" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

January 08, 2013

Oxana Gennadyevna Fedorova (3)

အရင်က
~~~ Oxana Gennadyevna Fedorova (1)
~~~ Oxana Gennadyevna Fedorova (2)
ဆိုပြီး ရေးဖူးပါတယ်။ တကယ်တော့ တစ်ပုဒ်ပဲရေးဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ရေးရင်းရေးရင်းနဲ့ တအားရှည်သွားလို့ (1), (2) ဆိုပြီး ခွဲရေးလိုက်ရပါတယ်။ အပိုင်း (၂)မှာ နိဂုံးချုပ်လိုက်ပြီးပေမဲ့ လွန်ခဲ့တဲ့တစ်ပတ်၊ နှစ်ပတ်ကျော်လောက်က သူ့သားလေးနဲ့ ရိုက်ထားတဲ့ "First Shoot with her baby" ပုံလေးတွေတွေ့လို့ .. တခြားသတင်းတွေရှာဖတ်ရင်း ... russian website တစ်ခုမှာ Dec 14, 2012တုန်းက တင်ထားတဲ့ သူမရဲ့အချစ်ဘဝသတင်းကို.. ကိုယ်သိတာတွေနဲ့ပေါင်းပြီး  အပိုင်း(၃)အနေနဲ့ ရေးလိုက်ပါဦးမယ်။ ^^

+ + + + +

Oxana Gennadyevna Fedorova (3), Oxana နှင့် သူမ၏ချစ်သူများ


ကမ္ဘာကျော်ပြီး သိပ်လှတဲ့ မိန်းကလေးတွေရဲ့ ဘဝဟာ ခက်ခဲပြီး အန္တရာယ်များပါတယ်။ အထူးသဖြင့် သူမဟာ ရဲဝန်ထမ်းတစ်ဦး ဖြစ်နေခဲ့မယ်ဆိုရင်ပေါ့ ... 
ဒီလို စကားစုလေးနဲ့ အစချီပြီး .. သူမရဲ့ အချစ်ရေးအချစ်ရေးရာတွေကို russian beauties web site မှာ ဖွင့်ချခံခဲ့ရသူကတော့ ... Miss Universe 2002 ( Dethroned/ Resigned), Oxana Fedorova ပဲ ဖြစ်ပါတယ်။


+ + + + +

Miss Universe တွေထဲမှာ အလှဆုံးလို့ အရွေးချယ်ခံထားရတဲ့ Oxana ဟာ ပျော်ရွှင်မှုကို ရှာဖွေနေခဲ့ပါတယ်။ အခုတော့ သူမ... ရှာတွေ့သွားပါပြီ။

ဒီလို Miss Universe ဖြစ်လာမဲ့သူမကို ရုရှားနိုင်ငံ၊ Pskovမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမ .. သိပ်ကို ငယ်သေးတဲ့အချိန်မှာ သူမရဲ့ဖခင်ဟာ သူမတို့မိသားစုကို ထားသွားခဲ့ပါတယ်။ အသက်အရွယ်ရလာတဲ့အခါမှာ..ဖခင်ကို ပြန်ရှာတော့လည်း အဲ့ဒီအချိန်မှာ ဖခင်ဖြစ်သူဟာ သေဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။

"ကျမဟာ.. ဘဝတစ်လျှောက်လုံး အဖေလိုချင်ခဲ့ပါတယ်။ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ .. ပျော်ရွှင်တဲ့ မိသားစုအကြီးကြီး လိုချင်ခဲ့ပါတယ်"
လို့ Oxanaက ဆိုပါတယ်။

~~ First Love  
သူမရဲ့ ပထမဦးဆုံးအချစ်အကြောင်းကို ပြောတော့ Oxana ဟာ ပြုံးနေခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီ.. first love ဟာ တစ်ဘက်သတ်သာဖြစ်ခဲ့ပြီး တုန့်ပြန်အချစ်ကိုတော့ မရခဲ့ပါဘူး။ အဲ့ဒီ ကောင်လေးဟာ Oxana ကို သူကြိုက်တဲ့ကောင်မလေးအကြောင်းပဲ နာရီတွေ အကြာကြီး ထိုင်ပြောနေတတ်လို့ Oxana စိတ်ဓါတ်တွေ အရမ်း ကျခဲ့ရပါတယ်။ Oxanaဟာ အထက်တန်းကျောင်းသူဘဝတုန်းက  အရပ်အင်မတန်ရှည်တာကြောင့်  ယောကျာင်္းလေးတွေကြား ရေပန်းမစားခဲ့ပါဘူး။

~~ Vladimir Golubev
Pskov Police Lyceum ကျောင်းမှာ ဂုဏ်ထူးနဲ့ ကျောင်းပြီးသွားတဲ့နောက် Oxanaဟာ သူမရဲ့ အချစ်ရေးကိစ္စကို အလျင်မလိုခဲ့ပါဘူး။ University of Interior Ministryကို ဝင်ခွင့်ရဖို့အတွက်.. St. Petersburg ကျောင်းကို  ဆက်တက်ခဲ့ပါတယ်။ တကယ်တော့.. သူမဟာ ရဲဝန်ထမ်းတစ်ဦးသာ ဖြစ်ချင်ခဲ့တာပါ။

ဒါပေမဲ့... တစ်နေ့မှာတော့ သူမကို မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ အလှမယ် titleပေါင်းများစွာကို ပိုင်ဆိုင်ပြီးတဲ့အခါမှာတော့ (၂၀၀၁)ခုနှစ်မှာ Miss Russia ဘွဲ့ကို ရခဲ့ပြီး (၂၀၀၂)ခုနှစ်မှာတော့ Miss Universe 2002 ဘွဲ့ကို ရခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့  .. လှပတဲ့ မိန်းမပျိုလေးနားမှာ လူချမ်းသာပရိတ်သတ်တွေ ဝိုင်းဝိုင်းလည်နေခဲ့ပါတော့တယ်။

ဒါပေမဲ့.. သူမဟာ သူမထက်အသက်(၂၀)ကျော်ကြီးတဲ့၊ Vladimir Golubev လို့ အမည်ရတဲ့ St. Petersburg က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကိုသာလျှင် သူမရဲ့နှလုံးသားကို ပေးအပ်ခဲ့ပါတယ်။ Vladimir ဟာ Oxana လိုချင်တဲ့ သူမရဲ့ ဖခင်လိုပဲ အားကိုးလို့ရပြီး ကြင်နာဂရုစိုက်တတ်တဲ့သူမျိုးဖြစ်ပေမဲ့ အားလပ်ချိန်တော့ သိပ်..မရှိခဲ့ပါဘူး။


Oxanaအတွက်တော့ Vladimirနဲ့အတူနေခဲ့ရတဲ့ သုံးနှစ်တာကလဟာ အိပ်မက်လိုပါပဲ။ သူတို့နှစ်ယောက်ဟာ သစ်တောတွေကြားထဲက ကျေးလက်အိမ်လေးတစ်ခုမှာ နေခဲ့ကြပါတယ်။ ဒါပေမဲ့.. သူမတို့ရဲ့ အချစ်ဇာတ်လမ်းဟာ နောက်တော့လည်း ပျောက်ကွယ်ခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ Vladimirဟာ သူမကို လက်မထပ်ချင်လို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ ကြားထဲမှာပဲ.. သူမဟာ  “Good night, kids!”ဆိုတဲ့ ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူအဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။
(မှတ်ချက်။        ။ Oxana .. Miss Universe 2002 ဘွဲ့ရပြီး သိပ်မကြာခင်မှာ ကိုယ်ဝန်ရှိတယ်လို့ သတင်း ထွက်ခဲ့တုန်းက သူနဲ့ ထွက်တာပါ။ တခြား သတင်းဆိုဒ်တွေမှာ ရေးထားတာကတော့ Vladimirဟာ လူကောင်းတော့ မဟုတ်ပါဘူး။ ဘောဂဗေဒဘာသာနဲ့ ပါရဂူဘွဲ့ရထားတဲ့ ဂျူးလူမျိုး ..Vladimir Golubevဟာ ငွေအလွဲသုံးစားမှု၊ ဒါးပြမှုတွေလုပ်ဖူးတယ်လို့ ဆိုပါတယ်။)

~~ Alexander Litvinenko
"Dancing with the Stars" အက အစီအစဉ်မှာ ပါဝင်ကပြဖျော်ဖြေတဲ့အခါမှာတော့ 
Alexander Litvinenkoလို့ အမည်ရတဲ့ လူချောနဲ့ ဆုံစည်းခဲ့ပါတယ်။ Alexandar က Oxana ကို ဇနီးမယားအဖြစ် လက်ထပ်ချင်ခဲ့ပေမဲ့ သူမကတော့ ဒီကိစ္စကို မလောခဲ့ပါဘူး။ ဖြစ်နိုင်တဲ့အကြောင်းရင်းကတော့ သူမဟာ အဲ့ဒီအချိန်မှာ ရုပ်မြင်သံကြားလောကမှာ အရမ်းကို အောင်မြင်နေပြီး... သူမရဲ့ တောင့်တင်းတဲ့ အမာခံပရိသတ်ကို ဆုံးရှုံးမှာစိုးတာကြောင့်ရယ်လို့ ဆိုကြပါတယ်။



~~ Husband number one
Oxanaဟာ .. သူမရဲ့ ပထမဦးဆုံး ခင်ပွန်းဖြစ်သူ ဂျာမန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် Philip Toft ကို ဥရောပက Alpsတွေရဲ့ ရေခဲစကိတ်စီးတဲ့ အပန်းဖြေစခန်းမှာ တွေ့ခဲ့ပြီး မြင်မြင်ချင်း ချစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို (၂၀၀၇)ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။


ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဒီအိမ်ထောင်ရေးဟာ ပျက်ပြယ်ခဲ့ရပါတယ်။ Oxanaဟာ ဂျာမဏီမှာ မနေချင်ခဲ့ပါဘူး။ ဒါကြောင့် သူမဟာ ရုရှားမှာပဲ တစ်ယောက်တည်း အနေများခဲ့ပါတယ်။ ( ဒီကိစ္စကို ဘာလို့များ မယူခင်က မစဉ်းစားခဲ့တာလဲ မသိဘူးနော်။ )
(၂၀၁၀)ခုနှစ်မှာတော့ Oxana ဟာ လွတ်လပ်တဲ့ အမျိုးသမီးတစ်ယောက် ပြန်ဖြစ်သွားပါတယ်။ Philip နဲ့ Oxana ဟာ ကွာရှင်းပြီးတဲ့နောက်မှာလည်း သူငယ်ချင်းကောင်းတွေလိုပဲ ပတ်သတ်ဆက်ဆံနေကြတုန်းပါပဲ။


~~ Nikolay Baskov
အဲ့ဒါအပြီး... သိပ်မကြာခင်မှာပဲ Oxana Fedorova ဟာ နောက်ထပ်.. ရုပ်ချောပြီး ရွှေရောင်ဆံပင်ရှိတဲ့ ရုရှား နာမည်ကြီး အသံမြင့်အဆိုတော်တစ်ဦးဖြစ်တဲ့ Nikolay Baskovနဲ့ တွေ့ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ကြားက ဆက်ဆံရေးဟာ ဘာဆိုတာ တော်တော် ပြောရခက်ခဲပါတယ်။ သူတို့နှစ်ဦးကို အပြင်မှာ နှစ်ဦးတည်း ခဏခဏတွဲတွေ့ရတတ်ပြီး သူတို့နှစ်ဦးဟာ ဓါတ်ပုံပေါင်း မြောက်များစွာကို အတူယှဉ်တွဲပြီးရိုက်၊ အင်တာဗျူးတွေ အများကြီးကို အတူတွဲပြီးဖြေခဲ့ကြပါတယ်။



အောက်က youtube clip ကလေးကတော့ Oxana နဲ့ Nickolai တို့ နောက်ခံစကားပြောပြီး သီချင်းဆိုပေးရတဲ့ "Toy Story" ဆိုတဲ့ animation 3D video လေးအတွက် MTV က လုပ်တဲ့ အင်တာဗျူးကို ဖြေထားတာပါ။


အောက်က file ကတော့ သူတို့နှစ်ယောက်ရဲ့ Права Любовь" (Love is Right) ဆိုတဲ့ သီချင်းလေးပါ။ Intalian Duet Song ဖြစ်တဲ့ Felicità (Happiness) ကိုတော့ အရမ်းကြိုက်ပေမဲ့ အရင် ပို့(စ်)မှာတင်ပြီးဖြစ်လို့ ဒီပို့(စ်)မှာ မတင်တော့ပါဘူး။


~~ Husband Number Two
Andrei နဲ့ လက်ထပ်တဲ့ Oxana ရဲ့ ဒုတိယမြောက် မင်္ဂလာဆောင်ကတော့ အချိန်တော်တော်ကြာကြာအထိ လျှို့ ဝှက်ချက်အနေနဲ့ ဖုံးကွယ်ထားခဲ့ပါတယ်။  သူမရဲ့ ဒုတိယခင်ပွန်းဖြစ်သူ Andrei Borodinis သမ္မတရုံးက ဝန်ထမ်းတစ်ဦး ဖြစ်ပြီး သူတို့နှစ်ဦးမှာ Fyodorဆိုတဲ့ သားလေးတစ်ဦးရှိပါတယ်။ Fyodorကို (၂၀၁၂)ခုနှစ် မတ်လ(၆)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။


(၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှာတော့ သူမဟာ သူမခင်ပွန်းအတွက် ပန်းချီကားတစ်ချပ်ကို သူမကိုယ်တိုင် ဆွဲပြီး မွေးနေ့လက်ဆောင် ပေးခဲ့ပါတယ်။


အောက်က ဓါတ်ပုံတွေကတော့ သူမနဲ့ သူမရဲ့သားငယ် Fyodor တို့ ပထမဦးဆုံးအကြိမ်.. ဓါတ်ပုံရိုက်ပြီး publicကို ချပြတဲ့ ပုံတွေ ဖြစ်ပါတယ်။






+ + + + +

ဒီကနေ့မှာတော့ Oxana ဟာ အားကိုးလောက်တဲ့၊ ချစ်တတ်တဲ့ ခင်ပွန်းသည်နဲ့ ချစ်ဖို့ကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်နေပါတယ်။ သူမရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာပြီး သူမရဲ့လက်ရှိအိမ်ထောင်ရေးဟာ ခိုင်မာလိမ့်မယ်လို့ ယုံကြည်ချင်ပါတယ်လို့လဲ သူမက ပြောပါတယ်။

Oxana တစ်ယောက် အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)ကို နိဂုံးချုပ်လိုက်ပါတယ်။

Thank you for reading this post.

witch83 (08/01/2013; 6:10PM; GMT+8)

Reference
1. http://beautifulrus.com/oxana-fedorovas-love-stories/
2. Missosology

4 comments:

  1. မျှဝေပေးတာ ကျေးဇူးပါအမတော်......:)
    ခင်တဲ့.....မိုးနတ်

    ReplyDelete
  2. Oxana ကိုကြိုက်ပါတယ် သူ့အကြောင်းကိုဒီလိုစေ့စေ့ မသိခဲ့ပါဘူး
    တခါတလေလဲ အမှတ်တမဲ့ပါပဲ
    ခုလိုလေးသိရတော့ ရင်ထဲမှာတမျိုးလေးခံစားရတယ် သူ့ရဲ့ ယခုလက်ရှိအရွယ်အလှကိုပိုပြီးကြိုက်တယ်

    ReplyDelete
  3. @မိုးနတ်... welcome par ညီမတော်.. ;)
    စာလာဖတ်တဲ့အတွက်လည်း ကျေးဇူးပါ။ :)
    @sis Jasmine, ညီမကတော့ သူ..မယ်ဖြစ်တဲ့အချိန်ကစလို့ အခုချိန်ထိတိုင်အောင် ကြိုက်ပါတယ်။..... ပြီးတော့ အစ်မနဲ့ တူတူပါပဲ။ ဒီအကြောင်းတွေ သိလိုက်ရတဲ့အချိန်မှာ တစ်မျိုးလေး ခံစားရပါတယ်။ ကိုယ်လည်း မိန်းကလေးမို့ သူ့စိတ်ခံစားချက်တွေကို ခန့်မှန်းထားတာတွေရှိပေမဲ့ သူ့ရဲ့ personal feeling တွေကို ခန့်မှန်းပြီး လျှောက်မရေးချင်လို့ သတင်းလေးကို ဘာသာပြန်ပြီး ကိုယ်.. အရင်က သိထားတာတွေ ပေါင်းထည့်ထားတာပါ။ :)
    အမြဲတမ်း စာ..လာဖတ်ပြီး comment တွေ ပေးတဲ့အတွက် ကျေးဇူးပါ အစ်မရေ.. :))))))

    ReplyDelete
  4. ဝေမျှပေးလို့ ကျေးဇူးအထူးတင်ပါတယ်

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer