" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

February 12, 2013

Timeless Beauty 2012

(၂၀၁၃)ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက် နေ့မှာ Timeless Beauty 2012ဆုရသူကို Missosology က ကြေငြာလိုက်ပါတယ်။ final countdown link မှာ ဆုရသူတွေကို ဖြေးဖြေးချင်း top 20 ကနေ အရှေ့ ကို တိုးတိုးပြီး ကြေငြာသွားရာကနေ နောက်ဆုံးဆုရသူကိုတော့ တော်တော်ကြာမှ ကြေငြာပေးပါတယ်။

Timeless beaty 2012 ဆုနဲ့ Ideal beauty 2012 ဆုရဲ့ ကွာခြားချက်ကတော့ timeless က big 4 queens က  semi-finalists တွေထဲကမှ အယောက်(၂၀)ကို ရွေးတာပါ။ Ideal beauty ကတော့ big 4 queens အပြင် miss USA နဲ့ miss supernational က ပြိုင်ပွဲဝင်တွေအားလုံးအပေါ်မှာ ရွေးတာပါ။

~ . ~ . ~ . ~ . ~ . ~ . ~
1. Timeless Beauty 2012 Winner

(၂၀၁၂)ခုနှစ်ရဲ့ timeless beauty ပိုင်ရှင်ကတော့ Miss Universe 2012 - Venuzula, Irene Esser ပဲ ဖြစ်ပါတယ်။



Fabulous Irene
 
ဆုရတဲ့သူ အယောက်(၂၀)ကို ဖြေးဖြေးချင်း ကြေငြာပေးပြီး နောက်ဆုံး စကာတင်နှစ်ယောက်နေရာရောက်မှ တော်တော် ကြာသွားပြီး ဖေဖော်ဝါရီလ (၅)ရက်နေ့ကျမှ Irene Esser ဆိုပြီး ကြေငြာပေးတာပါ။ 


MU ပြိုင်ပွဲဝင်တွေကြားမှာ သူများတွေနဲ့မတူ သိသိသာသာ ကွဲထွက်နေတဲ့ Irene ကို ဒိုင်တွေက ဒီ timeless beauty 2012 ဆုကို ပေးလိုက်ပါတယ်။ ပြိုင်ပွဲဝင်တဲ့နေရာမှာ ဖြစ်သင့်တာထက် နည်းနည်းပိုသွက်နေပေမဲ့ အဲ့ဒီအချက်ကပဲ သူမကို ဝက်ဝက်ကွဲအားပေးနေကြတဲ့ အင်အားတောင့်တင်းတဲ့ ပရိတ်သတ်တွေ.. သူမကို ပိုချစ်စေတဲ့အချက်လို့ လူတစ်ချို့က ဆိုကြပါတယ်။ ဒီနေရာမှာ သူမကိုသူမ ယုံကြည်မှုရှိပြီး သွက်လက်ပျော်ရွှင်နေတဲ့အချက်ကို ဖြစ်စေတဲ့ အကြောင်းရင်းကို Irene ဖြေထားတဲ့ အင်တာဗျူးတွေကနေတဆင့် ခန့်မှန်းကြည့်ပါတယ်။
သူမ .. အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာကတော့
" နောက်တစ်ကြိမ် ဘဝဆိုတာကို ပြန်လည်ရွေးချယ်ရမှာဆိုရင်တောင် သူမရဲ့ ယခု လက်ရှိဘဝကိုပဲ ရွေးချယ်မှာပါ"
တဲ့။  (မိမိဘဝကို ကျေနပ်ပျော်ရွှင်ကြတဲ့သူတွေဟာ ကိုယ့်ကိုကိုယ် ပိုပြီး ယုံကြည်မှု ရှိတတ်ကြပါတယ်။) Final question မှာ laws နဲ့ leysကို မှားပြောလို့ လူတစ်ချို့က Ireneကို ပျက်ရယ်ပြုခဲ့ကြပေမဲ့ အဲ့ဒီအချက်က Irene ရဲ့ ထူးခြားမှုနဲ့ လှပမှုကို ကွယ်ပျောက်သွားအောင် မလုပ်နိုင်ပါဘူး။
(မှတ်ချက်။     ။ ကိုယ်ကြိုက်တဲ့သူဆိုတော့ အဲ့လိုပဲ ပြောရတယ်။ မမချောက တော်တော်တော့ အသွက်လွန်တာ။ :D )

Irene, Miss Venezula ဆု ရတုန်းက
Elegance of Irene Esser =)

~ . ~ . ~ . ~ . ~ . ~ . ~  

ဆုရသွားတဲ့ Irene အကြောင်းကို ပြောပြီးသွားပြီဆိုတော့ ကျန်တဲ့ (၁၉)ယောက် အကြောင်းလည်း ပြောပါရစေ။ နံပါတ်စဉ်နဲ့ပဲတပ်ပြီး ပြောပါမယ်။

2. Melida Bam, Miss Universe - South Africa

Timeless Beauty 2012 ရဲ့ 1st runner-upဆုကိုရတဲ့ Melindaဟာလည်း Irene လို တော်တော်လေးကို ပရိတ်သတ်အင်အားတောင့်တင်းတဲ့ အလှမယ်ပါ။ ကျမကတော့ သူ့ကို သိပ်.. မကြိုက်ပါဘူး။ သူမကို beauty specialist တွေက တော်တော် nominateလုပ်ကြပေမဲ့  top 16 မှာတင်ပဲ ပြုတ်ကျန်ခဲ့ပါတယ်။ top 10 ကို မပါလာပါဘူး။


3. Elizabeta Burg, MU2012 - Croatia

မေးရိုးကျတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့၊ "silent killer of the competition" လို့ လူတွေ ခေါ်ဆိုကြတဲ့ Elizabeta ကတော့ ကျမရဲ့ favourite တွေထဲက တစ်ယောက်ပါ။ performance တော့ သိပ်မကောင်းပါဘူး။ သူမ..top 16 မှာ ပြုတ်ကျန်ပြီး top 10မှာ မပါခဲ့လို့ တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။


4. Olivia Culpo, MU 2012- USA, Miss Universe 2012 Winner

Olivia ကိုတော့ အရပ်ပုတာကလွဲရင် ငြိမ်ပြီး အေးချမ်းလို့၊ sweet ဖြစ်လို့၊ အဆင့်အတန်းရှိတဲ့ပုံစံလေးနဲမို့ ချစ်ပါတယ်။ ဒါပေမဲ့ MU 2012 contestantတွေထဲမှာ သူ့ထက် ပိုပြီး အလားအလာရှိတဲ့ အလှမယ်တွေရှိတယ်ဆိုတဲ့ အချက်ကိုတော့ လက်ခံပါတယ်။ :)
Classy & Sexy at the same time

5. Tereza Fajksova, Miss Earth -2012, Czech ( Miss Earth 2012 Winner)

Terezaကတော့ သူ့ကို မြင်လိုက်ရင်ကို ကြာကြာကြည့်ချင်စရာကောင်းတဲ့သူဖြစ်ပါတယ်။ Miss Earth ပြိုင်ပွဲကို မကြည့်လိုက်ပေမဲ့ သူ့ပုံတွေ တက်လာတော့ မြင်လိုက်တာနဲ့ကို တော်တော် လှပါလားလို့ မှတ်ချက်ပေးရလောက်တဲ့ အလှမယ်ပါ။

6. Marcelina Zawadzka, MU 2012 - Poland

နံပါတ်(၆)ချိတ်တဲ့ Marcelina ကတော့ ကျမရဲ့ favourite list ထဲကပါ။ ပွဲမတိုင်ခင် ဟိုးအစောကြီးကတည်းက ဓါတ်ပုံတွေ့ပြီး ကြိုက်ခဲ့တာပါ။ သူ... လှလား မလှဘူးလားဆိုတာကတော့ အောက်က movie clip လေးကိုသာ ကြည့်ပါတော့။ ^^


သူမဟာ MU 2012 ပြိုင်ပွဲတုန်းက ငြိမ်သလောက် အောက်က fashion show မှာတော့ မမချောက သွက်ပါတယ်။ သူမဟာ ဖော်ရွေပြီး ရင့်ကျက်တဲ့.. စိတ်ကောင်းရှိတဲ့ အမျိုးသမီးလို့  MU ပြိုင်ပွဲဝင် အလှမယ်တော်တော်များများက ဆိုကြပါတယ်။ :)

သူမလည်း ပြိုင်ပွဲမှာ top 16 မှာတင် ပြီးသွားပါတယ်။ ဆုမရတာ ကြာပြီဖြစ်တဲ့ poland ကို အမောပြေစေတဲ့ အလှမယ် ဖြစ်ပါတယ်။



7. Wenxia Yu, MW 2012 - China ( Miss World 2012 Winner)

ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့ရတဲ့ .. opera သီချင်းအဆိုပါရမီရှင်၊ Miss World 2012 winner, Wenxia Yu ကတော့ timeless beauty 2012 မှာ သတ္တမ.. ချိတ်ပါတယ်။


8. Janine Tugonon, MU 2012 - Philippine

Miss Universe 2012 , 1st runner up, Janine Tugonon ကတော့ timeless beauty 2012 list ရဲ့နံပါတ်(၈)မှာပါ။ ဖြတ်ထိုးဥာဏ်ကောင်းပြီး catwalk လျှောက်တာ တော်တော် လှပါတယ်။

9. Blanca Aljibes, Miss International 2012 - Vanezula

နံပါတ် (၉)ကို ချိတ်သူကတော့ အချောအလှ ပေါတဲ့ Vanezula ကပဲ ဖြစ်ပါတယ်။ Miss International 2012 contestant ပါ။

10. Sophie Moulds, MW 2012 - Wales

Timeless Beauty 2012 ရဲ့ နံပါတ် (၁၀)ကို ချိတ်တဲ့သူကတော့ Miss World, 1st runner-up, Sophie Moulds ပါ။ တော်တော်လေးကို ဆွဲဆောင်မှုရှိပြီး ကိုယ်လုံးလည်း တော်တော်လှပါတယ်။ Ideal Beauty ကပေးတဲ့ Body of the year, 2012 ဆုကို ရထားတဲ့သူလည်း ဖြစ်ပါတယ်။



11.Waratthaya Wongchayaporn, Miss Earth 2012 - Thailand


12. Diana Avdiu, MU2012 - Kosovo

မျက်လုံးလှပြီး.. classy beauty ပိုင်ရှင်ဖြစ်တဲ့.. Miss Photogenice ( MU2012) ဆုပိုင်ရှင် Diana ကတော့ နံပါတ်(၁၂)ပါ။

13. Melissa Varon, Miss International 2012 - Columbia

Melissa Varon ကို  အရမ်းကြိုက်ပါတယ်။ ( သူမရဲ့ FB accountမှာတော့ Melissa Carolina လို့ ရေးထားပါတယ်။)
နံပါတ် (၁၃)ကိုရသွားတဲ့ Melissa ကတော့ Miss International ပွဲမှာ တော်တော် တစ်..ကြိုပြေးခဲ့တာပါ။ တကယ့် တကယ်တမ်းတော့ သူမရဲ့ကိုယ်လုံးက ပါးပါးလေးပေမဲ့ catwalk လျှောက်တဲ့အခါ၊ pose ပေးတဲ့အခါတွေမှာ ကိုယ်လုံးက အပျံစား ဖြစ်သွားပါတယ်။ မျက်နှာလေးကလည်း တော်တော် ဆွဲဆောင်မှု ရှိပါတယ်။ ချစ်ဖို့ကောင်းတဲ့ သူမရဲ့ မျက်နှာလေးမှာ အတင်း မလုပ်ထားဘဲနဲ့ကို ညှို့ ဓါတ်ကလေးလည်း ပါသလိုပါပဲ။ ဒါဟာလည်း talent တစ်ခု ပါပဲ။ ဒါပေမဲ့ top 16 တွေ တစ်ဦးချင်းစီကို စင်ပေါ်မှာ စကားပြောခိုင်းတဲ့အခါမှာတော့ သိပ်.. မမိုက်ပါဘူး။ တကယ်ဆို Miss International ဆိုတာ Miss Universe ပြိုင်ပွဲလို မခက်ပါဘူး။ ဆုရခဲ့ရင် သူမ ဘာလုပ်မယ်။ ဘာကြောင့် သူမဟာ ဒီဆုကို ရသင့်တယ်ဆိုတာကို introduce လုပ်တဲ့ပြောဆိုခွင့်ကို top 16 အားလုံးကို တန်းတူ အခွင့်အရေး ပေးထားတာမို့ ဒီထက် ပိုကောင်းအောင် ပြောဖို့ကြိုးစားခဲ့သင့်ပါတယ်။
( Miss Universe ဆို ဘယ်မေးခွန်းကို ဖြေရမယ်ဆိုတာကို ကြိုသိထားရတာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဖြေရတဲ့မေးခွန်းလည်း မတူကြပါဘူး။ MU မှာလည်း .. အရင်တုန်းကတော့ မေးခွန်းတူတာ တစ်ခါ၊ မတူတာတစ်ခါ ဖြေရပါတယ်။)
   
14. Shristi Shrestha, Miss World 2012 - Nepal

နံပါတ် (၁၄)ရတဲ့ Miss World Nepal ကိုတော့ timeless beatuy 2012 ရဲ့ top 20 မှာပါမှ သတိထားမိတာပါ။ :) ဒိုင်တွေက firece beauty လို့ ပြောကြပါတယ်။
 

15. Marianan Berumen, Miss World Mexico

Timeless beauty ရဲ့ အမှတ်စဉ် (၁၅)ကိုရသွားတဲ့ MW-Mexico ကတော့ ပြိုင်ပွဲမှာ ဒီထက်ပိုတဲ့ အောင်မြင်မှုတွေ ရသင့်တယ်လို့ ဒိုင်တွေက ဆိုကြပါတယ်။  

16. Elizabeth Golovanova, Miss Universe Russia

အဆင့် (၁၆)ချိတ်တဲ့သူကတော့ ကျမချစ်တဲ့ MU Russia, Elizabeth ပါ။ တကယ်လို့များ မနက်ဖြန် ကမ္ဘာပျက်တော့မယ်ဆိုရင်.. ဝမှာ မကြောက်ရတော့တဲ့အတွက်ကြောင့် ချောကလက်တွေ အဝစားပစ်လိုက်မယ်လို့ MU2012 အင်တာဗျူးက ဖြေခဲ့တဲ့သူ ဖြစ်ပါတယ်။  Elizabethဟာ Miss World ပြိုင်ပွဲတုန်းက နာမည် အရမ်းကြီးပြီး အားပေးတဲ့သူတွေ အများကြီး ရှိခဲ့ပေမဲ့ top 16တောင် မဝင်ခဲ့ရပါဘူး။ သူမကို သိပ်ပြီး အားမပေးကြတဲ့ MU 2012 ပြိုင်ပွဲမှာမှ top 10 ဝင်ခဲ့တာပါ။ တကယ်တော့ သူမရဲ့ personalityဟာ Miss World နဲ့ ပိုကိုက်ပါတယ်။     


( ဒါနဲ့.. စကားမစပ်.. Miss World ဆိုလို့ ... Miss Myanmar, Nang Khin Zay Yarကို ရှေ့နှစ် Miss World Organization က သူမကို ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ သတင်းကို လိုက်ရှာကြည့်တော့ သေချာတဲ့သတင်း မတွေ့ရပါဘူး။ Miss World ရဲ့ website မှာသွားကြည့်တော့လည်း contestant list ထဲမှာ မြန်မာ မပါသေးပါဘူး။ ဘာပဲဖြစ်ဖြစ် သူ..အခုလုပ်နေတဲ့ "နာရေးကုညီမှုအသင်း" activity ကတော့ Miss World မှာ ဝင်ပြိုင်ခဲ့မယ်ဆိုရင် "Beauty with a Purpose"ဆုကို ရနိုင်ပါတယ်။ နန်းခင်ဇေယျာဟာ နိုင်ငံတကာ အလှမယ်စံနှုန်းကို မမီပေမဲ့ .. သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ သူ့ဟာနဲ့သူ ရှိသင့်တဲ့နေရာမှာ အကွေ့အကောက်တွေ ရှိပါတယ်။ Missosology ရဲ့ first round pick up for swimsuit မှာ သူမ.. ပါပါတယ်။ second round မှာသာ ပြုတ်ကျန်ခဲ့တာ။ နောက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်လည်း ရှိပါတယ်။  Ideal Beauty ကပေးတဲ့ best performer ဆုမှာလည်း final 5 shortlist  စာရင်းမှာ ပါ..ပါတယ်။ English စကားပြောတာလည်း သိပ်.. မဆိုးပါဘူး။ )

17. Osmariel Villalobos, Miss Earh Vanezula


 Miss Earth ပြိုင်ပွဲကို မကြည့်လိုက်လို့ သူ့အကြောင်းတော့ သိပ်.. မသိပါဘူး။

18. Melody Mir, Miss International Domanican Republic

Miss International, top 16 တွေထဲမှာ sincere speaker တစ်ယောက်ဖြစ်တဲ့ Melody Mir ဟာ ငြိမ်ငြိမ်လေးနဲ့ အဆင့်တန်းရှိရှိလှသူတစ်ဦး ဖြစ်ပါတယ်။ အရပ်လည်းမြင့်ပြီး ကိုယ်လုံးလည်း တော်တော် လှပါတယ်။ Miss International 3rd runner-up ပါ။   

19. Alize Lily Mounter, Miss International 2012 - UK

ကြွကြွလေးနဲ့ သွက်သွက်လေး  catwalk လျှောက်တတ်တဲ့ Miss UK international ကတော့ နံပါတ် (၁၉)မှာပါ။ သူမကို ဂျပန်ကီမိုနိုလေးဝတ်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံကို စမြင်ပြီးကတည်းက ကြိုက်တာပါ။ မျက်နှာလေးက အရုပ်မျက်နှာလေးနဲ့ တူပါတယ်။

 

20. Miadusha Mayadunne, Miss International 2012 - Sri Linka 

သူမနိုင်ငံက တစ်ခါမှ မရဘူးတဲ့ big ranking ကို ယူပေးတဲ့ Miss.Sri Linka ကတော့ timeless beauty ရဲ့ အဆင့် (၂၀)ပါ။ top 16 မှာ sincere speech ကိုပေးတဲ့ အလှမယ် ဖြစ်ပါတယ်။ Miss International 2012 ရဲ့ 2nd runner-up ပါ။
( မှတ်ချက်။   ။ Miss International 2012 ရဲ့ top-5 pageantတွေထဲမှာ Miss Japan ကလွဲရင် အားလုံးက sincere speaker တွေပါ။ ကြည့်ရတာ Miss International 2012 ရဲ့ ဒိုင်တွေက ဒီအချက်ကို တော်တော် သဘောကျပုံရပါတယ်။ sincere speech ပေးတဲ့ အလှမယ်တွေထဲကမှ အကောင်းဆုံး ပြောသွားတဲ့ Miss Finladက 1st runner-upဆုကို ရခဲ့ပါတယ်။ )

~ . ~ . ~ . ~ . ~ . ~ . ~ 

ဒီ top-20 list ထဲမှာ ကိုယ်ကြိုက်တဲ့၊ အားပေးခဲ့တဲ့ မယ်တွေပါတာမို့ ဝမ်းသာမိပါတယ်။ နောက်ပြီး... ဒီနှစ်ရဲ့ timeless beauty ဆုရတဲ့သူတွေကို သတိထားကြည့်မိမယ်ဆိုရင် အောက်ပါ အချက်တွေကို တွေ့နိုင်ပါတယ်။
  • Big 4 queens ထဲက queen တစ်ယောက်ဖြစ်တဲ့ Miss International 2012 winner, Miss Japan မပါပါဘူး။
  • Vanezula က miss (၄)ယောက်မှာ Miss World - Vanezula တစ်ယောက်ပဲ top-20 ထဲမှာ မပါပါဘူး။ ကျန်တဲ့သုံးယောက်လုံး timeless beauty စာရင်း ဝင်ကြပါတယ်။
  • Timeless beauty list မှာ Irene နဲ့ Miss.Nepal ကလွဲရင် ငြိမ်ပြီး classy ဖြစ်တဲ့၊ လှတာထက် ဆွဲဆောင်မှုရှိတဲ့ အလှမယ်တွေ အရွေးခံရပါတယ်။
ဆုရတဲ့ အလှမယ် အယောက်(၂၀)အကြောင်း ပြောပြီးသွားပြီမို့ ဒီပို့(စ်)လေးကို ဒီနေရာမှာ နိဂုံးချုပ်ပါရစေ။

Thank you for reading this post.

with83 (12/02/2013; 2:37PM; GMT+8)

Reference:
1. http://missosology.org/timeless-beauties/its-the-final-countdown-2/
2. http://missosology.org/timeless-beauties/a-tribute-to-irene-esser-timeless-beauty-2012/
3. Google

2 comments:

  1. တစ်ယောက်ချင်းစီရဲ့ အလှအပလေးတွေသိခဲ့ရပြီး
    သေချာကြည့်ပြန်တော့ အားလုံးကလဲ တမျိုးစီလှနေကြတယ်
    သူတို့လေးတွေကြည့်ရတာ စိတ်ချမ်းသာလိုက်တာ
    ကိုယ်တုတ်တုတ်ခဲခဲ ဖုဖုထစ်ထစ် ကြီးတွေမကြိုက်သူမို့ထင်တာပဲ
    ပုံတွေအားလုံးအတွက်ကျေးဇူးပါရှင်

    ReplyDelete
  2. အားလုံးက လှမှလှ..အထူးတလည်
    စောဒကတက်စရာကို မရှိပါဘူး :)))
    မျှဝေပေးတာ ရှဲရှဲနိပါ
    ချစ်မ အာဘွားးးးးးးးး

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer