" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

February 17, 2013

ဟင်းချက်ဖြစ်သော စနေနေ့ (၁၆-၀၂-၂၀၁၂)

နိဒါန်း
အခုတစ်လော ဟင်းမချက်ဖြစ်တာ တော်တော်ကြာပါပြီ။
အလုပ်တွေများနေပြီး အိမ်မှာကလည်း အိမ်ရှင်ရဲ့ မိဘနှစ်ပါးလာလည်နေလို့ အိမ်နောက်ဖေးမှာ ဝင်မရှုပ်ချင်တာကြောင့် ရှိတာနဲ့ စားရင်စား၊ လွယ်ကုပြီး ချက်ရမြန်တာတွေစားရင်စား၊ အပြင်မှာ ထွက်စားရင်စားနေခဲ့တာ များပါတယ်။  (အဲ.. တရုတ်နှစ်ကူး ရက်ရှည်ပိတ်တုန်းက တစ်ရက်တော့ ညီမဖြစ်သူက မုန့် ဟင်းခါးစားချင်တယ်၊ လာစားမယ်ဆိုလို့ မုန့်ဟင်းခါးတော့ ချက်လိုက်ပါသေးတယ်။)
ဖြစ်သလိုစားရတာတွေ၊ အပြင်စာတွေစားရတာများလာလို့ ငြီးငွေ့နေတဲ့အတွက်ကြောင့် ဒီတစ်ပတ်စနေမှာ ဟင်းချက်ဖို့ သောကြာနေ့ညနေက ဈေးဝယ်ထွက်ခဲ့ပါတယ်။

ခေါက်ဆွဲကြော် (ရေခဲသေတ္တာရှင်းခြင်း)
စနေမနက် အိပ်ရာကနိုးတော့ အရင်ဆုံး မနက်စာစား၊ ရေခဲသေတ္တာရှင်း.. ပြီးတော့ ဝယ်လာတဲ့အသစ်တွေကို မချက်ခင် ရေခဲသေတ္တာထဲမှာ ရှိနေတဲ့ လက်ကျန်တွေကို  အရင် ရှင်းလိုက်ပါတယ်။ လက်ကျန်တွေဖြစ်တဲ့ minced pork ရယ်၊ ဝက်အူချောင်းရယ်၊ ကြက်အသည်းအမြစ်ရယ် မုန်လာဥနီတစ်တောင့်ရယ်၊ ဂေါ်ဖီတစ်စိတ်ရယ်၊ ငါးလုံး (၄)လုံးရယ်ကို ( အကုန်လုံး..  တို့စိ၊တို့စိ ကျန်တဲ့ဟာတွေကြီးပါ.. )  frozen ပဲစိမ်းစေ့လေးတွေနဲ့အတူရောပြီး ခေါက်ဆွဲကြော်လိုက်ပါတယ်။  


ခေါက်ဆွဲကြော်ပြီးသွားတော့ တစ်ပွဲထည့်ပြီး ရေနွေးနဲ့လွေးလိုက်ပါတယ်။ လက်ကျန်တွေရှင်းပြီး ကြော်ထားတာပေမဲ့ စားလို့ တော်တော် ကောင်းပါတယ်။း)

ကြက်သားကိုင်
စားသောက်ပြီး လုပ်စရာရှိတာတွေ လုပ်ပြီး နေ့လည်(၃)နာရီလောက်ကျတော့ ကြက်သားကိုင်ပါတယ်။
(မှတ်ချက်။    ။ ဒီလို ကြက်တစ်ကောင်လုံးကို ဝယ်တာ ဘဝမှာ ဒါ.. ပထမဦးဆုံးပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ကြက်သားပလာတာ စားချင်နေတာမို့ သောကြာနေ့တုန်းက ဈေးသွားဝယ်တော့ ကြက်သားရှာတဲ့အခါ.. ကြက်သားခုတ်ပြီးသား အထုပ်တွေက မရှိတော့ပါဘူး။ စနေနေ့ဆို super market မှာ ပိုပြီး လူများတတ်တာကြောင့် အကောင်ဖျက်ရမှာကို အင်မတန် စိတ်ညစ်ပေမဲ့ အကောင်လိုက်ကြီးကိုပဲ စိတ်လျှော့ပြီး ဝယ်ခဲ့ပါတယ်။)

ကြက်ကို အတုံးတုံးပြီးသွားတော့ ရေဆေး.. ရေဆေးပြီးတော့ အရိုးတွေသတ်သတ်ခွဲ၊ ကျန်တဲ့အသားတွေကို တစ်ဝက်စီ ခွဲလိုက်ပါတယ်။ ကျန်တဲ့တစ်ဝက်ကို ဘူးသီးနဲ့ ကာလသားဟင်းချက်ဖို့ ဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ခဲလိုက်ပါတယ်။ ကျန်တဲ့တစ်ဝက်ကိုတော့ ချင်း(ဂျင်း)မှုန့်၊ ဆား၊ နနွင်းမှုန့်၊ မဆလာတို့နဲ့နယ်ပြီး နှပ်ထားလိုက်ပါတယ်။ ကြက်သားနှပ်ထားတဲ့အချိန်မှာ ပလာတာ ကြော်ပါတယ်။ တစ်ယောက်တည်းစားမှာမို့ (၃)ချပ်ပဲ ကြော်ပါတယ်။

ပလာတာကြော်
ပလာတာကတော့ Spring Homeက plain roti parata ပါ။ မွှေးအောင် ထောပတ်နဲ့ ကြော်ပါတယ်။ အများကြီးထည့်စရာ မလိုပါဘူး။ ဆီနည်းနည်းနဲ့ မတူးအောင် ကြော်ချင်ရင်တော့ non-stick panကို ပူအောင်လုပ်လိုက်ပါ။ တော်တော်ပူပြီဆိုရင် ထောပတ်(သို့) ဆီအနည်းငယ်သာထည့်ပြီး တအိုးလုံး ဆီပြန့်သွားအောင် ဇွန်းနဲ့ ဖြန့်လိုက်ပါ။ ပြီးမှ parata ကိုထည့်လိုက်ရင် ချက်ချင်း ကြွတက်လာပါတယ်။ ကြွတက်လာတာနဲ့ တဖက်ကို အမြန်လှန်ပြီး မီးပိတ်လိုက်ပါ။ အဲ့လိုဆိုရင် ကြွပ်ကြွပ်အိအိနဲ့ မတူးတဲ့ ပလာတာကို ရပါလိမ့်မယ်။ ကြော်ပြီးသွားတော့ ပတ်စရာ ဆီစုတ်စက္ကူ မရှိတော့လို့ tissue paper တွေပဲ သုံးလိုက်ပါတယ်။ :P

အချဉ်ပြင်
ပလာတာကြော်ပြီးသွားတော့ အချဉ်လုပ်ပါတယ်။ ကြက်သွန်နီကို ပါးပါးလှီး၊ သံပုရာသီးညှစ်၊ အချဉ်သိပ်မပေါက်လို့ ready-made သံပုရာရည်တွေ လောင်းထည့်၊ ငြုပ်စိမ်းပါးပါးလှီးထည့်၊ ပူစီနံအရွက်တွေချွေထည့်ပြီးတဲ့အခါမှာတော့ အချဉ်ကိစ္စပြီးသွားပါတယ်။

အချဉ်လုပ်ပြီးတဲ့အချိန်မှာ အိမ်ရှင် ဟင်းချက်ချင်နေပုံပေါက်တာနဲ့ ကိုယ်လည်း ခဏရပ်ပြီး အခန်းထဲဝင်ကာ စာတွေလျှောက်ဖတ်နေလိုက်ပါတယ်။ နည်းနည်းကြာတော့ အပြင်ပြန်ထွက်ပြီး ဆီသတ်ဖို့လုပ်ပါတယ်။ မြန်တဲ့ဆီသတ်နည်းကို ပြောပြပါမယ်။

ကြက်သွန်ဆီချက်..ချက်
စလုံးက အိမ်နားနီးချင်းတွေ complain မတက်အောင်ရော၊ ကိုယ့်အိမ်မှာလည်း သိပ်မနံအောင်ရော.. လုပ်လို့ရတဲ့နည်းပါ။ ဘာမှ မခက်ပါဘူး။ အိုးပူအောင်ထား၊ ဆီထည့်၊ ကြက်သွန်ဖြူထောင်းထားတာထည့်၊ ကြော်ပြီးသား ကြက်သွန်နီကြော်ပစ်ထည့်၊ ငြုပ်စိမ်းမှုန့်ထည့်.. မီးပိတ်လိုက်ရင် မြန်လည်းမြန်၊ သိပ်လည်း အကြာကြီး မကြော်ရတဲ့ ကြက်သွန်ဆီချက် ရပါတယ်။ အညှော်လည်း အနည်းနဲ့အများတော့ သက်သာပါတယ်။ ဒီမှာက.. ကြက်သွန်နီအစိမ်းကိုဝယ်လည်း တစ်ကျပ်ခွဲလောက် ပေးရပါတယ်။ ပြီးရင် ဒီက ကြက်သွန်နီတွေက မခြောက်ပါဘူး။ အစိုဓါတ်ပါ.ပါတယ်။ ဟင်းမချက်တာကြာရင်လည်း ကြက်သွန်နီတွေ ရိလာပြီး လွှင့်ပစ်ရပါတယ်။ အဲ့ဒီတော့ ဈေးသိပ်မကွာတဲ့ ကြက်သွန်နီကြော်သုံးတာ ပို..အဆင်ပြေပါတယ်။ ကြက်သွန်အစိမ်းက အသုတ်သုတ်ဖို့ လောက်ပဲ ကောင်းပါတယ်။ ( ကိုယ့်အယူအဆနဲ့ကိုယ်ပါ။ မြန်ကောင်းသက်သာနည်းလေ..ဟဲ..ဟဲ..။ chocothazin .. နည်းယူလိုက ယူနိုင်ပါသည်။ :P )

ကြက်သားဟင်းချက်
ကြက်သွန်ဆီချက်သတ်ပြီးသွားတော့ နှပ်ထားတဲ့ ကြက်သားတုံးတွေကိုထည့်ပြီး မွှေ၊ ရေထည့်၊ Rendang sauce powder ထည့်ပြီး မွှေ.. ပြီးတော့ အဖုံးပိတ်ပြီး ချက်ထားလိုက်ပါတယ်။ တစ်ရေကုန်ခါနီးတော့ အာလူးထည့်၊ ဆီပြန်တော့ နူးနေပြီမို့ မဆာလာထည့်။ မီးပိတ်။ ခဏကြာတော့ မီးပြန်ဖွင့်။ ဆီကျန်ရေကျန်ဖြစ်အောင် ရေပြန်ထည့် ပွက်လာတော့ အိုးချ။ အလွန်မွှေးကြိုင်ပြီး အနံ့အရသာရှိသော ကြက်သားအာလူးဟင်း ရပါပြီ။ ^^

 
အရသာရှိသော ညနေစာ
ညနေဘက် ရေမိုးချိုး၊ ခေါင်းလျှော်ပြီးတဲ့အခါမှာတော့ ညနေစာပြင်ပါတော့တယ်။ ပလာတာပေါ်မှာ တင်ထားတဲ့ tissue paper တွေခွာပြီး ကတ်ကြေးနဲ့ သေးသေးလေးတွေဖြစ်အောင် ညှပ်ပါတယ်။ ပြီးတော့ ကြက်သားအာလူးထည့်၊ အချဉ်ထည့်ပြီး ရေနွေးကြမ်းနဲ့ လွေးလိုက်ပါတော့တယ်ရှင်။



အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။

Thank you for reading this post.
witch83 (17/02/2013; 4:03PM; GMT+8)

3 comments:

  1. တိုက်ဆိုင်လိုက်ပါဘိ မ ရယ်.....:)
    ဒီနေ့ပဲ အိမ်မှာ မေလုပ်ကျွေးတဲ့ ကြက်သားပလာတာ စားထားတာ....
    ဒါပေသိ မ ချက်တဲ့ ကြက်သားပလာတာကို ပိုပြီးစိတ်ဝင်စားသဗျ....
    ကြုံကြိုက်ရင် မ ချက်ကျွေးတာကို အားပေးဖို့
    မျှော်လင့်နေမိတယ် ဒီက ....:P


    ReplyDelete
  2. ကြက်သားပလာတာကြိုက်လို့အ၀ကြီးဆွဲခဲ့ပါတယ်

    ReplyDelete
  3. ကြုံကြိုက်ရင်တော့ နှစ်ယောက်လုံးကို ချက်ကျွေးပါ့မယ်..း) ခုလောလောဆယ်တော့ online အဝသာဆွဲသွားပါ မိုးနတ်ရေ.. :D
    ခင်မင်လျှက်, witch83

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer