My Diary, My Thoughts, My Collections and after all, this is My Small Own World
" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it." --- BUDDHA
MU2004 ပြိုင်ပွဲကို အီကွေဒေါနိုင်ငံမှာ ကျင်းပခဲ့တာပါ။ ပြိုင်ပွဲအတွက် camp သွင်းပြီး ယှဉ်ပြိုင်နေကြတုန်းမှာ လူကြိုက်များခဲ့တဲ့ အလှမယ်တွေကတော့ Miss Aruba, Miss France, Miss Ecuador (local favourite), Miss USA, Miss Venezuela, Miss Ukraine, Miss Autrailia နဲ့ Miss Norway တို့ပဲ ဖြစ်ပါတယ်။ Presentation Show ပြီးသွားတဲ့အချိန်မှာတော့ Switzerland, Greece, Philippinesနဲ့ Jamaica ကအလှမယ်တွေပါ လူကြိုက်များတဲ့စာရင်းထဲ ပါလာပါတယ်။
Jennifer Hawkins အပြင် နောက်ထပ်နှစ်သက်မိတဲ့ Miss Universe ကတော့ Miss Universe 2007, Riyo Mori ပါ။ အသက်(၄)နှစ်အရွယ်ကတည်းက စပြီး ကခဲ့တယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံက Quinte Ballet School ကျောင်းဆင်းလည်းဖြစ်ပါတယ်။
(၂၀၀၀-၂၀၁၂)ကြားက MU (၁၃)ယောက်ကို fierced beautyဖြစ်တာရယ်၊ outgoingဖြစ်တာရယ်ပေါ်မူတည်ပြီး နံပါတ်စဉ်နဲ့စီရင် Riyo Mori ဟာ Jennifer Hawkins ပြီးရင် ဒုတိယမြောက်လိုက်သူလို့ ပြောလို့ရပါတယ်။ အောက်က movie clip လေးကတော့ သူပြိုင်ပွဲဝင်ထားတာတွေကို ပေါင်းထားတာပါ။
အောက်က movie clip လေးကတော့ Stage စင်အနောက်ဘက်က Riyo Moriရဲ့ behind the scences တွေပါ။
မှတ်မိသလောက်ပြောရရင် MU2007ပြိုင်ပွဲကို MRTV-4ကလည်း
တိုက်ရိုက်ထုတ်လွှင့်ပေးတယ် ထင်ပါတယ်။ အဲ့ဒီပွဲမှာ Miss USA ချော်လဲတာရယ်၊
နှစ် (၅၀)ကျော်ကြာအောင် မရခဲ့တဲ့ မယ်စကြာဝဠာဆုကို ဂျပန်က ပြန်ရခဲ့တာရယ်တွေက
MU2007 ပွဲမှာ အမှတ်တရ ဖြစ်စေခဲ့တယ်လို့ ဆိုရမယ်ထင်ပါတယ်။ နောက်ထပ်
အမှတ်တရတစ်ခုက Final Question မှာ သူမ..ဖြေခဲ့တဲ့အဖြေပါ။
အကောင်းဆုံးအဖြေများစာရင်းမှာ ပါပါတယ်။
Natlie ဟာ ကနေဒါနိုင်ငံကို ဒုတိယအကြိမ်မြောက် Miss Universe သရဖူယူဆောင်ပေးတဲ့သူဖြစ်ပါတယ်။ ကနေဒါဟာ (၁၉၈၂)မှာတုန်းက တစ်ကြိမ် Miss Universeဆု ရပြီး ...(၂၃)နှစ်ကြာပြီးတဲ့နောက်မှာမှ Natlieယူပေးခဲ့တဲ့ ဒုတိယမြောက် မယ်စကြာဝဠာဆုကို ရခဲ့တာပါ။
တကယ်တော့ သူမဟာ (၂၀၀၄)ခုနှစ်တုန်းကလည်း Miss Canda ပြိုင်ပွဲမှာ ဝင်ပြိုင်ဖူးပါတယ်။ 3rd runner upဆု နဲ့ ကျေနပ်ခဲ့ရပြီး (၂၀၀၅)ခုနှစ်မှာ နောက်တစ်ကြိမ်ထပ်ပြိုင်တော့မှ Miss Canada, Universe ဆုကိုရပြီး Miss Universe (2005)ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရကာ သရဖူဆောင်းခဲ့ရတာပါ။
Russian-Canadian Beauty Queen, Natlie
Natlie @ MU2005 Competition
MU2005 ပြိုင်ပွဲရဲ့ final top-5ကိုရောက်တဲ့အချိန်မှာ Natlieဟာ MU လောကမှာ တကယ်ကို strong ဖြစ်တဲ့ နိုင်ငံကအလှမယ်တွေနဲ့ ယှဉ်ပြိုင်ရတာပါ။ Final Top-5ကို တက်လှမ်းခဲ့တဲ့မယ်တွေကတော့ Miss Puerto Rico, Miss Mexico, Miss Dominican Republic, Miss Venezuelaနဲ့ Miss Canadaတို့ပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ fireced look ပိုင်ရှင်ဖြစ်တဲ့ Natlie က MUဆုကို ရခဲ့ပါတယ်။
Final Top-5 Of MU2005
Two Amazing Miss Universes, Jennifer crowning Natile
Natlie ဟာ
Gloabal Beautiesကပေးတဲ့ (1952~2012)ကြားက အလှပဆုံး မယ်စကြာဝဠာများစာရင်းမှာလည်း နံပါတ်(၁၂)တက်ချိတ်ပါတယ်။ Global Beautiesက
pageantry expert တွေကတော့ Natlieကို Swmming suite competitionမှာ တွေ့ရတာနဲ့တင်ကို သူမဟာ
Miss Universe 2005 ဘွဲ့နဲ့ထိုက်တန်တဲ့သူ ဖြစ်နေပါပြီလို့ ဆိုကြပါတယ်။နောက်ပြီး Natlie ဟာ Seven Most Intelligent MU list ထဲမှာလည်း နံပါတ်(၆)ပါ။