်တာ confirm ဆိုပြီး ပြောလိုက်ပါတယ်။ သူက.. refund လိုချင်လားမေးပါတယ်။ ကိုယ်ကလည်း ရနိုင်ရင်တော့ လိုချင်ပါတယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒီမှာ သူက.. လုပ်ရမဲ့ အစီအစဉ်တွေကို ပြောပါတယ်။ လုပ်ရမှာတွေကတော့
  • customer service (64968300) ကို ဖုန်းဆက်ပြီး ကဒ်ပျောက်တဲ့အကြောင်း အကြောင်းကြားရပါမယ်။ (App သုံးပြီး ခေါ်ချင်ရင်တော့ "Report Lost Card" ခလုတ်ကို နှိပ်လိုက်ရုံပါပဲ။)
  • customer care officer မေးတဲ့ verfication information တွေကို ဖြေပြီးသွားရင် police report တစ်ခုလုပ်ရပါတယ်။ online လုပ်ချင်ရင်တော့ ဒီနေရာမှာ လုပ်လို့ ရပါတယ်။
  • ပြီးရင် ezlink ကဒ် ပျောက်သွားတဲ့အကြောင်းကို .. police report file နဲ့အတူ customerservice@ezlink.com.sg ကို (၇)ရက်အတွင်း email ပို့ရပါမယ်။
  • ပိုက်ဆံ refund လုပ်ဖို့အတွက် ကဒ်နံပါတ်တစ်ခု ( အပို တစ်ကဒ်ရှိရင်.. အဲ့ဒီကဒ်ရဲ့နံပါတ်၊ မရှိရင် နောက်တစ်ကဒ် အသစ်ဝယ်)ပေးရပါတယ်။ 
  • အဲ့လိုလုပ်ပြီး တစ်လကျော်ကြာလို့ အကြောင်းမပြန်ရင် ဖုန်းဆက်ပြီးမေး
  • အကြောင်းပြန်ခဲ့ရင် AXS machineမှာ ကိုယ့် ezlink card ကို update လုပ်ပြီး refund amount ကို ပြန်ယူရုံပါပဲ။ (refund amount ကို ရက်(၉၀)အတွင်း ပြန်မထုတ်ရင် automatically expire ဖြစ်သွားပါမယ်။)
ကိုယ့်အတွေ့အကြုံအနေနဲ့ကတော့ ..
  • police report လုပ်ပြီး (၅)မိနစ်တောင် မကြာဘူး။ ရဲအရာရှိတစ်ယောက် ဖုန်းလှမ်းဆက်ပါတယ်။ ( မြန်ချက်!!) မေးခွန်းတွေမေးပြီး card replacement အတွက် လိုအပ်လို့လုပ်တဲ့အတွက်ကြောင့် further investigation မရှိပါဘူးဆိုပြီး ဖုန်းချသွားပါတယ်။ ပြီးတော့ ဒီကေ့(စ်)အတွက် အကြောင်းကြားစာတစ်စောင် အိမ်ကို လှမ်းပို့ပါတယ်။ (၃)ရက်လောက်ကြာတော့ ဖုန်းပြန်ဆက်ပါတယ်။ ပစ္စည်းပျောက်တာကို သူများက ကောက်ရပြီး ယူသုံးနေတာမို့ အလွဲသုံးစားလုပ်တာဖြစ်တာကြောင့် further investigation လုပ်ရမယ်။ ရဲစခန်းလာခဲ့ပါဆိုပြီး ပြောပါတယ်။ ကိုယ်ကလည်း သူ့ Operation Hour နဲ့ ကိုယ့်ရုံးအလုပ်ချိန်နဲ့က အတူတူမို့ မလာနိုင်ဘူးဆိုပြီး ပြောလိုက်လို့ case, auto ပိတ်လိုက်သလို ဖြစ်သွားပါတယ်။ 
  • ezlink ကို mail လှမ်းပို့ပြီး report လုပ်တော့ (၃)ရက်အကြာမှာ .. work in process ... ပြီးရင် အကြောင်းပြန်မယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါဆိုပြီး officer တစ်ယောက်က အကြောင်းပြန်ပါတယ်။ 
  • နောက်တစ်လလောက်အကြာ.. ပြီးခဲ့တဲ့ ကြာသာပတေးနေ့က refund amount ထုတ်လို့ရပြီဆိုပြီး email ဝင်လာပါတယ်။ အဲ့ဒါနဲ့ ညနေ ရုံးအဆင်း AXS machine မှာ ကဒ်ကို update လုပ်လိုက်ပါတယ်။ ရတဲ့ amount ကတော့ ကိုယ် report လုပ်တဲ့နေ့ကနေ စတွက်ပြီး ပေးပါတယ်။

~ ~ ~ ~ ~ ~ ~ ~ ~


နိဂုံးချုပ်ရရင်တော့ ပိုက်ဆံပြန်ရပေမဲ့ .. refund process က နည်းနည်း အလုပ်ရှုပ်ပါတယ်။ မပျောက်တာအကောင်းဆုံးပဲမို့ သတိထားပြီးကိုင်နိုင်ရင် ပိုကောင်းပါတယ်။ နောက်ဆို မပျောက်အောင် သတိထားမယ်လို့ ဆုံးမပြီး နောက်..ကဒ်အသစ်တစ်ခုတောင် ဝယ်ပြီး အပို မဆောင်ထားတော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီ ezlink acitivate service လေးက တော်တော်တော့  အသုံးဝင်ပါတယ်။ ကိုယ့်ရဲ့ card လေးကို ezlink activate မှာ register လုပ်လိုက်ခြင်းအားဖြင့် ကိုယ့်ကဒ်အတွက် Free Insurance ကို ရပြီးသား ဖြစ်သွားပါတယ်။ ကိုယ့် transaction တွေကို ပြန်စစ်နိုင်သလို ပျောက်သွားရင်လည်း refund ပြန်မလုပ်ချင်ရင်တောင် block လုပ်လို့ရပါတယ်။  ဒါကြောင့် ဒီ service နဲ့ application အကြောင်းလေးကို ဒီဘလော့ပေါ်မှာ ဝေမျှလိုက်ပါတယ်။

Best Regards,
witch83 (07/01/2013; 1:00PM; GMT+8)

2 comments:

  1. သိသင့်တာလေးတွေလဲသိရ
    ဗဟုသုတ လဲဖြစ်တာမို့ အတွေ့အကြုံလေးတွေမျှဝေပေးတာကိုကျေးဇူးပါ

    ReplyDelete
  2. မှတ်သားဖို့ကောင်းပါတယ်။ ကျေးဇူးပါနော်

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer