" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

February 27, 2013

ထမင်းစားပြီးပြီးချင်း မပြုလုပ်သင့်သော အချက်(၇)ချက်

အင်တာနက်ပေါ်က ဖတ်မိသိရှိရတဲ့ "Seven Dangerous Acts After A Meal"ကို ဘာသာပြန်ပြီး ပြန်လည်ဝေမျှပါတယ်။
As we always say, Sharing is Caring. :)

  1. Do not smoke: ကျွမ်းကျင်ပညာရှင်တွေဟာ စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ပြီးတဲ့နောက် တွေ့ရှိခဲ့တာက... "ထမင်းစားပြီးပြီးချင်း ဆေးလိပ်တစ်လိပ် သောက်ခြင်းဟာ သာမာန်အချိန် ဆေးလိပ်(၁၀)လိပ် သောက်သုံးခြင်းနဲ့ တူညီပါတယ်"တဲ့။ ကင်ဆာရောဂါဖြစ်နိုင်ချေကို ပိုမို မြင့်တက်နိုင်စေပါတယ်။ ( This will also apply to passive smokers, I suppose.)
  2. Do not eat fruits immediately: ထမင်းစားပြီးပြီးချင်း သစ်သီးစားသုံးခြင်းဟာ အစာအိမ်ထဲမှာ လေတွေဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သစ်သီးတွေစားမယ်ဆိုရင် ထမင်းမစားမီ တစ်နာရီ (သို့မဟုတ်) ထမင်းစားပြီး တစ်နာရီ၊ နှစ်နာရီနေမှ စားသင့်ပါတယ်။
    ( တကယ်အဟုတ်ဆိုရင်တော့ သေတာပဲ...ကိုယ်အလေးချိန်ကို လျှော့ချင်တာနဲ့ အစားကို နည်းနည်းလျှော့ပြီး ထမင်းစားပြီးတိုင်း အသီးစားနေတာ.. :( သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အသားငါးတွေထက် အစာချေရတာ ပိုခက်တယ်ဆိုတာတော့ ကြားဖူးပါတယ်။)
  3. Do not drink tea: လက်ဖက်မှာ အက်ဆက်ဓါတ်တွေအများကြီးပါလို့ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဓါတ်ပမာဏကို တိုးပွားစေပါတယ်။ အဲ့ဒီတိုးပွားလာတဲ့အက်ဆစ်ဓါတ်တွေဟာ ကျမတို့စားထားတဲ့ အစားအစာတွေရဲ့ ပရိုတိန်းဓါတ်ကို တိုး ပွားစေတဲ့အတွက် အစာချေဖို့ခက်ခဲသွားပါတယ်။
    ( weight လျှော့ချင်တဲ့သူတွေ ရေနွေးကြမ်းသောက်ရတာတော့ အမှန်ပဲ။)
  4. Don't loosen your belt: အစားစားပြီးပြီးချင်း ခါးပတ်လျှော့ခြင်းဟာ အူတွေကို ခွေခေါက်စေတတ်ပါတယ်။
    ( ဒါက လုပ်တတ်တယ်။ သတိထားမှ.. :P)
  5. Don't bathe: ထမင်းစားပြီးပြီးချင်း ရေချိုးခြင်းဟာ လက်၊ ခြေထောက်နဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှုပိုမိုဖြစ်ပေါ်စေပြီး အစာအိမ်ဆီကို သွေးစီးဆင်းမှုနည်းသွားစေပါတယ်။ အဲ့ဒါကြောင့် အစာခြေတဲ့ system ကို အားနည်းစေပါတယ်။
  6. Don't walk about: ဒါကတော့ လူတော်တော်များများ လုပ်တတ်တဲ့ မှားယွင်းတဲ့အယူအဆပါ။ အစာစားပြီး လမ်းလျှောက်လိုက်တဲ့အတွက်ကြောင့် အစာခြေsystemဟာ ကိုယ်စားထားတဲ့ အစာအဟာရတွေ မစုပ်ယူနိုင်တော့ပါဘူး။
    (ကိုယ်ထဲမှာ သွေးတွေတအား လျှောက်သွားလို့နဲ့တူတယ်နော်..)
  7. Don't sleep immediately: ထမင်းစားပြီးပြီးချင်း အိပ်လိုက်ရင် အစာကောင်းကောင်း မကျေတော့ပါဘူး။ အူလမ်းကြောင်းထဲမှာလည်း လေတွေ၊ ရောဂါပိုးတွေ ကျန်နေတတ်ပါတယ်။
Reference; http://www.theworldlifestyle.com/seven-dangerous-act-after-meal/

Regards,
witch83,  (27/02/2013; 11:48AM; GMT+8)

3 comments:

  1. ထမင်းစားပြီးတိုင်းအသီးတမျိုးအမြဲစားတယ်
    တိဝူးလေကွယ် စားကောင်းတာပဲသိလို့ ကျန်တာတွေကတော့ လိုက်နာပြီးသားပဲ အားလုံးရဲ့ကိုယ်စား ကျေးဇူးအများကြီးနော်

    ReplyDelete
  2. အိုးးးးးးးးးးး
    မ ရေ...မိမိုးနတ်သတိထားရမှာတွေ အများကြီးပါလားရှင့်..
    ခုမှပဲ သိတော့တယ်..မျှဝေပေးတာ ကျေးဇူးပါ မ ရယ်:)

    ReplyDelete
  3. သိသင့် တဲ့  ပို့စ်လေးပါပဲ...မှတ်သွားပါတယ်နော်
    ကွန်းခိုရာကိုလာလည်တာ လည်း ကျေးဇူးတင်ပါတယ်
    နောင်လည်း စာတွေကို ဖတ်ရှုဝေဖန်ပေးပါနော် :)

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer