" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

January 28, 2013

C-Box Spammer တွေရဲ့ ရန်ကကာကွယ်နည်း

"C-Box မရှိတဲ့ ဘလော့ဟာ ဧည့်သည် လက်မခံတဲ့အိမ်နဲ့တူတယ်"ဆိုတဲ့အဆိုကို တစ်နေရာမှာ ဖတ်ဖူးပါတယ်။
အဲ့ဒါ မှန်သင့်သလောာက်တော့ မှန်တယ်လို့ ထင်ပါတယ်။ ပို့(စ်)တိုင်းမှာ မန့်ဖို့ အဆင်မပြေတဲ့အခါ၊ ကိုယ့်ဘလော့အပေါ် ဝေဖန်အားပေးစကား ပြောချင်တဲ့အခါ၊ အလည်လာပြီး နှုတ်ဆက်စကားပြောချင်တဲ့အခါမျိုးတွေမှာ C-Box က တော်တော် အသုံးဝင်ပါတယ်။ ဒါပေမဲ့ ခက်တာက C-Box မှာ spam message တွေ တအားတက်တာပါပဲ။ အဲ့ဒီအတွက်ကြောင့် တစ်ချို့  ဘလော့တွေမှာ C-Box မရှိတာ ဖြစ်နိုင်ပါတယ်။

ကိုယ်ကိုတိုင်လည်း စိတ်ရှုပ်လွန်းလို့ အချိန်တော်တော်ကြာကြာအထိကို ကိုယ့်ဘလော့က ဖြုတ်ထားဖူးပါတယ်။ ဒါပေမဲ့ .. အခု နောက်ပိုင်း စာပြန်ရေးဖြစ်ပြီး နည်းနည်းကြာလာတော့ Spam message တွေကို mannually delete လုပ်၊ user တွေ ban၊ IP တွေ ban၊ spam report လုပ်ပြီး ပြန်တပ်လိုက်ပါတယ်။ သူတို့ကို ပိတ်လိုက်လို့ တစ်ချို့ ကို ပိတ်လို့ရပေမဲ့... IP ကို fix မသုံးကြတဲ့.. virtual nick သုံးကြတဲ့ hoax user တွေကျတော့ ပိတ်လို့ မရပါဘူး။ Krazy Jokes တို့၊ Affective tips ဆိုတာတွေဟာ ကျမတော်တော် မုန်းတဲ့ဟာတွေပါ။ ဘလော့ဖွင့်တိုင်း အဲ့ဒီ message တွေကို www.cbox.ws ထဲသွားပြီး  ဖျက်နေရတာ အလုပ် တစ်ခုလို ဖြစ်နေပါတယ်။


message တွေဖျက်နည်းကတော့ လွယ်ပါတယ်။

  • C-Box website ထဲ sign in လုပ်ပြီး Messages> Messagesကို သွား။ 
  • ဖျက်ချင်တဲ့ message ကို checkbox မှာ ရွေးပြီး Ban ကို နှိပ်ပြီး IP ကို အရင်ပိတ်လိုက်ပါ။ ပြီးရင်တော့ spam report လုပ်ပြီး.. message တွေကို delete လုပ်လိုက်ရုံပါပဲ။
ဖျက်ရတာ မခက်ပေမဲ့ ကြာလာတော့ လိုက်..ဖျက်နေရတာ တော်တော် စိတ်ကုန်လာပါတယ်။ အဲ့ဒါနဲ့ cbox မှာ security setting ဘယ်လို လုပ်ရမလဲ လိုက်ရှာကြည့်ရင်းနဲ့ Require CAPTCHA ဆိုတဲ့ anti-spam feature အသစ်လေး သွားတွေ့ပါတယ်။ အဲ့ဒါကို ရွေးလိုက်ရင်တော့ အဲ့လို spammer တွေရန်က ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။



ဒီ feature ကို ရွေးဖို့ သွားရမဲ့နေရာကတော့ cbox  site ထဲက Options> Posting options ဆိုတဲ့နေရာမှာပါ။ ကိုယ်က အဲ့ဒီ feature ကို ရွေးလိုက်ခြင်းအားဖြင့် ကိုယ့် C-Box မှာ message ရေးမယ်ဆိုရင် ရေးမဲ့သူက အရင် word verification လုပ်ရပါတယ်။ လုပ်တာကတော့ တစ်ခါပဲ လုပ်ရတာပဲ။ ပြီးရင်တော့ nick နဲ့ website address ကိုမှတ်ပြီးသွားပြီမို့ နောက်တစ်ခေါက် ပြန်လာလည်ပြီးရေးရင် verification လုပ်စရာ မလိုတော့ပါဘူး။  feature အသစ်ကို စမ်းသုံးလိုက်တာ အဆင်ပြေသွားပါတယ်။

ဘလော့မိတ်ဆွေတွေကိုလည်း ပြန်လည် ဝေမျှလိုက်ပါတယ်။ သူတို့ ဘလော့တွေကို အလည်သွားရင် အဲ့လို spam message တွေကို သူတို့ cbox ထဲမှာ မြင်ရတာ အသည်းယားလွန်းလို့ပါ။ spam message တွေကို စိတ်ကုန်လို့ cbox ဖြုတ်ထားတဲ့သူတွေလည်း ပြန်တပ်လို့ ရအောင်လို့ပါ။

ဒါနဲ့ စကားမစပ်.. CAPTCHA ဆိုတာ တကယ့်လူရဲ့ response ပါလို့ သေချာအောင် စစ်ပေးတဲ့ test ဖြစ်ပါတယ်။ အရှည်ကောက်ကတော့ "Completely Automated Public Turing test to tell Computers and Humans Apart"ပါ။

~ ရွှင်လန်းချမ်းမြေ့ ကြပါစေ ~

Regards,
witch83, (28/01/2013; 2:12 PM; GMT+8)

5 comments:

  1. ရောက်နေတယ်နော် ဂျက်လဲဒီလိုပါပဲ တနေ့ တနေ့ c-box ကိုစစ်နေရတယ် တချို့ဖြုတ်သင့်တာလေးတွေလဲ ဖြုတ်ရတယ်လေ
    အဲတာလဲ အလုပ်တခုပဲနော်.....
    ခုလိုလေး သေချာရှင်းပြထားလို့ အားလုံးရဲ့ ကိုယ်စားကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete
  2. ချစ်မရေ...ကျေးဇူးကမ္ဘာပါနော်...
    ညလေးလဲ စမ်းကြည့်လိုက်အုံးမယ်..:)))

    ReplyDelete
  3. မရေ ...ကျေးဇူးကမ္ဘာပါနော် :)
    ညလေးလဲ လုပ်ကြည့်လိုက်အုံးမယ်ရှင်

    ReplyDelete
  4. welcome par sis Jasmine =)
    လုပ်ကြည့်တာတော့ လုပ်ကြည့်ပါ မိုးနတ်ရေ.. ဧည့်သည်တွေ c-boxမှာ.. လာမရေးတော့ရင်တော့ အစ်မ .. မသိဘူးနော် ;)

    ReplyDelete
  5. ကျေးဇူးဗျာ။ စမ်းကြည့်ဦးမယ်

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer